Friday, July 28, 2017

ဝိုင်းစုခိုင်သိန်း က တိုက်ခိုက်တာတွေကို ထပ်ပြီး သည်းခံတော့မှာ မဟုတ်ဘူး တဲ့



ဝိုင်းစုခိုင်သိန်းကတော့ လက်တလောမှာ အကောင့်တုတွေနဲ့ ဝိုင်းပြီး တိုက်ခိုက်တာတွေ ကြုံနေရတယ်လို့ သိရပါတယ်။ အဲ့ဒီ အကောင့်တုတွေက သူမဘာလုပ်လုပ် သူမရဲ့ ပို့စ်အောက်တိုင်း သူမရဲ့ အင်တာဗျူး အောက်တိုင်းမှာ လိုက်ပြီး တိုက်ခိုက်တာ တွေလုပ်နေခဲ့တယ်လို့ သူမက ဆိုပါတယ်။
သူမအနေနဲ့ ဘယ်သူ့ကိုမှ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုရေးသားတာတွေ မရှိခဲ့ပေမယ့် သူမကို ယခုလို စော်ကား တာတွေနဲ့ ပတ်သက်ပြီး နောက်ထပ် သည်းခံနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို သူမရဲ့ အကောင့်မှာ ယခုလို ရေးသား ထားပါတယ်။

"ကျေးဇူးပြု၍ ဝိုင်းစုလို့ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖော်ပြပြီး "အစော်ကားခံရပါတယ် ဒီလောက်စော်ကား ရင်ကျေနပ်ပါတော့"ဆိုပြီး နောက်ထပ်မရေးမိပါစေနဲ့... ဝိုင်းစု ဒီနေ့ဒီအချိန်အထိ ဝိုင်းစုရဲ့ ကိုယ်ပိုင် facebook wallမှာရော page မှာရော အင်တာဗျုးများမှာပါ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခြင်း ရေးသားခြင်း မရှိခဲ့ပါဘူး။ တကယ်တမ်း ဝိုင်းစုရဲ့ပုံတွေတင် နာမည်တွေတပ် ဝိုင်းစုဆိုထားတဲ့ သီချင်းစာသားတွေ အခွေTiltle နာမည်တွေနဲ့တကွ ဖော်ပြပြီး  တိုက်ရိုက်စော်ကား ဂုဏ်သိက္ခာချခံခဲ့ရတာ ဝိုင်းစုပါ။


ဘယ်သူကအစော်ကားခံရတယ်ဆိုတာ အားလုံးအသိပါ...အမှန်ကိုအမှားဖြစ်အောင် ပြောင်းပြန်ပြန်မလုပ်ပါနဲ့။ အရင်တချိန်ကလို အကွက်ချစီစဉ်မှုတွေ ခြိမ်းခြောက်မှုတွေ မစားရတဲ့အမဲသဲနဲ့ပက်တတ်တဲ့ အကျင့်တွေကို ဒီနေ့ဒီအချိန် အထိ သယ်လာတုံးပဲလား။အကြောင်းရှာ စွပ်စွဲပြောဆိုရေးသားခြင်းများဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။ ဝိုင်းစုသည်းခံသင့် သလောက် သည်းခံခဲ့ပြီးပါပြီ။ နောက်ထပ်တကြိမ်မှစ၍သည်းခံတော့မည်မဟုတ်ပါ" ဆိုပြီး ပြောထားပါတယ်။


သူမဘက်ကနေ ယနေ့အချိန်ထိ ရပ်တည်ပေးကြတဲ့ ပရိသတ်တွေကိုတော့ သူမအနေနဲ့ ကျေးဇူးတင်သလို ပရိသတ်တွေ အတွက် ဆက်ပြီးတော့ ကြိုးစားသွားမယ်လို့လည်း Myanmar Celebrity မှာ ဖြေဆိုပေးထားပါသေးတယ်။
မကြာသေးခင် ရက်ပိုင်းက ထွက်ရှိထားတဲ့ ဝိုင်းစုရဲ့ မယ်သီတာ သီချင်းခွေကလည်း ပရိသတ်အားပေးမှု ရရှိနေဆဲ ဖြစ်ပါတယ်။


Photo : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ် & Duwun