Wednesday, December 31, 2014

၂၀၁၃ အကယ်ဒမီ ( ၃ ) - တရားခံရှာမရ ဖြစ်ကြလေပြီ




 အကယ်ဒမီရွေးချယ်မှု ပိုင်းဆိုင်ရာများတွင်မူ သတင်းက တစ်ရက်ကြိုတင်ထွက်ပေါ်နေသည်မို. ပထမဆုံး ဂီတဆု ကြေညာချိန်တွင် အားလုံးရင်ခုန်ခဲ့ကြသည် ။ ထွက်ပေါ်လာတော. ကြိုတင်ပေါက်ကြားစာရင်းအတိုင်း စန္ဒယား တင်ဝင်းလှိုင် ဖြစ်နေခဲ့သည် ။ ကျေးဇူးတင်စကားပြောတော. ကြားနေကျမဟုတ်သော ယုံကြည်ချက်ဆိုင်ရာများ (ထိုကိစ္စ နှင်.ပတ်သက်၍ ပြောဝံ.သည်ဟု ချီးကျုးသူများ ရှိသလို ယခုခောတ်လို လူတကာနေရာစုံပြောရဲသည်.အချိန်တွင် ချီးကျုးစရာ ကိစ္စရပ်မဟုတ်ပဲ   စင်မြင်.ကို တစ်လွဲအသုံးချခြင်း ဟုမြင်သူများလည်း ရှိခဲ့ကြသော်လည်း လောကသားတစ်ဦး၏ စင်ပေါ်တက် ရေဆက်ကပ်သော ကိစ္စကမူ အရပ်ဇာတ်ကွက်တစ်ခု ၊ နိုင်ငံတော်အဆင်.အခမ်းအနား နှင်. မလျှော်ညီသော လုပ်ရပ်တစ်ခု ( နာမည်ရှိ ဇာတ်များ နှင်. နာမည်ကျော်တီးဝိုင်းကြီးအချို.ပင်လျှင် ပ၇ိသတ်ကို လုံးဝစင်ပေါ်တက်ခွင်.မပြုပါ ) အဖြစ်၊ ပွဲတစ်ခုလုံးကိုပေါ.ပျက်ပျက် နှင်. အရုပ်ဆိုးသွားစေသော လုပ်ရပ်အဖြစ် အတော်များများ ဝေဖန်ခဲ့ကြသည် ။ 

သို.သော် ဤကိစ္စ၇ပ်တွင်မူ မကျေနပ်သူက အကယ်ဒမီပိုင်ရှင်ဖြစ်နေပြီးသူက “ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့နော်။ အဲဒီလို ဟိုဘက်ကလိုမျိုး မတ်တတ်ရပ်လျက်ကြီးနဲ့ နှစ်ယောက်စလုံး မပြောသင့် ဘူး။ ပြောဖို့လည်း သူတို့မှာ အခွင့်အရေးမရှိဘူးလို့ ဦးပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တို့ထက် အသက်ကြီးတဲ့ ပုဂ်္ဂိုလ်နှစ်ဦးက စင်အောက်မှာ ရှိတယ်။ အဲဒီ နှစ်ယောက် ထက်လည်း ဦးက အသက် အများကြီးကြီးတယ်။ ဦးပြောတာကလည်း အချည်းနှီးဖြစ်မယ့် စကားကို ပြောတာလည်း မဟုတ် ဘူး။ အင်မတန် မကြံကောင်း မစည်အပ်တဲ့ ကံရဲ့အကြောင်းကို ပြောတာပါ။
ဦးက နှစ်နှစ်ကာကာ လေးလေးနက်နက် ပြောနေတဲ့အချိန်မှာ သူတို့က ပေါ့ပေါ့လေးနဲ့ ဟိုဘက်ကနေ ဖျက် လိုက်သလို ဖြစ်သွားတယ်။ ဦး လွန်တယ်ဆိုရင်လည်း တစ်ယောက်ယောက်က အနားကိုကပ်လာပြီးတော့ တိုးတိုးပြောသင့်တယ်။ ပြီးတော့မှ ဆရာပြောတာလည်း လုံလောက်ပါပြီ။ ပရိသတ်တွေကလည်း ဒီ လောက်ဆို ကျေနပ်ပါပြီဆိုပြီးတော့ စကားကို အရှေ့က အရင်ခံသင့်တယ်။ အခုဟာက အတင်း စင်ပေါ် ကနေ ဖြစ်နိုင်ရင် အခုဆင်းဆိုတဲ့ သဘောမျိုး ဖြစ်နေတယ် ”ဟု Media Interview တစ်ခုတွင်ပြောကြားခဲ့သည် ။

