Monday, November 11, 2013

မိုးစက်ဝိုင် ဘာလို.ရှုံးလဲ .. Miss Universe 2013 ကပြောသော မြန်မာဆိုတာ






ဟုတ်ကဲ့ မြန်မာရှုံးသွားပါပြီ ၊ နှစ် ၅၀ ကျော်မှ ၀င်ပြိုင်တဲ့ မြန်မာအတွက် ပထမဆုံးပြန်လည် ယှဉ်ပြိုင်ခြင်းရဲ.ရလဒ်အနေနဲ.လက်ခံလို.ရခဲ့ပေမယ်. ရှုံးခဲ့ရတဲ့ အကြောင်းတစ်ချို.ထဲမှာ ပါဝင်နိုင်ဖွယ်ရှိတဲ့ အကြောင်းတရား အချို.ကတော. လက်ခံနိုင်ဖွယ်ရာ မရှိဆိုတာပါပဲ ။ နိုင်ငံတကာရဲ.အလည်မှာ မြန်မာရှုံးသွားတယ် ၊မြန်မာဝင်ပြိုင်ပြီး ရှုံးသွားရတယ် ၊ ဒါပဲသိမှာပါ ။ မိုးစက်ဝိုင်ရှုံးသွားတယ် ၊ မြန်မာနိုင်ငံက တရုပ်သွေးပါတဲ့အမျိုးသမီးရှုံးသွားတယ် ၊ မြန်မာနိုင်ငံက ဟိုလူနဲ. ဒီလူနဲ.ပတ်သက်တဲ့ မိုးစက်ဝိုင် ရှုံးသွားတယ်လို. သိကြမှာ မြင်ကြမှာမဟုတ်ပဲ မြန်မာ - ရှုံးတယ် ဒါပါပဲ

ဟုတ်ကဲ့ ခုလိုအရေးကြီးရင်တောင် သွေးမစည်းနိုင်တာ ၊ ပုဂိုလ်ရေး မုန်းတီးမှုတွေ ရှေ.တန်းတင် တတ်တာ ၊ လူမျိုးရေးအစွန်းရောက်ဆန်ဆန် အယူအဆတွေနဲ. လွတ်လပ်ခွင်. ဆိုတဲ့စကားလုံးကို တွင်တွင်သုံးနေတာ ဟုတ်ကဲ့ အဲဒါကျွန်တော်တို.မြန်မာတွေပါပဲ ။ ပြောပါလိမ်.မယ် ဒါဘာအရေးကြီးလည်း နိုင်ငံတိုးတက်မယ်.ကိစ္စလည်းမဟုတ် ပြည်သူတွေ စားဝတ်နေရေးချောင်လည်စေမယ်.ကိစ္စလည်းမဟုတ် တာကိုရေးကြီးခွင်ကျယ်လာလုပ်နေတယ်ဆိုတာမျိုးပြောချင်လည်း ပြောနိုင်ပါတယ်ဗျာ ။ ဒါပေမယ်. ဒီကိစ္စကတော. နိုင်ငံရေးသမားတစ်ချို.ရဲ. စရိုက်တွေ ထင်ထင်ရှားရှားမြင်လိုက်၇တာ ၊ မြန်မာဆိုတာ သွေးခွဲလို.လွယ်တဲ့ သွေးခွဲစရာ အကြောင်းတရား သိပ်များများရှာစရာ မလိုတဲ့လူမျိုးလို. အားလုံးသိသွားခဲ့ကြတာပါပဲ ။ ကိုယ်တွေက ၀င်ပြိုင်ရင်နိုင်ချင်ကြတာပါပဲ ။ ဒါ.အပြင် အားလုံးကမျှော်လင်.ထားတာက အခြားဆုတွေမရရင်တောင် On Line Vote အတွက်ကတော. အများကြီးမျှော်လင်.လို.ရတဲ့ ( မြန်မာကလည်း ဒါမျိုးနဲ.ပတ်သက်ရင် နိုင်ငံအတော်များများကတောင် အံ.သြယူရတဲ့သူတွေပါ ..အလုပ်ပျက်ခံ အိပ်ရေးပျက်ခံပြီး ကိုယ်ကိုတိုင်ရမယ်.ဆုအလား Vote ကျလွန်းလို. လူဦးရေ လည်း သိပ်အများကြီးမဟုတ် ဒီထဲကမှ အင်တာနက်သုံးသူဦးရေ ကအခြားနိုင်ငံတွေထက်စာရင်အဆများစွာနည်းတဲ့ကြားထဲက ဒီလိုဆုယူနိုင်ခဲ့တာမို.ညီညွတ်စွာတက်ကြွမှုကို  ချီးကျုးခံရသူတွေပါ ..) ထဲမှာမှ နောက်ဆုံး၁၆ယောက် ရွေးချယ်ရာမှာလည်း On Line Vote အများဆုံးတစ်ယောက်က Auto ပါပြီးသားဆိုတော. နောက်ဆုံး ၁၆ယောက်တော.ပါတန်ကောင်းပါရဲ. လို. တွက်ခဲ့ကြတာပါ ။ တစ်ညလုံးထိုင်စောင်.နေပြီးနောက်ဆုံး ၁၆ယောက်မှာမပါတော. အတော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။ဒါပေမယ်.နောက်ပိုင်းထပ်သိလာ၇တာတွေကြောင်. စိတ်မကောင်းရာကနေ ဒေါသဘက်ကိုပြောင်းသွားပါတော.တယ် ။ 


