Saturday, May 11, 2013

ထိုကားမျိုးတော. အားမပေးလိုပါ (မျက်လုံးလေး ကလယ်ကလယ် )

မြန်မာကားတွေမကြည်.ဘူး
မြန်မာကားကြီးလား  ဆိုသော အသံတွေကြားရတော. မကျေမနပ်ဖြစ်မိသည်..
ဒါများ ဒါပြီးရင် ဒါဖြစ်မယ် ကြည်.စရာ မလိုဘူးကြိုသိတယ် 
သိမှာပေါ. မြန်မာရေးတဲ့ဇာတ်လမ်းကို မြန်မာတွေသရုပ်ဆောင်တာကို မြန်မာတွေကကြည်.တာ ဘာမသိစရာရှိလဲ  တစ်ခါတစ်ခါ မထင်မှတ်တဲ့ အလှည်.အပြောင်းနဲ. ဇာတ်သိမ်းတော. ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်ကြသည်
လူ.အကြိုက် နတ်မလိုက်နိုင်ဆိုတော. သိပ်ထွေထွေ ထူးထူး ပြောနေဖို.တော.မလို

ဆိုးသည်က  ထူးထူးခြားခြားကြည်.ချင်ကြသော်လည်း  ကြည်.နေကျထက် သိပ်ကွာဟသွားပြန်တော.လည်း သိပ်လက်မခံချင်ကြ...ဖန်တီးသူများဘက် ကိုလည်းကိုယ်ချင်းစာပါသည်...ဇာတ်ပေါင်းခန်းရောက်လျှင် ပထမ မင်းသမီးသည် ပထမမင်းသားနှင်.သာ ပေါင်းချင်သည်   ကျန်ခဲ့ရမည်ကို အောက်သလိုလို
ထိုအခါကြည်.ရသူတို.က မင်းသမီး၂လက် မင်းသားတစ်လက်ပါလျှင် သေချာသည် ဒုတိယမင်းသမီးက ကျန်ရစ်ဖြစ်မည်ကို သိပြီးသားဆိုတော. ဇာတ်ကခံစားရတာပေါ.သွားသည်


ခုနောက်ပိုင်း လွတ်လပ်ခွင်.ကိုလည်း တောင်းဆိုကြ  ဆင်ဆာကလည်း လွှတ်ပေးလာသောအခါ သတိထားမိလောက်အောင် များလာသည်က သရဲကားများသာဖြစ်နေသည်
အဓိပ္ပါယ် နှစ်ခွထွက်သော ညစ်ညမ်းစကားလုံးများကို အတော်များများ သုံးလာကြသည်
အရက်သောက်ခန်း ခပ်ရိုင်းရိုင်းပြောဆိုခန်း များ များများပါလာသည်
ထို.အတူ ယဉ်ကျေးမှုအရ အလိုလိုအသိတရားဖြင်.ရှောင်ကြဉ်ခဲ့ကြသော ပြကွက်များကို သွေးတိုးစမ်း ထည်.လာကြသည် .(.ေ၇ကူးဝတ်စုံများ  လင်မယားခန်းများ အိပ်ခန်းတွင်းရိုက်ချက်များစသည်ဖြင်.).တစ်ယောက်တည်း၏ သဘောထား သက်သက်ကိုပြောရမည်ဆိုလျှင် လွတ်လပ်ခွင်.တို.အထဲတွင် ယဉ်ကျေးမှုမပါစေချင်  ထို.အတူ ဘာသာရေးလည်းမပါစေချင်
(ဤနေရာတွင် ဘာသာရေးလွတ်လပ်ခွင်.ဆိုသည်က  လွတ်လပ်မှုကိုအကြောင်းပြုပြီး တစ်ဘာသာနှင်. တစ်ဘာသာ စော်ကားပြောဆိုခြင်းကိုသာ ရည်ရွယ်ပါသည် ...လွတ်လပ်စွာကိုးကွယ်ခွင်.ကို မရည်ရွယ်ပါ...သို.သော် ဘာသာတရား၏ စောင်.စည်းထိမ်းသိမ်းဖွယ် ပညတ်ချက်တို.ကို လွတ်လပ်ခွင်.အကြောင်းပြ လိုတိုးပိုလျှော. လုပ်လာခြင်းများကလည်း နှစ်သက်ဖွယ်ရာတော.မဟုတ်ပါ...ဘာသာတရားကို အသစ်အဆန်းသော ယူဆဖွင်.ဆိုပုံများသည် မူရင်း တန်ဖိုးတို.ကို သိသာစွာလျော.ကျပျက်စီးစေပါသည်)..
ယဉ်ကျေးမှုနှင်. ဘာသာရေး တူညီသည်.အချက်က ထိမ်းသိမ်းနိုင်စွမ်းကို တန်ဖိုး ထားရခြင်းဖြစ်သည်...