သိဂီင်္ထွန်း
 ထို.နောက် ဇာတ်ပို.မင်းသမီး ဆု ကြေညာရာတွင် နှစ်ပေါင်းများစွာ လောကအတွင်းကျင်လည်နေပြီး ယခုမှပထမဆုံးအကြိမ် အကယ်ဒမီရရှိသော ခိုင်သင်းကြည် ဖြစ်ခဲ့ပါသည် ။ထိုကိစ္စရပ်တွင်မူ အတော်များများ သဘောကျလက်ခံကြသော်လည်း ဇာတ်ပို့ သရုပ်ဆောင်ဖြစ် သိင်္ဂီထွန်းက မဇ္ဈိမ သို.ပြောကြားခဲ့ရာတွင် “လာငှားတုန်းက ဒီဇာတ်ကားထဲမှာ ဇာတ်ပို့ သရုပ်ဆောင်က အစ်မတစ်ယောက်တည်း။ လုပ်ကွက်လည်း ရှိပြီး ဒီကားမှာ အကယ်ဒမီလည်း ရနိုင်တယ်လို့ သူတို့ တွေက ပြောကြတယ်။ ဒီကားမှာ ပါဝင်တဲ့ သရုပ် ဆောင်တွေက အဓိက ဇာတ်ဆောင် တွေပါ။ ခိုင်သင်းကြည် ကလည်း အဓိက သရုပ်ဆောင် အဖြစ် ပါဝင်ရိုက် ကူးခဲ့တာပါ။သူတို့တွေ ဇာတ်ပို့ဆုပေး လိုက်ပေမယ့် အမှန်တော့ ဇာတ်ဆောင် ဆုပေးရမှာ။ ဒါကြောင့် လုပ်ကြံမှုတွေ ရှိနေတယ်လို့ ပြောချင်တာ ။ ဒီကားကို ရိုက်တော့ဇာတ် ပို့နေရာမှာ အစ်မ တစ်ယောက် တည်း လက်မှတ်ထိုးပြီး ကျန်တဲ့သူတွေကဇာတ် ဆောင်အနေနဲ့ လက်မှတ် ထိုးထား တာပါပဲ။အခုလိုပြောတာ အစ်မ မရလို့ ပြောတာ မဟုတ်ပါဘူး။ ပညာ ရှင်အနေနဲ့ ကြည့်ရင်တော့ “ကြယ်စင်မော်ကွန်း” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ပန်းဖြူ ရသင့် ပါတယ် ” ဟုပြောကြားခဲ့သလို “တချို့ကျတော့ တကယ်အမှန်ပေးလိုက်ပေ မယ့်လည်း လုပ်ကြံ မှုတချို့ ပါနေတယ်။ ကိုယ်ဘယ်လို ကြိုးစား ထားတယ် ဆိုတာ ကိုယ်သိတယ်။ နာမည်ကိုဇာတ် ကားရုံ တင်တော့ သာမန်သူတွေ နဲ့အတူ သေးသေးလေး ရေးထားတာ။ သိက္ခာ အရမ်းကျတယ် ” ဟုပြောကြားခဲ့ပြီး “စုန်းပြူး”ဇာတ်ကားရိုက်ကူးရန် ဒါရိုက်တာ ၀င်းထွန်းထွန်းနှင့် အောင်သီရိ ထုတ်လုပ်ရေးတို့ လာရောက် ငှား ရမ်းစဉ်တွင် ဇာတ်ပို့ သရုပ်ဆောင်ဖြစ် သိင်္ဂီထွန်း တစ်ဦးတည်းသာ ငှားရမ်းမှုစာချုပ်၌ လက်မှတ် ရေးထိုးခဲ့ သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြန်သည် ။

