Wednesday, December 10, 2014

ဦးလှဆွေ ( သို. ) ဘူးလက်လှဆွေ ၏ အတွေး ၊ အမြင် ၊ အရေး ၊ အသား များ ( ၂ )


Photo from Irrawaddy Blog


 ဒါ.အပြင် သူဟာ စစ်သားဟောင်းတစ်ယောက်မို. စစ်ဘက်ဆိုင်ရာ အတွေ.အကြုံ နဲ. အမှတ်တရတွေလည်း ထည်.ရေးလေ.ရှိတာတွေ.ရပါတယ် 

ဆယ်တန်း မအောင်ခင် က ကိုယ်ဝါဿနာပါရာ အလုပ်ဖြစ်တဲ့ တီးဝိုင်းတခုမှာ drummer ဖြစ်ခြင် ခဲ့တာပါ။အောင်တော့ အဖေကဗိုလ်ကြီး ဆိုတော့ ငယ်ငယ်ကတည်းကလည်း အရာရှိလိုင်းက ဗိုလ်သားသမီးတွေနဲ့မပေါင်း။ ရဲဘော် လိုင်းခန်းတွေ လျှောက်လည် သူတို့က မုန့်တွေဝယ်ကျွေး ( နောက်မှသိတယ် အဲ့ လူတွေက ကျနော့် အစ်မနှစ်ယောက်ကို ပိုးကြေးပန်းကြေးပေးတယ်ဆိုတာ)။ဒါနဲ့ ဗိုလ်လောင်းဖြေတော့ အားလုံးcredit ဖြစ်ပါတယ် လူတွေ့ စစ်တဲ့ဗိုလ်မှုးကြီးက မင်းအဖေ နေကောင်းလား ။ငါကသူ့ တပည့် ။မင်းအဖေ က လူကိုလူလို သိတတ်တဲ့ ရှားပါးပုဂ္ဂိုလ်။ ဘာလိုသေးလဲ ဘာညာဆိုပြီး ဗိုလ်သင်တန်းလူတွေ့ အောင်ပါလေရော။ကျောင်းဆင်းတော့ လက်ဦးတပ်ရင်းမှုးက သူရဲကောင်း ၂ ထပ်ကွမ်း ဗိုလ်မူးကြီးစောခင်စိုး ။ဘာတိုက်ပွဲလဲ မမေးနဲ့ မမှတ်မိတော့ဘူး ပွဲကြီးပွဲကောင်းတွေချည်းဘဲ။ တပ်ပြောင်းသွားတော့ ဗိုလ်မှုးကြီးသူရ ကျော်ကျော်ချို ။သူတို့က ကျနော့်ကို ရှေတန်း အဆိုးဆုံး နေရာကလွဲလို့ ဘာမှ မခိုင်းဘူး။သူများတွေ ငွေကိုင်ရတဲ့တပ်ရေး ဗိုလ်ကြီးတို့ ရိက္ခါ နဲ့ စစ်ပစ္စည်းကိုင်ရတဲ့ တပ်ထောက်ဗိုလ်ကြီးတို့ ကြော့ကြော့လေးမေရတဲ့ ထောက်လှမ်းရေးဗိုလ်ကြီးတို့ တခါမှမလုပ်ဘူးဘူး biography ပြန်ကြည့် သိမှာပေါ့ လွယ်လွယ်လေး။ကျနော့်ကိုတခြားနေရာထားဘို့ကျနော့် အထက်က စီနေရာ တယောက်ကပြောဘူးတယ် အဲ့မှာ ဗိုလ်မှုးကြီး သူရကျော် ကျော် ချိုက လှဆွေကိုရန်သူနဲ့ အနီးဆုံး ။တိုက်ပွဲ အဖြစ်နိုင်ဆုံး ပွိုင့်မှာမထားရင် ဒို့ရဲဘော်တွေလဲ ထိခိုက်မှု့များပြီး ရန်သူရှေ့တက်လာလိမ့်မယ်တဲ့။ဒါနဲ့ ဒဏ်ရာရတာတောင် ဆေးရုံမပို့ဘူး တပ်ခွဲသာ ချိန်းသွားမယ် လှဆွေက မချိန်းရဘူး ။ ရှေ့တန်းမှာတချို့က ဖင်နာတယ်ခေါင်းနာတယ် ပြောပြီး နောက်တန်းပြန်သွားတဲ့ငတ တွေက ခုတော့ ဘယ်မှာတွေဆိုတာသိတယ်နှော - - - အင်းးအင်းး။အဲ့ဆရာသမား လူကြီး တွေမရှိတော့လို့ပေါ့ ။ ရှိလိုက ခုလောက်ဆို လှဆွေတိုတော့ အင်း - - - အင်း - - -။ချောင်းသာမှာ သီဟသူရ စစ်မောင် ဦးစီး တပ်မ ၅ မ စုပေါင်းလေ့ကျင့်တယ် ။သင်တန်းပြီး ဆုံးတဲ့နောက်နေ့ လူကြီးတွေပါတဲ့ briefing မှာ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီးတင်လှက ကဲ ကိုစစ်မောင် လေ့ကျင့်ခန်းမှာ သုံးတဲ့ စက်သုံးဆီ ဘယ်လောက် ကုန်သွား လည်း တဲ့ ဦး စစ်မောင် က မနေ့ ကလေ့ကျင့်ခန်းပြီးသွားပြီလေ ဒီနေ့ ကျနော့ ခေါင်းထဲ မှာ ဘာမှ မကျန်တော့ဘူး တဲ့။ ပြီးရော ရှင်းပါ့ ။ ဒါနဲ့ ဒီလူဟာလူကောင်းဘဲ မရစ်တတ်ဘူးဆိုတာသိလိုက်တယ် ။လေ့ကျင့်ပြီး သူ့နယ်မြေ တနသာင်္ ရီ တိုင်း KNU တပ်မဟာ ၄ မင်းသမီးစခန်းတိုက်တော့ သူက ထားဝယ်မှာ briefing ပေးပါတယ် ။ကျနော်ကပွိုင့်တပ်ရင်းမှုး သူ့လက်အောက်မှာ တော့အသက်အသေခံရကျိုးနပ်တယ် ဆိုပြီးလှဆွေတိုက ဖိုက်ပါလေရော။ အမှန်က ကျနော့်တပ်က စခန်းအနီးရောက်တဲ့ အထိတိုက် သွား။ ရှင်းလင်းသွား ။ပင်မစခန်းကြီးကိုရောက်ရင် ကျန်တဲ့နောက်တပ်တွေနဲ့တိုက်မယ်ပေါ့ဗျာ ။ ဒါပေမဲ့ လှဆွေတို့ကလည်း ဖိုက်ပြီဆိုmove move ဆိုပြီး ရပ်လို့ကမရတော့ စခန်းကြီးရလိုက်တာတောင် မသိသေးဘူး။ဒီလိုနဲ့ပွဲပြီးတော့ ဦးစစ်မောင် ရောက်လာတယ် ကျနော့်ကို ဟန်နက်ဆီ အိပ်စ်အို တလုံး ဆုချပါတယ်။ ကျနော့် ကိုယ်ပိုင်နံပါတ်လည်းမှတ်သွားတယ် ။ ဖိုက်တာချင်းချင်း ဆိုတော့ စိတ်တူကိုယ်တူပေါ့နှော။ အင်းးးးသူ သာရှိသေး ရင် လှဆွေတို့ခုလောက်ဆို - - - အင်းး အင်းး။ အဲ့ ပွဲမှာနောက်ကလူတွေ ခုဘယ်မှာလဲ သိပါ့ သိနေတယ် နှော - - -။အဲ့ မင်းသမီးစခန်းမှာ တပ်မ ၆၆ နဲ့တာဝန်လဲတော့ တပ်မမှုး ရဲ့အသက်အန္တရာယ် တခု ကျနော် ကယ်လိုက်ရသဗျ သူနဲ့ကလည်း သူဗျူဟာမှုးကတည်းက တဗျူဟာထဲဆိုတော့ ကိုလှဆွေ ကျနော်လူကြီးဖြစ်ရင် ခင်ဗျားကိုမမေ့ပါဘူးဗျာ တဲ့ လူရှေ သူရှေကြီး ဂတိပေးသဗျ။သူကတော့ ဝန်ကြီးချုပ် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းပါ။ အင်းးးသူသာရှိနေလို့ကတော့နှော - - လှဆွေတို့  ဒီအချိန်ဆို အင်းးးးးးအင်းးး- ( ၂၀၁၄ အောက်တိုဘာ ၃ )