 ဘာလဲ ကျွန်တော်တို.လူမျိုးဟာ ဘာသာစုံ လူမျိုးစုံကို မုန်းတီးနေတတ်တဲ့ လူမျိုးတွေလား ၊ အခြားနိုင်ငံက နိုင်ငံရေးသမားတွေလို ဦးတည် ရန်သူ ၊ ဦးတည် မူဝါဒ ကိုတင် တိုက်ခိုက်နေတာမဟုတ်ပဲ ကွန်မြူနစ်ဆန်ဆန် ရန်သူနဲ.ပတ်သက်ရင် ရန်သူလို. သတ်မှတ်ပြီး ဘာသိက္ခာမှ ရှိစရာမလိုပဲ ကြုံတဲ့နည်းနဲ.တိုက်ခိုက်နေတာလား ၊ ပြီးခဲ့တဲ့ ၄ ..၅ နှစ်လောက်က နိုင်ငံခြားသားတစ်ဦးပြောသလို(. ကောင်းပြီ .. ခင်ဗျားတို့မှာ အဆိုးဆုံး အချက်က တခြားအာရှသားတွေလိုပဲ .. မနာလို မရှုစိမ့်မှုသိပ်ကြီးတဲ့ကိစ္စပဲ .. ခင်ဗျားတို့က တခြားအာရှသားတွေထက် ပိုဆိုးတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျားတို့ အချင်းချင်းကြားထဲမှာဒါဟာ သိပ်ကြီးမားကျယ်ပြန့်တယ်။ ကျွန်တော်တို့လို အပြင်လူတွေအတွက် မသိသာဘူး။ ဒါဟာ ခင်ဗျားတို့အတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ အံ့သြစရာကောင်းတာက ခင်ဗျားတို့လူမျိုး ပညာတတ် ၊ အဆင့်မြင့်တွေ ကြားထဲမှာပါ ဒီလိုသဘောထား မသေးတာတွေ့ရတာပဲ။
ဒုတိယ .. ခင်ဗျားတို့ မညီညွတ်ကြဘူး . . သမိုင်းစဉ်ထဲက ညီညွတ်ခြင်းကလဲ အချိန် နေရာ အရ လိုအပ်ချက်ကွက်လပ်ပေါ်လာလို့ ညီညွတ်သွားခြင်းမျိုးပဲ . . Intentionally, စိတ်ပါလက်ပါ ရည်ရွယ်ချက်ရှိရှိ ညီညွတ်ခြင်းမျိုး မဟုတ်ဘူး . . ညီညွတ်ခြင်း အကြောင်းကိုတောင် သေချာနားမလည်သေးတာမျိုးပဲ . . ကျွန်တော် စိတ်မကောင်းပါဘူး။နောက်ဆုံးကတော့ ခင်ဗျားတို့ သမိုင်းကြောင်းအရ လက်ဝဲ အယူအဆ အားကောင်းမောင်းသန်ရှိတုန်းပဲလို့ ကျွန်တော်ထင်တယ် . . အပေါ်ယံကို မဆိုလို ၊ အတွင်းသားကိုသာ ဆိုလိုပါတယ်၊ .. ဥပမာ . . ညှိနှိုင်းတာမျိုး အားနည်းတယ်၊ စိတ်လဲသိပ်ဝင်စားပုံမရဘူး၊ ငါအမှန်ဆို သူအမှားပဲ ဆိုတာမျိုး၊ ရန်သူကို ချေမှုန်းရမယ် ဆိုတာမျိုး၊ ငါနဲ့မတူ ရန်သူ ဆိုတာမျိုး ... ခင်ဗျား မြင်မှာပါ . . . win win situation ဆိုတာမျိုးကို သိပ်ပြီးနားမလည်နိုင်ကြဘူး . . .