အမျိုးသားဇာတ်ပို. အကယ်ဒမီဆု ကြေညာရာတွင်မူ ခိုင်သင်းကြည်ကဲ့သို.ပင် နှစ်ရှည်ကြာ သရုပ်ဆောင် တစ်ဦးဖြစ်သော မင်းဦးရရှိခဲ့သည် ။ ထိုကိစ္စရပ်နှင်. မူသီးခြားဝေဖန်မှုမျိုးမတွေ.ရပဲ အချို.ကမူ အနုပညာလောကအတွင်း နှစ်ရှည်ကြာ သရုပ်ဆောင်နေကြပြီး အကယ်ဒမီနှင်. လွဲနေသူများကို အကွက်ချ ၇အောင်ပေးခြင်း ဖြစ်သည်ဟု ဝေဖန်မှုများ ရှိခဲ့သည် ။

ဒါရိုက်တာ ဆုနှင်. ပတ်သက်၍မူ ၀ိုင်း ကိုကြေငြာလိုက်သောအခါ အားလုံးနီးပါး လက်ခံသော အဖြေ တစ်ခုဖြစ်ခဲ့သည် ။သို.သော် ပေါက်ကြားစာရင်းအတိုင်း ကွက်တိဖြစ်လာသဖြင်. နောက်ပိုင်း လူများအဖို. ကြိုသိနေသလိုဖြစ်ကြရသဖြင်. မြန်မာ. အကယ်ဒမီ ပေးပွဲသည် မြန်မာဇာတ်ကားကြည်.သကဲ့သို.ပင် ဇာတ်သိမ်းကို မှန်း၍ ရနေသကဲ့သို. ဖြစ်လာတော.သည် ။


 ထို.နောက်ဆက်လက်၍ ပေါက်ကြားစာရင်းအတိုင်းပင် အမျိုးသမီး ဇာတ်ဆောင်ဆု ၀တ်မှုံရွှေရည် ၊ အမျိုးသား ဇာတ်ဆောင်ဆု ပြေတီဦး တို.ရရှိခဲ့ကြသည် ။ ဤနေရာတွင်ပင် ကြိုတင်ပေါက်ကြားစာရင်း နာမည်ပျက်ရတော.သည် ။ ပွဲစီစဉ်သူတို.က အခမ်းအနားပြီးဆုံးကြောင်း ကြေညာလိုက်သောကြောင်.ပင် ။ ဤသည်ကား အကယ်ဒမီပေးပွဲ၏ ဇာတ်ရှိန်ကို အမြင်.ဆုံးသို.တင်ပေးလိုက်ခြင်းပင် ။

