Monday, December 29, 2014

၂၀၁၃ အကယ်ဒမီ - မစခင်က ရှင်းကြ /လင်းကြ အချို.ကျ ရှင်းမရ




 သက်ဆိုင်ရာ အစည်းအရုံးကသာ ပထမဆုံးအကြိမ် ဥဿုံ တာဝန်ယူစီစဉ်သော ၂၀၁၃ ရုံတင်ဇာတ်ကားများအတွက် အကယ်ဒမီပေးပွဲကား မစမှီကပင် အားလုံးစိတ်ဝင်စားနေကြသည် ။ ထိုသို.စိတ်ဝင်စားကြရာဝယ် အတတ်ပညာ / အနုပညာ နယ်ပယ်အလိုက် ဆုေ၇ွးချယ်ရာတွင် သက်ဆိုင်သော နယ်ပယ်သားများသက်သက်သာေ၇ွးချယ်ကြခြင်းကြောင်. လောကသားအချင်းချင်းကို / ပ၇ိသတ်ကို မည်မျှ သိသိသာသာစိတ်ကျေနပ်မှု ပေးနိုင်မည်နည်း ဟု စိတ်ဝင်စားကြသလို ကျင်းပမည်. အခင်းအကျင်းပိုင်းနှင်. ပတ်သက်၍လည်း အတွေ.အကြုံရှိ ပြည်ပ Company တစ်ခုကို ငှား၇မ်းစီစဉ်ထားသည်ဆိုတော. ပိုစိတ်ဝင်စားကြသည် ။ ထို.အတူ တစ်ဘက်တွင်လည်း လောကသားအချင်းချင်း ပြန်စိစစ်ခြင်းဖြစ်သောကြောင်. ဖန်တီးနိုင်စွမ်းနှင်. နည်းပညာရပ်ထက် ဆက်ဆံရေးအပေါ် အခြေခံဆုံးဖြတ်မှုမျိုး ဖြစ်မည်ကိုလည်း စိုး၇ိမ်ခဲ့ကြသည် ။ ဤကား အကြောင်းမဲ့ပြောခြင်းမဟုတ် ။ အစိုး၇တစ်ပိုင်း လောကသားများတစ်ပိုင်း စီစဉ် စဉ်ကာလကပင်လျှင် ဤသို.သော ဝေဖန်မှုမျိုး တရားဝင်ပြောကြားခဲ့ဖူးသည်များရှိခဲ့သည် ။

Photo from Irrawaddy
 သို.သော် နီးလာလေ ယခင်ကထက် ဝေဖန်သံများ ပိုကျယ်လာလေ ကိစ္စမျိုးတွေ.ရသည် ။ သတိထားမိသလောက် စိစဉ်သူများဘက်ကလည်း ယခင်နှင်.မတူအောင် အသစ်များဖန်တီးကြသည် ။ အသစ်ဖန်တီးလိုစိတ်နောက်ဝယ် ဝေဖန်ခံရမှုများကလည်း ရှိလာသည် ။ ယခင်က အကယ်ဒမီဗန်းကိုင်ဟူသော စကားလုံးအစား ရွှေကြိုဟု ပြောင်းလဲသုံးစွဲသည် ။ထိုသို.သုံးစွဲခြင်းကို အစည်းအရုံး ဥက္ကဋ္ဌ က “ဒီနှစ်မှာ ကိုရန်လေးက ကိုယ်တို့ရဲ့ အမှုဆောင်အဖွဲ့
ထဲမှာ ပါတော့ အခေါ်အဝေါ်လေးက အစ ပေါ့။ ဗန်းကိုင် ဆိုတာကြီးက သိပ်မခမ်းနားဘူး။ ဧည့်ကြိုလိုမျိုး ရွှေစင်ရုပ်ဆုကို ကြိုလာမှာဖြစ်တဲ့တွက် ရွှေကြိုလို့ပေးလိုက်တယ်” ဟုပြောကြားခဲ့သော်လည်း  ထိုစကားလုံးမှာ ယခင်ကရွှေဘုံသာလမ်း မှ ရွှေရောင်း /ရွှေဝယ်ချိတ်ဆက်ပေးသော ငွေမစိုက်- လူစိုက် ရွှေပွဲစားငယ်များ ကိုခေါ်သော အသုံးအနှုံးမို. နိုင်ငံတော်အဆင်.ပွဲဝယ် ဤ အသုံးနှုံး မျိုးနှင်. မအပ်စပ် ဟုဝေဖန်မှုများ ရှိခဲ့ကြသည် ။

