(ယာဉ်တင်အမြောက်စနစ်များအကြောင်းအား
ဖော်ပြခွင့်ပြုသည့်အတွက် ကိုမောင်ဟန်အား ကျေးဇူး
အထူးတင်ရှိကြောင်းပါခင်ဗျာ...)
ရွေ့လျားပစ်ခတ်နိုင်သော အမြောက်စနစ်(သို့) ယာဉ်တင်စနစ်ကို ပထမကမ္ဘာစစ်အတွင်း တင့်ကားများ စတင်ပေါ်ပေါက်ပြီး မရှေးမနှောင်းပင် စတင်အသုံးပြုခဲ့ကြသည်။ တိုက်ရိုက်ပစ် စနစ်ကို ရန်သူ့ခံစစ်ကြောင်းများကို ထိုးဖေါက်ရာ၊ ခြေလျင်တပ်များနဲ့အတူ အကာကွယ်ပေး ချီတက်ရာမှာ အသုံးပြုခဲ့သလို သွယ်ဝိုက်ပစ်ကူစနစ်ကိုလဲ ရန်သူ့ဆုတ်ခွာရာ လမ်းကြောင်းကို ပိတ်ဆို့ရာ၊ ရန်သူ့စစ်ကူလမ်းကြောင်းများကို နှောက်ယှက်ရာ၊ ကြိုတင်ခြေမှုန်းရေးတို့တွင် အသုံးပြုခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ်ကာလ ဂျာမနီတပ်မတော်သုံး ယာဉ်တင်စနစ်
သာမာန်အားဖြင့် ဆိုလျင် မြေပြင်အခြေစိုက် အမြှောက်တပ်များကို အသုံးပြုကြသော်လည်း ရန်သူ၏ မျှော်မှန်းမထားသော အခြေအနေ၊ အချိန်အခါ၊ နေရာ အငိုက်ရယူ၍ စစ်ဆင်ရာတွင် မြေပြင်အခြေစိုက် အမြှောက်စနစ်များထက် ပိုမိုလျင်မြန်စွာ ရွေ့လျားစစ်ဆင်နိုင်၊ ပြင်ဆင်ချိန်၊ ရွေ့ပြောင်းချိန် နဲပါးလှသော ယာဉ်တင်သွယ်ဝိုက်ပစ် စနစ်မျာအား ရန်သူ၏ စစ်ကူများ၊ ဘေးနံတပ်များ၊ ဆုတ်ခွာရာ၊ ထောက်ပံ့ရာလမ်းကြောင်းများကို အခိုက်အတန့် ဖြတ်တောက်နိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ထို့အပြင် မိမိနှင့် လက်နှက်အင်အား မကွာခြားလှသော ရန်သူ၏ တန်ပြန်ပစ်ခတ်မည့် စနစ်များကို ထိရောက်မှုမဲ့စေရန်အတွက် နေရာ အမျိုးမျိုးကို အချိန်တိုအတွင်းပြောင်းလဲကာ ရန်သူ့နောက်ပိုင်းကို ထိထိရောက်ရောက် ပစ်ခတ်နိုင်သည့်အတွက် စစ်ရေးဗျူဟာများ၏ အရေးပါသော အစိတ်အပိုင်းနေရာ ဗျူဟာလက်နှက်တစ်ခုအနေဖြစ် ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာခဲ့သ
ည်။
သို့သော် ယာဉ်တင်စနစ်ထက် ပိုမိုတိကျသော ပစ်ခတ်နိုင်ခြင်း၊ ပိုမိုဝေးဝေးပစ်ခတ်နိုင်ခြင်း၊ အရေအတွက် များများ ပစ်ခတ်နိုင်ခြင်းများကြောင့် မြေပြင်အခြေစိုက် တာဝေးပစ် အမြှောက်များ၏ အခန်းဂဏ္ဍသည်လည်း မှေးမှိန်သွားခဲ့ခြင်း မရှိခဲ့ပေ။ ထို့အတူ မြန်မြန်ပစ်ပစ်၊ မြန်မြန်ပြောင်း၊ များများထိုးဖေါက် ဝင်ရောက်နိုင်သည့် ရွေ့လျားစစ်ကစားမှု အားကောင်းလွန်းသည့် ယာဉ်တင်အမြှောက်စနစ်များသည်လည်း ခေတ်မှီစနစ်များ၊
ဒုံးစနစ်များဖြင့် တွဲဖက်လာသောအခါ ပိုမိုအရေးပါသော အခန်းဂဏ္ဍတွင်
နေရာယူလာခဲ့ပါသည်။ ၎င်းစနစ်များသည် အပေါ့စား သံချပ်ကာစနစ်များဖြင့်
ကာကွယ်ထားသော်လည်း ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်စဉ်တွင် ခံနိုင်ရည်အား
အင်မတန်နဲပါးလှသော လက်နှက်စနစ်များဖြစ်သည်။ ထို့ကြောင့် ပစ်ခတ်မှုထက်
လှုပ်ရှားမှုကို ပိုမိုအလေးပေးရသော အနေအထားတစ်ခု ဖြစ်လာခဲ့ပါသည်။
ယာဉ်တင်စနစ်ဆိုရာတွင် အမြောက်များသာမက ဒုံးစနစ်များ၊ မော်တာများကိုပါ
အသုံးချကြသည်ဖြစ်ပါသည်။
Nora B-52 ယာဉ်တင်အမြောက်စနစ်