ထိုကိစ္စရပ် နှင်.ပတ်သက်၍ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးက The Voice သို့ ပြောကြားရာတွင် “ဒီနှစ်ဆုပေးပွဲအတွက် ဇာတ်ကားတွေကို ပထမအဆင့်မှာ အကဲဖြတ် ၁၇ ယောက်၊ ဒုတိယအဆင့်မှာ အကဲဖြတ် ၁၉ ယောက်နဲ့ ကြည့်ရှုစစ်ဆေးခဲ့တာပါ။ ကျွန်တော်တို့က ဆုတစ်ဆု ပေးဖို့အတွက် အကဲဖြတ်တွေရဲ့ ဆန္ဒပြုမှု မဲအရေအတွက် ထက်ဝက်ကျော်မှ ပေးလို့ရတယ်။ အကဲဖြတ်ဒိုင် ၃၆ ယောက် ရှိတယ်ဆိုရင် ဆန္ဒပြုသူ ၁၉ ယောက်၊ အယောက် ၂၀ လောက်ရှိမှ ပေးလို့ရတာပါ။ ဒီနှစ် ဆုပေးပွဲမှာ မပါဝင်ခဲ့တဲ့ ဆုတွေအတွက် ဆန္ဒမဲပေးကြတာတွေတော့ ရှိတယ်။ မဲအရေအတွက် ထက်ဝက်မကျော်လို့ မချီးမြှင့်ခဲ့တာပါ” ဟုပြောကြားခဲ့ပြီး ပထမအဆင့် အကဲဖြတ်မှုများနှင့် ဒုတိယအဆင့် အကဲဖြတ်မှုများမှ ဆန္ဒမဲများကို နောက်ဆုံးအဆင့်တွင် ၎င်းအပါအဝင် ဒါရိုက်တာ ကြည်စိုးထွန်း၊ ဒါရိုက်တာ အောင်မြင့်မြတ်နှင့် သရုပ်ဆောင် ဦးညွန့်ဝင်းတို့က ဖွင့်ဖောက် စစ်ဆေးရခြင်း ဖြစ်ကြောင်း၊ ယခင်က ကျင်းပခဲ့သည့် အကယ်ဒမီ ဆုပေးပွဲများတွင် ပရိသတ်ရစေချင်သည့် အနုပညာရှင်များနှင့် ဆုပေးပွဲတွင် ဆုရရှိသွားသည့် အနုပညာရှင်များမှာ ကွဲလွဲလေ့ရှိကြောင်း၊ ယခုနှစ်တွင်မူ ချီးမြှင့်ခဲ့သည့် ဆုအရေအတွက် နည်းပါးခဲ့သော်လည်း ဆုရရှိသွားသူများမှာ ပရိသတ်၏ဆန္ဒနှင့် ထပ်တူကျမည်ဟု ယုံကြည်ကြောင်း ထပ်မံပြောကြားခဲ့သည် ။

Photo from Hein Soe's Facebook
 သို.သော် ရုပ်ရှင် တကား ဖြစ်မြောက်ဖို့ အဓိက လုပ်ဆောင်ရတဲ့ ဇာတ်ညွန်း၊ ကင်မရာမန်း၊ ထုတ်လုပ်ရေးဆုတွေက ဒီနှစ်အကယ်ဒမီဆုနဲ့ မထိုက်တန်ဘူးလား ဟူသော ဝေဖန်မှုများ လောကသားများအတွင်းမှာပင် ကျယ်ကျယ်ပြန်.ပြန်.ပေါ်ထွက်ခဲ့သည် ။ ထိုကိစ္စရပ်များအတွက် သံသယဖြစ်စရာကလည်း အကယ်ဒမီရုပ်တု အပ်စဉ်က အရေအတွက်နှင်. ချီးမြှင်.သော ရုပ်တု အတော်အတန်ကွာနေခြင်း ၊ အခမ်းအနား ကျင်းပသည်.နေ.တွင်ပင်လျှင် ရုပ်တု ၈ခုရှိနေခြင်းတို.က အများအတွက်တွေးတောစရာများဖြစ်ခဲ့သည် ။

