Wednesday, March 13, 2013

နင်းတက်ခဲ့ဖူးသော အ-ထ-က ၁ လှေကားထစ် လေးများ


သူငယ်ချင်းတစ်ယောက် ရေးသော Post Modern ၀တ္တုလေး တစ်ပုဒ် ထဲမှ စာသားကို သတိသွားရမိသည်....
အလျှားလိုက်သေနေသော လှေကားတစ်စင်း    တဲ့

မှန်သည် ...လှေကား တစ်ခု၏ အသရေသည် မည်မျှမြင်.မြင်. တက်၍ ရသနည်းဆိုသော အချက်ပေါ်တွင် တည်မှီနေတတ်သည်....လဲကျနေသော လှေ ကားတစ်စင်း (သို.) Horizontally Death ဖြစ်နေသော လှေကား တစ်ခုကား အလွန်ဆုံးရှိလှမှ တံတား တစ်စင်းတန်ဖိုးသာသာပင်....လှေကားဆိုတည်းက လိုချင်သည်က ရှေ.သွားချင်ခြင်း ..ဖြတ်ကူးလိုခြင်းမဟုတ်....အမြင်.ရောက်ရန်သာ.....
လောကတွင်လှေကားအမျိုးမျိုးကြုံဘူး ခဲ့ကြပါလိမ်.မည်.....သက်ရှိလှေကား...သက်မဲ့လှေကား....အမြင်ကောင်းသော်လည်း အခြေမပြောင်းနိုင်သည်.လှေကား...အသွင်မတင်.သော်လည်း အမြင်. ကိုရောက်စေနိုင်သောလှေကား....ခမ်းနားသလောက် မှန်းထားသမျှရောက်စေနိုင်သောလှေကား...ဟန်သာခံ.သော်လည်း အထက်သို.မဆန်.နိုင်သည်.လှေကား စသည်ဖြင်. နင်းခဲ့ ..ဖြတ်ခဲ့...ကျော်ခဲ့ ရသည်.လှေကားပေါင်းများစွာ....လှေကားထစ်ပေါင်းများစွာတို.အနက် တစ်ဘ၀လုံးစာ အမှတ်ရစေခဲ့သော လှေကား များကလည်း တစ်ခုမကရှိခဲ့ကြပေမည်

မြို.လေးတွင် ယခင်က အထက်တန်းကျောင်း တစ်ကျောင်းသာ ရှိသည်....အဲဒိတော. အားလုံးနီးပါး သူနှင်.ပတ်သက်ခဲ.ကြဖူးသည်ပေါ. ....ထိုကျောင်းတွင် စုစုပေါင်း လှေကား ၆ခုရှိခဲ့ဖူးသည်.(ယခင်ကဖြစ်ပါသည်...ယခုတိုးချဲ.ထားသော ဟံသာဝတီကျောင်းဘက်ခြမ်းမှ နှစ်ထပ်ဆောင်မပါ)...ထိုလှေကားတို.ကို မြို.လေးက ကျောင်းသားတွေ..ကျောင်းသူတွေ အတော်များများ နင်းတက်ခဲ့ ကြဖူးသည်...ပြေးဆင်းခဲ့ကြဖူးသည်...မလှမ်းချင်လှမ်းချင် ပတ်သက်ခဲ့ကြဖူးသည်....သို.သော် ခုထိ မမေ.ကြ.................