နာမည်ကျော် တာဝေးပစ်စနစ်များဖြစ်သည့် ၁၅၅မမ၊၁၂၂မမ၊ ၁၅၂မမ တာဝေးပစ် ဟောင်ဝဇ်ဆာ စနစ်များကို ယာဉ်တင်စနစ်အဖြစ် ပြောင်းလဲခဲ့ကြသည်။ ယင်းတို့ထက် ပိုမိုကြီးမားသည့် အမြှောက်ကြီးများကိုလဲ ရထားတင်စနစ်များ၊ တင့်ကားစနစ်များဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အသုံးပြုကြခြင်းမရှိတော့ပေ။ အမေရိကန်၏ M109A6 Paladin ၁၅၅မမ စနစ်၊ ရုရှား၏ 2S19 Msta ၁၅၂မမ စနစ်၊ တရုတ်၏ PLZ 05 ၁၅၅မမ စနစ် တို့ကဲ့သို့ တင့်ကားတင်စနစ် သုံး စနစ်များရှိသကဲ့သို့၊ အပေါ့စား သံချပ်ကာ စနစ်သာသုံးထားသည့် ယာဉ်တင် တာဝေးပစ် အမြောက်စနစ်များလဲ များစွာထုတ်လုပ် အသုံးချနေကြပြီဖြစ်ပါသည်။ ပုံမှန်မြေပြင်စနစ်များတွင် အသုံးပြုရသည့် စစ်သည်အရေအတွက်သည် ၁၀ဦးကျော်အထိ ရှိတတ်ပြီး၊ ရွေ့ပြောင်းချိန် ပြင်ဆင်ချိန် မိနစ်ပေါင်းများစွာ ကြာမြင့်နေချိန်တွင် ယာဉ်တင်စနစ်များသည် အဖွဲ့ဝင် ၅ယောက်နှင့် အောက်သာလိုအပ်ပြီး မိနစ်အနည်းငယ်အတွင်း ပစ်ခတ်ရွေ့ပြောင်း ထပ်မံပစ်ခတ်နိုင်သဖြင့် ခေတ်သစ်စစ်ပွဲများ၏ အခရာနေရာတွင် အခြေချနေရာယူထားနိုင်သော စနစ်များဖြစ်ကြသည်။
၂၀၀၀ ပြည့်လွန်နှစ်များက စတင်ခဲ့သော ခေတ်မှီတပ်မတော်သို့ဆိုသည့် လမ်းကြောင်းပေါ်တွင် မြန်မာ့တပ်မတော်သည်လည်း အားထားရသော အမြောက်တပ်ဖွဲ့များကို ခေတ်မှီချိန်ရွယ် တိုင်းတာစနစ်များ၊ ရေဒါများ၊ စသည်ဖြင့် အဆင့်ဆင့် မြင့်တင်လာခဲ့ရာ ၂၀၁၀ ဝန်းကျင်နှစ်များတွင် ယာဉ်တင် တာဝေးပစ်အမြောက်များ ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုထဲတွင် ယနေ့ခေတ်နာမည်ကျော် ယာဉ်တင်အမြောက်စနစ်များဖြစ်သည့် ဆားဗီးယားထုတ်
Nora B-52 နှင့် တရုတ်ထုတ် SH စနစ်များပါဝင်လာခဲ့သည်။ ၎င်းတို့သည် တင့်ကားတင်
စနစ်များ မဟုတ်ကြပဲ အပေါ့စား သံချပ်ကာသုံး ဘီးတပ် ယာဉ်များဖြင့်
အသုံးပြုထားသည့် စနစ်များဖြစ်ကြသည်။
Nora B-52 ယာဉ်တင်အမြောက်စနစ်
ဆားဗီးယားနိုင်ငံထုတ် ၎င်းစနစ်ကို ၂၀၀၃ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပထမဆုံးသော ဝယ်ယူသူဖြစ်ခဲ့သည့် စနစ်ဖြစ်သည်။ စုစုပေါင်း ၃၀ကျော်အထိ ဝယ်ယူထားတယ်လို့ အင်တာနက် အချက်အလက်များအရ သိရှိရသည်။ စတင်ထုတ်လုပ်စဉ်က ရုရှား၏ ၁၃၀မမ M46 စနစ်ကို ယာဉ်တင်နိုင်ရန်နှင့် အလိုလျောက်ပစ်ခတ်နိုင်ရန် တည်ထွှင်ခဲ့ကြပြီး ထိုမှ ၁၅၂မမ D20 စနစ်၊ ထိုမှ ၁၅၅/၄၅ ကာလီဗာ စနစ်အသုံးပြုခဲ့ကြသည်။ မူလထုတ်လုပ်စဉ်က သာမာန် ၈ဘီးယာဉ်စနစ်ကိုသာ အသုံးပြုခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်မှ အပေါ့စား ကျည်ကာစနစ်တပ်ဆင်ခြင်း၊ အီလက်ထောနစ်စနစ်များ အဆင့်မြင့်တင်ခြင်း ၁၅၅/ ၄၅
ကာလီဗာအစား ၅၂ကာလီဗာသို့ ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။
ယာဉ်တစ်စီးထဲမှာပင် နေရာတွက်ချက်ခြင်း၊ အကွာဝေးတိုင်းတာခြင်း၊
ပစ်မှတ်ရှာဖွေခြင်း၊ ဆက်သွယ်ရေး လုပ်ငန်းများအားလုံးကို
ဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။
အဆင့်မှီတပ်မတော်များရဲ့ C4ISR ကွန်ယက်စနစ်များတွင် တိုက်ရိုက်ပါဝင် စစ်ကစားနိုင်အောင် တီထွှင်ပြောင်းလဲ ထုတ်လုပ်ခဲ့တာလဲဖြစ်ပါတယ်။၂၀၀၈ခုနှစ် နောက်ပိုင်းတွင်
ပြည်ပသို့ တင်ပို့ရန် လက်နှက်ပြခန်းများသို့ ပြသရာတွင် ၈ဘီးတပ်ယာဉ်စနစ်အား
ရေပြင်ဖြတ်ကျော်နိုင်စွမ်း၊ လမ်းကြမ်းမောင်းနှင်နိုင်စွမ်းနှင့်
လက်နှက်ငယ်ဒဏ်၊ ရန်သူ့လက်နှက်ကြီးဒဏ် ခံနိုင်စွမ်းကို
