Saturday, March 9, 2013

မအူပင် နည်းပညာ ကျောင်းတော်သားများ၏ စတုတ္ထအကြိမ် ဆရာကန်တော.ပွဲ

  
သံထည်ချင်းကြိတ်..လောင်စာဆီတို.ပေါက်ကွဲရာမှ ထွက်လာနေသော ကားအင်ဂျင်သံနှင်. ဆီနံ. .. တစ်လက်မချင်းရှေ.တိုးနေသော ကိုယ်ပိုင်ယာဉ်ငယ်များ ....တစ်စီးလောက်ဆိုသောအသံနှင်.ကန်.လန်.ဖြတ် အတင်းတိုးဝင်နေသော ဘတ်(စ်)ကားကြီးများ ....ကွမ်းယာဂျာနယ်ဆေးလိပ်သည်များ....ဘိလပ်မြေနံသင်းသင်းပါနေသောလေ...ဆောင်းနှောင်းမို. အပူဘက် ကဲနေသော မွန်းတည်.လုနီးနေရောင်ခြည် ...ပြည်သူတွေရဲ. အိမ်အပြန် မီးပွိုင်.မှာအချိန်တွေဖြုန်းမနေရအောင် ၄ လအတွင်းအပြီးဆောက်ပေးမယ်လို. ပြောခဲ့တဲ့ လက်ရှိ၉လကျော်ကြာ ဆောက်လုပ်ဆဲ မြန်မာ.ပထမဆုံး City Over Fly ၄လမ်းသွားကြီးကလည်း မနက်ဖြန်ပဲပြီးတော.မလိုလို.........သေချာသည်ကတော. ၂၀၁၃ ဖေဖော်ဝါရီ ၁၂ ရက် လှည်းတန်း လမ်းဆုံကတော. နေ.လည် ၁၁နာရီ နေရောင်အောက် သူရော သူ.ဆီရောက်နေသူတွေကိုပါကျောကော.ကြပ်ညပ်နေစေဆဲ................

Photo by Thuzar Myo
  သို.သော် သူနှင်.ကိုက်၁၀၀ မကွာသည်. သစ်ပင်အုပ်အုပ်တို.နှင်. ဆေးရောင်ကွက်ကြားချယ် အဆောက်အဦးတစ်ခုကတော. သူ.လိုပူလောင်ကြပ်ညပ် မနေသော်လည်း လှုပ်လှုပ်ရှားရှားတော.ရှိနေသည်.........ဆေးသားတို.လွင်.ပြယ်နေသော တက္ကသိုလ်များဓမ္မာရုံ ဆိုသည်. မုခ်ဦးဝင်ပေါက်ဝ၏ ဘယ်ဘက်ခြမ်း တွင် Stand တစ်ခုနှင်.ထောင်ထားသော မအူပင် စက်မှုသိပ္ပံ ကောလိပ် တက္ကသိုလ် ဆရာကန်တော.ပွဲ တက်ရောက်လာသောဆရာကြီး ဆရာမကြီး များနှင်.ကျောင်းသားဟောင်းများကို ကြိုဆိုသည်. Vinyl တစ်ခုက ယခုခောတ်သတ်မှတ်ထားသော သ-ပ-န အရောင်နောက်ခံနှင်.



အ၀င်လမ်းတစ်လျှောက် ဘယ်ညာတို.တွင်လည်း ထိုကြိုဆိုရေး Stand လေးများက အစီအရီ...ကားကြီးကားငယ် အချို. ..ကားကောင်း ကားဟောင်းအချို.ကတော. သစ်ပင်ရိပ်အောက်တို.တွင် နေရာယူထားသလို အချို.ကတော. အ၀င်လမ်းဘေးကပ်လျှက် ...အတွင်းဝင်ပေါက်ဝတွင်တော. ပင်နီတိုက်ပုံ ၀တ်တတ်သော ...ကဗျာရေးခြင်းကိုခုံမင်သော ..သီချင်းသီဆိုမှုကို စိတ်ဝင်စားသော ...အနောက်တိုင်းဝတ်စုံကို အပြည်.၀တ်ရမှ နေသာထိုင်သာရှိသော ကျောင်းသားဟောင်းတစ်ဦး ချွေးပျံ နေသော မျက်နှာကို သုတ်ရင်းက ကားပေါ်ကအဆင်းကြာ နေသူတစ်ချို.ကိုသူအားမရ ...ခုမှဖုန်းဆက်ပြီး ဆရာကန်တော.ပွဲက ဘယ်အချိန်လဲ..ဘယ်နေရာလာရမှာလဲဆိုသောစကားတို.ကို စိတ်တို ...အပြည်.အစုံရောက်ရှိမလာသေးသော လူ..ပစ္စည်းတို.ကို မချင်.မရဲ ဖြစ်...မျက်နှာအရောင်ကတော.အညိုရောင်တော်တော်ရင်.နေပြီ