ဘ၀သစ်၏ လှေကားထစ်လေးများ


ထိုစဉ်က (၁၉၈၀ ကျော်ကာလများထိ) ကျောင်းသို.ရောက်လျှင် ၅တန်းကလေးများ စတက်ရသည်က ကျောင်းဝင်းအတွင်းဘက်အကျဆုံးအဆောင် ..ကျောင်းကြီး (သို.) ၀ါးခယ်မ အထက ၁ စတင်သန္ဓေတည်ရာ ကျောင်းဆောင်...ယခုရာပြည်.ဆောင် ဟုခေါ်သော ကျောင်းဆောင်ဖြစ်သည်...ကိုယ်၅ နှစ်ခန်.တက်ခဲ့ရသော မူလတန်းကျောင်းလေးများဆီမှ စတင်ပြောင်းရွှေ.လာခဲ့ရသူများဖြစ်သလို တစ်မြို.လုံးနေရာစုံမှ လုံးဝမသိသေးသူများ လည်းပါသည်.အတွက် ဒုတိယအကြိမ် ကျောင်းသားသစ်ဘ၀သို.ရောက်ရသည်မျိုးပင်....ထိုအဆောင်ကြီးက သစ်သား ၂ထပ်ဆောင်ဖြစ်ပြီး အောက်ထပ်တွင် စာသင်ခန်းအပြည်.ရှိပြီး အပေါ်ထပ်တွင်တော. အခန်းလွတ်များရှိသည်...ထိုနေရာများသည်က ထိုခောတ်၏ နေ.လည်ကျောင်းဆင်း ကစားကွင်းများဖြစ်သည်...အမိုးအောက်မို. နေပူ..မိုးရွာမရှောင်ဆော.လို.ရသော မိုးလုံလေလုံ အားကစားခန်းမများပင်...အပေါ်ထပ်တွင် စာသင်ရသူတို.အဖို. အတက်ခရီးသည် သိပ်စိတ်ကြည်သာစရာမရှိ ( အထူးသဖြင်. စာစစ်မည်.နေ.ရက်များ)...သို.သော် အဆင်းခရီးကား တက်ကြွလန်းဆန်းမှုအပြည်. .....သို.သော်
နေ.လည်အခန်းလွတ်များအတွင်း တက်ဆော.ကြသော ကျောင်းသားဆို.အဖို.တော. အတက်လှေကားထစ်များကို ခုန်ပျံကျော်လွှားလျှက်.....အဆင်းကျတော. လူကပန်း...စိတ်ကနွမ်း (စာသင်ခန်းတွင်ပြန် ၀င်ရတော.မည်လေ)....ထိုလှေကားထစ်တို.ကို နင်းတက်ခဲ့ကြသော ပူပင်မဲ. ..ကြောင်.ကြမဲ့ ...လောဘဒေါသမဲ့သလောက်ရှိ နေသေးသော ဘ၀၏ အတက်အဆင်းများကား အတော်ကိုဖြူစင်နေကြသေးသည်....ထိုလှေကားထစ်တို.သည် သောက အတန်ကင်းဝေးသေးသော ခြေလှမ်းတို.ဖြင်.သာ ထိပါးခံခဲ့ကြရခြင်းဖြစ်သည်....

ရင်ခုန်သံအသစ် ထိုလှေကားထစ်များ 


 ကျောင်း၏ ပင်မဆောင်ကြီးသည် ဟိုးယခင်ဆောက်နေကျ E ပုံသဏ္ဍန် ၂ထပ် သစ်သားဆောင်ကြီးဖြစ်သည်... ပထမဆုံးပတ်သက်ခဲ့ဖူးတတ်ကြသည်ကတော. ယောက်င်္ကျားလေးများဖြစ်သည်.....ထိုစဉ်က ဘောလုံးပွဲများစွာတို.သည် အတော်များများ စိတ်ဝင်စားကြသော ပွဲများဖြစ်နေတတ်ကြသည်.....ထိုပင်မဆောင်ကြီး၏အပေါ်ထပ်သည် အထက်တန်းကျောင်းသားကြီးသာ ထားရှိသင်ကြား သောနေရာဖြစ်သဖြင်. အကိုအမတို.ရှိမနေသောအတန်းငယ်တို. သွားဖို.မ၀ံ.ကြ.....သို.သော် ကျောင်းရှေ. လမ်းတစ်ခုသာခြားသော ပြည်သူ.အားကစားကွင်း (ထိုခောတ်ကအခေါ်အဝေါ်) အတွင်းမှ ကျောင်းဆင်းချိန်ကျင်းပသော ဘောလုံးပွဲတို.က မရောက်ရောက်အောင် ပင်.ဖိတ်နေသကဲ့သို. ....ဘောလုံးကွင်းအတွင်းမှ ကစားနေသောမြင်ကွင်းတို.ကို ပင်မဆောင် ၀ရန်တာမှ စာသင်ခုံချ၍ ကြည်.ခဲ.ရသော မြို.လေး၏ ဘောလုံးပွဲများက ယခုတိုင်မေ.မရသော ရသတစ်ခု......