ထိုရွေးချယ်မှုဆိုင်ရာများနှင်. ပတ်သက်၍ အစည်းအရုံး ဥက္ကဋ္ဌ က “ကိုယ်တို့အကယ်ဒမီပေးပွဲဆိုတာကလဲတစ်တိုင်းပြည်လုံးကစိတ်ဝင်စားတဲ့ပွဲဖြစ်တဲ့တွက် ဝေဖန်
မှုတွေကိုတော့ ကိုယ်မျှော်လင့်ထားပြီးသားပါ။ ကိုယ်ကိုယ်တိုင်က ရုပ်ရှင်အစည်းအရုံးဥက္ကဌ တစ်ယောက်အနေနဲ့ ဒီအကယ်ဒမီပေးပွဲကြီးကို ခမ်းခမ်းနားနား စီစဉ်တင်ဆက်ဖို့က လွဲလို့
ဆုကို စိစစ်အကဲဖြတ်တဲ့နေရာမှာ ၀င်ရောက် ပါဝင်စွက်ဖက်ခြင်း မရှိပါဘူး
” ဟု ကြိုတင်ပြောကြားခဲ့သလို အကယ်ဒမီဂုဏ်ပြုညစာစားပွဲMedia အင်တာဗျုး တွင်လည်း

ဥက္ကဋ္ဌ တစ်ယောက်အနေနဲ.ပြောရမယ်ဆိုရင် မှအစချီကာ မည်သို.လိုအပ်ချက်များရှိမည်ကိုစိုးရိမ်ပူပန်ခဲ့ သော်လည်း ထပ်ဆင်.ဂုဏ်ပြုညစာစားပွဲတောင် ကျင်းပနိုင်ပြီဖြစ်သဖြင်. သက်ပြင်းချနိုင်ပါပြီဟူသော စကားက အစစအဆင်ပြေစွာကျင်းပနိုင်ခဲ့သည်ဟု သက်ရောက်ခဲ့သည် ။ 

အကယ်ဒမီအတွက်ကျန်ခဲ့သော ဆုများကိစ္စရပ်မေးမြန်းရာတွင် ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပေမယ်. ပွဲကိုသာ ဦးဆောင်ကျင်းပရပြီး ဘယ်နှစ်ဆုရှိလို. ဘယ်နှစ်ဆု ထွက်လာမယ်ဆိုတာကြိုသိခွင်.မရှိပါဘူး ဟုပြောပြီး ကိုယ်ဆိုရင်တောင်မှ ကိုယ်ကိုတိုင်မျှော်လင်.နေတာလေ ဟု ဖွင်.၀န်ခံသွားခဲ့.သည် ။ အကဲဖြတ်အဖွဲ.တွေရဲ. ဆုရွေးချယ်မှုဆိုင်ရာ ရှင်းလင်းမှုများကို ကိုယ်တိုင်လည်း သိချင်ပါကြောင်း ပြောကြားသွားခဲ့သည် ။ 

တစ်ခုသတိထားမိသည်က အစည်းအရုံးဥက္ကဋ္ဌ အနေဖြင်. စကားပြောရာတွင် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ. ၊ ဥက္ကဋ္ဌ ဖြစ်ပေမယ်. ဟူသော အသုံးအနှုံးကိုမူ အကြိမ်အရေအတွက် တစ်ခုအထိသုံးနှုံးပြောဆိုသွားခဲ့သည် ။
ထို.အပြင် Live လွှင်.နေတာမေ.သွားလို.ပါဆိုပြီး အကယ်ဒမီဆုရ တစ်ဦးကို ဆဲလိုက်သော စကားတွင်မူ ဥက္ကဋ္ဌတစ်ဦးအဖြစ်ကိုမေ.သွားဟန်တူပြီးနိုင်ငံတော်အဆင်.အခမ်းအနားကိုလည်းသတိမမူမိပုံရသွားသည် ။