Photo by Sann Maung Maung

ယခင်နှစ်များက အခမ်းအနား ဓါတ်ပုံများ..ယခုနှစ်ကြိုတင်ပြင်ဆင်မှုများ...စင်္ကာပူရောက်ကျောင်းတော်သားတို.၏ Gathering ဓါတ်ပုံများ ကို အားလုံးကြည်.ရှုခံစားနိုင်အောင် စုပေါင်းပြုလုပ်ပေးထားသော ဓါတ်ပုံ Vinyl များ က ခုမှ တစ်ချို.ကချိတ်ဆဲ....တစ်ချို.ကလိပ်မြဲ ...ရောက်နှင်.သူအားလုံး ၀ိုင်းဝန်းကူညီ ကြရင်း အချို.နေရာတွင် လိုအပ်သလို သံ၇ိုက်ရသည်.အခိုက် ဟာ..အဲ့လိုသံတွေမရိုက်နဲ.လေ...ပျက်စီးကုန်မှာပေါ. ဟူသောစကားကိုအသံခပ်တိုးတိုးပြောရင်း စိတ်ရှုပ်စွာလှည်.ထွက်သွားသည်. ဓမ္မာရုံတာဝန်ရှိသူတစ်ဥိး နှင်. ယခုခောတ် ငှားနေသော ကန်ထရိုက်တိုက်တွင်သံတစ်ချက်ရိုက်မိပါက လျှော်ကြေးဘယ်လောက်ဟူသောသတ်မှတ်ချက် စနစ်တို. အကြောင်း ခေါင်းတော.စားစရာပင်......

Photo by Sann Maung Maung

ဟေ.ကောင်ကြီး မင်း......................
အေးကွာ ငါလည်း.........................ဟူသောမဆုံးသည်.စကားတို.က တစ်ချက်ဟရုံနှင်. အဆုံးတိုင်မြင်အောင်ကြည်.နိုင်စွမ်းကြသည်. တစ်ကျောင်းတည်းထွက် တစ်ဆောင်တည်းနေ တစ်အိပ်ရာထဲအိပ်ခဲ့ကြသူချင်းအဖို. လုံလောက်သည်.နှုတ်ဆက်ခြင်းများ....

Photo by Sann Maung Maung
 ၁၂ နာရိမထိုးခင်မှာတော.လူတွေလည်းအရွယ်စုံအရောင်အသွေးစုံ ရောက်လာကြပြီဖြစ်သလို....လိုအပ်သော ပစ္စည်းတို.ကလည်း ရောက်ရှိလာကြပြီဖြစ်သည်.....စကားလုံးတို.ကို လိုအပ်သလို နိမ်.မြင်. ...ပျော.မာ ...ချော.ပြင်း လိုသလို ခင်းကျင်းပြောဆိုနိုင်စွမ်းသော ဇာတ်ဟန်အနည်းငယ်ပါသည်. ကျောင်းတော်သားဟောင်း တစ်ဦးကလည်း Hand-Speaker တစ်လုံးနှင်.တာဝန်ကျေနေပြီဖြစ်သလို ဆရာကြီး..ဆရာမကြီးများအတွက် ကန်တော.ပူဇော်ဖို.ငွေကြေး လက်မနှေးပဲ လှုဒါန်းနေသူများ ...လက်ခံပေးနေကြသူများ....ညနေခင်းမှ ညတိုင်အောင် လွတ်လပ်ပျော်ရွှင်ပေါက်ကွဲ စိတ်တိုင်းကျ ဆင်နွှဲနိုင်ဖို. Dinner လက်မှတ် ခုမှဖြတ်နေကြရသူများကလည်း အချို.က ၄စောင် အချို.က ယောင်တောင်တောင်ဖြစ်တုန်း....ရော.မင်းဖို. Red တစ်လုံး ဒါဆိုအောက်မှာဖုံးထားလိုက်...ညကျမှ ဆိုတဲ့ အသံသေးသေးလေးတစ်ခု ...ဒါလည်း ညပွဲအတွက်ပဲနေမှာပေါ.

Photo by Sann Maung Maung
 တက်ရောက်လာတဲ့ဆရာကြိး..ဆရာမကြီးတွေ..ကျောင်းသား/ကျောင်းသူဟောင်းတွေ အားလုံးအတွက် လက်မှတ်ထိုး..လိပ်စာဖြည်. တူညီစိတ်တွေနဲ. စားပွဲခုံတွေမှာလည်း လူတွေပြည်.လို. ....တစ်နှစ်စာ အမှတ်တရ ရောင်းချနေတဲ့ ကျောင်း Sport-Shirt တွေကလည်း ၀ယ်သူ..မေးသူ..ကြည်.သူ တွေ ကြား (ဒီနှစ်အတွက်တော.) ခပ်၀၀များအတွက် လုံးဝမပါပါတဲ့ ...(စုစုပေါင်းမှ XL ၄ထည်သာပါသည်)...သို.သော်လည်း အမှတ်တရဆိုတော. ကိုယ်မတော်လည်း တော်တဲ့သူပေးဝတ်မယ်တိုတဲ့အစီအစဉ်နဲ. ၀ယ်နေကြသူတွေလည်းရှိရဲ. ...