ကြာတော့ ကြာပြီ _ _ _ _ကျနော်တို့ငယ်စဉ်က ကြားဘူးတာ ခွန်ဆာ ဟာ မြန်မာပြည်မှာ ဆေးဝါးအတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂ ခွင့်ပြုချက်နဲ့ တဦးတည်းသော တရားဝင်ဘိန်းစိုက်ခွင့်ရသူလို့ သိထားပါတယ်။သူဟာ တန့်ယန်းဒေသဇာတိ တရုတ် လူမျိုးဖြစ်ပါတယ်။အစကတော့လွယ်မော် လို့ခေါ်တဲ့ ပြည်သူ့စစ်ပါ။သူတို့အဖွဲ့ရဲ့လက်မောင်း တံဆိပ်က လွယ်မော် တောင်နှစ်လုံး ပုံ နဲ့ တံဆိပ်ပါ။ဒီ တောင်နှစ်လုံး ပုံကိုခုလက်ရှိသုံးနေတာ ရွှေတောင် ကုမ္ပဏီ ကသုံးနေတဲ့ logo ပုံနဲ့ အတူတူပါဘဲ။ တဖွဲ့ထဲလားတော့မသိပါဘူး ။တန့်ယန်မြို့အရှေ့မြောက်ဘက် နောင်လိုင် ပါဖန် ၆၀၄၁ ဒေသ နမ့်မူဆယ် ရွာအနီး မှာရှိတဲ့ အဲ့လွယ်မော တောင်ပေါ်ကို ၁၉၈၀ ၁၉၈၃ခုနှစ်တို့မှာ ကျနော် ရောက်ဘူးပါတယ် ။တောင်ပေါ်မှာ တရုတ် အုပ်ဂူ အကြီးကြီး ၂ လုံးရှိပါတယ်။လွယ်မော်တွေ ပြည်သူ့စစ်ကနေ သူပုန်ဖြစ်သွားတော့လည်းနဲ့ကျနော်တို့နဲ့ဟုတ်တိပါတ်တိ မတိုက်ပါဘူး။နမ့်မူဆယ်မှာ ဝက်သား ၅ ပိဿာကြေးbasket ball ပုတ်ရင် အရှုံးခံပုတ်ပြီး ဝက်သားပေးပြန်သွားပါတယ် ။ဒေသခံတွေကို အဲဒါဘယ်ရွာသားတွေလည်းဆိုပြီးမေးရင် လွယ်မော် တွေလို့ ပြောမှသိရတာပါ။တကြိမ်မှာတော့ ဗကပ ရှိတဲ့နေရာ သူတို့သိတယ်တဲ့ သူတို့ သွားချမယ်တဲ့ ဒါပေမဲ့ သူတို့မှာလက်နက်ကြီးမရှိလို့ ၈၁ မမ စိန်ပြောင်း ပစ်ကူပေးဘို့ မနက်၅ နာရီက ၅နာရီ၁၀ မိနစ်အထိ အချိန်မိနစ်အတိအကျမြေပုံညွှန်းနဲ့တကွစာလာပို့ပါတယ် ။ ကျနော်တို့ကလည်း အပိုဆောင်ထားတဲ့ ဗုံးသီး ၁၀ လုံးလောက်နဲ့ မကောင်းသူထိတ်ကောင်းသူထိတ် ပစ်ပေးလိုက်ပါတယ်။ မနက်ကျတော့ ဝက်သား၅ ပိဿာလောက်နဲ့ စာတစောင်ရောက်လာပါတယ် တပ်ကလက်နက်ကြီးပစ်ပေးလို့ ဗကပ တွေ အတော်အထိနာပြီး လွယ်မော်က စခန်းသိမ်းလိုက်နိုင်လို့ ကျေးဇူးတင်ပါကြောင်း တဲ့။ နောက်ပိုင်း ခွန်ဆာ ဟာ ယောင်တော်ပြန် လွှတ် ဘိန်းပိုတိုးစိုက်ပြီး သူ့ကိုစစ်သင်တန်းများလေ့ကျင့်သင်ကြား ပို့ချပေးခဲ့တဲ့ ထိုင်ဝမ် က ပညာရှင်များ အကူအညီနဲ့ heroin ချက် လာပါတယ်။သူ့ ဘိန်းဖြူရဲ့အမှတ် တံဆိပ်က ချူးနှစ်ကောင် ကမ္ဘာလုံး တံဆိပ် ဖြစ်တယ်လို့ဆိုပါတယ်။အဲ့မှာ ဦးနေဝင်းအစိုးရကခွန်ဆာကို ဖမ်းပါတယ်။ ခွန်ဆာတပည့်တွေက တောင်ကြီးစပ်စံထွန်းဆေးရုံမှာရောက်နေတဲ့ ရုရှား ပါရဂူ နှစ်ယောက်ကိုပြန်ပေးဆွဲပြီးခွန်ဆာနဲ့ လဲလို့ ခွန်ဆာ လွတ်သွားတယ်။အဲဒီနောက် ပေါ်တင်တောခိုသွားပြီး မှ MTA မုန်းတိုင်းအာမီ ဆိုပြီးပိုကြီးထွားလာတယ် ။ဝ တွေတောင်ပိုင်းရောက်လာတော့MTAခွန်ဆာအဖွဲ့တွေနဲ့နယ်လုရော။တပ်နဲ့ဝ ပေါင်းတိုက်တော့ ခွန်ဆာ ကွဲရော ဒါနဲ့အလင်းဝင်ရောပေါ့ဗျာ ။အဲ့မှာလက်နက်ချပွဲလုပ်တော့ ထောင်ဂဏန်းရှိတဲ့ခွန်ဆာရဲဘော်များကို ငွေ ၁၀၀၀ ကျပ် နဲ့ခရီးသွားလက်မှတ်ပေးပြီးပြန်လွှတ်ပါတယ် ။အဲ MTA ဟောင်းတွေက သူတို့ရွာတွေပြန်ရောက်တော့ ဘာမှလုပ်စားစရာမရှိပါဘူး ။လယ်မဲ့ယာမဲ့ ကျွဲမရှိနွားမရှိ အရင်းအနှီးမရှိပေါ့။ဒါနဲ့ လက်နက်ချပွဲပြီး ရက်အနည်းငယ်ကြာတော့ ဒုဗျူဟာမှုး အဆင့်ရှိတဲ့ရွက်ဆစ်က လူ ၄/ ၅ယောက်နဲ့ တောပြန်ခိုသွားပြီး ရွာပြန်ရောက်သွားတဲ့ ဘာမှလုပ်စားစရာမရှိတဲ့ MTA ဟောင်းများကိုပြန် စု တော့တာပါဘဲ။ဒါကြောင့် အင်အားကြီးတဲ့ ရှမ်းအဖွဲ တဖွဲ့ ပြန်ပေါ်လာရတာပါ ။အဓိကပြောခြင်တာက ငြိမ်းချမ်းရေးယူလာတဲ့အဖွဲ့တွေရဲ့စားဝတ်နေရေးကိုပြစ်ပယ် ထားမယ်ဆိုရင် ပြန်ပြီးတောခို သံသရာလည် ပြီး ဂျာအေးသူ့မေ ရိုက် ဇတ်လမ်းများနဲ့ ဒေသခံများစစ်ဘေးစစ်ဒဏ်သင့်နေဦးမှာဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်ဗျား။ကဲ ကဲ လူ မသူတော် အပေါင်းတို့ ၁ ၂ ၃ စဆဲနိုင်ကြပါပြီ ( ၂၀၁၄ အောက်တိုဘာ ၂၁ )