တိုးတက်အောင်ပြင်ဆင်ခဲ့ကြပြီး နောက်ဆုံးအနေဖြင့် ဓါတ်ရောင်ခြည်နှင့်
ဓါတုပိုးမွှားဒဏ်ကို ယာဉ်အဖွဲ့သားများ အတော်အသင့်ခံနိုင်အောင်
ပြင်ဆင်ထုတ်လုပ်လာခဲ့ကြသည်။ မြန်မာအပါအဝင် အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျနှင့်
ကင်ညာနိုင်ငံက အများဆုံးဝယ်ယူထားပြီး အိန္ဒိယအပါအဝင် အခြားနိုင်ငံများကလဲ
မှာယူထားကြပါသည်။ မြန်မာ့ တပ်မတော်သုံး Nora B-52 များမှာ ၁၅၅/၅၂
ကာလီဗာစနစ်များဟု ယူဆရပြီး သံချပ်ကာ အကာကွယ်နှင့် ယာဉ်၏စွမ်းရည်၊
အီလက်ထောနစ်စနစ်များ၏ အဆင့်အတန်းကိုတော့ မသိရှိရပေ။
အခြေခံအချက်အလက်များမှာ
အမျိုးအစား။ ။ အလိုလျောက်ကျည်ဖြည့်စနစ်(၃၅တောင့်)
ထုတ်လုပ်သည့်နိုင်ငံ။ ။ဆားဗီးယား
အလေးချိန်။ ။၃၄တန်
ပစ်ခတ်နိုင်မှု။ ။ အမြင့် -၃* မှ +၆၅*၊ ရေပြင်ညီ ၆၀*
တစ်မိနစ်ပစ်ခတ်နိုင်မှု။ ။၅-၈တောင့်
ထိရောက်မှုအကွာအဝေး။ ။၄၁ကီလိုမီတာမှ ၆၅ကီလိုမီတာ
တပ်ဆင်သည့်လက်နှက်။ ။၁၅၅မမ/၅၂ကာလီဗာ ၊ ၇.၆၂(သို့)၁၂.၇မမ စက်သေနှတ်
မီးခိုးမှိုင်းကာစနစ်ဗုံးပစ်လောင်ချာများ။
ယာဉ်အမျိုးအစား။ ။off road စနစ်သုံး၈ဘီးတပ် (မြင်းကောင်ရေ ၄၁၀အား ဒီဇယ်အင်ဂျင်)
စစ်ဆင်နိုင်သည့် အကျယ်အဝန်း။ ။၆၂၀မိုင်၊(၁၁၀၀ ကီလိုမီတာ)
မောင်းနှင်နိုင်သည့်နုန်း။ ။လမ်းကောင်းတွင် တစ်နာရီ ၉၀ကီလိုမီတာ လမ်းကြမ်းတွင် ၁၅ကီလိုမီတာ
SH-1 ယာဉ်တင်အမြောက်စနစ်
နောက်ထပ် မြန်မာ့တပ်မတော်မှ ဝယ်ယူထားသည်ဟု သတင်းကြီးခဲ့သည့် အမျိုးအစားသည် တရုတ်နိုင်ငံထုတ် SH အမျိုးအစားဖြစ်သည်။ နာမည်ကျော် နော်ရင်ဟို ကုမ္မနီက တည်ထွှင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ။၂၀၀၂မှာ
စတင်စမ်းသပ်ခဲ့ပြီး ၂၀၀၇နောက်ပိုင်းတွင်မှ တပ်တော်ဝင်နှင့်
ပြည်ပတင်ပို့ခြင်းကို တပြိုင်တည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ Nora B-52
အမျိုးအစားနဲ့ ကွာခြားခြင်းသိပ်မရှိလှပါ၊ သို့သော် SH အမျိုးအစားတွေဟာ
မိုင်းဒဏ်နဲ့ လက်နှက်ဒဏ်ကို ခံနိုင်အောင် ပိုမိုကောင်းမွန်သည့်
သံချပ်ကာအကာကွယ်ဖြင့် တည်ဆောက်ထားပြီး ၆ဘီးတပ်အမျိုးအစားများဖြစ်သည့် အတွက် ပိုမိုပေါ့ပါးပါသည်။
လက်နှက်စနစ်အရ ၁၅၅မမ/ ၅၂ကာလီဗာ
စနစ်ကိုသာအသုံးပြုထားပြီး C4ISR စနစ်များနဲ့ အသုံးပြုနိုင်အောင်
စီစဉ်ထားသော အလျိုလျောက် ပစ်ခတ်မှုစနစ်များပဲဖြစ်ပါသည်။
အလျိုလျောက်ပစ်ခတ်နိုင်မှုမှာ ၂၅တောင့်အထိ လျော့နဲသွားပြီး
ထိရောက်မှုအကွာအဝေးမှာ ၅၃ကီလိုမီတာ ဖြစ်သည်။ သို့သော်
စစ်ဆင်နိုင်မှုနယ်ဝန်းနှင့် လမ်းကြမ်းမောင်းနှင်နိုင်ခြင်း
လျင်မြန်ခြင်းတို့အတူတူပင် ဖြစ်သလို ကုန်ကျစားရိတ်မှာ သက်သာလှပါသည်။
မြန်မာ့တပ်မတော်မှ ဝယ်ယူသည့် အရေအတွက် မသိရပါ။ တစ်ရာကျော်အထိ ဝယ်ယူထားသည်
ဆိုသော်လည်း အိန္ဒိယ၏ TATA SP Gunစနစ်များနှင့် ပြည်တွင်းထုတ်စနစ်များလည်း
ဖြစ်နိုင်ပါသည်။ အင်တာနက်အချက်အလက်များအရ အရေအတွက်၁၅၀ အထိဝယ်ယူထားသည်ဟု
ဆိုကြပါသည်။ မြန်မာအပါအဝင် အာဖရိကနိုင်ငံအချို့နှင့် အိမ်နီးချင်း
နိုင်ငံများတွင်လဲ အသုံးပြုသော စနစ်ဖြစ်ပါသည်။ အတော်ရုပ်ထွက်ဆိုးသည့်
စနစ်ဟု လက်နှက်ဝါသနာရှင်များက ဆိုကြသည်။
အခြေခံအချက်အလက်များမှာ.