Photo by Minn Thein Win
 တစ်နေရာမှာတော. တိုက်ပုံအဖြူဝတ်ကျောင်းသားနှစ်ဦး ..တစ်ဦးက တိုက်ပုံအကျီင်္ ကိုအနည်းငယ်ဆွဲဆန်.ရင်း ကျွန်တော်က ဘာဝတ်ဝတ် Body Fit မှကြိုက်တာတဲ့ တိုက်ပုံလည်း ဒီလို  နည်းနည်းသေးတာလေး ပိုကြိုက်တယ် (သူ.စကား မှန်ကန်ကြောင်းသူ.အိမ်ထောင်ဘက်နှင်. Dinner အတူတွဲတက်ချိန် ကျတော. ပိုသေချာသွားသည်)...သိပ်မကြာခင်ထိုနှစ်ဥိး  အနီး အသက်ခပ်ရင်.ရင်. တစ်ဦးရောက်လာပြီး တီးတိုးပြောဆိုတာ ဓမ္မာရုံအတွင်းပိုင်းဆီ တိတ်တဆိတ် ခေါ်ဆောင်သွားသည်.... အထဲတွင်အသင်.စောင်.နေသော လူတစုနှင်.  တိုးတိုးတိတ်တိတ် တိုင်ပင်ကြသည်.သူတို.ကိုစောင်.ကြည်.နေသောအဖွဲ.ကလည်း..ပတ်ဝန်းကျင်ကိုသုံးသပ်လိုက်..
သူတို.ကိုကြည်.လိုက်နှင်....တိုင်ပင်နေသူများထဲမှလာရောက်ခေါ်ဆောင်သောအမျိုးသားက သေချာတာကမင်းတို.လုံးဝကြောက်နေလို.မဖြစ်ဘူး...အစီအစဉ်သာမလွဲစေနဲ.ဟုပြောခိုက်အမျိုးသမီးတစ်ဦး
က ဘာပြဿနာမှမရှိဘူး ..စိတ်အေးအေးထားဟုပြောအပြီး ထိုနေရာတစ်ဝိုက် လူအ၀င်အထွက် ကန်.သတ်လိုက်သည်...ဒီအနားကို ဘယ်သူမှမလာပါနဲ...ဖြတ်မလျှောက်ပါနဲ..ခြေသံပြင်းပြင်းမနင်းပါနဲ..စကားသံအဆုံး..ထိုအထဲမှ တစ်ယောက်ကို မတ်တတ်ရပ်စေပြီး စောင်.ကြည်.အသင်.ပြင်ဆင်ထားသူများက ရုတ်တရက်ဝိုင်းရံကာထိုးချိန်လိုက်ကြသည်..တစ်ယောက်ကအမြန်ပြေးကပ်လိုက်ပြီး..... ".အကိုကဒီအဖွဲ.မှာ.."  .......အော် MRTV4 အင်တာဗျုး လုပ်ခြင်းဖြစ်သည်..


ပြီးနောက်တော. လုပ်နေကျအခမ်းအနားတို.အစီအစဉ်အတိုင်း အခမ်းအနားမှုး ဟုဆိုသူက အစီအစဉ်တို.ကိုဖတ်ပြ ...တာဝန်ရှိသူတို.က ပြောစရာ ရှင်းစရာတို.ကိုရှင်း...ကဗျာဝါသနာပါသူတို.က ကဗျာရွတ်..အစဉ်အလာအရ ရှေ.ကတိုင်ပေးသည်တို.ကို နောက်က ၇တစ်ချက် မ၇တစ်ချက်လုံးချရင်း လိုက်ရွတ်..ကန်တော.ဖို.ကလည်း နေရာကျဉ်းတော.အချို.က ရှေ.ကလူကျောကုန်းပေါ် နဖူးတင်..အချို.က လေထဲတင် ဦးချ....လှတပတ (ဟုတ်ဟုတ်မဟုတ်ဟုတ်ဤသို.ပြောလျှင်တော. လူချစ်လူခင်ပေါမည်ထင်သည်)ပြင်ဆင်ထားသူအချို.က ကန်တော.လက်ဆောင်ပစ္စည်းများ ဆရာ..ဆရာမများလက်ဝယ်အရောက်ကန်တော...ဆရာ..ဆရာမတို.ကဆုံးမစကားပြော.နားထောင်သူတို.
ကနားထောင်..စကားများသူတို.ကစကားများ...ပြီးမလားဆိုတော. လက်ခုပ်ဝိုင်းတီး ....ကပျာကယာထ တွေ.တဲ့သူတွေဆွဲဓါတ်ပုံရိုက် Night ပွဲအတွက် အိမ်အမြန်ပြန်ပြေး  ဒီလိုရေးကြေးသာဆို လုပ်ခဲ့တဲ့ဆရာကန်တော.ပွဲ မပေါ်လွင်ပဲရှိတော.ပေမပေါ.