ယခုကတော. ထူးဆန်းလျှင်ပြီးရော မရိုက်ရဲတာမရှိစေရ ဆိုသောအတွေးအခေါ်များကြားအရှေ.တိုင်း၏ စံတန်ဖိုးများကြား ယဉ်ကျေးမှု အိနြေ္ဒသိက္ခာ အရှက်တရား စသည်တို.ကို ဘာမဆိုလုပ်ရဲရိုက်ရဲသည် ဆိုသောစိတ် ငွေကြေး အောင်မြင်ခြင်း ကျော်စောမှု တို.ဖြင်.လဲလိုနေကြသည်..ထိုကဲ့သို.ကိစ္စရပ်များကို ပြတ်ပြတ်သားသား တုန်.ပြန်ကြရမည်ဖြစ်သည်....ယခင်က ကိုယ်ခန္ဓာ အောက်ပိုင်းကို ကြိမ်ကွင်းများခံကာ ခြေမျက်စိဖုံး ၀တ်ဆင်ခဲ.ကြသော အနောက်နိုင်ငံအမျိုးသမီးတို.၏ လက်ရှိ ၀တ်စားဆင်ယင်မှုများက မည်သို.ပြောင်းလဲသွားနိုင်သည် ဆိုသည်. သက်သေပင်....

ကျွန်မက နှင်းဆီပါမောင် ဆိုသော ဇာတ်ကား မှာမရိုက်ခင်ကတည်းက ဂယက်ထ မင်းသမီးပါအပြောင်းအလဲဖြစ်ခဲ့ရသည်..ထိုအခန်းမျိုးကို ရှောင်ကြဉ်ခဲ့သော မင်းသမီးမှာ ဂုဏ်သိက္ခာပိုင်းအရ မြင်.တက်ခဲ့ ရသလို အားလုံးကလည်းလေးစားချီးကျုးခဲ့ရသည်...ယခုတစ်ခါလာပြန်ပြီ
မျက်လုံးလေးကလည်ကလည် ဆိုသော ဇာတ်ကား
ထိုဇာတ်ကားကို ဖန်တီးခဲ့သော ဒါရိုက်တာ၏ အမျိုးသမီးကပင်လျှင် သူ. Facebok မှနေ၍  ရှုတ်ချခဲ့သည်



ဒီကား ကို ဖန်တီးတဲ့ သူ က ကျမ နံရိုးရှင် ဒါရိုက်တာဝင်းထွန်းထွန်း ဖြစ်နေတဲ့ အတွက် ..ကျမ ကိုယ်တိုင် .. အဲဒီ ဒါရိုက်တာကို ပြင်းထန်စွာ ရှုံ့ချကြောင်း ပြောလိုပါတယ် ..

နောက်တခါ ဒီလိုမျိုး ရိုက်ဦးမယ် ဆိုရင် ..
ကျမ ဘယ်လိုမှ လက်မခံနိုင်တဲ့ အတွက် ..ကျမ ဘာလုပ်မယ် ဆိုတာ စောင့်ကြည့်လိုက်ပါ .. ဒါရိုက်တာ ..
ပြင်းပြင်းထန်ထန် ကို ရှုံ့ချပါတယ်
$ ရှက်ကင်းမဲ့လိုက်တာ ဆိုတာ ..ရှက်စရာကောင်းလှတယ် ..
လွန်လွန်းလှတယ် ..စောက်ရှက်ကွဲတယ် ဆိုတာ အဲလိုမျိုး ..
အဟတ်ဟတ် ..
ဘယ်လိုမှ ကို ဖြေတွေးတွေးပေးလို့မရတဲ့ .. ကိစ္စ တခု ဖြစ်ပါတယ် ..
စိတ်ကုန်လှတယ် ..
ရှက်လှတယ် ..