From Myawady
 ထို.နောက်ကျင်းပသော နေရာကိုလည်း အစဉ်အလာတို.ကိုဖောက်ထွက်လျှက် နေရာသစ်တစ်ခုေ၇ွးချယ်ခဲ့ရာတွင်လည်း ယခုထက် ခန်.ထည်သော နေရာများ ရှိနေပါလျှက် ထိုသို.ေ၇ွးချယ်မှုအပေါ် ယခင်နှင်.မတူလျှင်ပြီးရော ဟူသော စိတ်ဖြင်. ပြောင်းလဲပစ်နေသလောဟု သုံးသပ်မှုများ ရှိနေခဲ့သည် ။ထိုကိစ္စရပ်ကိုလည်း အစည်းအရုံး တာဝန်ရှိသူကပြောကြားခဲ့ရာတွင် “အကယ်ဒမီနဲ့ပတ်သတ်ပြီးအရင်ဦးဆုံး
 ပြောချင်တာက ဒီနှစ် အကယ်ဒမီပေးပွဲကို Myanmar Event Park မှာလုပ်မယ်။
အခုလက်ရှိမှာ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေလဲ ကိုယ်ကြားနေရတယ်။ ကိုယ်ပြောချင်
တာက အကယ်ဒမီပေးပွဲဆိုတာ ဘယ်နှစ်ဘယ်နေရာမှာပဲ လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် နဂို
ကတည်းက မရှိပါဘူး။ မရှိတဲ့အတွက် ဒီနှစ်မှာ ကိုယ်က နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ အစီအစဉ်
တကျ စတိတ်ဒီဇိုင်းအပြင်အဆင်ကအစ ထူးထူးခြားခြား အပြောင်းအလဲလေး လုပ်ချင်တဲ့တွက် နေရာအပြောင်းအလဲ တစ်ခုကို ကိုယ်အရင်ရှာပါတယ်။ ရှာတော့ ပထမဆုံးကြိုက်တာကတော့ ပြည်သူ့ ဥယျာဉ်ထဲက ရွှေတိဂုံဘုရား နောက်ခံ ရှိုးတွေ
လုပ်နေကြ ဇာတ်စင်နေရာကြီးပေါ့။ အရမ်းသဘောကျတယ်။ ဒါပေမဲ့ လက်တွေ့သွားကြည့်လိုက်တဲ့
ခါကျတော့ အစအဆုံး ဆောင်ရွက်ရမှာတွေ များတယ်။ အကုန်အကျတွေ အရမ်းများတယ်။ ဘယ်လို
မှ အဆင်မပြေဘူး။ အဲ့ဒါနဲ့ MEP ရုံကြီးကို သွားလေ့လာတော့ ကိုယ်လိုချင်တဲ့အနေအထား၊အကျယ်
အ၀န်း၊ ကိုယ်ပြင်ဆင်ချင်တဲ့ စတိတ်စင်အပြင်အဆင်၊ ကိုယ်ဖန်တီးချင်တဲ့ ပုံစံတိုင်းဖန်တီးလို့ရမှာမို
့လို့MEP ကိုရွေးချယ်တာတစ်ချက်ပါ။ နောက်တစ်ချက်က နှစ်စဉ်နှစ်တိုင်းအကယ်ဒမီပေးပွဲမှာကိုယ်တို့လောက

သားတွေ ထောင်ဂ
ဏန်းမပြောနဲ့။ ရာဂဏန်းတောင် ဖိတ်ခွင့်မရှိဘူး။ အဲ့လိုဆိုတော့ ဒီနှစ်မှာ တော့ ဖိတ်သင့်တဲ့ အရေအတွက်ကို ပြည့်မှီအောင်ဖိတ်ချင်တယ်။ အဲ့ဒါကြောင့်ပိုပြီး ဖိတ်နိုင်တဲ့ ပိုပြီးနေရာထိုင်ခင်း
အတွက် စီစဉ်နိုင်တဲ့ MEP ကိုရွေးချယ်ရခြင်းပါ
”ဟုဆိုခဲ့သည် ။


Myanmar Event Park - MEP ( From communicastmyanma )