Photo by Thuzar Myo
 တစ်ခုသတိထားမိတာကတော.ဒီနှစ် စကားပြောကြသူတော်တော်များများက ပြည်ထောင်စုနေ.၏ ညီညွတ်မှု ထူးခြားခြင်းတို.ကို ဆရာကန်တော.ပွဲ၏ စုစည်းဆောင်ရွက်နိုင်မှုတို.နှင်. ဆက်နွယ်ပြောကြားခဲ့ကြသည်....အခမ်းအနားမှုး ပင်နီတိုက်ပုံဝတ် ကျောင်းသားဟောင်းကြိးက မျက်မှန်လေးကိုပင်. အသံကို Key နဲနဲမြှင်.ပြီး အစီစဉ်တကျ သေသပ်စွာ ခင်းကျင်းပြသသွားပါတယ်...စာရင်ဇယားပိုင်းနဲ.ပတ်သက်လို.တော. ကိုယ်တိုင်က ရာသက်ပန်သတ်သတ်လွတ်စားနေပြီး ဆေးလိပ်..အရက်..မိန်းမ (မိန်းမဆိုတာက ဒိနေရာမှာ တရားဝင်အိမ်ထောင်ဖက်ကိုပြောတာပါ)စတာတွေကိုခပ်ဝေးဝေးကရှောင်ပေမယ်. နာဂစ်တုန်းက မိဘမဲ့ကလေး ၁၀ယောက်ကျော်ကို ခုထိတာဝန်ခံမွေးမြူစောင်.ေ၇ှာက် တစ်ဘ၀လုံးစာ တာဝန်ယူထားတဲ့ ကျောင်းသားဟောင်းတစ်ဦးက စာရင်းဇယားပိုင်းကိုယျေဘူယျ သဘောမျိုး၇ှင်းပြသွားပါတယ်...

Photo by Thuzar Myo
  ဒီနှစ်အကန်တော.ခံဆရာ ဦးရေ ၉၈ ဦးရှိပြီး ဆရာကြီး ဆရာမကြီးတွေကိုကန်တော.တဲ့ငွေသားသက်သက်တင် သိန်း ၃၀၀ နီးပါးရှိပါတယ်...စင်္ကာပူဘက်ကတော. ထုံးစံအတိုင်း သိန်း၁၀၀ ၀န်းကျင်ကတော. မပျက်မယွင်း ...တစ်ခုပဲဆိုးသည်က ၇န်ကုန်ဘက်ခြမ်း ၏ ယခုနှစ်လုပ်ဆောင်နိုင်စွမ်းနှင်. ပြီးမြောက်ခဲ့မှုတို.ကတော. ပါဝင်သူများကိုယ်တိုင်က လိုအပ်ချက်များစွာရှိခဲ့သည်ကို ၀န်ခံမိကြသည်...ကာလရှည်လျှော.ရဲမှု( Long-Pressed Spring Effect) ကြောင်.လား..မအားလပ်မှုများစွာတိုက်ဆိုင်သွားကြခြင်းလား...စီမံခန်.ခွဲမှုလိုအပ်ချက်ကြောင်.လား...
တစ်ခုတော.၇ှိသည်...ဒါတွေက အပြစ်မဟုတ် အဖြစ်တွေကို အားဖြည်.ရန်သာ......တကယ်က ဘယ်သူမှ အားလို.လုပ်နေကြခြင်းမဟုတ်..မအားအားအောင်လုပ်၍  ကြိုးစားနေကြရခြင်းဖြစ်သလို ဆရာဆရာမကြီးများအတွက် ကိုယ်တတ်နိုင်သည်.ဘက် (ထိုသို.မဟုတ် တကယ်ကမတတ်တတ်နိုင်အောင် ပြုလုပ်ပြီး)မှ ကြိုးစားပေးနေသူ များသာ.......

Photo by Aung Myo Oo
 ဆုံးမသြ၀ါဒ စကားတွေပြောကြတော. ဆရာမဒေါ်ဇင်မာခိုင် စစချင်းပင် ငယ်စဉ်ကလေးဘ၀ တနဂ်နွေနေ.လည် လာလေ.၇ှိသော မောင်ညီမလေးတို.ရေ..ဟိုးးးးးးးးးးးး ရှေးရှေးတုန်းကပေါ.ကွယ်  ဆိုသော နစ်မျှောဖွယ် melody တစ်ခုအလား မျက်လုံးများတောင်စဉ်းကျချင်ချင် ဖြစ်သွားရသည်.(ဤနေရာတွင်ပြောချင်သည်က ဘာအဓိပ္ပါယ်မှ ရေရေရာရာ မရှိသောအို..အေး..အေး..အို ဆိုသောစာသားသည်မိခင်၏မေတ္တာနှင်.ပေါင်းစပ်ပြီးသံစဉ်တစ်ခုဖြစ်လာသောအခါ သားသမီးငယ်တို.အလိုလိုအိပ်စက်ကြရာသို.ရောက်စေသကဲ့သို.ပင်...ဆိုလိုသည်ကမေတ္တာနှင်.ပေါင်း
စပ်ထားသော သံစဉ်ချိုတို.၏ တန်ခိုးကား လူကိုအေးမြငြိမ်သက်သွားစေခြင်းပင်).ဆရာမက သူ.တပည်.တွေကို တကယ်.လေပြည်ချိုချိုလေးနှင်.ပြောဆိုဆုံးမသွားခဲ့သည်...သူတို.လွှတ်တင်ပေးခဲ့သော စွန်လေးများ၏ ထိုးဖောက်တက်ရောက်နိုင်စွမ်း.များ..လေဟုန်စီးခရီးများအပေါ်ဖြစ်မိသောပီတိတို.အကြောင်းက ဆရာမ၏ထွက်ပေါ်လာနိုင်သေးသော လတ်ဆတ်သည်.အမြင်တို.ကို ဂရုပြုမိစေသည်....