 
Share on facebook Share on twitter Share on email )ဆိုတဲ့အချက်တွေကိုပ မှန်ကန်ကြောင်းပဲ သက်သေပြလိုက်တာလား ။သေချာတာကတော. ထုံးစံအတိုင်းပါပဲ ။သူတို.ဘယ်သူ.ကိုမုန်းလို. ဘယ်အုပ်စုကို ကြည်.မရလို. ရည်ရွယ်တိုက်ခိုက်ကြသည်ဖြစ်ပါစေ သေချာပါတယ် ။ 

သူတို.ရဲ.ဦးတည်ရန်သူအဖို. လေတောင်တစ်ချက်မဟပ် လိုက်ပဲ မြန်မာနိုင်ငံကသာ အဲ့ဒီပြိုင်ပွဲမှာ ရှုံးသွားခဲ့တာပါ ။ဘာကြောင်. မြန်မာ ရထားတဲ့မဲတွေ အလျှော.ခံရပြီး ဖိလစ်ပိုင် နောက်ဆုံး ၁၆ယောက်ထဲပါသွားလည်း ၊ ကျန်တဲ့ဆုတွေရော ဘာကြောင်.မပါတော.တာလဲဆိုတော. ဒီ Status လေးတွေသာဖတ်ကြည်.ပါတော.ဗျာ ။

Miss Universe 2013, People's Choice, Final Leaderboard

1. Winner: Myanmar, 467280 Pts
2.Guyana, 83770 Pts
3.Mauritius, 68520 Pts
4.Philippines, 59420 Pts
5.Curacao, 34220 Pts
6.Gabon, 30.280 Pts
7.South Africa, 16220 Pts
8.Guam, 14560 Pts
9.Rep. Dominicana, 14110 Pts
10.Czech Republic, 12280 Pts
11.Nicaragua, 10250 Pts
12.Haiti, 5900 Pts
13.Thailand 4470 Pts
14.BVI, 4510 Pts
15.Canada, 4500 Pts


(TheBeautiesConcept)


 Online voting ဆု ၁ ခုမှကို မပေးတာ ..
ရပို့တင်လို့  လို့ သိရပါတယ်... အမျိုးသားရေး လူမျိုးရေး လုံးဝ မဆိုင်ပဲ ၊
တက်လာတဲ့ ရီပို့က ဘာထင်လို့လဲ .. ?
hckin solf သုံးပြီး မသမာ ဗုတ်တယ်ဆိုပြီး တက်လာတာပါ ။
တင်တဲ့ သူတွေက မြန်မာက ဆိုပြီး တင်ခဲ့တာပါ ။
ဒ့ါကြောင့်မလို့ မည်သည့် Online voting ဆု ၁ ခုမှ မရခဲ့ခြင်းဖြစ်ပါတယ် ။
ပထမ ၁ ကြိမ် ၂ သောင်းလျှော့ပြီး သတိပေးခဲ့ပါတယ် ။ သို့သော် ဗုတ်တင်းမှာ ဆက်တိုးနေလို့ နောက် ၂သောင်း လျှော့ပြီး အပြီးပိတ်ခြင်း ခံလိုက်ရတာပါ ။
ကိုယ်တွေပဲ သုံးတာလား ?
မဟုတ်ဘူး ခင်ဗျ ။ ထိုင်း / ဖီလစ်ပင်း / အေးရှား တော်တော်များများ ဒါကို လုပ်ကြပါတယ် ။ သို့သော် မည်သည့်နိုင်ငံမှ ကျွန်တော်တို့ကဲ့သို့ ဂုဏ်ယူဖွယ်ကောင်းသော အသားထဲက လောက်ထွက်တဲ့ လုပ်ရပ်မျိုးကြီး မလုပ်ခဲ့ပါဘူး ခင်ဗျာ ။

သိပ်ကို ဇာတ်နာ ဖို့ ကောင်းပါတယ် ဗျာ.....




