Saturday, March 16, 2013

ဆရာ/ဆရာမကြီးများကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေ ကော်မတီ


ဝါးခယ်မ အထက ၁ ဆရာကန်တော.ပွဲ နှင်. ဆက်စပ်ပြီး  ကျောင်းတွင် ပညာသင်ကြားပေးခဲ့ကြသော ဆရာကြီး/ဆရာမကြီးများ၏ ကျန်းမာရေး နှင်. နောက်ဆုံးချိန် ပံ.ပိုးမှု ကိစ္စရပ်များကို ကျောင်းသားဟောင်းများက စိတ်ဝင်တစား အစီအစဉ်ဆွဲ ဆောင်ရွက်ခဲ့ကြပြီး ပထမဆုံး အကြိမ် အစည်းအဝေးနှင်. ကော်မတီဖွဲ.စည်းခြင်း နာယက ကြီးများထံမှ အကြံဥာဏ်များ ရယူခြင်းတို.ကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်ညနေက အထက၁ ဒေါ်ပိုက်မိ ခန်းမဆောင်တွင်ပြုလုပ်ခဲ့ပြီး ယခုထိ အစည်းအဝေး စုစုပေါင်း ၃ကြိမ်ခန်. ပြုလုပ်တိုင်ပင်ဆောင်ရွက်ခဲ့ကြသည်ဟုသိရပါသည်..........

ထိုကော်မတိတွင် ဥက္ကဋ္ဌ တစ်ဦး နှင်. ဒုဥက္ကဋ္ဌ ရန်ကုန် ၁ဥိး ၀ါးခယ်မ တစ်ဦး အတွင်းရေးမှုး တစ်ဦးအပါအ၀င် စုစုပေါင်း ကော်မတီဝင် ၂၈ ဦးနှင်.လောလောဆယ် ဖွဲ.စည်းထားကြောင်းသိရပါသည်...
ကော်မတီဝင်များမှာ
  1. ဒေါက်တာအောင်နိုင်          ဥက္ကဌ
  2. ဒေါက်တာစိုးငြိမ်း             ဒု- ဥက္ကဌ (၁)
  3. ဒေါက်တာအေးအေးမြင့်      ဒု-ဥက္ကဌ (၂)
  4. ဒေါက်တာသက်ရှည်          အတွင်းရေးမှူး (၁)
  5. ဦးကြည်ဇင်                   အတွင်းရေးမှူး (၂)
  6. ဦးကျော်မြင့်                  တွဲ-အတွင်းရေးမှူး (၁)
  7. ဒေါ်နီလာတင်                တွဲ-အတွင်းရေးမှူး (၂)
  8. ဦးဝင်းဌေး                    ဘဏ္ဍာရေးမှူး
  9. ဒေါ်တင်တင်ဖြူ               တွဲ-ဘဏ္ဍာရေးမှူး
  10. ဦးအောင်ကြီး                              အဖွဲ.၀င်
  11. ဦးတင်ထွန်းလွင်                              
  12. ဦးမိုးဇော်
  13. ဦးခင်မောင်ဦး                                 
  14. ဦးမြင်.ကြွယ်
  15. ဦးဝင်းကျော်
  16. ဦးမျိုးအောင်
  17. ဦးမြင်.လွင် 
  18. ဦးထွန်းရီ
  19. ဦးမျိုးအောင်
  20. ဥိးကျော်မင်းထွန်း
  21. ဦးစိုးလင်းထွန်း
  22. ဒေါ်သက်သက်ဦး
  23. ဒေါ်ခင်ချိုလွင်
  24. ဒေါ်သဇင်အေး
  25. ဒေါ်တင်တင်ဝင်း
  26. ဒေါ်သူဇာ
  27. ဒေါ်ခင်သက်မာဦး
  28. ဒေါ်ဆွေဆွေသင်း      တို.ဖြစ်သည်
ကော်မတီ အနေဖြင်.  
ဝါးခယ်မမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှအငြိမ်းစား
ယူသွားကြသောဆရာကြီး/ဆရာမကြီးများ၏ ကျန်းမာရေးကိစ္စများတွင် ထောက်ပံ့စောင့်ရှောက်
နိုင်ရန်အတွက်ဝါးခယ်မမြို့ မြန်မာ့စီးပွါးရေးဘဏ်တွင် ငွေစုစာအုပ် ဖွင့်လှစ်၍ ငွေများစုဆောင်းရန်
 
ထိုငွေစုဘဏ်စာရင်းမှ ငွေသွင်း/ငွေထုတ် ပြုလုပ်ရန် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ် (၃)ဦးအားရွေးချယ်သတ်မှတ်ရန် အများသဘောတူဆုံးဖြတ်ခဲ့ကြပါသည်။    