Photo by Thuzar Myo
ထို.နောက်ဆရာတစ်ဦးထစကားပြောခိုက် ဓမ္မာရုံသည် MCC ခန်းမကြီးဖြစ်သွားသည်..... MTV Exit ၏ ပြည်သူ.ရင်ပြင်ဖြစ်သွားသည်....သူကား Emperor ၏ ဇော်ဝင်းထွဋ် ...IC ၏ လေးဖြူ ...ကျောင်းတော်သူ/ကျောင်းတော်သားတို.၏ Favourite Man ...ကျောင်းတို.တွင်သူလိုလူမျိုးရှိတတ်သည်..သို.သော်ရှား၏..အချို.ဆရာတို.ကို ကျောင်းသူများသာသဘောကျသည်..အချို.ကိုကျောင်းသားများသာလက်ခံသည်..
အချို.ဆရာတို.ကို ကိုယ်. ဘာသာရပ်ဆိုင်ရာတပည်.များကသာလေးစားသည်..အချို.ဆရာတို.ကို.သူ.ပတ်ဝန်းကျင်ကသာအသိ
အမှတ်ပြုကြသည်..အချို.က ဆရာချင်းသာအဆင်ပြေသည်..သူကတော. All in One ဟုပြောရမည်...တစ်ကျောင်းလုံးရှိ ဘာသာရပ်စုံ ကျောင်းသား
ကျောင်းသူအားလုံး အကိုလိုအားကိုးသည်..ဆရာလို.ချစ်ခင်သည်.ဦးလေးလိုလေးစားကြသည် ..သူငယ်ချင်းလို ယုံကြည်ကြသည်.(ထို.ကြောင်.ပင်သူ.ပတ်ဝန်းကျင်၏ သံယောဇဉ်ကြားနစ်မြုပ်နေပြီး ဖျတ်ကနဲသတိရချိန်မှ ကိုယ်ပိုင်သံယောဇဉ်ကြိုး လွန်းထိုးမိတော. အသက်က ၅၀ကျော်နေပေပြီ...-ဆရာရေ ကန်တော.)သူကတော.
..သူ.ထုံးစံအတိုင်းပေါ.ပေါ.ပါးပါး သာဆုံးမ ကျေနပ်သွားသည်...သူ.ထက်အသက်ငယ်သော်လည်း သူ.ထက်ရုပ်ရင်.နေသည်.တပည်.များအတွက် သူ.ကိုယ်သူကျေနပ်နေမိသည် ကိုလည်းသိလိုက်ရသည်...

Photo by Thuzar Myo
 ထို.နောက်ကျေးဇူးတင်စကားများပြောကြားသည်.အခိုက် ယခုနှစ် ပွဲပယ်..ဒါဏ်ရာရကစားသမားများ များနေသော ကော်မတီအသင်းအတွက် စင်္ကာပူမှ အရေးပေါ်အငှားခေါ်ယူထားရသော ရှေ.တန်းတိုက်စစ်..အလယ်တန်းကစားကွက်ဖော်အတွက်ပါ အထူးအားကိုးရသော တိုက်စစ်ဦးစားပေး အလယ်တန်းကစားသမားတစ်ဦးလည်း ကျေးဇူးတင်စကား တက်ရောက်ပြောကြားခဲ့သည်....တစ်ခုတော.စဉ်းစားမိသည်...စက်မှုနည်းပညာလောကသားများက နိုင်ငံခြားရောက်လျှင် ပိုမိုခန်.ထည်သွားကြလေသလားမသိ.....ပြောသွားသောအကြောင်းအရာ..သုံးနှုံးသော စကားလုံး အားလုံးစနစ်တကျ...ဒါပဲလေ မအူပင်ထွက်အင်ဂျင်နီယာ ...သမ္ဘာမရှိလည်း ရပါတယ်...