မိုးစက်ဝိုင် က မြန်မာတွေဝိုင်းပေးကြတဲ့ မဲ တွေ တရားဝင်နိုင်နေခဲ့ရဲ့သားနဲ့ ပြည်ပနိုင်ငံရေးသမားပါဆိုတဲ့ လွန်စွာစိတ်ထားမြင့်မြတ်တဲ့ မြန်မာတစ်စုက မယ်စကြာဝဠာ အင်တာနက် မဲစီစစ်ရေး ဌာနထိဆက်သွယ်ပြီး မြန်မာတွေက မတရားနည်းနဲ့ အကောင့်အတုတွေ နည်းပညာတွေနဲ့ မိုးစက်ဝိုင်ကို မဲပေးနေကြပါတယ် ဆိုပြီး လူများစွာဝိုင်းပြီး တရားဝင်တိုင်ကြားခဲ့ပါတယ်တဲ့။ဒါကြောင့် ခေါင်းစဉ် တစ်ချို့မှာ မဲ အရေအတွက် ရှေ့က သိသိသာသာ ကျော်နေတဲ့ မိုးစက်ဝိုင်က စကာတင် ၁၆ ယောက်ထဲမှာ ပါပြီးမှ ပြန်အဖြုတ်ခံရတာပါလို့ ခိုင်လုံစွာ သိရပါတယ်။

တစ်ကယ်တမ်းက ဖီလစ်ပိုင်တွေ ထိုင်းတွေအားလုံးလဲ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ မယ်ကို ရတဲ့နည်းမျိုးစုံနဲ့လုပ်နေကြတာပါ။သူတို့နိုင်ငံတွေက ကျွန်တော်တို့ မြန်မာတွေထက် အင်တာနက်သုံးစွဲသူဦးရေ အဆပေါင်းများစွာပိုများသလို အင်တာနက် အမြန်နှုန်းကလဲ မိုး နဲ့ မြေလောက်ကွာတာလဲ သိကြမှာပါ။
ဒီလိုလုပ်ရပ်ကို ကိုယ့်လူမျိုးအချင်းချင်း ကောက်ကျစ်စွာ လုပ်ကြံခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဘာလို့လဲ ဆိုတော့ .....

အင်တာနက်မှာ ပြန့်နေတဲ့ နေရွှေသွေးအောင် က ကားတံခါး ဖွင့်ပေးနေတဲ့ ဓါတ်ပုံတစ်ပုံကြောင့် မိုးစက်ဝိုင်ကို သန်းရွှေမြေး နဲ့ ပါတ်သက်ရမလားဆိုပြီး ဆန်ကာတင် ၁၆ ယောက်ထဲ မပါသွားအောင် အုပ်စုဖွဲ့ပြီး တမင်ဝိုင်းလုပ်တာပါတဲ့.....
အဲ့ဒိပုံ နဲ့ ပါတ်သက်ပြီး ကျွန်တော်စုံစမ်းကြည့်လို့ရသလောက်က မိုးစက်ဝိုင်ကလဲ ဘယ်တုန်းကမှ နေရွှေသွေးအောင် နဲ့ လဲ မပေါင်းမိရပါဘူး။မျက်မြင်သက်သေတွေ သတင်းသမားမိတ်ဆွေတွေ အားလုံးဆီက ပြန်ကြားသိထားတဲ့ ဖြစ်စဉ်မှန် အတိအကျ က တစ်ကယ့်ကို ရိုးရိုး ရှင်းရှင်း လေးပါ။

မေး (၁) = နေရွှေသွေးအောင် တို့ အသင်းပွဲကို ဘာလို့လာသလဲ?
ဖြေ (၁) =ဒီ ဘော်လုံးအသင်းပွဲမှာ သူ့ကို ခေါ်ပြီး Promotion လုပ်ပေးဖို့ ဖိတ်တော့ Publicity အရ သူလာပေးတယ်။