အမျိုးအစား။ ။ အလိုလျောက်ကျည်ဖြည့်စနစ်(၂၅တောင့်)
ထုတ်လုပ်သည့်နိုင်ငံ။ ။ဆားဗီးယား
အလေးချိန်။ ။၂၂တန်
ပစ်ခတ်နိုင်မှု။ ။ အမြင့်ရေပြင်ညီမှ +၇၀*
တစ်မိနစ်ပစ်ခတ်နိုင်မှု။ ။၆တောင့်
ထိရောက်မှုအကွာအဝေး။ ၅၃ကီလိုမီတာ
တပ်ဆင်သည့်လက်နှက်။ ။၁၅၅မမ/၅၂ကာလီဗာ ၊၁၂.၇မမ စက်သေနှတ်
SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ် (ပုံစံတူ)
ယာဉ်အမျိုးအစား။ ။off road စနစ်သုံး၆ဘီးတပ်
စစ်ဆင်နိုင်သည့် အကျယ်အဝန်း။ ။၆၀၀ ကီလိုမီတာ
မောင်းနှင်နိုင်သည့်နုန်း။ ။လမ်းကောင်းတွင် တစ်နာရီ ၉၀ကီလိုမီတာ
SH-2 နှင့် SH-3 အမျိုးအစားများမှာ ၁၂၂မမ သုံးအမျိုးအစားများဖြစ်ပြီး ပိုမိုပေါ့ပါးသွက်လက်သော စနစ်များဖြစ်ပြီး ပြည်ပတင်ပို့ခြင်းအတွက် အဓိကထုတ်လုပ်ထားခြင်းဖြစ်သည်။
အခြား မြန်မာ့တပ်မတော်တွင်ရှိသည့် ယာဉ်တင်တာဝေးပစ် စနစ်များအနေဖြင့် PLZ45(သို့) PLZ05/ 04
စနစ်များဖြစ်ပါသည်။ အင်တာနက် အချက်အလက်များအရ အတည်မပြုနိုင်သော်လည်း
ဝါသနာရှင် အချို့က မျက်မြင်၃စီးမှ ၄စင်းအတွင်း မြင်ဘူးသည်ဟု ဆိုကြပါသည်။
တင့်ကားတင် တာဝေးပစ်စနစ်ဖြစ်ပြီး ပိုမိုမြန်ဆန်သည့်ပစ်ခတ်နုန်းကို
ပိုင်ဆိုင်သည့် စနစ်များဖြစ်ပါသည်။
PLZ-45 ယာဉ်တင်အမြောက်စနစ်
PLZ-04/05 ကို ၂၀၀၀ ပြည့်လွန်နှစ်များတွင် အများအပြားထုတ်လုပ်ခဲ့ပြီး 04 ကို ပြည်ပြတင်ပို့ရန်အတွက် ၁၅၅မမ/၅၂ကာလီဗာစနစ်သုံး ထုတ်လုပ်ပြီး 05 ကို ၁၅၅မမ/၅၄ကာလီဗာစနစ်သုံး တရုတ်ပြည်သူ့တပ်မတော်အတွက် ထုတ်လုပ်ခဲ့ပါသည်။ တွဲဖက်အနေဖြင့် မီခိုးဗုံးပစ် စနစ်များ၊ လေယာဉ်ပစ်စက်သေနှတ်ကြီးတို့ကို တပ်ဆင်ထားသည်။ စစ်ဆင်မှုနယ် ၅၅၀ကီလိုမီတာ ရှိပြီး တစ်မိနစ် ၁၀တောင့်နုန်းဖြင့် ကီလိုမီတာ ၅၀ထိပစ်ခတ်နိုင်သော်လည်း အလေးချိန် ၄၅တန်အထိလေးလံပါသည်။ အမြန်နုန်းအနေဖြင့် တစ်နာရီကီလိုမီတာ ၅၀ကျော်အထိရှိသည်။ ကူဝိတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချခဲ့ပြီး အမျိုးအစားများအရ PLZ-04 ဖြစ်သည်။ကုန်ကျစားရိတ်ပိုမိုသက်သာပြီး၊ ပိုမိုပေါ့ပါးသည့် PLZ45 ကို ၂၀၀၇ခုနှစ် နောက်ပိုင်းတွင် ထပ်မံထုတ်လုပ်ခဲ့ပြီး အလေးချိန်၃၃တန်အထိလျော့ချနိုင်ခဲ့သည်။
နည်းပညာမြင့် သံချပ်ကာများကို အသုံးပြုထားသော်လည်း စစ်ဆင်မှုနယ်ဝန်း ၄၅၀ ကီလိုမီတာနီးပါး လျော့နည်းခဲ့သည်။ ၁၅၅မမ/၅၂ကာလီဗာသုံးထားသော အမြောက်စနစ်၏ ထိရောက်မှုအကွာအဝေး ၅၀ကီလိုမီတာ ကျော်လွန်ခဲ့ပြီး ပစ်ခတ်နိုင်မှုအရ တစ်မိနစ်ကို ၃တောင့်မှ ၅တောင့်ထိသာ ဖြစ်သည်။ ရွေ့လျားနိုင်မှု တစ်နာရီ ကီလိုမီတာ ၆၀နီးပါးရှိပြီး ဆီစားနုန်းလျော့ခြင်းအပါအဝင် ဆက်သွယ်ရေးစနစ်များ၊ အကာကွယ်စနစ်များကို မြင့်တင်ထားသည်။