ကြာတော့ ကြာပြီ - - - - ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့ကြီးမှာ ကျနော်တို့တိုက်ခိုက်ရေးအင်အား ၅၀၀ ရှိတဲ့တပ်ရင်း ခလရ ၇၈ တရင်းလုံး တိုင်းမှုး ဗိုလ်မှုးချုပ် စိန်အောင် ရဲ့ ရမခ လက်အောက် နမ္မတူ ဂွင် ထဲက နမ့်ဟိုင်း ဆိုတဲ့ရွာကြီးကိုရောက်နေခဲ့ပါတယ်။တပ်ရင်းမှုးက ဒုဗိုလ်မှုးကြီး သူရ ကျော်ကျော်ချို ပါ ။အဲ့အချိန်မှာ ဗကပ အင်အား ၁၀၀၀ လောက်က လွယ်ကြက်တောဆိုတဲ့ ပုပ္ပါးတောင်ကလပ်ကြီးလိုမတ်ဆောက်တဲ့ တောင်ထိတ်ပေ ၆၀၀၀ ကျော် မှာ နေရာယူထားပြီး လီရှောမ တယောက်နဲ့ စာပေးခိုင်းကာ တပ်ကိုစိန်ခေါ်ပါတယ်။ အဲ့တောင်ပေါ်မှာ ဘုရားခြေတော်ရာရှိတာကြောင့် ရှမ်းလို လွယ် ဆိုတာက တောင် ဆိုတော့ လွယ်စက်တော် လို့ခေါ်ရာကနေ လွယ်ကြက်တောလို့ခေါ်ကြောင်း သိရပါတယ် ။တော်ပေါ်မှာ ဘိန်းခင်းတွေ အပြည့်ရှိပါတယ် ။ တပ်ရင်းမှုးက ခရိယာန် ဘာသာကိုးကွယ်သူ ဆိုတော့ ခရစ်စမတ်နေ့ကြီး စစ်မတိုက်ဘူး ကောင်းမှုကုသိုလ်လုပ်ဦးမယ် မလာဘူး ဆိုပြီး လီရှောမနဲ့ စာပြန်ပေး ကာ လှည့်စားလိုက်ပါတယ် ။အဲ့ဂွင်မှာဘဲ ခလရ ၇၅ က ကျနော်တို့အပါတ်စဉ်က ဇော်ဝင်းအောင် ကျသွားတာ ပူပူနွေးနွေးဘဲရှိပါသေးတယ်။ ညဦးပိုင်းမှာ ဂစ်တာတီးတတ်တဲ့ကျနော်ဦးဆောင်ပြီး ခရိယာန်ဘာသာကိုးကွယ်တဲ့ ကချင် တပ်ကြပ် ဂျမား ကရင် ဆေးဒုတပ်ကြပ် စောဘီထူး ချင်း တပ်ကြပ်ကြီး ကျင်စွမ်းပေါင် တို့နဲ့ ဗမာရဲဘော် ခရစ်လိန် များနဲ့ရွာထဲလှည့်ပြီး ခရိယာန် ဓမ္မတေးတွေ တပျော်တပါး ဆိုကြပါတယ် ။ရွာက ကချင် ပလောင် ရှမ်း လူမျိုးစုံ ဘာသာစုံနေထိုင်တဲ့ ရွာကြီးပါ ။ရွာထဲမှာရှိတဲ့ ဗကပ အမာခံစိတ်ထဲမှာ တပ်ကတော့ ရွာထဲမှာလှည့်ပြီးသီချင်းဆိုနေပြီဆိုပြီး ထင်အောင်လို့လှည့်စားတာပါ ။သန်းခေါင်လောက်ရောက်တော့ မှ တပ်ရင်းတရင်းလုံး မျက်နှာ နဲ့ လက်တွေကို အိုးမဲသုတ်ပြီး night move ချီတက်ခြင်းနဲ့ မတ်ဆောက်တဲ့ လွယ်ကြက်တော တောင်ကြီးကို စတက်ပါတယ် ။မနက်ဝေလီဝေလင်း တောင်ထိတ်ရောက်ခါနီးမှာ တပ်က မလာလောက်ပါဘူးဆိုပြီး မီးလှုံနေတဲ့ ဗကပ ကာကင်း အဖွဲ့ကိုအပြတ်ချေမှုန်းပြီး တောင်ထိတ်ကိုအပြေးတက်သွားတော့ါတောင်ထိတ်ကနေ သဲနဲ့ဆုပ်ပက်လိုက်သလို ကျည်ဆံတွေ ပလူပျံအောင် လှော်ပါလေရော ဗျာတို့ရေ ။အဲ့မှာကြီးမားတဲ့ တိုက်ပွဲကြီးတပွဲဖြစ်တော့တာပေါ့ လေ ။ သူသေ ကိုယ်သေဘဲဗျ ။ ၃ ရက်ကြာတဲ့အထိသူတို့ကမဆုတ်ဘူး အထိခိုက် အကျအဆုံးကများလာပြီ သူတို့က ၁၀၀၀ ကိုယ်က ၅၀၀ ဘဲဗျ ဒါပေမဲ့ကျနော်တို့က တစတစ ရှေ့တိုးတိုးတက်သိမ်းလာတော့ သူတို့ ဟိုဘက်မှာဂျောက်ကမားကြီးဘဲရှိတော့တာ သူတို့ပိတ်မိနေတာပေါ့ဗျာ ။အဲ့မှာတိုင်းမှုးဗိုလ်ချုပ်စိန်အောင်နဲ့ တပ်ရင်းမှုး သူရကျော်ကျာ်ချိုနဲ့ 906 စက်နဲ့ RT ပြောပြီး လေကြောင်းပစ်ကူ လွှတ်လိုက်မယ်လို့ပြောပါတယ် ။အဲ့မှာကျနော်က ပွိုင့်မှာပါ ကျနော်က ပစ်တက် တက် ထိုး လို့အမိန့်ပေးရင်းပြီး ကျား လို့ သံပြိုင်အော်ပြီး ၁၀ လှမ်းလောက်ပြေးတက်လိုက် မှောက်ပြစ်လိုက်လုပ်နေတာပါ အထိခိုက်လဲများပါတယ်။ အဲ့မှာ FM 1 C ဆိုတဲ့စက်နဲ့ဘဏ္ဍာ အခွန် ဒုဝန်ကြီးလုပ်သွားတဲ့ ကိုလှသိန်းဆွေ က ဟရောင် လှဆွေ မင်းက စွတ် ပြီးကျား ထိုးနေ ခံရတာကငါ့တပ်ခွဲကွ ဆိုပြီး ဆဲပါလေရော ။ဟုတ်တော့ဟုတ်တယ် ကျနော်က ရှေ့ဆုံးမှာရောက်နေပြီး တောင်ကုန်းပေါ်က ရန်သူပစ်တဲ့ ကျည်တွေ RPG တွေ ၈၂ မမ တွေ ၆၀မမတွေ က ကျနော့်ခေါ်င်းပေါ်ကျော်ပြီးသူ့တပ်ခွဲကိုချည့်မှန်ကုန်တာ ကျနော့်ထက်ထိခိုက်ဒဏ်ရာပိုများနေတာပေါ့ဗျာ ။အဲ့မှာ အိုင်အို လုပ်နေတဲ့ကိုအောင်စောဝင်း (လက်ရှိ စသုံးလုံးညွှန်ချုပ် )က ဟေ့ရောင် လှဆွေ ဘာမှလုပ်မနေနဲ့ အပြီးသတ်သာ ကျားထိုးပစ်လိုက်တော့ လေယာဉ်လာမှ နိုင်တယ်ဆို သိက္ခါ ကျတယ်လို့ co ကြီးက ညောင်ကမာခရု လုပ်တယ် လို့ အပြတ်အမိန့်ပေးပါလေရော ကျည်ဆံကလည်း တကဒ် ဘဲကျန်တော့တာဗျ ။ဟယ် ထူးတော့ပါဘူးလေ ဆိုပြီး ကဲရဲဘော်တွေ ငါသေရင်သေရဲတဲ့သူရှိရင်လိုက်ခဲ့ကြ ပစ်တက် တက် ထိုး ကျား ဆိုပြီး တက်လုံးကြတာ ပေါ့ ။ဗကပ တွေ လည်း ဒါ လူမိုက်ဖြစ်မယ်ဆိုပြီး အကျအဆုံးများစွာနဲ့ ဂျောက်ကမားထဲ ခုန်ချပြီး ပြေးတော့တာကိုး ။အဲ့မှာ တဖက်တောင် ခြေမှာ ပိတ်ဆို့ရေးလုပ်နေတဲ့ တပ်မ ၉၉ ခမရ ၁၀၉ နဲ့ ပြေးသွားတဲ့ ဗကပ တွေ ထပ်ဖြစ်တော့ သူတို့ ဖွဲ့စည်းပုံပျက်ပြီး နောက်တခါ အဲ့ဂွင်ထဲကို အင်နဲ့အားနဲ့ မလာရဲတော့ပါဘူး ။တိုက်ပွဲပြီးတော့ ကျဆုံးသူတွေမြုတ် အမိန့်ပြန် ဒဏ်ရာရသူတွေ စောင်ကြားနဲ့ ထမ်းပေါ့။နမ့်ဟိုင်းပြန်ရောက်တော့ လှဆွေတို့ က နှပ် ရမယ်မှတ်တယ် ကာကင်း အဖြစ် ရှမ်းရွာကြီးဖြစ်တဲ့ မောင်ငံ ဆိုတဲ့ရွာမှာသွားနေ တဲ့ ။ဒါနဲ့ အဲ့ရွာရောက်တော့ ည ၈ နာရီလောက်ရှိပြီ ညမအိပ်ရ ထမင်းကောင်းကောင်မစားရတာက ၃ ရက်ရှိပြီ ဝမ်းပါချုပ်နေတော့တာ ။အိမ်ရှင် ရှမ်းမကြီးက အိမ်ပေါ်တက်အိပ်ဘို့ ပြောပါတယ် ဒါပေမဲ့ ကျနော်တို့က