ဒါ နေရွှေသွေးအောင်တွေ ဘာတွေ အတွက် သီးသန့် မဟုတ်ဘူး။သူ့ အတွက်လဲ ပါတယ်။သူ့ လက်ရှိအနေအထားမှာ သန့်ရှင်းရိုးသားတဲ့ လူမှုရေး Publicity မှန်သမျှ အကုန်လုပ်ရမယ်။မယ်ဆိုတာ အဲ့လိုဘဲ လူထု နဲ့ ပါတ်သက်ဆက်ဆံမှုတွေ လုပ်ကိုလုပ်ပေးရမယ်။ဒီနေရာမှာ နန်းခင်ဇေယျာ ကိုဖိတ်လဲ သူလုပ်ပေးရမှာဘဲ။ဒါ ကိုယ်တုံးလုံးချွတ်ပြရတာမဟုတ်ဘူး။ဘယ်ယောကျာ်းရဲ့ အထိအကိုင်မှ ခံရတာမဟုတ်ဘူး။ဘယ် ဗိုက်ပူကြီးတွေရဲ့ ပေါင်ပေါ်မှာလဲမထိုင်ရဘူး။ ဘယ် ဘိုးတော်အိုကြီးတွေနဲ့မှလဲ အိပ်ရတာ မဟုတ်ဘူး။

*****
မေး (၂) = ဓါတ်ပုံထဲမှာ နေေ၇ွှသွေးအောင် တံခါးဖွင့်ကြိုနေတဲ့ ကားထဲက ဘာလို့ ထွက်လာတာလဲ?
ဖြေ (၂) = အဲ့ဒိနေ့က ဘော်လုံး ဖွင့်ပွဲနေ့မှာ သူဌေးသား ဆရာဝန်ကောင်လေးတစ်ယောက်က မိုးစက်ဝိုင်ကို ကွင်းပြင် ထောင့်တစ်နေရာကနေ သူ့ကိုယ်ပိုင် Lamborghini နဲ့ တင်ခေါ်လာပြီး နေ့ခင်းကြောင်တောင်ကြီး ဘေးမှာ လူတွေ ရာနဲ့ချီနေတဲ့ အချိန် လူမြင်ကွင်းမှာ ဘော်လုံးကွင်းတစ်ပါတ် ပါတ်စီးလာတယ်။

ပြီးတော့ စင်ရှေ့တည့်တည့် လျှောက်လမ်းရှေ့မှာ ရပ်လိုက်ပြီး အနောက်တိုင်းယဉ်ကျေးမှု အခမ်းအနား ပုံသေနည်းအရ အခမ်းအနားဖွင့်လှစ်ပေးမယ့် အထူးဧည့်သည်တော် မိုးစက်ဝိုင် ကားပေါ်က ဆင်းတော့ အပြင်မှာ အသင့်ရပ်စောင့်နေတဲ့ အခမ်းအနားရဲ့ အဓိက တာဝန်ရှိသူ အသင်းဥက္ကဌဖြစ်တဲ့ နေရွှေသွေးအောင်က ကားတံခါးဖွင့်ပေးပြီး ကြိုဆိုပေးခဲ့တယ်။

တစ်ကယ့်ဖြစ်စဉ်အပြည့်အစုံက ဒါပါဘဲ။ နေရွှေသွေးအောင် ပိုင်တဲ့ကားစီးလာတာလဲ မဟုတ်သလို နေရွှေသွေးအောင်မောင်းတဲ့ကားစီးလာတာလဲမဟုတ်ဘူး
ပြောမယ့်သာပြောနေရတာပါ တစ်ကယ်လို့ နှစ်ခုလုံး ဟုတ်နေခဲ့တယ်ဆိုရင်တောင် သူ့မှာ ဘာအပြစ်မှကိုမရှိပါဘူး
အဲ့ဒါကို မိုးစက်ဝိုင်ကားပေါ်ကဆင်းတုန်း နေရွှေသွေးအောင်တံခါးဖွင့်ပေးနေတာလေးဘဲ ပါတဲ့ သတင်းဓါတ်ပုံလေး နှစ်ပုံကနေ