ကူဝိတ်တပ်မတော်သုံး PLZ-45 ယာဉ်တင်အမြောက်စနစ်
တရုတ်ပြည်သူ့တပ်မတော်အပါအဝင် ပြည်ပတပ်မတော်များက ဈေးနုန်းအရရော အသုံးတည့်မှုအရပါ စိတ်ကြိုက်တွေ့ခဲ့ပြီး အမြောက်အများဝယ်ယူသော စနစ်လဲဖြစ်သည်။ ပင်တိုင်ဖေါက်သည် ကူဝိတ်နိုင်ငံက အဓိကဝယ်ယူခဲ့ပြီး ဆော်ဒီအာရေးဗျ၊ ကူဝိတ်၊အီဂျစ်၊ ပီယူး၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ခ်ျကပါ ဝယ်ယူတပ်ဆင်ခဲ့ကြပါသည်။ အတည်မပြုနိုင်သော်လည်း မြန်မာ့ တပ်မတော်က PLZ04(သို့) PLZ45 များကို အစင်း၂၀ ကျော်အထိ ဝယ်ယူထားတယ်ဟု ဆိုကြပါသည်။
ဖေါ်ပြပါ စနစ်များသည် ဖြည့်တင်းရေးယာဉ်များ ဖြစ်သည့် GCL45 ကဲ့သို့ ယာဉ်များ၊ အမိန့်ပေးယာဉ်များဖြင့် တွဲဖက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်သည်။
ဖေါ်ပြပါ စနစ်များ၏ ထိရောက်မှု အကွာအဝေးများဆိုရာတွင် ပစ်ခတ်သည့် အမြောက်ကျည်အမျိုးစားများပေါ်တွင်
%အတော်များများ တည်မှီမည်ဖြစ်ပြီး တိုးတက်လာသော စနစ်များအရ
လေဆာလမ်းညွန်ဖြင့် ပစ်ခတ်နိုင်သော ထိပ်ဖူးတပ် ကျည်စနစ်များလဲ
နိုင်ငံတကာတွင် အသုံးပြုနေကြပြီဖြစ်ပါသည်။ ပစ်ခတ်မှုစနစ်များတွင်လည်း
တပ်ဆင် အသုံးပြုသည့် အီလက်ထောနစ်စနစ်များ အလျောက်
ထိရောက်မှု၊လုံခြုံမှု၊တိကျမှု၊ စစ်ကစားနိုင်မှု
ကွာခြားမည်ဖြစ်ပြီး ဆိုင်ရာလက်နှက်စနစ်များကို ဝယ်ယူထားရုံသာမက
တိုးတက်လာနေသော စနစ်များနှင့် အညီ အဆင့်မြင့်တင်ထားနိုင်မှသာ
အချိန်မရွေးတိုက်ပွဲဝင်နိုင်သော ထိရောက်သည့် လက်နှက်စနစ်ကောင်းများ ဖြစ်ပါလိမ့်မည်။
ကျန်းမာချမ်းသာကြပါစေ..။
ရွေ့လျားပစ်ခတ်နိုင်သော အမြောက်စနစ်(သို့) ယာဉ်တင်စနစ်ကို ပထမကမ္ဘာစစ်အတွင်း တင့်ကားများ စတင်ပေါ်ပေါက်ပြီး မရှေးမနှောင်းပင် စတင်အသုံးပြုခဲ့ကြသည်။ တိုက်ရိုက်ပစ် စနစ်ကို ရန်သူ့ခံစစ်ကြောင်းများကို ထိုးဖေါက်ရာ၊ ခြေလျင်တပ်များနဲ့အတူ အကာကွယ်ပေး ချီတက်ရာမှာ အသုံးပြုခဲ့သလို သွယ်ဝိုက်ပစ်ကူစနစ်ကိုလဲ ရန်သူ့ဆုတ်ခွာရာ လမ်းကြောင်းကို ပိတ်ဆို့ရာ၊ ရန်သူ့စစ်ကူလမ်းကြောင်းများကို နှောက်ယှက်ရာ၊ ကြိုတင်ခြေမှုန်းရေးတို့တွင် အသုံးပြုခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ်ကာလ ဂျာမနီတပ်မတော်သုံး ယာဉ်တင်စနစ်