Photo by Thuzar Myo
အခမ်းအနားတွေမှာ ကဗျာတွေရွတ်လေ.ရှိတဲ့ ကျောင်းတော်သားကြီးကတော.ဒီပွဲမှာလည်း ရိုးရာမပျက်ခဲ့ပါဘူး...ဒါပေမယ်. သူ.ရဲ.Stress Mood က သူရွတ်တဲ့ကဗျာ ကိုအနီရောင်ပိုတောက်သွားစေပါတယ်...ရုဒ္ဓရသ ဆန်ပေမယ်. ရင်ကွဲပက်လက်သံလို. ခံစားရင်လည်းရပါတယ်
သုံးကျောင်းပြောင်းတဲ့သျှင်
သုံးလင်ပြောင်းတဲ့မယား
ရာဇ၀င်တွင်ကာထားတဲ့….စကားအရ
ပမာပင်ယှဉ်ကာပြောရရင်……
တံခွန်တွေများနေတဲ့ရထားအလား
လင်တွေဘယ်လောက်ပင်များနေပေမယ့်…
မွေးလာတဲ့သားသမီးတွေအပေါ်
တတ်စွမ်းသလောက်..တာဝန်ကျေခဲ့တဲ့အမေ့အပေါ်
ကျေးဇူးသိတတ်…ကျေဇူးဆပ်မယ့်သားသမီးတွေ
ရှိနေလျက်ပါ အမေ
۩GTI မှ GTC
GTC မှ Computer
တရားဝင်သုံးလင်မက
အဆုံးဘ၀င်မကျတဲ့ THS နဲ့ ယှဉ်ကာတွဲ
လင်တွေ…သခင်တွေ ခဏခဏပြောင်း
ကံကြမ္မာ ဇာတ်ဆရာမကောင်းလို့…
ဘ၀ပြောင်းခဲ့ရတဲ့….အမေ့ ရဲ့ဘဝ
ဘယ်လောက်ပင်ရွတ်တွလှပေမယ့်
သားတို့ရင်ထဲ….သမီးတို့ရင်ထဲမှာ
ရွှေရုပ်လွှာ….လှနေဆဲပါ အမေ
۩အမေ့ဘ၀ဖြစ်အင်
အမေဇာတ်သွင်းခံရလေခြင်းလို့
ကြေကွဲတသ ခံစားရလဲ
မချိတင်ကဲ….တက်ခေါက်ရင်းက
ပျိုမြစ်မှုအမေ့ဘ၀ကို….ပြန်လည်နုပျိုလှပစေဖို့
မမှန်းသာ…မစွမ်းသာပေမယ့်
သူကိုယ်တိုင်ရေးတဲ့ကဗျာ သူကိုယ်တိုင်ဆိုရင်း ကျောင်းသားဟောင်းတွေရဲ.ရင်တွင်းမှာလည်း သူတို.ကိုယ်တိုင် ဖြစ်သွားကြတယ် 
Photo by Thuzar Myo
တစ်ခုပဲရှိသည်...ကုလားတိုက်ကျားဝင်ကိုက် ဟူသောစကားပုံ ထွင်သွားခဲ့ရှာသူရှေးပညာရှိ...အတော်လေးတော. သနားမိသွားသည်...အကယ်၍များ ဤဆရာကန်တော.ပွဲ သူသာဝင်နွဲခွင်.ရခဲ့ပါမူ ယခုထက်ပြောင်မြောက်သော စကားပုံအသစ်တို.မြန်မာစာတွင် ထင်ရှားအောာင်တည်ထွင်နိုင်ခဲ့ပေမည်....ကန်တော.ချိုးရွတ်ဆိုချိန်..ဆရာတို.သြ၀ါဒပေးချိန်ကလွဲ၍ အားလုံးက တစ်နှစ်စာ (အချို.ကဆယ်နှစ်စာမက) ပြောခွင်.မရခဲ့ကြသမျှ သူငယ်ချင်းအချင်းချင်း ခုမှပြောကြရလေတော. တစ်ယောက်ကို တစ်နေ.တစ်ခွန်းပြောစရာသိမ်းထားရလျှင်ပင် တစ်နှစ်စာ ၃၆၅ ခွန်း..ထိုနေ.ကတက်ရောက်သည်. ၆၀၀ ခန်.သောကျောင်းသားများဆိုတော.  ၂၁၉၀၀၀ ဒါတစ်ယောက်တစ်ခွန်းပဲရှိသေးသည်...ဒီ.ထက်ပိုလျှင်.........ဒါတောင်အပြေးအလွှားပြောကြရခြင်းဖြစ်သည်.
Photo by Thuzar Myo
.ကော်မတီကိုတောင်တစ်ခုလောက်အကြံပြုရင်ကောင်းမလားပဲ...နောင်နှစ်ကျ ဆရာမကန်တော.မှီ သူငယ်ချင်းတွေစကားစုပြောဖို. တစ်ရက်လောက်ခန်းမတစ်ခုငှား၍သီးသန်.စုပေးနိုင်လျှင် ပိုကောင်းလိမ်.မည်..ခုတော. သူတို.တွေလည်းပြောလို.မ၀...အခမ်းအနားလည်း ဆူဆူညံဖြစ်ရသည်မဟုတ်လား..........