ကြယ်စင်မော်ကွန်း ဇာတ်ကား ထုတ်လုပ်သူ
 ထိုညစာစားပွဲတွင်ပင် အကယ်ဒမီဆု အကဲဖြတ် အဖွဲ. တာဝန်ရှိသူတစ်ဦး မှ ရှင်းလင်းရာတွင် “ဆုချီးမြှင်.ရာတွင်စကာတင်အဆင်. အကဲဖြတ် အဖွဲ.၀င် များကိုတွေ.ပြီး ကိုယ်.ကဏ္ဍအလိုက်အမှတ်ပေးကြပါ ။မကျန်အောင် အမှတ်ပေးနိုင်ပါစေလို.ပြောထားခဲ့ပါတယ် ။ အခုက ဘယ်လိုဖြစ်သွားလဲဆိုတော. အကဲဖြတ်အဖွဲ.၀င်များသည် ကိုယ်ကြိုက်တဲ့လူသာ အကဲဖြတ် အမှတ်ပေးတဲ့အတွက် နောက်ဆုံးအိတ်ဖောက်တဲ့အခါမှာ အတတ်ပညာနဲ.ပတ်သက်တဲ့ ဆုများမှာ ထက်ဝက်မပြောနဲ. ၅မဲ ၆ မဲရဖို.တောင်မပါလာခဲ့ပါဘူး ။ ဘာဒုက္ခရောက်သလဲဆိုတော. အတတ်ပညာပိုင်းဆိုင်ရာတွေမှာ မဲပေးတဲ့အကဲဖြတ် အဖွဲ.၀င်တွေဟာ ၄ မဲ ၅မဲနဲ.တင်အဆုံးသတ်သွားတဲ့အတွက် ဇာတ်ညွှန်းဆု ၊ အသံဆု ၊ တည်းဖြတ် ဆု ၊ ဇာတ်ကားဆုကတော. စ/လယ်/ဆုံးကောင်းရပါမယ် ။

ဒိတစ်ပတ်ဇာတ်ကားဆုအတွက်ဒေါင်ဒေါင်မြည်ပါလာတဲ့ကားက ကြယ်စင်မော်ကွန်းပါ ။ အသံဆုပေးတည်းက ကျွန်တော် မှတ်ချက်မှာ ရေးပါတယ် ။ သက္ကရာဇ်တွေများစွာနဲ.တကယ်.အဖြစ်အပျက်ကိုဇာတ်ကောင်တွေသွင်းပြီး မော်ကွန်းကဗ္မည်းထိုးထား
တဲ့ကားလို. ပါ ။ ပထမဆုံး ၁၉၄၁ ကိုသတ်မှတ်ရင် နန္ဒလို.သရုပ်ဆောင်တဲ့ လူမင်းက ဥပဇင်းကထွက်ပြီး စစ်ထဲလိုက်ပါတယ် ။ အသက်၂၀ ကတွက်ရင် တပ်မတော်နေ.ကျင်းပချိန် လူမင်းက အသက် ၈၀ ကျော်ပါတယ် ။ ဒါဘာလဲဆိုတာ ဘက်မလိုက်ပဲ သမိုင်းဝင်မော်ကွန်းထိုးတဲ့နေရာမှာ ကြယ်စင်မော်ကွန်းလို.ဆိုတဲ့အတွက် ကျွန်တော်တို.အနေနဲ.တော. အကယ်ဒမီကြယ်စင်မော်ကွန်းတော. မထိုးပေးနိုင်ခဲ့ပါဘူး ။ ထိုးပေးနိုင်တဲ့မော်ကွန်းက ဂီိတပဲဖြစ်ပါတယ် ။ဂီတကသမိုင်းဝင်မှန်တဲ့အတွက် ဂီတနဲ.ထိုးပေးတာပါ ။  ဖြစ်ပျက်တာတွေရိုက်တာမှာ တစ်ခါတစ်လေ လွဲချော်တာတွေပါလို.အဲ့ဒီကားဇာတ်ကားဆုမရတာပါ ။ အကြံတစ်ခုပေးချင်တာက အတတ်ပညာဆုတွေပေးရာမှာ မူတစ်ခုချဖို.လိုပါတယ် ။ မဲတွေပေးကြတဲ့ နေရာမှာ သူ.အကြိုက် / ကိုယ်.အကြိုက် ပေးကြတာကြောင်.မဲတွေပျံ.သွားပြီး အရည်အချင်းမမှီရခြင်းဖြစ်ကြောင်း ” ရှင်းလင်းတင်ပြ၀န်ခံသွားခဲ့သည် ။