ထိုမှ အရွယ်လည်းရလာ...ကိုယ်တိုင်လည်းသွားလာခွင်.ရလာသောအခါ ထိုအပေါ်ထပ် ၀ရန်တာသည် မိန်းကလေးငယ်အချို.အဖို. လှိုင်ထိပ်ခေါင်တင်၏ လသာဆောင်ဖြစ်သွားသကဲ့သို. ယောင်္ကျားလေးတို.အဖို.တော.  ဗိုလ်ရှုခံစင်မြင်. တစ်ခုဖြစ်ခဲ့သည်.....ထိုလှေကား ထစ်တို.ကို နင်းတက်ကြချိန်တွင်တော. ရင်ခုန်သံတို.သည် ပုံမှန်မဟုတ်ကြတော. ...မြန်တတ်သလို....နှေးတတ်လာနေကြပြီဖြစ်သည်....ဘ၀၏ သောကအရိပ်အရောင်တို.ကို ခံစားတတ်နေပြီသလို အနာဂတ်အတွက်ဆိုသော လောဘ တို.ကလည်းကပ်ညိနေကြပြီဖြစ်သည်....သေချာသည်ကတော. အနောက်ဆောင်ကို တက်ခဲ့ကြသည်.လှေကားထစ်တို.လောက် မသွက်လက်တော. ..မပေါ.ပါးတော. ....တစ်စုံတစ်ခု၏ ချည်နှောင်မှု တို.ဖြင်. လေးဖင်.နေကြပြီဖြစ်သည်....ဒိနေ.ကျောင်းအတွက် စာအုပ်ဖိုးသွင်းဖို. ....ဆရာမစစ်မယ်.စာတွေ မရသေးလို. ....သူဘာလို.ဒိနေ. နောက်ကျနေတာလဲ .....ဟိုကောင်တွေက ပိုသွက်နေပြီလား....ဒီနှစ်မအောင်ရင် ငါဘာလုပ်မလဲ....ဒီပုံနဲ.ဆို ငါ.အမှတ်က ပထမ မှ ရပါ.မလား ဆိုသော တွေဝေစိုးရွံ.မှုတို.ဖြင်. နင်းတက်ခဲ့ရသော အကြိမ်များရှိခဲ့သလို အိမ်ရောက်ရင် ငါဘယ်လို၇ှင်းရမလဲ.....ဒီပိတ်ရက်အပြင်ထွက်လို.မှရပါ.မလား....ဒီအိမ်စာတွေ နဲ.ကျုရှင်စာ ဘယ်လိုပြီးအောင်လုပ်ရပါ. ....သူဘာလို.ကျောင်းမလာတာပါလိမ်. စသော ပူပင်မှုတို.ဖြင်. နင်းခဲ့ရသော အချိန်များလည်း ရှိခဲ့ကြပေလိမ်.မည်......

ထို.အတူ ငါဒိနေ.၀တ်ထားတာလေး သူများတွေအားကျမှာ....ဒိကောင်တွေကို ငါ.ကိစ္စတွေပြောလိုက်လို.ကတော. ငါ.ကို အားကျနေမှာ ....အခန်းထဲမြန်မြန်ရောက်ရင် သူ.မျက်နှာလေးမြင်ရချည်ရဲ.  ဟူသောသူများ အိမ်အမြန်ပြန် အ၀တ်အစားလဲပြီး ထွက်လို.ရပြီ....ဒိနေ. ငါကြိုက်တဲ့ဟင်းဆိုတော. ရောက်တာနဲ.ထမင်းတစ်နပ်လောက်တော. အရင်စားမယ်.....ဆိုသော ခြေလှမ်းမြန် ပိုင်ရှင်တို.လည်း နင်းတက်..နင်းဆင်းလုပ်ခဲ့ကြပေသည်..........သေချာသည်က ထိုလှေကားထစ်တို.ကို နင်းတက် နင်းဆင်းခဲ့ကြသူ များသည် အနောက်ဆောင်လှေကားထစ်တို.ကို နင်းတက်နေကြသလို ပစ္စုပ္ပန် တည်.တည်. မှာနေကြသည်မဟုတ်ပဲ အတိတ် (သို.) အနာဂတ် အတွက်စီးမျောတွေးတောရင်း နင်းဖြစ်နေကြသူများက ပိုများပါလိမ်.မည်.............ထိုအဆောင်ရှိ လှေကား ၃ခုတို.အနက် အလယ်လှေကားမှ တစ်ဆင်. ကျောင်းအုပ်ကြိးရုံးခန်း ရောက်ခဲ့ရသူတို.အဖို.တော. စိတ်နာကောင်းနာစရာ အလယ်လှေကားထစ်များ