ကျမ က အားလုံး ကို သူ့ကိုယ်စား တောင်းပန်ပါတယ် ...နောက်မဖြစ်စေ ရပါဘူး ..
ကျမ wall ပေါ်မှာ cmt အနေနဲ့ လာ share ပေးတဲ့ Soe Min Oo ကို ကျေးဇူးအထူးတင်ရှိပါတ်
ကျမ က သူဘာတွေရိုက်တယ် ဘယ်သူတွေနဲ့ ရိုက်တယ် ဆိုတာ မသိတော့
နောင် ဒါမျိုးတွေ့ခဲ့ရင်လဲ လက်တို့ပေးကြပါဦး ရှင် ..
ကျမ နံရိုးရှင် ဒါရိုက်တာ ဝင်းထွန်းထွန်း .. ရိုက်ကူးခဲ့တဲ့ 
မျက်လုံးလေး ကလယ် ကလယ် ဆိုတဲ့ ဇာတ်ကား နဲ့ပတ်သက်ပြီး .. 
ဝေဖန် ရှုံချ ပြစ်တင်မှု တွေ ကို .. 
ကျမ ဝမ်းနည်းနာကျင် ထိခတ် ခံစားရတာထက် .. 
ဒါဟာ ပြောသင့်တဲ့ .. လက်ညှိုးထိုးသင့်တဲ့ .. အမှန်တရား .. တခုမို့ .. 
ကျမ ဝမ်းနည်းနာကျင်ရပေမဲ့ .. လူတိုင်း ပြောသမျှ .. ကို .. 
ကျမ လက်ခံပါတယ် .. 
ကောင်းအတူ ဆိုးအတူ ပေါ့ ရှင် .. 

သူ ကောင်းခဲ့တာတွေအတွက်ချည်း .. ကျမ စံနေရတာ များပါပြီ ... 
တခုလေးပဲ တောင်းပန်ချင်တာက .. 
သူ့ရဲ့ ဖန်တီးမှု ကို ကြိုက်သလိုထောက်ပြလို့ရပါတယ် .. 
သူ့ ရဲ့ အနုပညာသက်တမ်းတလျှောက် .. 
ဘာမှ မလေ့လာ မစူးစမ်းပါဘဲ .. ဝါးလုံးရှည် နဲ့ သိမ်းကျုံးရမ်း ပြီး .. 
သူစောင့်ထိန်းခဲ့တဲ့ သိက္ခာတွေကိုတော့ မှိုချိုးမျှစ်ချိုး မပြောစေချင်ပါဘူး .. 

အပြစ်ရှိတယ်လို့ ထင်တဲ့အတွက် .. 
သူ့ကိုယ်စား .. ကျမ က တောင်းပန်နေပါတယ် .. 
နောက်မဖြစ်စေရဘူး လို့လဲ ကတိပေးနေပါတယ် .. 

ဆင်းရဲသည်ဖြစ်စေ .. ချမ်းသာသည်ဖြစ်စေ .. 
ကျန်းမာသည် ဖြစ်စေ .. မကျန်းမာသည်ဖြစ်စေ .. 
အောင်မြင်သည်ဖြစ်စေ .. ကျရှုံးသည်ဖြစ်စေ .. 
ကောင်းရင်လဲ တူတူစံပါ့မယ် .. မကောင်းတာတွေကိုလဲ တူတူမျှဝေပါ့မယ် .. 

ကျမ သူ့ကိုယ်စား အထပ်ထပ် တောင်းပန်ပါတယ် ရှင် .. 
ဟုတ်ကဲ့ ရှင် .. 
ကျမ ဒါရိုက်တာဝင်းထွန်းထွန်းရဲ့ဇနီး .. သစ်သစ်မြင့်ဆိုင် ပါ .. 
ကျေးဇူးတင်ပါတယ် ..



ဤ Video File လေးမှာ Naychiwin Win  
Facebok Wall ပေါ်မှရယူလာခြင်းဖြစ်ပြီး 
{မျက်လုံးလေး ကလယ်ကလယ် ဗီင်္ွဒီယို
(အပင်ပန်းခံပြီး ငှားလာတဲ့အခွေကိုကော်ပီကူး ဖောမတ်ဖက်ထရီနဲ့ အန်ပီဖိုးပြန်ပြောင်း ကောင်းခန်းလေးတွေရွေးထုတ် ဂျိုင်နာနဲ့ပြန်ပေါင်း နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် မကြည့်ရသေးတဲ့သူရော ကြည့်ပြီးသားလူတွေအတွက်ရော တင်ပေးလိုက်တယ် ;P)
အားအားယားယားဖေ့ဘုတ်သုံးသူတစ်ဦးတက်တူး ;P} ဟုရေးသားထားပါသည်