အဓိကက လူအရေအတွက်များများ ဖိတ်ချင်တယ်၊ ပြီးတော့ MEP ဆိုတာ ဟောကြီး ကိုယ်တို့ကြိုက်သလို presentation တွေ လုပ်လို့ရတယ်။ အကန့်အသတ်တွေ မရှိဘူး။ ဆိုပါစို့ အမျိုးသား ကဇာတ်ရုံဆိုရင် ဒီစတိတ်စင်နဲ့ ဒီခုံအရေအတွက်က ကန့်သတ်ထားပြီးသားလေ။ ပြီးတော့ အရင်က လုပ်ဖူးတယ်။ သုဝဏ္ဏ အားကစားရုံကြီးကို ကိုယ်က အစကတည်းက သဘောမကျတာ။ ဒီလို နိုင်ငံတော် အခမ်းအနားကျင်းပရမဲ့နေရာ မဟုတ်ဘူး။ဒါအားကစားကွင်း အားကစားရုံ ဘောလုံးကန်တဲ့နေရာမှာ ဒီပွဲကို မကျင်းပသင့်ဘူး။ အဲ့ဒါကြောင့် ကိုယ့်အနေနဲ့အပြောင်းအလဲ ဖြစ်ချင်လို့ ဒီနေရာကို ရွေးချယ်တာပါ။ ဒါပေမဲ့ တစ်ခုရှိတာက MEP
 က ခုနက အချက်တွေနဲ့ပြည့်စုံပေမဲ့ ကားကြပ်တဲ့ ပြသာနာရှိတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် အဖွဲ့နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ နှစ်စဉ်နှစ်တိုင်း အကယ်ဒမီပွဲ မကျင်းပခင် တိုင်ပင်နေကြ
ဆိုတော့ လိုအပ်တာမှန်သမျှကို သူတို့ပံ့ပိုးပေးတယ်
” ဟုထပ်မံဖြေရှင်းခဲ့သည် ။


နေပြည်တော် တွင် ကျင်းပခဲ့သော အကယ်ဒမီပေးပွဲ တစ်ခု ( From Irrawaddy )
 နောက်တစ်ဖန် အခမ်းအနားသို. ပ၇ိသတ်ဝင်ခွင်.မပြုခြင်းအပေါ်  ပွဲစီစဉ်သူတို.က ၁၉၉၄ မတိုင်ခင်ကလည်း ပရိသတ်မပါပဲ ကျင်းပခဲ့သည် ဟူ၍လည်းကောင်း ၊ သက်ဆိုင်ရာ အနုပညာရှင်များ စုံညီအောင် ဖိတ်ကြားလိုခြင်းကြောင်.ဟူ၍လည်းကောင်း အကြောင်းပြဖြေရှင်းခဲ့ကြသည် ။ အစည်းအရုံးတာဝန်အရှိဆုံးသူကပြောကြားရာတွင် ဒီနှစ်အကယ်ဒမီမှာ လက်မှတ်
 မရောင်းဘူး။ ဟိုးအရင် အကယ်ဒမီသမိုင်း ၁၉၅၂ ခုနှစ်ကစပြီး အကယ်ဒမီပေးပွဲကစခဲ့တာ။
ကြားထဲမှာ မပေးခဲ့တဲ့ နှစ်တွေလဲရှိခဲ့တယ်။ အကယ်ဒမီ အစဉ်အလာမှာ လက်မှတ်ရောင်းချခဲ့တာ
 မရှိဘူး။ ၁၉၉၄ စစ်အစိုးရလက်ထက်ကျမှ ဗိုလ်ချုပ်ခင်ညွှန့် ကိုင်တွယ်တော့မှပဲ ဒီအားကစားရုံကြီး
ထဲမှာ လုပ်တော့မှပဲ ခုံတွေပိုတယ်။ ပရိသတ်ကို ပေးဝင်လိုက်ဆိုပြီး ဖြစ်သွားတာ။ ဟိုးအရင်တုန်းက မီဒီယာတွေ ခေတ်မစားတုန်းကဆို အနုပညာရှင်တွေကြီးပဲ လုပ်ခဲ့တာ။ ပြီးမှ အပြင်ကို ထုတ်ပြန်
တာလေ။ အခုခေတ်လို အချိန်နဲ့ တပြေးညီ သိနေတဲ့ ခေတ်ကြီးထဲမှာ တိုက်ရိုက်ကို ခံစားစေနိုင်မဲ့ တင်ဆက်မှုမျိုးကို ထူးထူးခြားခြား ကိုယ်တို့တင်ဆက်နိုင်လိမ့်မယ်။ ရုံထဲကို မလာနိုင်ပေမဲ့ တိုက်ရိုက် ထုတ်လွှင့်မဲ့ နေရာကနေ စောင့်ကြည့်ရမဲ့ ပရိသတ်အတွက် ကိုယ်အပူတပြင်းကြိုးစားနေတယ်။ တကယ်ရုံထဲ လာချင်တဲ့ပရိသတ်တွေ ကိုတော့ ကိုယ် အနူးအညွတ်တောင်းပန်ပါတယ်။
” ဟုဆိုခဲ့သည် ။သေချာသည်ကတော. ဤကိစ္စရပ်များကို အစိုးရစီစဉ်ချိန်သာဆိုလျှင် သေချာပေါက်ပွဲဆူစေမည်. ကိစ္စရပ်ပင်ဖြစ်သည် ။ နှစ်စဉ် သွားရောက်အားပေးနေကျပရိသတ်များကမူ ပရိသတ်အားပေးမှုဖြင်. ရပ်တည်နေရသူတို.က ပ၇ိသတ်မပါပဲ သီးသန်.စီစဉ်မှုအပေါ် ဥပက္ခော တစ်ရပ်ပမာ မြင်သူများလည်း ရှိခဲ့ကြသည် ။