သွေးတွေချွေးတွေနဲ့စုတ်ပြတ်သပ်နေကြတာကတကြောင်း အဲ့ အိမ်ရဲ့မီးဖိုချောင်က ထမင်းရည်နဲ့ နွားချေးနဲ့ ရွှံ့နဲ့ ကြံထား ပြီး မီးဖိုကြီးကလည်း နွေး နေတာကတကြောင်းတို့ကြောင့် မယ့်ထောက် လူ့ကြိုင်းနွမ်းကနိုက်ကောမဖစ်ဆန် နွမ်းလီလီ လိုက်ရောက်ခ ကြုံးခ လို့ရှမ်းလို ပြောလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ အမေကြီး သားဒီမှာဘဲ ကောင်းကောင်းအိပ်လို့ရတယ် ကိစ္စမရှိပါဘူး ကျေးဇူးတင်ပါတယ် လို့ပြောတာပါ (လေ့လာတဲ့ သူဆိုတော့ ရှမ်းပြည်ရောက်သွားတော့လည်းစကားပြန်မလိုဘဲ ရှမ်းလိုတတ်သွားတာမဆန်းပါဘူး သူများတွေလို အောက်စဖို့တက်ရရင် အင်္ဂလိပ်လို စကားပြန်မလိုတာ မဆန်းသလိုပေါ့) ညမအိပ်ခင် ထမင်းချက်ကွာ ဗိုက်ဝဝစားရအောင် လို့ တပည့် ရဲဘော်ကိုပြောတော့ တပည့်က မီးဖိုပေါ်က မိုးဗြဲဒယ်အိုးကြီးကြည့်ပြီး ဗိုလ်ကြီး ထမင်းချက်ရင်ကြာမယ် ဒီမှာဆန်ပြုတ်တွေဗျ ဖြူဖွေးနေတာဘဲ လို့ပြောပါတယ် ကျနော်က မြီးကြည့်စမ်းကွာ ဆိုတော့ ရဲဘော်က ဇွန်းတပ်ပြီးမြည်းကြည့်ရင်း ဟာ ဟင်းချိုမှုံ့နဲ့ ဆားမပါသေးဘူး တဲ့ ဒါနဲ့ ကျန်ာက ဆာဆာနဲ့တံထွေးမျိုချရင်း နှုတ်ခမ်းသပ်လိုက်ပြီး ဟန်းကောနဲ့ခပ်ပြီး ဆားဟင်းချိုမှုံ့ခပ်ကွာလို့ ပြောတော့ တပည့်က ဒီမှာ ဟန်းကောထက်ကောင်းတယ် ဆိုပြီး ပန်းပွင့်တွေ ပါတဲ့ ကြွေရည်သုတ် တရုတ် ဇလုံ လှလှကြီးတလုံးထဲ ဖြူဖြူဖွေးဖွေး ဆန်ပြုတ်တွေ ခပ်ထည့် တဲ့ပြီး ဆားဟင်းချိုမှုံ့ခပ်လို့ ကျနော်နဲ့ ရဲဘော်တသိုက် တပျော်တပါး လွှေးကြတော့တာပေါ့ ။စားသောက်ပြီးဗိုက်တင်းတင်းနဲ့ မီးဖိုဘေးမှာနွေးထွေးစွာနဲ့ အိပ်ပျော်သွားကြပါလေရော ။ မနက်စောစော အိမ်ရှင်အမေကြီးက ထလာပြီး မီးဖိုတံခါးဖွင့်ပြီး ညက ကျနော်တို့ ဆန်ပြုတ်ထည့်သောက်ပြီး ဆေးကြောမှောက်ထားတဲ့ ကြွေရည်သုတ် ဇလုံကြီး ဆွဲ ထွက်သွားပါလေရော ။ကျနော်က ရဲဘော်ကို အသာနိုးပြီး ဟေ့ရောင် ထ အုံး အမေကြီး ဇလုံကြီးဆွဲထွက်သွားတယ် ဘာလုပ်သလဲ လိုက်ကြည့်စမ်း လို့ ပြောနေတုံး သူ့ သမီးက ဆန်ပြုတ်တွေကို အလှုမှာဟင်းရည်လိုက်တဲ့ သံပုန်းမျိုးနဲ့ တပုံး ခပ်သွားပြန်ပါရော ကျနော်က သူတို့အိမ်မှာ စတုဒီသာ ကျွေးတော့မယ်ထင်တယ် ပေါ့ ။ နောက်တော့ အခြေနေလိုက်ကြည့်တဲ့ ရဲဘော်ပြုံးစိစိနဲ့ပြန် ဝင်လာတယ် ဟောင့် သားရီး ဘာရယ် တာလည်းပြေစမ်း ဆိုတော့ မပြောခြင်ပါဘူးဗိုလ်ကြီးရာ တဲ့ ဆန်ပြုတ်တွေကို ဝက်ကျွေးနေတယ်ဗျ အဲဒါဆန်ပြုတ်မဟုတ်ဘူး ဝက်စာတွေဘဲ တဲ့ ဒါနဲ့နေစမ်းပါဦး ဒို့ ထည့်စားတဲ့ပန်းပွင့်တွေနဲ့ ကြွေရည်သုတ် ဇလုံ လှလှကြီးရော လို့ မေးတော့ ရဲဘော်က မျက်နှာရှုံ့တွတွလုပ်ပြီး အဲဒီဇလုံ ပေါ့ ဘွားတော်ကြီး ရေနွေးနဲ့ခြေဆေး နေတာတွေ့ခဲ့ပါသတဲ့ ဗျာတို့ရေ ( 2014 November 16 )

ကြာတော့ကြာပြီ- - - - ၁၉၈၉ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင် နယ်မှာ ခလရ ၃၄ နဲ့ စစ်ဆင်ရေးတာဝန်ထမ်းရတယ် ။တိုင်းမှုးက ဗိုလ်ချုပ်မောင်အေး ဗျူဟာမှုးက ဗိုလ်မှုးကြီး လှိုင်ထွန်း တပ်ရင်းမှုးက ဒုဗိုလ်မှုးကြီးတင်လှပါ ။၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ကျင်းပခါနီးပြီဆိုတော့ မဲဆွယ်ဘို့လာတဲ့ nld ကဆရာမကြီးရွှေကူမေနှင်း အဖွဲ့ကို ဆီဆိုင်မှာ လုံခြုံရေးလုပ်ပေးရပါတယ် ။ကျနော်ကရွှေကူမှာကျောင်းနေဘူးတော့ ဆရာမရဲ့ တပည့်ပေါ့ ။ ဆရာမကြီးရော ကျနော်ရော ပြန်တွေ့ရတာဝမ်းသာနေတာပေါ့ ။လူထုဟောပြောပွဲပြီးတော့ ကျနော်က ဖမ်းမိထားတဲ့ နွားမှောင်ခိုတွေကို ဆီဆိုင်ကနေ လွိုင်ကော် အထိခြေလျင်မောင်းပို့ရတယ်။လမ်းမှာ ကားနဲ့နောက်ကလိုက်လာပြီးလွယ်ကော်ကိုခရီးဆက်မယ့် ဆရာမကြီးတို့ nld ကားတွေက နွားမောင်းနေတဲ့ ကျနော်တို့ရဲဘော်တွေကို ရေတွေ မုန့်တွေ ပေးပါတယ်။အဲ့အကြောင်းကို ဆရာမကြီးရွှေကူမေနှင်းက ပြည်သူ့ခောတ်ထဲမှာထည့်ရေးပြီး အဲ့တုန်းက လုံခြုံရေးလုပ်ပေးခဲ့တဲ့ တပည့်ဗိုလ်ကြီးလေး ဘယ်ရောက်နေလည်း ဗိုလ်ချုပ်တွေ ဝန်ကြီးတွေ ဖြစ်နေသလား ဆိုပြီးရေးတာဖတ်ရတော့မှ ဂျာနယ်တိုက်ကတဆင့်ဖုံးနံပါတ်စုံစမ်းပြီး ဆက်သွယ်လိုက်တော့ ဆရာမကြီးလည်း အံ့သြဝမ်းသာသွားပါတယ်။ကျနော်တင်ပြလိုတာက အဲ့ဆီဆိုင်ဂွင်မှာ နွားမှောင်ခို အလွန်ပေါပါတယ် ။ကျနော်ကလည်း နွားမှောင်ခိုတွေ့ရင်ထိထိရောက်ရောက်ဖမ်းပြီးအပ်ပါတယ် လုံးဝ မညှိပါဘူး ။(တချို့ တပ်တွေရဲတွေဆီဆိုင်က