 ထို.အပြင် ထိုပင်မဆောင်လှေကားထစ်တို.ကို ပုံမှန်မဟုတ်သော နင်းတက်ခဲ့ကြခြင်းမျိုး ၁၉၉၀ စွန်းစွန်းကာလ နေ.လည်ခင်းတစ်ခု ကတော.ကြုံခဲ့ကြ၇ဖူးသည်....ထိုနေ.က အတန်းတင်မဟုတ်သော စာမေးပွဲ တစ်ခုစစ်နေချိန် ...ညဦးပိုင်းလောက်တည်းက ဘိုကလေးဘက်..မြောင်းမြဘက်က သောင်းကျန်းသူ သတင်းများ နှင်.အတူ ကြားဘူးနားဝ သိပ်မ၇ှိလှသော သေနတ်သံအချို. တိုးတိုးကြားနေရသည်....နေ.လည်ပိုင်းစာဖြေကြသူတို. စိတ်တော.သိပ်မဖြောင်.ကြ ...ထိုအခိုက် ကား အချို.ရောက်လာပြီး ကျောင်းဝင်း ပင်မတံခါးကို ဖင်ထိုးပိတ်ရပ်လိုက်သလို လမ်းမကြီးကိုလည်း ပိတ်လိုက်သည်....ဆရာတို.ရော ကျောင်းသားတွေပါ ဘာမှန်းမသိသော်လည်း စိတ်ထဲတော.မ၇ှင်း ...ထို.နောက်တော. ကောင်းကင်ခြစ်သံကြိး တစ်ခုပေါ်လာသည်...ရဟတ်ယာဉ်သံ ...ထိုရဟတ်ယာဉ်က ကျောင်းရှေ. ဘောလုံးကွင်းအတွင်း ထိုးဆင်းလာသည်....ကားပင်ကောင်းကောင်း မမြင်ဘူးကြသေးချိန် ရဟတ်ယာဉ် တစ်စီး အရှင်လတ်လတ် မြင်ရတော.မည်ဆိုတော. ကြည်.ချင်လိုက်ကြသည်မှာပြောမနေနှင်.တော. ...ဖြေသာနေကြရသည် စာမေးပွဲထဲ စိတ်ကမရှိ...ထိုအခိုက် နောက်ထပ် တစ်စီးထပ်ဆင်းလာပြန်သည်...အဖြေလွှာနှင်. ဘောပင် သိပ်မထိချင်တော. ..ထိုအခိုက် နောက်တစ်စင်းထပ်ဆင်းလာပြန်သည်...မရတော. ...အားလုံးကြည်.ချင်နေကြပြီ....စာမေးပွဲဆိုတော. ထလို.ကမရ..နောက်ဆုံး ဆရာတို.၏ နားလည်ပေးမှုဖြင်. ထိုလှေကားထစ်တို.ကို ကျော်ခွနင်းဖြတ်ရင်း အဖြေလွှာများကို စားပွဲပေါ်ထားရစ်ကြကာ ၀ရန်တာ မှတစ်ဆင်. ထိုကြုံတောင်.ကြုံခဲ မြင်ကွင်းကို ကြည်.ခွင်.ရခဲ့ကြသည်..


.ရဟတ်ယာဉ်တို.ပေါ်မှ ဆင်းလာသော စစ်ဝတ်စုံပြည်.တပ်မတော်သားများ ...ထို.နောက်ဘယ်တုန်းက ရောက်နှင်.နေမှန်းမသိသည်.စစ်သားများ(မြို.လေးတွင် စစ်တပ်မရှိသောကြောင်. ရှေ.တန်းပြန်တပ်မတော်သားများ ၀င်ချိန်လောက်ကလွဲ၍ များများစားစားမတွေ.ဖူးကြ)ကိုသယ်ဆောင်လာသောကားများနှင်. ရဟတ်ယာဉ်များပေါ် စစ်လက်နက်အပြည်.ဖြင်.တက်သွားကြသော တိုက်ပွဲဝင် စစ်သည်များ ....အားလုံးကမတိုင်ပင်ပဲ လက်ခုပ်တီးအားပေးကြ..ဆုတောင်းကြနှင်. ဧရာဝတီတိုင်းတွင်း မုန်တိုင်းစစ်ဆင်ရေး ကို ထိုလှေကားထစ်များကို နင်းဖြတ်ရင်း အားပေးခဲ့ကြဖူးသည်.....