Photo by Thuzar Myo
 ကန်တော.၍ ပြီးသည်.အခိုက် သူငယ်ချင်းများ.....ဆရာများ....ဆရာနှင်.သူငယ်ချင်းများ....စုပြီးဓါတ်ပုံရိုက်ကြသည်....သတိရမိသေးသည်
GTI တက်ကာစက ကောလဟာလ တစ်ခု....၀င်ခွင်.အတွက် Form တင်ရာတွင် ဓါတ်ပုံကပ်ပေးရသည်မှာ အလကားမဟုတ်...မိန်းကလေးဆိုလျှင် လူကြီးများကသေချာစစ်ဆေးပြီး လှလှပပ ဖြစ်နေပါက (သို.) နူးနူးညံ.ညံ.ပုံပေါက်နေက ပယ်ပါသည်တဲ့ ....အဘယ်ကြောင်.ဆိုသော် ကျောင်းတက်စဉ်ကာလ မှ လုပ်ငန်းခွင် ၀င်ချိန်ထိ ယောင်္ကျားသားများနှင်. နင်တစ်လုံးငါတစ်လုံးနေရမည်မို. ရုပ်ရည်သည်သာမာန်နှင်.အောက်.(သို.).လှပလျှင်လည်း ပြတ်သားရဲရင်.လိုအပ်လျှင်ကြမ်းတမ်းရဲမည်. သူများကိုသာ ရွေးချယ်ခြင်းဖြစ်သည်တဲ့.....ထို.ကြောင်.အဲဒိခောတ်က ကျောင်းအားကစားပွဲလုပ်လို.မှ အချို.ဌာနတို.တွင် အလံကိုင်စရာ မိန်းကလေးမရှိ...................သို.သော်နောက်ပိုင်းတွင်တော. ကောလိပ်ခောတ်..တက္ကသိုလ်ခောတ်ရောက်သောအခါ လုံးဝခြားနားသွားသည်....လှတပတများ  အခြေတည်ရာ လှကျွန်းသာများဖြစ်ကုန်တော.သည်....

Photo by Thuzar Myo
 မိန်းကလေးသည်မိန်းကလေးသာဖြစ်သည်.....အဲဒီတော.လှချင်သည်ပေါ. ...အသက်၂၅လောက်လည်းလှချင်သည်....၄၀လောက်လည်းလှချင်သည်...အိမ်ထောင်မကျသေးသူများ
ကလည်း မျှော်လင်.ချက်ကိုယ်စီနှင်. လှချင်သလို ကလေး၃ယောက်လောက်အမေများကလည်း မလှလှအောင်လုပ်ကြသည်...အိမ်ထောင်မကျသေးသူများကတော. သရေ နှင်.အနိုင်မျှော်လင်.လျှက် ကစားကွက်ဖော်နိုင်သော်လည်း ကလေးအမေများခမျာတော. အားကုန်ထုတ်ကစားနိုင်မှ သရေ  အခန်.မသင်.လျှင် အရှုံးကအဆင်သင်. ...အချိန်မရွေးအဝေးကွင်းရောက်သွားနိုင်သောပြဿနာများကို ရင်ဆိုင်နေကြရသည်.....သို.သော် ဤနေရာတွင်တော. အားလုံးကျောင်းသူပြန်ဖြစ်သွားကြသည်...အားလုံးစု..သူငယ်ချင်းတွေဓါတ်ပုံရိုက်ကြ တော. အငယ်ဆုံးမိန်းကလေးတို.ပင် ၂၅ ၀န်းကျင်....

Photo by Thuzar Myo
 စစ်တမ်းတစ်ခုကဆိုသည်...လွန်ခဲ့သောနှစ်ပေါင်း ၄၀ က မြန်မာ လူမျိုးများအိမ်ထောင်ပြုသော ပျှမ်းမျှ အသက်က ယောက်ကျားလေး ၂၄နှစ် မိန်းကလေး ၂၁ နှစ်ဖြစ်သော်လည်း ပြီးခဲ့သည်. ၅နှစ်ခန်.က သုတေသနပြုချက်အရ ယောက်ကျားလေး ၂၈ မိန်းကလေး ၂၆ ဖြစ်လာနေသည်....အသက်၂၀-၂၄ ကြားမိန်းကလေး ၆၇% ကျော်အိမ်ထောင်မပြုသေးကြောင်း နှစ်၄၀ အတွင်း၂ဆမြင်.တက်လာခြင်းဖြစ်ကြောင်း...ယောက်ကျားလေးများကတော. ၅၅% မှ ၇၆% သို. ၂၀% ခန်.သာတို.တက်လာခြင်းဖြစ်သည်....ဤစာရင်းအရ ဆိုရပါမူ လူပျိုကြီးထက် အပျိုကြီးများ သိသိသာသာ မြင်.တက် လာနေခြင်းဖြစ်သည်....တကယ်ကဤကိစ္စရပ်များသည် နောင်တော်ကြီးများ၏ မဟာဗျုဟာပိုင်းအားနည်းမှုများက အဓိက တရားခံဖြစ်နေကြောင်းပေါ်လွင်နေပါသည်....အချို.ကတော. ဤ ပွဲတွင် နောက်ကျနေသော်လည်းသမိုင်းပေး တာဝန်ကျေပြွန် ရန် အပြင်းအထန်ကြိုးပမ်းနေကြရသည်....

Photo by Thuzar Myo
ဆရာကန်တော.ပွဲအပြီး အပြင်မှာတော. မအူပင် ကျောင်းဆင်းအင်ဂျင်နီယာ ကျောင်းသားဟောင်းများအသင်းအဆိုပြုလွှာ လက်ခံမှုများ ပြုလုပ်ပေးခဲ့သည်...အချို.ကတော. တစ်ခါတည်း Form ဖြည်. တစ်ခါတည်းဓါတ်ပုံပါပေးခဲ့ကြသည်....တစ်ချို.ကတော.နောင်မှတဲ့...တကယ်တော.ဤအဖွဲ.သည်လည်း မအူပင်ကျောင်းရိပ်ခိုလှုံဖူးခဲ့ကြသူအားလုံး အစဉ်အဆက်တွေ.ထိ ကူညီပံ.ပိုးချိတ်ဆက် ဆောင်ရွက်နိုင်ကြ၇န် ဖွဲ.စည်းထားခဲ့ခြင်းဖြစ်ပြီး အနာဂတ်စီမံကိန်းအားလုံးသာအောင်မြင်ခဲ့ပါမူ မအူပင်ကျောင်းတော်သားတို.အတွက် ဂုဏ်ယူစရာတစ်ခုထပ်တိုးလာအုံးမည်ဖြစ်သည်...