သာမာန်အားဖြင့် ဆိုလျင် မြေပြင်အခြေစိုက် အမြှောက်တပ်များကို အသုံးပြုကြသော်လည်း ရန်သူ၏ မျှော်မှန်းမထားသော အခြေအနေ၊ အချိန်အခါ၊ နေရာ အငိုက်ရယူ၍ စစ်ဆင်ရာတွင် မြေပြင်အခြေစိုက် အမြှောက်စနစ်များထက် ပိုမိုလျင်မြန်စွာ ရွေ့လျားစစ်ဆင်နိုင်၊ ပြင်ဆင်ချိန်၊ ရွေ့ပြောင်းချိန် နဲပါးလှသော ယာဉ်တင်သွယ်ဝိုက်ပစ် စနစ်မျာအား ရန်သူ၏ စစ်ကူများ၊ ဘေးနံတပ်များ၊ ဆုတ်ခွာရာ၊ ထောက်ပံ့ရာလမ်းကြောင်းများကို အခိုက်အတန့် ဖြတ်တောက်နိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ထို့အပြင် မိမိနှင့် လက်နှက်အင်အား မကွာခြားလှသော ရန်သူ၏ တန်ပြန်ပစ်ခတ်မည့် စနစ်များကို ထိရောက်မှုမဲ့စေရန်အတွက် နေရာ အမျိုးမျိုးကို အချိန်တိုအတွင်းပြောင်းလဲကာ ရန်သူ့နောက်ပိုင်းကို ထိထိရောက်ရောက် ပစ်ခတ်နိုင်သည့်အတွက် စစ်ရေးဗျူဟာများ၏ အရေးပါသော အစိတ်အပိုင်းနေရာ ဗျူဟာလက်နှက်တစ်ခုအနေဖြစ် ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာခဲ့သ
သို့သော် ယာဉ်တင်စနစ်ထက် ပိုမိုတိကျသော ပစ်ခတ်နိုင်ခြင်း၊ ပိုမိုဝေးဝေးပစ်ခတ်နိုင်ခြင်း၊ အရေအတွက် များများ ပစ်ခတ်နိုင်ခြင်းများကြောင့် မြေပြင်အခြေစိုက် တာဝေးပစ် အမြှောက်များ၏ အခန်းဂဏ္ဍသည်လည်း မှေးမှိန်သွားခဲ့ခြင်း မရှိခဲ့ပေ။ ထို့အတူ မြန်မြန်ပစ်ပစ်၊ မြန်မြန်ပြောင်း၊ များများထိုးဖေါက် ဝင်ရောက်နိုင်သည့် ရွေ့လျားစစ်ကစားမှု အားကောင်းလွန်းသည့် ယာဉ်တင်အမြှောက်စနစ်များသည်လည်း
Nora B-52 ယာဉ်တင်အမြောက်စနစ်
နာမည်ကျော် တာဝေးပစ်စနစ်များဖြစ်သည့် ၁၅၅မမ၊၁၂၂မမ၊ ၁၅၂မမ တာဝေးပစ် ဟောင်ဝဇ်ဆာ စနစ်များကို ယာဉ်တင်စနစ်အဖြစ် ပြောင်းလဲခဲ့ကြသည်။ ယင်းတို့ထက် ပိုမိုကြီးမားသည့် အမြှောက်ကြီးများကိုလဲ ရထားတင်စနစ်များ၊ တင့်ကားစနစ်များဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အသုံးပြုကြခြင်းမရှိတော့ပေ။ အမေရိကန်၏ M109A6 Paladin ၁၅၅မမ စနစ်၊ ရုရှား၏ 2S19 Msta ၁၅၂မမ စနစ်၊ တရုတ်၏ PLZ 05 ၁၅၅မမ စနစ် တို့ကဲ့သို့ တင့်ကားတင်စနစ် သုံး စနစ်များရှိသကဲ့သို့၊ အပေါ့စား သံချပ်ကာ စနစ်သာသုံးထားသည့် ယာဉ်တင် တာဝေးပစ် အမြောက်စနစ်များလဲ များစွာထုတ်လုပ် အသုံးချနေကြပြီဖြစ်ပါသည်။ ပုံမှန်မြေပြင်စနစ်များတွင် အသုံးပြုရသည့် စစ်သည်အရေအတွက်သည် ၁၀ဦးကျော်အထိ ရှိတတ်ပြီး၊ ရွေ့ပြောင်းချိန် ပြင်ဆင်ချိန် မိနစ်ပေါင်းများစွာ ကြာမြင့်နေချိန်တွင် ယာဉ်တင်စနစ်များသည် အဖွဲ့ဝင် ၅ယောက်နှင့် အောက်သာလိုအပ်ပြီး မိနစ်အနည်းငယ်အတွင်း ပစ်ခတ်ရွေ့ပြောင်း ထပ်မံပစ်ခတ်နိုင်သဖြင့် ခေတ်သစ်စစ်ပွဲများ၏ အခရာနေရာတွင် အခြေချနေရာယူထားနိုင်သော စနစ်များဖြစ်ကြသည်။