ထောက်လှမ်းရေးဆွယ်မှုးတို့က ငွေယူပြီးလွှတ်ပေးပါတယ် )။တခြားတပ်တွေ နွားဖမ်းမမိတဲ့ဂွင်ကို လှဆွေ တပ်ခွဲ နဲ့ချိန်းပေးလိုက်ရင် နောက်မကြာခင်မိတော့တာပါဘဲ ။ကျနော်မိတဲ့နွားကောင်ရေ က မနည်းပါဘူး ။ဒါပေမဲ့ မိတဲ့နွားတွေကို လွိုင်ကော်ကိုခြေလျင်မောင်းပို့ရတာက အလွန် စိတ်ညစ်စရာပါ လမ်းမှာ ကောက်ရိုးတောင်းကျွေးရတာလည်း ခဏခဏဆိုတော့ အားနာစရာကြီးပါ ။ဒါနဲ့ နွားမှောင်ခို မဖမ်းတော့ဘူးကွာဆိုပြီး နွားမောင်းလမ်းကြောင်း မဟုတ်တဲ့ တောင်ထိတ်တက်စခန်းချပြန်တော့လည်း နွားမှောင်ခို ဆိုညှိမရဘဲဒင်းကြမ်းဖမ်းတဲ့ ဗိုလ်မုတ်ဆိတ် တပ်နဲ့ မတွေ့ရအောင်ဆိုပြီးတောင်ထိတ်က ရှောင်မောင်းလာတဲ့ နွားအုပ်နဲ့တဲ့တဲ့တိုးလို့ဖမ်းရပြန်ပါရော။
ကျနော်ကရှေ့တန်းဆိုရင်ဆံပင်မညှပ်ဘူး နူတ်ခမ်းမွှေးမုတ်ဆိတ်မွှေးမရိတ်ပါဘူး ။ဒါကြောင့် ကျနော့်ကိုဗိုလ်မုတ်ဆိတ်လို့ရွာသားတွေကခေါ်ပါတယ်။ဆံပင်ညှပ်တဲ့ရဲဘော်တွေ့ရင်မင်းငါ့တပ်ခွဲမှာ
မနေနဲ့တော့လို့ပြောတာပါ ။ဒါကြောင့်ကျနော့်တပ်ခွဲဟာ လူကြီးရုပ်ပြမကောင်းတော့မြို့နားနီးနီးနေရတယ်မရှိပါဘူး တောင်ထိတ်တို့ ဇနပုဒ် အစပ်တို့တွေမှာဘဲ အခြေပြုရတာပါ ။ဒါပေမဲ့ကျနော့် ရဲဘော်တွေကကျနော်နဲ့နေရတာတအားပျော်ပါတယ်။ဗိုလ်ကြီးလှဆွေတပ်ခွဲကဘဲနွားတွေမိနေပြီး ကျန်တဲ့တပ်တွေ မမိတော့ ဗျူဟာမှုး ဗိုလ်မှုးကြီး လှိုင်ထွန်းက ကျနော့်ကို ဆီဆိုင်မြို့မှာခေါ်တွေ့ပြီးဆယ်ကောင်မိရင် တကောင် ဆု ယူပါဆိုပြီး ဆုချပါတယ် မိတာက အကောင် ၁၂၀ ကျော်ဆိုတော့ ၁၂ ကောင်ရတာပေါ့ ။ဒါနဲ့တပ်စုမှုး ဗိုလ်ကိုကိုဦးနဲတိုင်ပင်ပြီး ရှမ်းကယားနယ်စပ် ပွန်ချောင်းနားက ပိန်းချစ်ရွာသူကြီး ဦးသြတ ကို ဆုရတဲ့နွားတွေ ရောင်းလိုက်ပါတယ်။ရတဲ့ပိုက်ဆံနဲ့တပ်ခွဲတခွဲလုံး 2030 အစနဲ့ ယူနီဖေါင်းချုပ် တရုပ်လည်ရှည်ဖိနပ် လည်စီးအနီ တွေအားလုံးဆင်ပြီး အကြပ်အဆင့်တွေကို field jacket တထည်စီ ဝယ်လိုက်ပါတယ် ။ကျနော်နဲ့တပ်စုမှုး ကိုကိုဦးတို့က အမေရိကန် အီကွေးမင့် တွေဘာတွေဝယ်တာပေါ့ ။တပ်ခွဲတခွဲလုံး စိမ်းလန်းတောက်ပြောင်နေတာပေါ့ ။သိပ်မကြာပါဘူးဗျာ ကျနော်တို့ နွားတွေဝယ်တဲ့ ရွာသူကြီး ဦးအောတ က ဗိုလ်ကြီးတဲ့ ကျနော့်ကိုတပ်ကနွားတွေဝယ်လို့ဆိုပြီး knpp ကဒဏ်ရိုက်တယ်တဲ့ လာတိုင်ရော ။ဒါနဲ့knpp သတင်းကျနော် စပြီးစုံစမ်းပါတယ် ။သူတို့ရွာစဉ်ဆက် ပြီးဆက်ကြေးကောက်တဲ့ ပုံစံကို တလ စောင့်ကြည့်ပြီး မျှောထားလိုက်ပါတယ် ဥပမာ a b c ရွာစဉ်ဆက်ကောက်သွားတဲ့ပုံစံပေါ့။နောက်လကျတော့ a ရွာကောက်ပြီး b ရွာကောက်ပြီဆိုတာနဲ့ ရန်သူဟာ နောက်နေ့ c ရွာကိုကောက်တော့မယ်ဆိုတာ ကျနော်သုံးသပ်မိပြီပေါ့ ။ဒါနဲ့တပ်ရင်းမှုးကိုတိုက်ခွင့်တောင်းတော့ အစိုးရိမ်ကြီးလွန်းပြီးမိဘနဲ့သားသမီးသဖွယ် ဆုံးမတတ်တဲ့ တပ်ရင်းမှုးကြီးက မင်းသွားမလုပ်နဲ့ knpp ကော်လံ ၄ က စစ်ကြောင်းမှုးစိုင်းဘို ဆိုတာ အတော်မာတဲ့ကောင် တဲ့ ပြီးတော့ ဒို့တပ်က ရှမ်းပြည်နယ်ဘဲ နယ်နိမိတ်ပါတာ ကယားဘက်မပါဘူး တပ်ခြင်းမှားလိမ့်မယ်တဲ့ ။ ဒါဆို ထီးစကားစခန်းက ဗိုလ်ကိုကိုဦးကို ရိက္ခါပို့တဲ့တာဝန် ကျနော်ယူလိုက်မယ်ပြောတော့ သွားပြီးပြန်လာခဲ့တဲ့ ။ကျနော်က အကြံနဲ့ပါ ထီးစကားရောက်တာနဲ့ ဟေ့ရောင် ကိုကိုဦး fight မှာလားဆိုတော့ ဟိုကောင်က သူ့တပ်စုတစုလုံးသေနပ်တိုက်ပြီး ကျနော်အလာ စောင့်နေတာဗျ လက်ကယားနေပြီ။ဒါနဲ့ရဲဘော်တွေ အိပ်ခိုင်းထားပြီး ကျနော်တို့ အရာရှိ ၂ ယောက်ထဲ စစ်ရေးသုံးသပ်ကြတာပေါ့ ကျနော်က နောက်နေ့ ဆက်ကြေးကောက်ခံရမယ့်ရွာကသွားစောင့်ရင် အမာခံသတင်းပေးတာနဲ့ လာမှာမဟုတ်ဘူး အဲ့ရွာနားမှာ စခန်းချလို့ကောင်းမယ့် ရေ ရှိတဲ့နေရာရှိလားဆိုတော့ တပ်စုမှုး ဗိုလ်ကိုကိုဦးက ဒေါသနော ဆိုတဲ့နေရာမှာ ရေထွက်တခုရှိတယ် ရောက်တော့မရောက်ဘူးဘူးလို့ပြောပါတယ် ဒါဆို လွယ်လင်လေးရွာက ပြည်သူ့စစ်ကိုခေါ်ကွာ ဆိုပြီး ခေါ်ခိုင်းလိုက်ပါတယ် ပြည်သူ့စစ်ရောက်လာတော့ ကျနော်က ကဲပြည်သူ့စစ်ကြီးး လွယ်ကော်ကို တောလမ်းက သွားတဲ့လမ်းသိလားဆိုပြီး ဒေါသနော ရေ ထွက်ဘက်ခြမ်းကနေ ဝိုက်ပြီးပြတော့ အဲ့လမ်းသိတယ်ဆိုပြီးပြောပါတယ် ဆက်ပြီး ဆီဆိုင်ဘက်ကို တောလမ်းကသွားတဲ့လမ်းရှိလားဆိုတော့ ရှိတယ်တဲ့ ဒါဆို မနက်ဖန် နေထွက်ချိန်မှဘဲအေးဆေး တောလမ်းကနေဆီဆိုင်ဘက်သွားမယ် မင်းလိုက်ပို့ လို့ ပြောပြီး ငါတို့ ဆေးလိပ်ကုန်သွားလို့ တစီးလောက်သွားဝယ်ကွာ ဆိုပြီးရွာထဲပြန်လွှတ်လိုက်ပါတယ်။ကိုကိုဦးက အကိုကြီးကလည်း ပြည်သူ့စစ်ကယုံရတာမဟုတ်ဘူးဘာလို့ပြန်လွှတ်လိုက် ရတာလည်းတဲ့ အဲ့ကောင် သူပုန်ကိုသတင်းပေးမှာသိလို့ ပြန်လွှတ်လိုက်တာလို့ အချိန်နဲ့ အကွာအဝေးအရ မနက် ၆ နာရီဝေလီဝေလင်းအချိန်တိုက်ပွဲဖြစ်လိမ့်မယ် လို့ အပြတ်ပြောလိုက်ပါတယ် ရဲဘော်တွေကို အိပ်ခိုင်းထားပေမဲ့ ကျနော်တို့အရာရှိနှစ်ယောက်က အသေးစိပ် စီမံနေကြတာနဲ့ မအိပ်လိုက်ကြရပါဘူး မနက် ၁ နာရီလောက်မှာ ရဲဘော်တွေ နိုးပြီး ကွန်မန်ဒို ၂၅ ယောက်ဘဲ ထုတ်နုတ် လိုက်ပါတယ်။မလိုက်ရတဲ့ရဲဘော်တွေက ပွစိပွစိလုပ်လို့ နောက်တပွဲပေါ့ကွာလို့ပြောရပါတယ်။ရန်သူက ၈၀ လောက်ရှိတယ်လို့သတင်းရထားပါတယ် ။မျက်နှာတွေ လက်တွေ အိုးမဲသုတ် ပြီး night move ချီတက်ကြပါတယ် ပထမတော့ ဆီဆိုင်ဘက် စထွက်ပြီး ၁ မိုင်လောက် ရောက်မှ ကဲပြည်သူ့စစ်ကြီး ဒေါသနော ရေထွက်ကို ပြန်ကွေ့ လမ်းပြပေတော့ လို့လဲပြောလိုက်ရော ပြည်သူ့စစ်ကြီးခမျာ မျက်စိမျက်နှာတွေ ပျက်ပြီး ခြေတွေလက်တွေ တုန်နေပါတယ် ။ ကျနော်က မင်းငါ့နောက်က လိုက်ပါကွာ ဘယ်ကွေ့ညာကွေ့သာပြောပါ ဘာမှမဖြစ်စေရပါဘူး ရွာတွေ ကိုတော့ ကွင်းရှောင် ပြီးသွားပါ လို့ ချော့ပြောရတာပေါ့။မနက်၆ နာရီထိုးဘို့ ၅ မိနစ်အလိုမှာ ကျနော်တို့ တပ် ဆီဆိုင်ဘက်ပြန်မှာပါလ်ု့ သတင်းမှား ရထားတဲ့ knpp ကော်လံ ၄ ဟာ ကင်းတောင်မှမရှိဘဲအမဲသားနဲ့ အာလူးရောချက်မလို့လုပ်နေတဲ့ ထမင်းချက်တယောက်ဘဲ အိပ်ယာက ထ နေလေတော့ ကျနော့်တပ်ခွဲကွန်မန်ဒိုတွေရဲ့ခြေမှုန်းခြင်းကို မရှု့မလှ ခံရပါလေရော ။ကျနော့်ဘက်က အ ကျအဆုံးမရှိ ပေမဲ့ ဒဏ်ရာရ တာတော့ရှိပါတယ် knpp ကတော့ ကော်လံ ၄ စစ်ကြောင်းမှုး စိုင်းဘို အပါအဝင် အကျဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားကြပါတယ် ။ ပထမတော့ ကျတဲ့ထဲမှာ စိုင်းဘို ပါမှန်းမသိပါဘူး တိုင်းမှုး ဗိုလ်ချုပ် မောင်အေး ဆီက တပ်ရင်းမှုးဆီတိုက်ရိုက်ပြောပြီးအလောင်းကို ဓါတ်ပုံရိုက်ခိုင်းမှ သိရတာပါ ။နောက်တပါတ်လောက်ကြာတော့ စိုင်းဘိုရဲ့ရွာမှာသူ့အမေက ရက်လည်ဆွမ်းသွတ်ပါတယ် ကျနော်က ရဲဘော်တယောက်ခေါ်ပြီး နို့ဆီ ငါးလုံးသွားကန်တော့ပါတယ် ။ကျနော်က စိုင်းဘိုရဲ့အမေကို စကားနဲနဲ ပြောခဲ့ပါတယ် အမေ ဒီတိုက်ပွဲမှာ ကျနော်ကျဆုံးခဲ့ရင် ကျနော့်မိသားစု ခုချိန်မှာ ငိုနေကြပြီ စိုင်းဘိုနဲ့ကျနော် တခါမှ မတွေ့ဘူးပါဘူး ငယ်ငယ်က ရီးစားလုဘက်လည်းမဟုတ်ပါဘူးလို့ သူ့တာဝန်သူထမ်းဆောင်တာဖြစ်လို့ ဘဝကူးကောင်းဘို့သာ အလှုအတန်းလုပ်ပြီး အမျှဝေလိုက်ပါလို့ပြောပြီး ထိုင်ကန်တော့ခဲ့ပါတယ်။knpp ကော်လံ ၄ ဟာ စစ်ကြောင်းမှုးနောက်တယောက်တက်လာပါတယ် စိုးကျော်ဝင်းပါ ။သူတို့ကိုတိုက်ဘို့လိုက်ပေမဲ့သူကကျနာ့်တပ်ခွဲနောက်ကကပ်လိုက်တဲ့နည်းနဲ့ ရှောင်ပါတယ်။
ဆက်ကြေးကောက်တာကိုလည်း မသိအောင်ကောက်ပြီး သတင်းပေးရင် သတ်ပစ်တဲ့နည်းကိုသုံးတော့ ဘာသတင်းမှမရတော့ပါဘူး။ဒါနဲ့ သတ္တိ သိပ်ရှိတဲ့ ဗိုလ်ကိုကိုဦးနဲ့ တိုင်ပင်ရပါတယ် ငါဆီဆိုင်ဘက်ပြန်မယ် ဗိုလ်မုတ်ဆိတ် ပြန်ပြီဆိုရင် ဒီကောင်တွေထွက်လာမှာဘဲ မင်းလုပ်ရဲလားဆိုတော့ သိပ်လုပ်ရဲတာပေါ့တဲ့။ဒါနဲ့ကျနော်လည်းထင်သာမြင်သာအောင် ရွာထဲလှည့်ပြီး ဆီဆိုင်မြို့ကိုပြန်တော့မယ် ဘာမှာကြဦးမလဲ ဘာညာ Faint သုံးတာပေါ့ ပြီးတော့ တကယ်ထွက်သွားရော ။မသွားခင် သူကြီးဦးအောတ အိမ်မှာ အဲ့အချိန်ကခောတ်စားတဲ့ ချင်းလီတို့ ကြုံးတက် တို့ ဘီယာတွေသောက်သွားတာပေါ့ ။အဲ့သူကြီးအိမ်မီးဖိုထဲမှာ ဗိုလ်ကိုကိုဦးနဲ့ကွန်မန်ဒို ရဲဘော် ၃ ယောက် ပုန်းကျန်ခဲ့ပါတယ်။ကျနော်လည်းထွက်ရော ဘာမှမကြာပါဘူးဗျာ ကော်လံ ၄ စစ်ကြောင်းမှုးအသစ် စိုင်းကျော်ဝင်း ခေါင်းဆောင်တဲ့knpp ၄၀ လောက်ရွာထဲ ဝင်လာပါလေရော ။စိုင်းကျော်ဝင်းက သူကြီး ခုန တပ်ကသောက်သွားတဲ့ အတိုင်း ဆက်သောက်မယ် ဘီယာချ ဆိုပြီးပြောနေတုန်း ဗိုလ်ကိုကိုဦး နဲ့ ရဲဘော် ၃ ယောက်က ထွက်ပြီး အတွဲလိုက် ဆွဲ ပါလေရောစစ်ကြောင်းမှုးအသစ် စိုင်းကျော်ဝင်းအပါအဝင် ဗိုလ်အဆင့် ၄ ယောက်လုံးကျသွားပြီး သူတို့ တပည့်တွေလည်းဖရိုဖရဲပြေးကြရတော့တာပေါ့ ။ရတဲ့သေနပ်တွေ မြေပုံတွေ ဆက်ကြေးငွေတွေ အိုင်ကွန် စက်အသစ်တွေ အကုန် စ က္ကူစုတ်ပါမကျန် ရပခ အထိ ကျနော်ကိုယ်တိုင်သွား အပ်ရပါတယ်။ (တိုင်းမရောက်ခင် ဂုတ်ထောက်နေတဲ့ဆံပင်ညှပ်ရတာ နှမြောပါဘိ ) ဗျူဟာမှုးဗိုလ်မှုးကြီးလိုင်ထွန်းက ချီးကြူးဂုဏ်ပြု ကြေးနန်း ပို့ပါတယ်။ရပခ ရောက်ပြီးပစ္စည်းတွေအပ်ပြီးနောက်နေ့ သူငယ်ချင်းကိုသွားနှုတ်ဆက်ပါတယ် သူငယ်ချင်းက တိုင်းမှုး pso ဆိုတော့ သန့်ပြန့်နေတာပေါ့ ။သူက သယ်ရင်း လိုတာပြော ဘာညာပေါ့ အဲ့မှာ သူ့ ခါးမှာ ချိတ်ထားတဲ့ အိုင်ကွန် အသစ်ကြီးက ကျနော်အပ်ထားတာကြီးဗျ ။ဒါနဲ့ သယ်ရင်းမင်းခါးကဟာ ငါမနေ့ကမှအပ်ထားတာဘဲ ဆိုတော့ ဟောင့် မင်းပြန်တော့တဲ့ ဗျာတို့ရေ ( 2014 November 17 )