 သို.သော် ဒါရိုက်တာပန်းချိစိုးမိုး ပြောဆိုရာတွင် “နံပါတ်တစ်ကတော့ ဆုံးဖြတ်တဲ့ အကယ်ဒမီဘုတ်နဲ့ ဆိုင်တယ်။ ဘုတ်မှာ ရွေးထားတဲ့လူရဲ့ အရည် အချင်း နဲ့ လည်း ဆိုင်တယ်။ နောက်ပြီး အရည်အချင်းရှိလည်း စိတ်ဓာတ်နဲ့ ဆိုင်တယ်။ အနုပညာကို အနုပညာ မျက်စိနဲ့ ကြည့်ဖို့ ကောင်းပါတယ်။ ဒီ“ကြယ်စင်မော်ကွန်း” ဇာတ်ကားသည် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အရင်တုန်း ကပြော လို့ ဆိုလို့တောင် မရဘူး။ ခုံတောင်ဖြည့်လို့ မရဘူးလို့ လူတွေပြော ကြတယ်။ ဗိုလ်ချုပ်ကားကို ဗိုလ်ချုပ် ပါဝင် တဲ့ သမိုင်းကို ရိုက်တဲ့ အခါမှာ ဒီကား သည်ပေါ်လစီကား မဟုတ်ဘူး။တစ်ကားလုံး ကိုပြန်ကြည့်ပြီး ပေါ်လစီ ဇာတ်ကားလေး တွေတွေ့ရင် ဆွဲထုတ်ပေး ပါလို့ပြောချင်တယ်။ ဒါကိုပေါ် လစီလုပ် တယ်ဆို ပြီးတော့ တပ်မတော်ရဲ့ အမြင်ပေါ့လေ။ အနည်း အကျဉ်း အတိမ်း အစောင်း လုပ်တဲ့ သဘောလေ။ အဲဒါမျိုးတွေ အပြင်မှာ ကြားနေ ရတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ ဦးစိုးမိုး အသက် ၂၃ နှစ်လောက်က ဒါရိုက်တာ စလုပ်တယ်။ အကယ်ဒမီ နှစ်ဆုရခဲ့တယ်။ အရည် အချင်း လိုတယ်လို့ ကိုယ့် ကိုယ်ကိုယ် သတ်မှတ် လိုက်တယ်။ ဆက် ကြိုးစားပြီးတော့ လုပ်ပါဦးမယ်လို့”ဟု  ကပြောကြားခဲ့သည် ။

ယင်းကားတွင် ဗိုလ်ချုပ်၏ လှုပ်ရှားမှု၊ အသံ စသည်တို့ကို ၇၅ ရာခိုင်နှုန်းခန့် တူစေရန် ရိုက်ကူး ထားသည့် အတွက် အကယ်ဒမီနှင့် လွဲမှားခြင်းသည် ဗိုလ်ချုပ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ၎င်းက ထပ်မံပြော ဆိုသည်။