Photo by Thuzar Myo
 ပထမအကြိမ်ဆရာကန်တော.ပွဲနှင်. ဒုတိယအကြိမ်ဆရာကန်တော.ပွဲတွင် ဆရာကြိးဆရာမကြီးပေါင်း ၁၈၀ခန်.ကို ကန်တော.ခဲ့ကြပြီး တတိယအကြိမ်တွင်တော. ရေရှည်တည်တန်.ရေးစည်းမျဉ်းများကိုနာယက ဆရာကြီးများနှင်.တိုင်ပင်သတ်မှတ်ကာ ၈၅ ယောက်ဝန်းကျင်ကန်တော.ခဲ့ပြီး ယခုနှစ်တော. ၉၈ ယောက် ကန်တော.ခဲ့ကြသည်.....သေချာသည်ကနောင်နှစ်များတွင် အသက်မှီလာသော ဆရာ..ဆရာမများထပ်တိုးလာမည်....ပထမအစနှစ်က ၃နှစ်အတွင်းဆရာကန်တော.ပွဲကျင်းပပြီး ပိုငွေ အချို.နှစ်ဆို သိန်း၉၀ နီးပါး...အချို.နှစ်တော. ၅၅သိန်း ထည်.ရင်း ၂၀၁၂ ဧပြီလတွင် သိန်း၂၀၀ကျော်စုထားနိုင်ခဲ့သည်....သို.သော်ဒီနှစ်တော. ရင်တမမ ...မစိုက်ရလျှင်ပင်တော်ပြီဟု စိတ်ဒုံးဒုံးချနေကြရသည်.....ငွေကိုင်ပုဂ္ဂိုလ်ခမျာလည်း ၅ပေါင်လောက် Weight ကျသွားသည်..(နဂိုကမှ ပေါင်၁၀၀မပြည်.တပြည်.)သေချာသည်ကတော. အားလုံးနောင်နှစ် ဒီ.ထက် ပိုကြိုးစားကြရတော.မည်......(စာရင်းဇယားအသေးစိပ်ကိုများမကြာမှီ သက်ဆိုင်သူများတရားဝင်ရှင်းလင်းပါလိမ်.မည်)


    ကျွန်တော်တို.အားလုံး ကိုယ်.တည်မှီရာတို.မှ
ထိုပင်လယ်အတွင်း စီးဝင်ခဲ့ကြဖူးသည်
ပင်လယ်၏သိက္ခာအတွက်
အားလုံးငန် ပေးခဲ့ကြသည်
ထိုအငန် ဓါတ်ကပင်
ညီညွတ်ခြင်း၏ နာမတော်ဖြစ်ခဲ့သည်
ထို.နောက်ကျွန်တော်တို.
လောက၏ သတ်မှတ်ချိန်အရောက်
တပ်ခေါက်ခဲ့ကြရသည်
မိမိတို.တည်မှီရာ
မြစ်ပြင်  ချောင်းမွှာ
ရေကန်သာ
အင်းအိုင် စမ်းချောင်း
မည်သို.သောအခြေအနေပြောင်းပြောင်း
ပင်လယ်ကိုတမ်းတ
ငံမြမြ ဓါတ်လေးထိမ်းထားခဲ့သည်
ပင်လယ်ဆီပြန်ရောက်ကြတိုင်း
ဝိုင်း ငန်ကြပြန်သည်
သို.သော်
ငွေ.ပျံ ရည်ဖွဲ. ကောင်းကင်ထက် တက်သွားသောတိမ်များ
ပယောဂအမျိုးမျိုးကြောင်. အခဲဘ၀ပြောင်း ဆားတောင်းထဲရောက်သွားကြရသူများ၏
ပြန်မဆုံနိုင်ခဲ့မှုများကိုတော.
ထာဝရ တမ်းတနေကြ ရင်း


(စိတ်ထင်ရာ ပေါက်ရ ရေးထားသမျှကို ဆုံးအောင်ဖတ်ပေးသည်အတွက်ကျေးဇူးတင်ပါသည်...အကယ်၍ ရေးသမျှ စိတ်အခန်.မသင်.ခဲ့ပါကလည်း တွေ.မှသာ ကြိုက်သလိုစီရင်တော်မူကြပါ...ကိုယ်.အကြောင်းကိုယ်သိသဖြင်.ညစာစားပွဲအကြောင်းတော.မရေးတော.ပါ..
အချို.စိတ်ပူနေမည်စိုးသဖြင်. ကြိုတင်အသိပေးခြင်းဖြစ်ပါသည်)


.

1 comment: