Monday, March 4, 2013

တောင်သူလယ်သမား လယ်ယာမြေတို.အကြောင်း ပြောကြသမျှ

ဖေဖော်ဝါရီ ၂၂ ရက်နေ.က ရန်ကုန်ဆိပ်ကမ်းကို ရောက်နေတဲ့ သင်္ဘော ၆ စင်းလုံးက ပြည်ပကို ဆန်တင်ပို.မယ်. သင်္ဘောတွေပဲ.....စုစုပေါင်း ဆန်တန်ချိန် တစ်သိန်းကျော် တင်ပို.ဖို.ပြင်ဆင်နေရတယ်...ဒီတော. စပါးဈေးကကောင်းလာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်...ဒါ.ကြောင်.နွေစပါးကိုဈေးနှိမ်ပြီး အရင်ကြိုမရောင်းဖို. လိုအပ်ပါတယ်......
                                                  မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း တာဝန်ရှိသူတစ်ဦး

တရုပ်နိုင်ငံက အခြေခံစပါးဈေးနှုံးအား ၁၂ရာခိုင်နှုံးတိုးမြှင်.လိုက်ခြင်းကြောင်. ပြည်တွင်းစပါးဈေးကျဆင်းစရာ မရှိပါ
                                       ဒေါက်တာစိုးထွန်း - မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌ


 လယ်ယာမြေများ အသိမ်းခံရ၍ စားဝတ်နေရေးခက်ခဲကြောင်း....ကလေးများကို ကျောင်းပင် မထားနိုင်ကြောင်း..မြို.တော်စည်ပင်မှ စီမံကိန်းလုပ်မည်ပြောသော်လည်း မည်သည်.စီမံကိန်းမှမလုပ်ကြောင်း...အချို.လယ်များကို အောက်ခြေအဆင်.တွင်ညျိုနှိုင်း၍ သီးစားပြန်ချကြောင်း....ကိုယ်.လယ်ကို ကိုယ်တိုင်သီးစားခပေး၍ ပြန်လုပ်နေရကြောင်း....ကျေးရွာအဆင်. မြို.နယ် အဆင်.တို.သည် မရိုးသားကြောင်း...လယ်ယာများကိုသိမ်းဆည်း၍ သဲကွင်းအဖြစ် စည်ပင်မှ ပြန်ငှားစားကြောင်း....လယ်သိမ်းသည်. Company များတွင် ယခင်ဗိုလ်ချုပ်များ၏ သားသမီးများပိုင်သော Company များပါကြောင်း အကျိုးတူပူးပေါင်းဆောင်ရွက်မည်ပြော၍ နောက်ပိုင်းတွင် အပိုင်သိမ်းသွားကြောင်း ....နေပြည်တော်သို. သွားတိုင်သော်လည်း မထူးကြောင်း....လူကြီးများလာသော ကားလမ်းတစ်လျှောက်တွင်သာ စိမ်းစိမ်းစိုစိုဖြစ်အောင် စပါးစိုက်ကြောင်း....အခြားနေရာများတွင် ဘာမှမစိုက်ကြောင်း...မိမိတို.၏ နွားများ...လူများ..ထွန်စက်များ မလာနိုင်အောင်ရေမြောင်းအနက်ကြီးများတူးထားကြောင်း...သမ္မတကြီးကိုယ်တိုင်လာရောက်ကြည်.ရှု
 စေလိုကြောင်း.
                                                                   မြေအသိမ်းခံရသော သရက်ပင်ကျေးရွာမှ လယ်သမားများ
 ၂၀၁၃ ဖေဖော်ဝါရီ ၂၃ ညနေ ၃နာရီရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း သရက်ပင်ကျေးရွာ
 သာသနာ.ဂုဏ်ရည်ကျောင်းတိုက်  တွင် ပြည်သူ.လွှတ်တော်လယ်ယာမြေနှင်. အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မတီနှင်. အသိမ်းခံ စစ်ပင်တောင်..စစ်ပင်မြောက်..ညောင်ပင်ရွာ..ကျည်စုအရှေ. ..သရက်ပင်ချောင်မှ လူထု ၄၀၀ ခန်.တွေ.ဆုံပ
ွဲ

လယ်သမားတွေက ဥပဒေ သင်တန်းတက်ထားတဲ့အတွက် တိုင်စာတွေရေးတတ်လာတယ်...လူကြီးတွေနဲ. စကားပြောရာမှာ ဘယ်ဥပဒေက ဘယ်လိုထုတ်ပြန်ထားတယ်ဆိုပြီး ပြန်ပြောတတ်လာတဲ့အတွက် တောမြို.တွေမှာ တစ်ဖက်လှည်.နဲ. ခြိမ်းခြောက်လာတာတွေရှိတယ်...လယ်သမားတွေက ဥပဒေတွေ သိလာပြီး တိုင်ကြားတတ်လာပေမယ်. မြေယာဖြေရှင်းရေးမှာ အားနည်းနေတာကြောင်. လယ်သမားတွေက စိတ်ဓါတ်ကျပြီး လယ်လုပ်ချင်စိတ်မရှိတော.ဘူး...
                                                                  စုစုနွေး..တောင်သူလယ်သမား သမဂ ဖွဲ.စည်းရေး ကော်မတီ


ကျွန်တော်တို. နတ်တလင်းမြို.နယ် အရှေ.ခြမ်းနဲ. အနောက်ခြမ်းတွေမှာ လယ်ယာမြေသိမ်းမှုတွေရှိနေပါတယ်သစ်ချိုစိုက်ခင်း..ရေသည်စိုက်ခင်းရှိ တယ် လယ်တွေကို
သိမ်းပြီးတော.ကန်တွေတူးထားတာတွေလည်းရှိပါတယ်...အဲဒါကိုကျွန်တော်တို. လယ်ယာမြေစုံစမ်းရေး ကော်မရှင်ကိုအကြိမ်ကြိမ် တင်ပြပါတယ်...တစ်ခါမှ မလာပါဘူး..ပြည်သူ.လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း ဦးဆောင်တဲ့အဖွဲ. လာတယ်လို.ကြားရပါတယ်...ကျွန်တော်တို.ကိုယ်တိုင်မသိခဲ့ မမြင်ခဲ့ရပါဘူး
                                                                      ဦးအောင်ကြည် - နတ္တလင်း မြို.နယ်...ပဲခူးတိုင်းဒေသကြီး


စားကျက်မြေတွေပျောက်ကုန်တော. နွးကျွေးဖို. နွားစာကို လှည်းတွေ..ကားတွေနဲ. အခြားရွာတွေဆီ တကူးတက သွားဝယ်ရတယ်...နွား ၈ ကောင်လောက်မွေးတဲ့ အိမ်ထောင်စုဆိုရင် နွားစာရှာဝယ်ဖို. နှစ်ယောက်လောက်လူပိုထားရတယ်
                                       ကိုသီဟထွန်း -  နွားမွေးမြူသူ...ပေတောကျောင်းကုန်းကျေးရွာ..ပွင်.ဖြူမြို.နယ်


စနစ်ဆိုး အောက်တွင် မြေပိုင်ဆိုင်လိုစိတ် အားကြီး တတ်ကြသည့် ခရိုနီစီးပွားရေး လုပ်ငန်းရှင် အများစုသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် မြေယာများကို အင်အားသုံး ဝယ်ယူ သိမ်းပိုက်လေ့ ရှိပါသည်။ များသောအားဖြင့် ၄င်းတို့ သိမ်းယူသော မြေယာအများစုမှာ မြေပုံပေါ်တွင် မြေလွတ်မြေရိုင်း ဖြစ်နေသော်လည်း လက်တွေ့တွင်မူ ဒေသခံတောင်သူ လယ်သမားများ ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်လျက် ရှိသည့် မြေများ ဖြစ်နေပါသည်။ သို့သော် ထိုမြေယာများသည် စနစ်ဆိုးက ပြဋ္ဌာန်းထားသော မြေယာ ဥပဒေဟောင်းများ အရသော်လည်းကောင်း၊ လယ်ယာမြေများနှင့် ပတ်သက်သည့် ဗျူရိုကရေစီ ယန္တရားများ အလုပ်ကောင်းစွာ မလုပ်ခဲ့ကြခြင်း ကြောင့်သော်လည်းကောင်း လယ်လုပ်နေသူ လယ်သမားများ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မရှိဖြစ်နေ ခဲ့ပါသည်။ သီးစားခ ပေးချေထားသည့် အထောက်အထားရှိသူများ ထံမှလည်း အာဏာပိုင် အားကိုးဖြင့် မတန်တဆဈေးဖြင့် နှိမ်ချဝယ်ယူ ခဲ့ကြပါသည်။ ကောင်းစွာ ပညာမတတ်သော လယ်သမား အများစုမှာမူ မိမိတို့လက်တွေ့ လုပ်ကိုင်နေသော လယ်ယာမြေများကို မိမိတို့ ပိုင်ဆိုင်ကြောင်း အထောက်အထားရယူထားရန် မသိ နားမလည်ခဲ့ကြသူက များခဲ့ပါသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ ခရိုနီလုပ်ငန်းရှင် များသည် မြေပုံပေါ်တွင် လက်ထောက် သိမ်းပိုက်ခြင်း၊ ထိုသိမ်းပိုက်မြေကို ဒေသခံလယ်သမား များကို သီးစားခဖြင့် ပြန်လည်ချထားခြင်း ကဲ့သို့ ခေတ်သစ်ချစ်တီးများ ပမာ ပြုမူလာ ခဲ့ကြခြင်း ဖြစ်ပါသည်။
ယနေ့ကာလသည် မည်သို့သော တစ်ဖက်လှည့်ဖြင့် ချုပ်ချယ်ထားသော ဥပဒေများ ရှိစေကာမူ ယခင်စနစ်ဆိုးထက် စာလျှင် အထိုက်အလျောက် လွတ်လပ်ခွင့်ရလာ သောကြောင့် မိမိတို့ ခံစားနေရသည် များကို ဖွင့်အံ ဖော်ထုတ်ကြခြင်း ဖြစ်ရာ နှစ်ပေါင်းများစွာ နောက်ဆုံးအဆင့် ဦးစားပေး အဆင့်တွင်သာ ထားခံခဲ့ရသည့် တောင်သူလယ်သမား များ၏ ခံစားချက်၊ ဒုက္ခနှင့် ဆင်းရဲမှုများကို ကိုယ်ချင်းစာ နားလည်ပေးရန် လိုပါသည်။
အခြားတစ်ဖက်တွင်လည်း ငြိမ်းချမ်းညင်သာသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို မလိုလား မနှစ်ခြိုက်သည့် ရှေးရိုးစွဲ၊ သဘောထား တင်းမာသူများ၊ ပြဿနာ ပဋိပက္ခ ဖြစ်ပါက ဇာတ်နာခြင်းကို အကြောင်းပြု၍ ရန်ပုံငွေကြေး များဖြင့် ကိုယ်ကျိုးရှာလိုသူများ၊ မည်သည့်အစိုးရ တက်တက် ၄င်းတို့ အစိုးရမဖြစ်မချင်း အရာအားလုံးကို အမြဲဆန့်ကျင် လှုံ့ဆော်နေမည့် အားလုံးတန်းတူညီမျှရေး ဝါဒီများက ဘက်နှစ်ဖက်စလုံးကို ရန်တိုက်သွေးခွဲကာ ပြဿနာ ပိုကြီးထွားလာစေရန် ကြံစည်ထောက်ပံ့မှု များလည်း ရှိနိုင်ပါသည်။ ထိုကြံစည် ထောက်ပံ့မှုများကို မသိနားမလည်သော အရိုးခံ တောင်သူလယ်သမားအချို့ အနေနှင့်လည်း အမိန့်ပေးစေခိုင်းလျှင် တာဝန်ထမ်းဆောင်ရသည့် ရဲတပ်ဖွဲ့ဝင်များကို အကျပ်အတည်းသို့ တွန်းပို့သကဲ့သို့ ဖြစ်မသွားစေရန်လည်း အထူးသတိပြုရမည် ဖြစ်ပါသည်။
များစွာသတိထားရမည့် အချက်မှာ အာဏာသုံးရပ်ရှိ ကိုယ်ကျိုးစီးပွား မပါသော ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အသီးသီး၊ အဖွဲ့အစည်း အသီးသီးနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကြိုးစားဆောင်ရွက်ချက် များကြောင့် နိုင်ငံတကာတွင် မျက်နှာပန်း လှနေခြင်းကို အိုးမည်းသုတ်ရန် ကြံစည်နေသူများ ရှိနေသည် ဆိုသော အချက်ဖြစ်ပါသည်။
                                                                                                           အယ်ဒီတာ - The Voice Weekely


စက်မှုဇုန်နှင့် စက်မှုလယ်ယာများ အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေဧက ၉ သန်းအား ပုဂ္ဂလိကနှင့် ကုမ္ပဏီကြီးများထံ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုထားသော်လည်း စက်မှုဇုန်နှင့် စက်မှုလယ်ယာအဖြစ် အကောင်အထည် ဖော်နိုင်မှုမှာ ခွဲဝေရယူထားသော မြေဧက ၉ သန်း၏ ၂၉ ရာခိုင်နှုန်းသာ ရှိနေပြီး အဆိုပါ ၉သန်းတွင် လယ်သမားများထံမှ ၈၀ရာခိုင်နှုန်းခန့် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်ယာမြေနှင့် ဆက်နွှယ်နေသူများက ပြောကြားသည်။
လယ်ယာမြေ မှတ်ပုံတင်ခြင်းအား မတ်လကုန်အပြီး ဆောင်ရွက်မည်ဆိုခြင်းကို နောက်ဆုတ်ပေးရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အလုပ်သမား အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် တွေ့ဆုံစဉ် တောင်ဒဂုံမြို့နယ် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်ဆုမွန်မှ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ပြည်ထောင်စုချုပ် မြေအသုံးချမှု စာရင်းအရ လက်ရှိလယ်ယာမြေ စိုက်ပျိုးမြေဧကမှာ ၃၀.၂၅သန်း အထိ ရှိနေကြောင်းလည်း သိရသည်။
 လယ်ယာမြေ သိမ်းယူမှု ပြဿနာများအား ဖြေရှင်းမှု မပြုနိုင်မီ လယ်ယာမြေ မှတ်ပုံတင် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မတ်လကုန်အပြီး မှတ်ပုံတင်စေခြင်းမှာ သိမ်းယူထားသည့် ကုမ္ပဏီကြီးများအား ပိုင်ဆိုင်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် လယ်ယာမြေ မှတ်ပုံတင်ကာလအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်အထိ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက်နေ့က သိရှိရသည်။
                                                                                                                            Eleven Media Group


Source ; 7 Day News ,Favourite News ,The Voice Weekely & EMG

No comments:

Post a Comment