ဥာဏ်ပညာသစ် ဖြစ်တည် စေရာ လှေကားထစ်များပါ


ပြီးခဲ့သော လှေကား ၅ခုတို.ကတော. သေချာသည်...နင်းချင်သည်ဖြစ်စေ  ..မနင်းချင်သည်ဖြစ်စေ နင်းကိုနင်းခဲ့ကြရဖူးသည်...ထိကိုထိတွေ. ခဲ့ကြရဖူးသည်...သို.သော် မိန်းကလေးများအားလုံးနီးပါး နင်းခွင်. ရခဲ့ကြပြီး အချို.သော ယောင်္ကျားလေးများ သာ နင်းတက်ခဲ့ကြဖူးသော လှေကားတစ်ခုလည်းရှိနေသေးသည်....
မိန်းကလေးအိမ်တွင်းမှုဆောင်အပေါ်ထပ်နှင်. (ယခင်က..ယခုတော.မသိပါ)စာကြည်.တိုက်ဆီတက်သော လှေကားထစ်များဖြစ်သည်...စာဖတ်ဝါသနာပါသူတို.အဖို. တကယ်.ရတနာသိုက်...တကယ်.လိုတရ နိဗ္ဗာန် ဘုံ ဖြစ်သည်.ရွှေသွေး..တေဇ...တစ်ထောင်.တစ်ည ပုံပြင်မှစ ပညာရပ်ဆိုင်ရာကျမ်းများ..အနုပဋိလောမ ရုပ်ဝါဒ ကဲ့သို.စာများ ထိ ပုံပြင်..ပညာပေး..ဘာသာရေး..သမိုင်း...ကာတွန်း စုံလွန်းလှသော စာကြည်.တိုက်ဆီ နေ.လည်ကျောင်းဆင်းချိန်တိုင်း အတက်အဆင်းအများပြားလက်ခံခဲ့သော လှေကားတစ်စင်းဖြစ်သည်....သို.သော် သူသည် ကန်.သတ်ခံလှေကားတစ်စင်းဖြစ်သည်...စည်းမျဉ်းနှင်. အမိန်.တို.က ကန်.သတ်ထားခြင်းမဟုတ်ပဲ ၀ါသနာ..အမူအကျင်.တို.က သတ်မှတ်ပေးထားခြင်းဖြစ်သည်....အတွေးအခေါ် ..အသိတရား...ယုံကြည်ချက်...အယူအဆ များစွာတို.ပေါ်ထွန်းရာ...ခိုင်မာလာစေရာ..တည်.မတ်စေရာ....ရှင်သန်လာစေရာ လှေကားထစ်များဖြစ်သည်....ဘ၀တစ်လျှောက် အနာဂတ်တစ်လျှောက်အတွက် တည်.မတ်ထိန်းကျောင်းပေးခဲ့သော တန်ဖိုးကြီးလှေကားထစ်များဖြစ်သည်

နင်းတက်ခဲ့ကြဖူးသောလှေကား ထစ်များစွာရှိခဲ့ပါသည်....အချို.ကတော. ယခုထိကြံ.ခိုင်နေဆဲ.  အချို.ကတော. ယိမ်းယိုင်ဝေ.၀ဲ ....အချို.ကတော. တည်မြဲခိုင်မတ် .....အချို.ကတော. ယိုင်လဲပြိုပြတ်

ကိုယ်နင်းတက်ခဲ့ဖူးသော လှေကားတို. ကိုယ်.လိုသူများတွေ နင်းတက်နေနိုင်စေဖို. ကိုယ်.မှာရော တာဝန်ရှိတယ်ထင်ပါသလား.................



No comments:

Post a Comment