ပြီးခဲ့တဲ့ နှစ်က ၁၀ ဆုပေးရာမှာ တစ်ဆု ကျန်ခဲ့တာ။ ရုပ် ရှင်လောကမှာ ပူလောင် ပူလောင် ဖြစ်ခဲ့တယ်။ ဒီနှစ်မှာတည်းဖြတ်ပေါ့။“ကြယ်စင်မော်ကွန်း” ကတည်းဖြတ်လည်းရှိတယ်။ဇော်မင်း (ဟံသာမြေ) ရဲ့တည်းဖြတ် လည်းရှိတယ်။ သူတို့တွေကို အရည် အချင်းမမီလို့ မပေးတာလား။ ဒါမှမဟုတ် တည်းဖြတ်ဆိုတာ ကိုနားမလည် လို့ မပေး တာလား ဆိုတာတော့ မသိဘူး။ နောက်တော့ ဓာတ်ပုံပေါ့။ ဒီလောက်ကောင်း တဲ့ခေတ်မှာ ဓာတ်ပုံ ကိုလည်း မပေးခဲ့ဘူး။ မပေးဘူးဆိုတော့ ဓာတ်ပုံကပဲ ညံ့နေလို့လား။ဒါမှမဟုတ် ဓာတ် ပုံအကြောင်း မသိလို့ လား။ဒီကြယ်စင်မော် ကွန်းကားမှာ အသံလုပ်တာ သုံးလ ကြာတယ်။ အသံကြီးပဲ။သေနတ် သံတွေ၊ စကားပြောတဲ့ အသံတွေ၊ နောက်ခံ အသံတွေ အကုန် လုံးကိုကြိုး စားပြီးတော့ လုပ်ထား တယ်။ အသံအကြောင်းကို မသိလို့လား၊ နားမလည်လို့လား၊ မပေးချင်လို့ မပေးတာလား” ဟု ပန်းချီစိုးမိုး ကထပ်မံဝေဖန်ခဲ့ပြန်ပါသည် ။

Photo of 7 DAY Daily
 ထိုပွဲအပေါ် နေတိုး၏ အမြင်ကလည်း အခြေအနေမှန်အချို.ကို လှစ်ဟပြနေသကဲ့သို.ပင် ။ ‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော် စရာကောင်းနေတယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်းသာဖို့ ကောင်း တယ်။ နောက်ဆုံးမှာတော့ ရယ် စရာကောင်းနေပါတယ်။ ဒါ ကျွန် တော့် ခံစားမှုပါ-  ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင် အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့် စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း  ပြောခဲ့ပြီး
‘‘ကျွန်တော်ပြောတာကို ပရိ သတ်တွေလည်း ကိုယ်တိုင်ခံစား ရမယ်လို့ ထင်ပါတယ’’ ဟု ဆို သည်။


အကယ်ဒမီပေးပွဲတွင် ဆု နှင့် လွဲချော်ခဲ့ရပြီး ဆုမရရှိမှန်းကို ပွဲချိန်တစ်ဝက်ကျိုးကတည်းက ကြိုတင်သိရှိနေခဲ့ကြောင်း နေ တိုးက ပြောခဲ့သည်ဟု Media တစ်ခုတွင်ဖော်ပြခဲ့ပါသည် ။ အတတ်ပညာပိုင်းဆိုင်ရာ ဆုများ မချီးမြှင့်ခဲ့သည်ကို သ ဘောမကျကြောင်းလည်းပြောခဲ့သည်ဟု ဆိုသည် ။






၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင် အမျိုးသား ဇာတ်ဆောင်ဆုကို ပြေတီဦး (နင်စေရင်၊ ဒါရိုက်တာဝိုင်း)၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဝတ်မှုန်ရွှေရည် (နင်စေရင်၊ ဒါရိုက်တာဝိုင်း)၊ အမျိုးသားဇာတ်ပို့ဆုကို မင်းဦး (နင်စေရင်၊ ဒါရိုက်တာဝိုင်း)၊ အမျိုးသမီး ဇာတ်ပို့ဆုကို ခိုင်သင်းကြည် (စုန်းပြူး၊ ဒါရိုက်တာ ဝင်းထွန်းထွန်း)၊ ရုပ်ရှင်နောက်ခံ တေးဂီတဆုကို စန္ဒရားတင်ဝင်းလှိုင် (ကြယ်စင်မော်ကွန်း၊ ဒါရိုက်တာ ပန်းချီစိုးမိုး)၊ ရုပ်ရှင်ဒါရိုက်တာဆုကို ဝိုင်း (စေတန်ရဲ့ကချေသည်) တို့က အသီးသီး ဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။

Ref ; The Voice Weekly , 7 DAY Daily , Irrawaddy , Trend Myanmar & Skynet Up to Date

ဆက်စပ်ဖတ်ရှုရန် 


No comments:

Post a Comment