(၁)  ဦးဝင်းဌေး            ဘဏ္ဍာရေးမှူး

(၂) ဒေါ်တင်တင်ဖြူ       တွဲ-ဘဏ္ဍာရေးမှူး

(၃) ဒေါ်ခင်သက်မာဦး      အဖွဲ့ဝင်

ပထမအကြိမ် အစည်းအဝေး


ရန်ကုန်တွင်လည်း ကော်မတီ ၂ ဦးအမည်ဖြင့် ဘဏ်စာရင်းတခုဖွင့်လှစ်ရန်နှင့် ၄င်းဘဏ်စာရင်းကို ကျောင်း သားများအား သတင်းစာမှသော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်ကောင်းတနည်းနည်းဖြင့် အကြောင်း ကြားပြီး လှု ဒါန်းထည့်ဝင်ချင်သူများသိရှိအောင်ဆောင်ရွက်ရန်  သဘောတူထားခဲ့ကြပြီး
ဝါးခယ်မရှိ ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု၊ ရန်ပုံငွေ စသည့် အခြေအနေများကို အချိန်နှင့်တ ပြေးညီသိရှိနိုင်ရန် ဆက်သွယ်ရေးတာဝန်ခံတဦးသီးသန့် ထားရှိပြီး ဒေါက်တာအေးအေးမြင့်မှတဆင့် ရန်ကုန်ရှိအဖွဲ့ ၀င်များသိရှိအောင် ဆက်သွယ်ဆောင်ရွက်ဖြစ်အောင်တိုက်တွန်းနိုးဆော်ပေး ရန် တာဝန်ခွဲဝေထားသည်ဟုသိရပါသည်...
ထို.အပြင် 
ရန်ကုန်ရှိကျောင်းသားများထံမှ ရန်ပုံငွေကောက်ခံရေးကို ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အတန်းနှစ်/သူငယ်ချင်း/အသိုင်းအ၀န်း များ ထံမှ မတည်ငွေ/ပဒေသာပင်/ လစဉ်ထည့်ဝင်ငွေ သို့မဟုတ် အဖွဲ့ဝင်ကြေးပုံစံ စသည်ဖြင့် သတ်မှတ်ကောက်ယူရန် နည်းလမ်းများကို ချပြသဘောတူပြီးဆောင်ရွက်သွားရန် လည်း ဆုံးဖြတ်ထားသည်ဟု သိရပါသည်....
ကော်မတီအနေဖြင်. စဦးထောက်ပံ.မှုအနေဖြင်. 
ဆရာဦးမောင်မောင်ကြီးနာရေးအတွက် ၅၀၀၀၀-ကျပ်(ငါးသောင်းကျပ်)၊ ဆရာဦးပြုံးချိုနာရေးအတွက်
၅၀၀၀၀-ကျပ်(ငါးသောင်းကျပ်)  တို.ကိုထောက်ပံ.ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါသည်.....



ယခုလက်ရှိတွင် ကော်မတီမှ သတ်မှတ်ထားသော နှုံးထားမှာ
ဆေးရုံ/ဆေးခန်းညအိပ်ကုသမှုအတွက် (တကြိမ်)                                                 ၅၀ ၀၀၀- ကျပ် 
နာတာရှည် (လေငန်း/ဖြတ်-အကူတဦးဦးမှအမြဲပြုစုနေရသူ တနှစ်လျင်တကြိမ်)             ၅၀ ၀၀၀-ကျပ် 
အနိစ္စ                                                                                                      ၅၀ ၀၀၀-ကျပ်  
 
ဟုသိရပါသည်



ဆရာကန်တော.ပွဲညက ထိုရန်ပုံငွေအတွက် အလှုခံခဲ့ကြပြီး လတ်တစ်လောတွင်လည်း ၇န်ပုံငွေအတွက် စုဆောင်းကောက်ခံလျှက်ရှိနေပါသည်


1 comment:

  1. ကောင်းတဲ့ အစီအစဉ်လေးပါ ။
    လိုအပ်တာက . Account Number ကို ထည့်ပေးစေလိုပါတယ်။အဝေး မှာ ရောက်နေသော သူများပါဝင်လှူဒါန်းနိုင်အောင်လို့ပါ။ တစ်ချို့လည်း တတ်နိုင်သလောက်လှူလို့ ရအောင်နည်းလမ်းတစ်ခု လုပ်ပေး စေလိုပါတယ်လို့ အကြံပြုပါရစေ.
    ကျေးဇူး တင်လျှက်

    ReplyDelete