Friday, March 15, 2013

သဘောကောင်းလွန်းလို.များ စော်ကားနေကြတာလား



ကြာကလပ်ပေါ်တွင် စံပယ်တော်မူနေသော ဗုဒ္ဓဘုရားရှင်၏ ဆင်းတုတော်ပေါ်သို့ အ၀တ်မဲ့အမျိုးသမီး တစ် ဦး တင်ပြီး ဖက်ထားသည့် ဗီယက်နမ်နိုင်ငံတွင် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကြောင့် အင်တာနက် ဗုဒ္ဒ ဘာသာ ၀င်များအကြားတွင် စိတ်တိုဒေါသထွက်စရာများ ဖြစ်နေကြောင်း ဘန်ကောက်ပို့စ် သတင်း တွင်   ဖော်ပြ ထားပါ သည်။
အဆိုပါ ဓာတ်ပုံသည် Facebook ပေါ်တွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသားများမှ အဆိုပါ ပုံနှင့် ပတ် သက်၍ အပြင်းအထန် ဆွေးနွေးကြကြောင်း ဖော်ပြထားသည်။
ပေးထားသည့် ကွန်မန့်များအရ ထိုင်းအာဏာပိုင်များအနေဖြင့် ထို ဆင်းတုတော်အား ရှာဖွေပြီး ဖျက်ဆီး သင့် ကြောင်း၊ ဗုဒ္ဓဆင်းတုသည်ဗုဒ္ဓဘာသာတို့၏ အလေးအမြတ်ထား ရာ ဖြစ်သည့် အတွက်   ဖြစ်ကြောင်း ရေး သား ထားသည်။
ပြီးခဲ့သည့် အပတ်များကလည်း ပြင်သစ် ဟိုတယ်တစ်ခုတွင် ရေအိမ်သုံး စက္ကူအား ဗုဒ္ဓ ဦးခေါင်းတော် ပုံ ဖြင့် ပြု  လုပ် သဖြင့် ထိုင်းလူမျိုးများ စိတ်ဆိုးခဲ့ပြီး ဘန်ကောက်ရှိ ပြင်သစ်သံရုံးမှ ဟိုတယ်မန်နေဂျာထံသို့ ကန့် ကွက် စာ ပေးပို့ခဲ့ကြောင်း သိရသည်။
@ MEG

ထိုအကြောင်းရေးသားထားသော Vietnam Link တစ်ခု
http://eyedrd.org/2013/03/buddha-with-naked-woman-statue-in-vietnam-is-an-aberration-may-the-lord-forgive-the-sinner.html

ဒါကလည်း ဒီလိုပေါက်ကရ ဖန်တီးထားတဲ့ ပုံတစ်ပုံရဲ. Link ပါ
http://www.eelamenews.com/?p=103666

No comments:

Post a Comment