၂၀၀၀ ပြည့်လွန်နှစ်များက စတင်ခဲ့သော ခေတ်မှီတပ်မတော်သို့ဆိုသည့် လမ်းကြောင်းပေါ်တွင် မြန်မာ့တပ်မတော်သည်လည်း အားထားရသော အမြောက်တပ်ဖွဲ့များကို ခေတ်မှီချိန်ရွယ် တိုင်းတာစနစ်များ၊ ရေဒါများ၊ စသည်ဖြင့် အဆင့်ဆင့် မြင့်တင်လာခဲ့ရာ ၂၀၁၀ ဝန်းကျင်နှစ်များတွင် ယာဉ်တင် တာဝေးပစ်အမြောက်များ ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုထဲတွင် ယနေ့ခေတ်နာမည်ကျော် ယာဉ်တင်အမြောက်စနစ်များဖြစ်သည့်
Nora B-52 ယာဉ်တင်အမြောက်စနစ်
ဆားဗီးယားနိုင်ငံထုတ် ၎င်းစနစ်ကို ၂၀၀၃ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံသည် ပထမဆုံးသော ဝယ်ယူသူဖြစ်ခဲ့သည့် စနစ်ဖြစ်သည်။ စုစုပေါင်း ၃၀ကျော်အထိ ဝယ်ယူထားတယ်လို့ အင်တာနက် အချက်အလက်များအရ သိရှိရသည်။ စတင်ထုတ်လုပ်စဉ်က ရုရှား၏ ၁၃၀မမ M46 စနစ်ကို ယာဉ်တင်နိုင်ရန်နှင့် အလိုလျောက်ပစ်ခတ်နိုင်ရန် တည်ထွှင်ခဲ့ကြပြီး ထိုမှ ၁၅၂မမ D20 စနစ်၊ ထိုမှ ၁၅၅/၄၅ ကာလီဗာ စနစ်အသုံးပြုခဲ့ကြသည်။ မူလထုတ်လုပ်စဉ်က သာမာန် ၈ဘီးယာဉ်စနစ်ကိုသာ အသုံးပြုခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်မှ အပေါ့စား ကျည်ကာစနစ်တပ်ဆင်ခြင်း၊ အီလက်ထောနစ်စနစ်များ အဆင့်မြင့်တင်ခြင်း ၁၅၅/
အဆင့်မှီတပ်မတော်များရဲ့ C4ISR ကွန်ယက်စနစ်များတွင် တိုက်ရိုက်ပါဝင် စစ်ကစားနိုင်အောင် တီထွှင်ပြောင်းလဲ ထုတ်လုပ်ခဲ့တာလဲဖြစ်ပါတယ်။၂၀၀၈ခုနှစ်
အခြေခံအချက်အလက်များမှာ
အမျိုးအစား။ ။ အလိုလျောက်ကျည်ဖြည့်စနစ်(၃၅တောင
ထုတ်လုပ်သည့်နိုင်ငံ။ ။ဆားဗီးယား
အလေးချိန်။ ။၃၄တန်
ပစ်ခတ်နိုင်မှု။ ။ အမြင့် -၃* မှ +၆၅*၊ ရေပြင်ညီ ၆၀*
တစ်မိနစ်ပစ်ခတ်နိုင်မှု။ ။၅-၈တောင့်
ထိရောက်မှုအကွာအဝေး။ ။၄၁ကီလိုမီတာမှ ၆၅ကီလိုမီတာ
တပ်ဆင်သည့်လက်နှက်။ ။၁၅၅မမ/၅၂ကာလီဗာ ၊ ၇.၆၂(သို့)၁၂.၇မမ စက်သေနှတ်
မီးခိုးမှိုင်းကာစနစ်ဗုံးပစ်လောင်ချာများ။
ယာဉ်အမျိုးအစား။ ။off road စနစ်သုံး၈ဘီးတပ် (မြင်းကောင်ရေ ၄၁၀အား ဒီဇယ်အင်ဂျင်)
စစ်ဆင်နိုင်သည့် အကျယ်အဝန်း။ ။၆၂၀မိုင်၊(၁၁၀၀ ကီလိုမီတာ)
မောင်းနှင်နိုင်သည့်နုန်း။ ။လမ်းကောင်းတွင် တစ်နာရီ ၉၀ကီလိုမီတာ လမ်းကြမ်းတွင် ၁၅ကီလိုမီတာ
SH-1 ယာဉ်တင်အမြောက်စနစ်
နောက်ထပ် မြန်မာ့တပ်မတော်မှ ဝယ်ယူထားသည်ဟု သတင်းကြီးခဲ့သည့် အမျိုးအစားသည် တရုတ်နိုင်ငံထုတ် SH အမျိုးအစားဖြစ်သည်။ နာမည်ကျော် နော်ရင်ဟို ကုမ္မနီက တည်ထွှင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်
လက်နှက်စနစ်အရ ၁၅၅မမ/
အခြေခံအချက်အလက်များမှာ.