နောက်ထပ်ပြဿနာတစ်ရပ်က ရွေးချယ်ထားပြီးသောေ၇ွှကြို တစ်ဦး လူစားထိုးခဲ့မှု ဖြစ်သည် ။ ပွဲစီစဉ်သူတို.က ကျန်းမာေ၇းကြောင်. လူစားထိုးခဲ့ရပါသည်ဟု ကြေညာခဲ့သော်လည်း ကာယကံရှင်က ရင်ဖွင်.ရာမှာ ပစ်စာကိစ္စကြောင်.ဖြစ်ပြီး ထိုကိစ္စရပ်မှာ မိမိနှင်. လုံးဝမသက်ဆိုင်ကြောင်း ရှင်းပြသော်လည်း အကဲဖြတ် တစ်ဦး မှ အဲ့ဒါမင်းကိစ္စ - မင်းဘာသာထွက်မလား - ငါတို.က တရားဝင်ကြေညာ၇မလားဟုမေးကြောင်း ၊ အကဲဖြတ်အကုန်လုံးက ထွက်ဖို.သိမ်းသွင်းကြောင်း ၊ နောင်မှသိရသည်မှာ ထိုအချိန်တွင်လူစားသွင်း - အ၀တ်အစားပါ တိုင်းပြီး ဖြစ်ကြောင်း ၊ ဦးမြတ်ခိုင်- ဦးဝင်းငြိမ်း - ကိုမျိုး(မြန်မာစာ) တို.က ကျန်းမာရေး အကြောင်းပြထွက်ရင် သိက္ခာကျသက်သာမယ်ဟုဆိုကာ ကိုမျိုး(မြန်မာစာ) မှ သူခေါ်ထားသော သတင်းသမားများကို ကျန်းမာေ၇းကြောင်.ထွက်ရတယ်လို.ပြောလိုက်ကြောင်း ၊ အခြေအမြစ်မရှိတဲ့ စာတစ်စောင်ကိုကိုင်ပြီး ထွက်ဖို.ဖိအားပေးခံရကြောင်းေ၇ွှကြိုတစ်ဦးရဲ.သတင်းလည်း ထွက်ပေါ်လာခဲ့ပြန်ပါတယ် ။

ထို.ထက်ဆိုးဝါးသော ကိစ္စတစ်ရပ်က အခမ်းအနားမကျင်းပမှီ တစ်ရက်အလိုတွင်ပေါ်ပေါက်ခဲ့သည် ။ ယခုနှစ်အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီရရှိသူများစာရင်း On Line တွင် ကြိုတင် ထွက်ပေါ် လာခဲ့ခြင်းပင် ။ထို.ထက်ပိုဆိုးသည်က အမှန်တကယ် အကယ်ဒမီပေးချိန်တွင်  ( မပေးသောဆုများမှလွဲ၍ )ထိုစာရင်းအတိုင်းကွက်တိ ထွက်ပေါ်လာခဲ့ခြင်းပင် ။ ဤကိစ္စရပ်သည်လည်း ယခင်အချိန်ကသာဆိုလျှင် လက်ညိုးထိုး၍အင်မတန်ကောင်းမည်. ကိစ္စရပ်တစ်ခုဖြစ်သော်လည်း ယခုအထိတော. စီစဉ်သူတို.ဘက်က၀န်ခံခြင်း / တောင်းပန်ခြင်း / တာဝန်ခံခြင်း တစ်စုံတစ်ရာ မကြားရသေးပေ

ထို.အပြင်ကျင်းပမည်. နေ.ပထမဆုံးစကြားရသည်.သတင်းက ဤပွဲ၏ Main Sponsor ဖြစ်သော Alpine ကို စတုတ္ထတန်းတွင်သာ နေရာချထားခြင်း အတွက် Alpine အနေဖြင်. ဤပွဲသို.မတက်ရောက်ပါဟူသော သတင်းပင် ။ ဤမျှအကုန်အကျခံရသူတို.အဖို.ဤသို.သော အခြေအနေကလည်း အမှန်ပင်လက်ခံနိုင်စရာမရှိပေ ။ ယခုမှပထမဆုံးတာဝန်ယူစတင်ကျင်းပရသောနှစ်မို.လိုအပ်ချက်များ ရှိနိုင်ပါသည်ဟူသော စကားက ကိစ္စရပ်တိုင်းကို ပြေလည်စေနိုင်သည်မျိုးတော.မဟုတ်ပေ

Ref ; Trend Myanmar , The Voice Weekely , Flower News & Facebook Status

No comments:

Post a Comment