Friday, March 1, 2013

မင်းကြီးကတော် ဒေါ်မြမေ (၁၈၅၆- ၁၉၄၅) ဘာသာရေးပညာရေး ထောက်ပံ.ကောင်းတစ်ဦး


မိမိတက်နိုင်တဲ့ ဘက်ကနေ တစ်ခေတ်တစ်ခါ ဗုဒ္ဒသာသနာ၊ အမျိုးဂုဏ် တက်အောင် ဆောက်ရွက်ပေးခဲ့သည့် မမေ့သင့်သည့် အမျိုးသမီးတစ်ဦးပါ။



ဒေါ်မြမေကို မော်လမြိုင်မြို့ မှာမွေးဖွားပါတယ်။ ဖခင်က ဘုရင်ဘကြီးတော်မင်း မှာ မင်းကျော်သီဟသူဘွဲ့နဲ့ ဒလမြို့ဝန် ဖြစ်ခဲ့ပါတယ်။ အောက်မြန်မာပြည် အင်္ဂလိပ် လက်အောက်ရောက်တော့ အင်္ဂလိပ် မြန်မာစစ်ကြောင့် ပျက်စီးခဲ့တဲ့ ရွှေတိဂုံ စေတီတော်ကို ဒေါ်မြမေ အဖေကိုယ်တိုင် ဦးဆောင်ပြီး မွမ်းမံခဲ့ပါတယ်။

ဒေါ်မြမေဟာ ဘာကြောင့် ထင်ရှားရသလဲဆိုရင်ဝိတိုရိယ ဘုရင်မနဲ့ တွေ့ဖူး ခဲ့သည့်အပြင် ဥရောပတိုက်သို့ ဗုဒ္ဒဘာသာ ပြန့်ပွားရေးအတွက် ကြိုးပမ်း ခဲ့သူ ဆိုရင် လည်း မမှားပါဘူး။ အင်္ဂလိပ်အစိုးဘက်တွင်လည်း ဒေါ်မြမေ အရှိန်အ၀ါဟာ အလွန်ကြီးမားခဲ့ပြီး အိန္ဒိယမဟာရာဇ များကိုသာ ချီးမြင့်လေ့ရှိတဲ့ တာရာဘွဲ့ ကိုလည်း ရရှိခဲ့ပါတယ်။

၁၈၉၆ တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်းထိပ်မှာ ဗုဒ္ဒဘာသာ မိန်းကလေး အထက်တန်းကျောင်း နဲ့ ရွှေတိဂုံဘုရားလမ်းမှာ ဗုဒ္ဒဘာသာယောက်ျားလေး
ကျောင်းဆိုပြီး အထက်တန်းကျောင်းတွေကို တည်ထောင်ပေးခဲ့ပါတယ်။
ရွှေတိဂုံဘုရား အရှေ့ဘက် ဦးထောက်ဗိုလ်လမ်း တွင် ရှိတဲ့ မဟာအောင်မြေဘုံစံကျောင်းတိုက်သည်လည်း ဒေါ်မြမေ လှူဒါန်း ခဲ့သည့် ကျောင်းတိုက်ဖြစ်ပါတယ်။

အင်္ဂလိပ်လူမျိုး ဗုဒ္ဒဘာသာရဟန်းတော် ဖြစ်တဲ့ အရှင်အာနန္ဒာမေတ္တေယျ တို့ ဦးဆောင်တဲ့ ဥရောပမှာ သာသနာပြုမည့် ရဟန်းတော်များ အားလုံး တို့၏ ပစ္စည်းလေးပါး ဒါယိကာမအဖြစ် ခံယူပြီး ဥရောပ တွင် သာသာပြန့်ပွားအောင် ကျောင်း၊ ဆွမ်း၊ အစစအရာရာတို့ကို မိမိတတ်နိုင်သလောက် ထောက်ပံ့လှူးဒါန်း ခဲ့ပါတယ်။

မြန်မာလူမျိုးပန်းချီကျော် ဖြစ်တဲ့ ဦးဘဥာဏ်၊ ဦးသာထွန်း၊ ဦးစံဝင်း တို့ကို လည်း ထွန်းပေါက်အောင် ကူညီပေးခဲ့ပါတယ်။ ထိုခေတ်က မြန်မာတွေ နိုင်ငံခြား ကျောင်းတက်ရန် ခက်ခဲရာ ဒေါ်မြမေမှ ဦးဘဥာဏ် အင်္ဂလန်သို့ ပညာသင်ရန် ကြိုးပမ်းဆောက်ရွက်ပေးခဲ့ပါတယ်။

ဒေါ်မြမေဟာ အသက် ၈၉၊ ၁၉၄၅ မှာ ရန်ကုန်မြို့ နေအိမ်မှာပဲ ကွယ်လွန် ခဲ့ပါတယ်။

(မြန်မာလူကျော် ၁၀၀ ကနေ ကောက်နုတ်ပါသည်။) 


Post from သုတစွယ်စုံကျမ်း @ Facebook

No comments:

Post a Comment