"မိုးစက်ဝိုင် နဲ့ နေရွှေသွေးအောင်နဲ့ ညားကြလေသတည်း" ... ဆိုတာကို ဘယ်လို ဆက်စပ်ယူလိုက်တယ်ဆိုတာကတော့ဖြင့် ...
ပြည်ပနိုင်ငံရေးသမားဆိုသူတွေရဲ့ ထူးခြားစွာ တူညီကြသော စိတ်နယ်လွန်စွမ်းပကားတွေဖြစ်တဲ့ ...
သာမန်လူ လိုက်မမှီနိုင်သော မြေလျှိုးမိုးပျံ ဆင်ခြင်ဆက်စပ်တွေးခေါ်နှိုင်စွမ်းရည် (ခ) (IQ) ...
ဘာမဆို ကိုယ့်စိတ်နဲ့ နှိုင်းပြီး အစွမ်းကုန်ရိုင်းတတ်တဲ့ နဲ့ စာရိတ္တ ...

ကျောင်းသားဆိုတာ ရွာဦးကျောင်းဘုန်းဘုန်း လက်ထွက်တွေလားလို့ ရင်သပ်ရှုမောဖြစ်ရင်း ဘုန်းကြီးပါမဆီမဆိုင် ကျိန်ဆဲခံရတဲ့ ပညာအဆင့်အတန်း ...
၎င်းတို့ဖြတ်သန်းလာခဲ့တဲ့ ကျောက်ခတ်ယဉ်ကျေးမှု ဓလေ့ထုံးစံ ...
၎င်းတို့ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ မဟာစရိုက် အသိုင်းအဝိုင်း ...
၎င်းတို့တစ်သက်လုံး ကြီးပြင်းယဉ်ပါး ဆည်းပူးလာခဲ့တဲ့ မာဂဓ ဘာသာဝင် မိဘဆွေမျိုးများ ......
အစရှိတဲ့ ......

ကုန်အောင် ဖေါ်ပြဖို့တောင် မတတ်နိုင်တော့လို့ ကျန်းဂန်တွေထဲမှာတောင် ချန်လှပ်ထားခဲ့ရတဲ့ ရာဇဝင်မျိုး နဲ့ လူသားတွေဆိုတာ ထင်ရှားထိုင်မာစွာ မှတ်ကျောက်တင် သက်သေပြပြီးဖြစ်နေပါတယ်။

မိုးစက်ဝိုင်ဟာ နေရွှေသွေးအောင် နဲ့ အရင်ကလဲ ပါတ်သက်တာမကြားဖူးသလို အဲ့ဒိ ပွဲ နောက်ပိုင်းမှာလဲ ဘာမှ ပါတ်သက်တာမကြားခဲ့ရတဲ့အပြင် သူမ ကိုယ်တိုင်ကလဲ နေရွှေသွေးအောင် နဲ့ ဘာမှ ဘယ်တုန်းကမှ မပါတ်သက်ပါဘူးဆိုတာ စာနယ်ဇင်း နဲ့ မီဒီယာတွေအားလုံးကို အတိအလင်း လဲ ပြောခဲ့ပြီးသားပါ။

ဒါတွေထက် မြန်မာချင်းချင်း ပိုနားလည်ထားသင့်တာတွေက 1988 May 20th မှာမှ မွေးတဲ့ မိုးစက်ဝိုင်ဟာ ၈၈ နဲ့ လဲ ဘာမှ မဆိုင်ဘူး ဦးသန့် ဆိုရင် သူ တော်တော်ကြီးတဲ့ထိတောင် ကြားဖူးခဲ့မှာလဲ မဟုတ်ပါဘူးမိတ်ဆွေတို့ ကျွန်တော်တို့ ဖြတ်သန်းဖူးတဲ့ ၈၈ ရဲ့ အတွေ့အကြုံမျိုး ၈၈ ကြောင့် ပါတ်သက်ပြီး အစိုးရ အပေါ်ထားတဲ့ ခံယူချက်မျိုး ၈၈ လွန် နှစ်တွေမှာ မွေးခဲ့တဲ့ ကလေးတွေ မှာ ဘယ်တော့မှလဲ ရှိမှာ မဟုတ်ဘူး။

ru website က Myanmar ကို vote တွေလျှော့ပြီး Thai ကိုပေးပါတယ်Vote ကတော့ website ကပဲလျှော့လား ဘယ်သူလျှော့လဲမသိ..

 

ဒါကို မယောင်ရာဆီလူးပြီး ကိုယ့်လူမျိုးချင်း သမီးအရွယ် မြေးအရွယ် ကလေးတစ်ယောက်ကို အငြိုးတစ်ကြီး အုပ်စုဖွဲ့ဝိုင်းလုပ်ကြံကြတဲ့သူတွေမိန်းကလေးတစ်ယောက်ကို နောက်ကျောဓါးနဲ့ထိုးခဲ့တဲ့ မိုးစက်ဝိုင်ကို လုပ်ကြံခဲ့တဲ့သူတွေနိုင်ငံရေးပုဝါနက်ကို မျက်လုံးပေါ်ရုံလေးခေါင်းမြီးခြုံထားတဲ့ မိစ္ဆာဒိဌိ အုပ်စုတွေကို ဘာပြန်လုပ်ပါလို့ ကျွန်တော် မပြောလိုပါဘူး။

ကျွန်တော် ပြောချင်တာက အဲ့ဒိလူတွေဟာ တဖြေးဖြေးနဲ့ ပြည်တွင်း ပြည်ပ မြန်မာတွေအားလုံးရဲ့ ယုံကြည်လေးစားမှုနယ်နိမိတ်ပြင်ပမှာ ရောက်ရှိမှန်းမသိ ရောက်ရှိလာတာကြာခဲ့ပါပြီ။
သိပ်မကြာခင်မှာ အမှိုက်ဟောင်းတွေလို လွင့်သွားတော့မှာ မလွဲပါဘူး

အဲ့ဒိ လို လုပ်တတ်တဲ့သူတွေကိုလဲ သူတို့ စေတနာက ပြန်အကျိုးပေးမှာ မယုံမရှိပါနဲ့
ပိုဆိုးတာက အဲ့ဒိလူတွေမှာ မရှိချို့တဲ့ခဲ့တဲ့
ရုပ်ဆင်းအင်္ဂါ ပညာသုတ ဥစ္စာစည်းစိမ် ဆွေမျိုးဂုဏ်အင် ဆိုတာတွေဟာ ၄င်းတို့ ခုလိုဘဲ သူတစ်ပါးအပေါ် ယ္ခင်ဘဝတွေမှာ အကောက်ကြံ မှားယွင်း လွန်ကျူးမိခဲ့လို့ဆိုတာကို ခုချိန်ထိလဲ နားမလည်သေးဘဲ သံသရာမိုက်တွင်းထဲ ဆက်ဆင်းနေကြတယ်ဆိုတာပါဘဲ။

ဒီတော့ ပြောချင်တာက ခု ဖြစ်စဉ်မှာ မိုးစက်ဝိုင် ကို သူတို့ နိုင်သွားတယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။
တစ်ကယ်တမ်းကတော့
ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် သန့်စင်တဲ့စေတနာစစ်စစ်နဲ့ ယှဉ်ပြိုင်အားထုတ်ပေးနေတဲ့ ဘာအပြစ်မှ မရှိတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ့် အစွန်းရောက်ယုံကြည်မှုတွေအတွက် အုပ်စုဖွဲ့ပြီး ကောက်ကျစ်နိမ့်ကျစွာ နှောက်ယှက်ပျက်စီးစေခြင်းဆိုတဲ့ သိပ်ကြီးမားတဲ့အကုသိုလ်ကိုပြုမိတဲ့ ၄င်းတို့ အားလုံး ရှက်ကြောက်စရာကောင်းလွန်းအောင်ကို ရှုံးနိမ့်သွားတာ သူတို့ ကိုယ်တိုင်သိကြပုံမပေါ်ပါဘူး

စိတ်မကောင်းမဖြစ်နဲ့ မိုးစက်ဝိုင်ရေ။
မင်း နဲ့ တူတူ ငါတို့ အမြဲရှိနေမယ်။
ငါ့ တိုင်းပြည် နဲ့ လူမျိုးအတွက်
ရိုးသားတဲ့သူတွေအတွက်
အမှန်တရားအတွက်
ငါ အမြဲရှိနေမယ်။

မျိုးချစ်မြန်မာ
https://www.facebook.com/photo.php?fbid=358048000999431&set=a.342433792560852.1073741828.342425435895021&type=1

ဆက်စပ်ဖတ်ရှုရန်များ ...  မိုးစက်ဝိုင် ရှင်းတမ်း 
မိုးစက်ဝိုင် ရှင်းတမ်း နောက်ဆက်တွဲ

No comments:

Post a Comment