အမျိုးအစား။ ။ အလိုလျောက်ကျည်ဖြည့်စနစ်(၂၅တောင
ထုတ်လုပ်သည့်နိုင်ငံ။ ။ဆားဗီးယား
အလေးချိန်။ ။၂၂တန်
ပစ်ခတ်နိုင်မှု။ ။ အမြင့်ရေပြင်ညီမှ +၇၀*
တစ်မိနစ်ပစ်ခတ်နိုင်မှု။ ။၆တောင့်
ထိရောက်မှုအကွာအဝေး။ ၅၃ကီလိုမီတာ
တပ်ဆင်သည့်လက်နှက်။ ။၁၅၅မမ/၅၂ကာလီဗာ ၊၁၂.၇မမ စက်သေနှတ်
SH-1 ၁၅၅မမ ယာဉ်တင်အမြောက်စနစ် (ပုံစံတူ)
ယာဉ်အမျိုးအစား။ ။off road စနစ်သုံး၆ဘီးတပ်
စစ်ဆင်နိုင်သည့် အကျယ်အဝန်း။ ။၆၀၀ ကီလိုမီတာ
မောင်းနှင်နိုင်သည့်နုန်း။ ။လမ်းကောင်းတွင် တစ်နာရီ ၉၀ကီလိုမီတာ
SH-2 နှင့် SH-3 အမျိုးအစားများမှာ ၁၂၂မမ သုံးအမျိုးအစားများဖြစ်ပြီး ပိုမိုပေါ့ပါးသွက်လက်သော စနစ်များဖြစ်ပြီး ပြည်ပတင်ပို့ခြင်းအတွက် အဓိကထုတ်လုပ်ထားခြင်းဖြစ်သည်။
အခြား မြန်မာ့တပ်မတော်တွင်ရှိသည့် ယာဉ်တင်တာဝေးပစ် စနစ်များအနေဖြင့် PLZ45(သို့) PLZ05/
PLZ-45 ယာဉ်တင်အမြောက်စနစ်
PLZ-04/05 ကို ၂၀၀၀ ပြည့်လွန်နှစ်များတွင် အများအပြားထုတ်လုပ်ခဲ့ပြီး 04 ကို ပြည်ပြတင်ပို့ရန်အတွက် ၁၅၅မမ/၅၂ကာလီဗာစနစ်သုံး ထုတ်လုပ်ပြီး 05 ကို ၁၅၅မမ/၅၄ကာလီဗာစနစ်သုံး တရုတ်ပြည်သူ့တပ်မတော်အတွက် ထုတ်လုပ်ခဲ့ပါသည်။ တွဲဖက်အနေဖြင့် မီခိုးဗုံးပစ် စနစ်များ၊ လေယာဉ်ပစ်စက်သေနှတ်ကြီးတို့ကို တပ်ဆင်ထားသည်။ စစ်ဆင်မှုနယ် ၅၅၀ကီလိုမီတာ ရှိပြီး တစ်မိနစ် ၁၀တောင့်နုန်းဖြင့် ကီလိုမီတာ ၅၀ထိပစ်ခတ်နိုင်သော်လည်း အလေးချိန် ၄၅တန်အထိလေးလံပါသည်။ အမြန်နုန်းအနေဖြင့် တစ်နာရီကီလိုမီတာ ၅၀ကျော်အထိရှိသည်။ ကူဝိတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချခဲ့ပြီး အမျိုးအစားများအရ PLZ-04 ဖြစ်သည်။ကုန်ကျစားရိတ်ပိုမိုသက်သာပြီး၊ ပိုမိုပေါ့ပါးသည့် PLZ45 ကို ၂၀၀၇ခုနှစ် နောက်ပိုင်းတွင် ထပ်မံထုတ်လုပ်ခဲ့ပြီး အလေးချိန်၃၃တန်အထိလျော့ချနိုင်ခ
နည်းပညာမြင့် သံချပ်ကာများကို အသုံးပြုထားသော်လည်း စစ်ဆင်မှုနယ်ဝန်း ၄၅၀ ကီလိုမီတာနီးပါး လျော့နည်းခဲ့သည်။ ၁၅၅မမ/၅၂ကာလီဗာသုံးထားသော အမြောက်စနစ်၏ ထိရောက်မှုအကွာအဝေး ၅၀ကီလိုမီတာ ကျော်လွန်ခဲ့ပြီး ပစ်ခတ်နိုင်မှုအရ တစ်မိနစ်ကို ၃တောင့်မှ ၅တောင့်ထိသာ ဖြစ်သည်။ ရွေ့လျားနိုင်မှု တစ်နာရီ ကီလိုမီတာ ၆၀နီးပါးရှိပြီး ဆီစားနုန်းလျော့ခြင်းအပါအဝင် ဆက်သွယ်ရေးစနစ်များ၊ အကာကွယ်စနစ်များကို မြင့်တင်ထားသည်။
ကူဝိတ်တပ်မတော်သုံး PLZ-45 ယာဉ်တင်အမြောက်စနစ်
တရုတ်ပြည်သူ့တပ်မတော်အပါအဝင် ပြည်ပတပ်မတော်များက ဈေးနုန်းအရရော အသုံးတည့်မှုအရပါ စိတ်ကြိုက်တွေ့ခဲ့ပြီး အမြောက်အများဝယ်ယူသော စနစ်လဲဖြစ်သည်။ ပင်တိုင်ဖေါက်သည် ကူဝိတ်နိုင်ငံက အဓိကဝယ်ယူခဲ့ပြီး ဆော်ဒီအာရေးဗျ၊ ကူဝိတ်၊အီဂျစ်၊ ပီယူး၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ခ်ျကပါ ဝယ်ယူတပ်ဆင်ခဲ့ကြပါသည်။ အတည်မပြုနိုင်သော်လည်း မြန်မာ့ တပ်မတော်က PLZ04(သို့) PLZ45 များကို အစင်း၂၀ ကျော်အထိ ဝယ်ယူထားတယ်ဟု ဆိုကြပါသည်။
ဖေါ်ပြပါ စနစ်များသည် ဖြည့်တင်းရေးယာဉ်များ ဖြစ်သည့် GCL45 ကဲ့သို့ ယာဉ်များ၊ အမိန့်ပေးယာဉ်များဖြင့် တွဲဖက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်သည်။
ဖေါ်ပြပါ စနစ်များ၏ ထိရောက်မှု အကွာအဝေးများဆိုရာတွင် ပစ်ခတ်သည့် အမြောက်ကျည်အမျိုးစားများပေါ်တွင
ကျန်းမာချမ်းသာကြပါစေ..။
မူရင်းရေးသားဖော်ပြထားသော Site @ http://mmmilitary.blogspot.com -Friday, March 8, 2013
No comments:
Post a Comment