နယ်စပ်ဒေသ ဘက်ရှိ ဘိန်းခင်း တစ်ခု (  Photo by 9dblood.net )
 ၁၉၉၉ မှာ ကျနော်ကတပ်ရင်းမှုးပါ ကြာပြီပေါ့ - - ရမခ ဘက်မှာ-ရှေ့တန်းစစ်ဆင်ရေးထမ်းဆောင်နေပါတယ် အဲ့အချိန်တုံးက ဘိန်းချက်စခန်းတွေ အဓိက လိုက်လံရှာဖွေ တိုက်ခိုက်သိမ်းပိုက် ဖမ်းဆီး လုပ်ရပါတယ် ဘိန်းဖြူချက်တယ်ဆိုတာ ရေအမျိုးအစား က အရေးကြီးပါတယ် တောကြိုအုံကြား က လျိုမြောင်တွေကြားမှာ လက်နက်ကိုင်တွေက ဘိန်းခိုးချက်ကြတာပါ ဒီချောင်းရေ ကဘိန်းချက်လို့ရရင် အဲ့နားမှာဘိန်း ချက်တာကိုမိသွားရင် မေ့လောက်တဲ့အချိန် အဲ့ချောင်းဘေးတနေရာမှာဘဲ ဘိန်းပြန်ချက်လေ့ရှိပါတယ် ရေတိုင်းဘိန်းချက်လို့ မရဘူးလေ ဒီတော့ ဘိန်းချက်စခန်းမိဘူးတဲ့ ချောင်းဘေးတလျှောက် လှည့်လယ် ရှာဖွေ ရတာပေါ့ ။တခြားချောင်းဘေးသွားမရှာနဲ့ မတွေ့ပါဘူး ။ တနေ့မှာ ဖမ်းမိနေကျချောင်းဘေးမှာ ဘိန်းပြန်ချက်နေပြီဆိုတာ သတင်းရ လို့ချောင်းရိုးတလျှောက်အပြန်ပြန်အလှန်လှန် လိုက်ရှာတာမတွေ့ပါဘူး။ရေတံခွန်သုံးခုလည်းရှိတော့ သွားလာရအတော်ပင်ပန်းပါတယ်။ ဘိန်းချက်စခန်းကို အပ်ကျမတ်ကျ ဒက်ထိ လိုက်ပြနိုင်တဲ့သူရှာရမှာပေါ့ ။ဒါနဲ့ အကြံထုတ်ရတာပေါ့ ။ဈေးနေ့မှာ ဈေးပေါက်ဝနားသွားပြီး ကုလားထိုင်တလုံးနဲ့ ရေဒီယို နားထောင်ရင်း အကဲခတ်နေတာပေါ့ ။ကျနော်ရှာမှာက အမြဲတမ်းမပြတ် ဘိန်းဖြူသုံးစွဲသူတယောက်ကိုရှာမှာပါ ။ဒါကလွယ်ပါတယ် သိပ်မကြာပါဘူး အသားအရေ ညိုညစ်ညစ်ကွက်တိကွက်ကြားနဲ့ လူတယောက် တွေ့ပါတယ် သူ့လက်တွေမှာ အပ်ရာတွေ မြင်မကောင်းအောင် ရှိနေပါတယ် ။ကျနော်က အဲ့လူကို လူမသိသူမသိ တပ်စခန်းထဲ ခေါ်ခဲ့ဘို့ ရဲဘော်တွေကို အချက်ပြလိုက်ပါတယ် ။ကျနော်ကစခန်းထဲကစောင့်ပေါ့ မကြာခင် အဲ့ လူ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပါလာတာပေါ့ ။ကျနော်က လက်ပြန်ကြိုးတုပ်ပြီး ခုံတလုံးမှာထိုင်ခိုင်းလိုက်ပါတယ် ပြီးတော့ ဖမ်းမိထားတဲ့ ဘိန်းဖြူတဇွန်းလောက်နဲ့ ထိတ်မှာအပ်ပါတဲ့ ဒရစ်ပိုက် အပြတ်လေးတခု ကို စာပွဲပေါ်မှာချပေးထားပါတယ်။ဒီလူဟာ တနေ့ကိုဘိန်းဖြူ ၁၀ ကြိမ်လောက် အကြောထဲထိုးနေရသူဆိုတာ သူ့တကိုယ်လုံးက အပ်ပေါက်ရာတွေကြည့်ရင်သိသာပါတယ် ။သူတို့က ဆေးထိုးအပ်မလိုပါဘူး ဇွန်းနဲ့ဖျော်ထားတဲ့ ဘိန်းဖြူ အရည်ကို ဒရစ်ပိုက်နဲ့ ပါစပ်နဲ့စုတ်လိုက်ပြီး အကြောထဲကိုအပ်စိုက်ပြီး မှုတ်သွင်းလိုက်တာပါ ။ကျနော်က ဒီလူ ဘိန်းဖြူနေ့စဉ်ဝယ်လို့ရနေတဲ့အိမ်ကိုပထမမေးပါတယ် ဘယ်ကဝယ်လည်းပေါ့ သူက မပြောပါဘူး နေ့တပိုင်းလောက် ကြိုးတုပ်ထား တာရယ် သူ့ရှေ့စာပွဲပေါ်မှာ အဆင်သင့်တင်ထားတဲ့ ဘိန်းဖြူကိုတွေ့နေရတော့ ဒီလူဆေးသုံးခြင်ပြီး ယင်းထ နေတာပေါ့ ။ဒါနဲ့ မင်းပြောပြရင် လက်ဆောင်ဆုလဒ်တွေ အများကြီးပေးမှာနော် လို့ ကမ်းလှမ်းရတာပေါ့ ။နောက်တော့ပြောပါတော့မယ် ဆိုတော့ ကြိုးဖြေပေးလိုက်တာပေါ့ ။ကိုယ်တော်က ကတုန်ကယင်နဲ့ ဘိန်းဖြူ ဖျော်ပြီး အကြောထဲကို ပါစပ်နဲ့ တချက်မူတ်သွင်း လိုက်ပြီးမှ သူအမြဲဝယ်နေကျ အိမ်ကို ပြောတာပေါ့ ဒါနဲ့ ည ၁၂ နာရီလောက် ရွာထဲက အဲ့အိမ် တက်ရှာတော့ ဘိန်းဖြူ ကီလိုဝက်လောက်နဲ့ အက်စစ် ပုန်းတချို့ရပါတယ်။ဒါနဲ့ ညတွင်းခြင်းဘဲ အဲ့အိမ်ရှင်နဲ့ ခုနဘိန်းစားနဲ့ ခေါ်လာပြီး တောထဲက ဘိန်းချက်စခန်းကို တက်ဝိုင်းတော့ မနက်လင်းပြီဗျ ။ရေကတော့ အဲ့ဘိန်းဖြူချက်နေကျ ချောင်းရေပါဘဲ ဒါပေမဲ့ ချောင်းဘေးမှာမလုပ်ဘဲ ချောင်းနဲ့ ၅ မိုင်လောက်ဝေးတဲ့အထိ ပိုက်ပျော့ မဲမဲ ကြီး နဲ့မြေမြုတ်သွယ်ထားတာဗျ ။ဒါကြောင့် ကျနော်တို့ရှာမတွေ့တာကိုး ။တပ်က စခန်းအဝင်ခွေးဟောင်ပြီဆိုကတည်းက သေနပ်သံလေးငါးချက်ပစ်ပြီး ဘိန်းချက်သူတွေကပြေးပြီ ဗျ ။လားတွေ မြင်းတွေ အပါအဝင် ဘိန်းဖြူတွေ နံပါတ် 4 အဆင့်မရောက်သေးတဲ့ နံပါတ် 3 အဆင့် ဘိန်းပန်းရောင်တွေ သိမ်းကြုံးဖမ်း ဓါတ်ပုံရိုက်ပေါ့ ။အားလုံးပြီးတော့ မီးရှို့ခါနီးမှာ ခုနကဖမ်းခေါ်လာတဲ့ ဘိန်းစား ကို ကဲ မင်းလိုတာယူ ဆိုပြီးခွင့်ပြုလိုက်တော့ ခုန ကျနော်တို့နိုင်ငံတော်ကိုအပ်ဘို့ ကြုံးထားတဲ့ ဘိန်းဖြူဘန်းကြီးတွေထဲက လက်ကျန်တွေ ကိုခြစ်ယူတာ ဒီကောင့်အတွက် တလ စာလောက်တော့ အေးဆေးရသွားမှာပေါ့ ။သူ့ကိုလည်း မသိမသာလေးပြန်လွှတ်ပေးလိုက်ပါတယ် ။ဟိုလူကိုတော့ ဖမ်းပေါ့ ထောင်ချပေါ့ ။ ။အဲ့မှာဘာသင်္ခန်းစာရလဲဆိုတော့ ဘိန်းဖြူချက်လို့ရတဲ့ ရေချောင်းဘေးမှာ မချက်ဘဲ ချောင်းနဲ့ဝေးရာမှာ ပိုက်နဲ့သွယ်ပြီး ချက်တတ်တယ်ဆိုတာသိသွားတာပေါ့ ။ဒါနဲ့ အဲလိုချက်နေကျချောင်းစပ်တလျှောက်မှာ ပိုက်မဲမဲတွေ လှို့ဝှက် သွယ်ထားတာတွေ လိုက်ရှာကြတော့ နောက်ထပ် ၂ ဖို ထပ်မံဖေါ်ထုတ်တိုက်ခိုက်ဖမ်းဆီးရမိတာပေါ့ ။အဲ့စစ်ဆင်ရေးအပါတ်ကကျနော့်တပ် ကဖမ်းမိတဲ့ဘိန်းဖြူနဲ့ ဆက်စပ်ပစ္စည်းတွေဆေးပြားတွေဟာ တနိုင်ငံလုံးဖမ်းမိတဲ့စာရင်း သတင်းစာထဲမှာပါလာတော့ ကျနော်မိတာက ၉၀% ဖြစ်နေတာတွေ့ရပါတယ်။အဲ့လိုဘိန်းချက်စခန်းတွေ ပိုက်စိပ်တိုက် ရှာဖွေတိုက်ခိုက်နေတုံး ကျနော်ဖခင် ဘုန်းကြီး ဘဒ္ဒန္တ ပညာသီဟ ဆွမ်းခံရင်း ပျံလွန်တော်မူကြောင်း နောက်တန်းက ကြေးနန်းရပါတယ် ။အဲမှာ ရှေ့တန်းတပ်မက ကိုလှဆွေ ခွင့် ပြန်မယ့်ရက် တင်ပြပါတဲ့။ပြန်တော့ပြန်ခြင်တာပေါ့ အဖေဆုံးတဲ့ဟာဘဲ။စစ်ဆင်ရေးကလည်း အရှိန်ကောင်းနေတယ်လေ ။ဘိန်းချက်ဖိုတွေမိတော့ လက်နက်ကိုင်တွေကလက်တုန့်ပြန်ဘို့ စီစဉ်နေတယ်လို့ကြားထားပါတယ်။ကျနော်က ရှေ့တန်းမှာ သား ၂၅၀ ရဲ့သေရေးရှင်ရေး လုပ်နေရလို့ ဖခင်တယောက် ကွယ်လွန်ခြင်းအတွက် ခွင့်မပြန်တော့ပါ လို့ ကြေးနန်းပြန်ပို့လိုက်ပါတယ် ။အဲ့ကြေးနန်းလည်း ပို့လိုက်ရော စက်သွယ်ရေးဆက်နဲ့ တပ်မမှုးက တက်လာပါတယ် သူရိန် စက်ပေါ်တက်ပါ တပ်မမှုး ၇၀ ကိုင်မယ် ပေါ့။ ၇၀ ကိုင်တယ်ဆိုတာ စကားပြောတာကိုဆိုတာပါ ။သူရိန်ဆိုတာ တပ်ရင်းမှုးပါ။တပ်မမှုး ညောင်ပါခင်ဗျား ကျနော် လင်းယုန်ဆရာ ပါလို့ပြောလိုက်တော့ ဟရောင် လင်းယုန်ဆရာ မေ- ေ-း မင်းခွင့်ပြန်မလားမပြန်ဘူးလား ဒါဘဲပြော ငါ့အဖေ သေတော့ ငါမပြန်ခဲ့ရဘူး မင်း ကိုငါ့လက်ထက်မှာခွင့်ပြုပေးနိုင်လို့ ကမာသုံးကောင်အထိ ခွင့်တောင်းပြီးပြီ ခုချက်ခြင်းပြန် ၁၀ ရက်နေခဲ့ မေ- ေ-းလေး ဒါဘဲ ဆိုပြီး စက်ပိတ်သွားပါလေရော ဗျာ ။ ၉၆ ပါ လို့တောင်မပြောလိုက်ရဘူး ၉၆ ဆိုတာ လိုက်နာဆောင်ရွက်ပါမယ်ပေါ့။ဒီလိုနဲ့ နောက်တန်းမှာတောင် ခွင့်မတင်ဘူးတဲ့ ကျနော်ဟာ တပ်မမှုး ကျေးဇူးနဲ့ ရှေ့တန်းကနေ ခွင့် ၁၀ ရက်ရရှိပြီး ဖခင်ဘုန်းကြီးရဲ့ ဈာပန သာမက ရက်လည်ပါ မှီခဲ့ရပါတယ် ။အနည်းဆုံး တနှစ်တခါ ဖခင်ရဲ့အရိုးအိုးအုပ်ဂူကို သန့်ရှင်းရေးသွားလုပ်ပါတယ်။နောက်တော့ အဲ့လက်နက်ကိုက်အဖွဲ့လည်းအချင်းချင်းမူးယစ်ဆေးလုကြရာကပြိုကွဲပြီး တပ်မတော်က အဲ့ဂွင်ကိုအလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ တာဝန်ခံပြီး ကျနော့်ကို ခွင့်ပေးပြန်စေခဲ့တဲ့ တပ်မမှုးကတော့ သူရဲကောင်း နှစ်ထပ်ကွမ်း ဘွဲ့ရ ဗိုလ်မှုးချုပ်အောင်သိန်းလင်း ပါ ခင်ဗျား  ( 2014 November 23 )

( တစ်ခုလေးတော.အသိပေးပါရစေ ။ ကျွန်တော်တို.အနေနဲ. အများသိသင်.တယ်ထင်တာလေးတွေ ၊ မှတ်တမ်းမှတ်ရာ အဖြစ်ရှိနေတယ် ထင်တာလေးတွေကို စုစည်းဖော်ပြရာမှာ ကာယကံရှင်တွေဆီက တိုက်၇ိုက်ခွင်.တောင်း ဖော်ပြဖြစ်တာမျိုး မရှိသလောက်ပါပဲ ။ များသောအားဖြင်.လည်း ဖော်ပြရင် မူရင်အတိုင်းပဲ ဖော်ပြလေ.ရှိပြီး သုံးသပ်ချက် ၊ ပြင်ဆင်ချက် စတာတွေ လုပ်လေ.ရှိတာမို. ပြသာနာတော.မရှိလောက်ဘူးဆိုတဲ့ အယူအဆနဲ.ပါ ။ ဒါပေမယ်.လည်း အားလုံးလိုလိုကိုတော. ဘယ်ကရပါတယ် ၊ ဘယ်သူ.ဆီက ယူပါတယ် ကို တရားဝင်ဖော်ပြပေးလေ.ရှိပါတယ် ။ အချို.ကိုတော. Facebook ကနေဖြစ်စေ ၊ Message ကနေဖြစ်စေ ဒါလေးတော. ဒီလို ကူးယူဖော်ပြထားပါတယ် ဆိုတာမျိုး အကြောင်းကြားလေ.ရှိပါတယ် ။ ခုဒီ Post ဆိုရင်လည်း ဦးလှဆွေရဲ. မူရင်းအကောင်. Wall က Status တွေကို မူရင်းအတိုင်း ( စာလုံးပေါင်းတောင်မပြင်ပဲ ) စုဆောင်းကူးယူဖော်ပြတာပါ ။ ပုံတွေကိုလည်း မူရင်းဖော်ပြတဲ့အတိုင်းအားလုံးနီးပါး တွဲဆက်ဖော်ပြထားတာသာဖြစ်ပါတယ်ဗျာ )

ဆက်စပ်ဖတ်ရှုရန်


No comments:

Post a Comment