 ဒါရိုက်တာဝင်းထွန်းထွန်းက Daily Eleven နှင်.
. Interview တွင်တော. မြန်မာပ၇ိသတ်က နည်းနည်းခေါက်ရိုးကျိုးတဲ့ အနေအထားတော.ရှိတယ်..ချစ်သူနှစ်ယောက် နယ်ကျွံသွားပြီဆိုရင် နှင်းဆီပန်းလေးကြွေကျသွားတာကိုပဲ ကြိုက်တယ် ..ကိုယ်တို.ကျတော.လည်း ကားတွေရာချီပြီးရိုက်လာခဲ့တဲ့ တစ်လျှောက် ခောတ်အဆက်ဆက်နှင်းဆီပန်းတွေပဲ ခြွေချလာခဲ့ရတော. ရိုးအီလာတဲ့အတွက် အသစ်အဆန်းလေး လုပ်ထားတယ်..မင်းသားမင်းသမီးတွေက တကယ်နမ်းတာမကြိုက်သလို ကိုယ်တို.လည်း မနမ်းခိုင်းဘူး..ဒါပေမယ်. နမ်းတယ်လို.ထင်အောင်ရိုက်ရတယ် အဲဒီမှာ သရုပ်ဆောင်ရဲ.ပီပြင်မှုကြောင်. တကယ်နမ်းတယ်ထင်သွားပြီး နှင်းဆီပန်းပဲခြွေချစေချင်တဲ့သဘောရှိတယ်...အဲဒီအပေါ်မှာတော. ဝေဖန်မှုတွေအများကြီးရှိနေပါတယ်...အနုပညာရှင်ဆိုတာ အသစ်အဆန်းတွေဖန်တီးဖို.အတွက် ဒီလောကထဲရောက်လာတာဖြစ်လို..အသစ်အဆန်းတွေဖြစ်အောင်ကြိုးစားနေရပါတယ်..ဝေဖန်မှုတွေကို
ကြောက်ပြီး အနုပညာကို ဆက်မဖန်တီးဘူးဆိုရင်တော. ကိုယ်အနုပညာပေါ်မှာ သစ္စာဖောက်တဲ့ ဒီလောကထဲမှာ ဒီလောကထဲမှာ ဆက်မရှင်သန်သင်.တဲ့ သူလို. စွပ်စွဲရမယ်. သူတွေ ဖြစ်သွားပါလိမ်.မယ်..ပရိသတ်ကို ကတိပေးနိုင်တာက မြန်မာ.ယဉ်ကျေးမှုကို မသွေဖယ်တဲ့ မိသားစုတွေအားလုံးကြည်.ရှုနိုင်တဲ့ ဇာတ်ကားကောင်းတွေကို ဆန်းသစ်မှုတွေနဲ.အတူ ဖန်တီးသွားမယ်ဆိုတာပါ....ဆင်ဆာလွတ်လပ်ခွင်.ပေးတိုင်း အရမ်းလုပ်တာတွေကိုလည်း ကျွန်တော်မကြိုက်ပါဘူး

ပရိသတ်တစ်ဦးအနေနှင်.တစ်ခုပဲပြောလိုပါသည်....ထိုကဲ့သို.ယဉ်ကျေးမှုဆိုင်ရာ လိုက်နာဖွယ်ရာများကို သွေဖည်၍ ဖန်တီးမှ ရသပေးနိုင်မည်. ဇာတ်ကားမျိုးကိုတော. စိတ်မ၀င်စားပါ....အစရှိအနောင်နောင်ဖြစ်တတ်ပါသည်...တစ်ဦးက နည်းနည်းစလုပ်လျှင် နောက်တစ်ဦးကပိုလုပ် ...လုပ်ရဲသည်ကို ရှက်စရာဟုမမြင်တော.ပဲ သတ္တိဟုဂုဏ်ယူလာကြမည်. အဖြစ်မျိုးကိုတော. မလိုလားပါ ...တကယ်.ကမ္ဘာကျော် ဇာတ်ကားများ...ဇာတ်လမ်းတွဲများသည် အဖော်အချွတ်များ ...လိင်ပိုင်းဆိုင်ရာကိစ္စရပ်များ ကိုအသုံးပြုပြီးစိတ်ဝင်စားအောင်...အောင်မြင်အောင် စွမ်းဆောင်ခဲ့ကြခြင်းမဟုတ်ပါ..အနီးစပ်ဆုံးပြောရလျှင် ညတိုင်းစောင်.ကြည်.နေကြရသည်. ကိုရီးယားဇာတ်လမ်းတွဲများသည်  သူတို.ရိုးရာကိုစောင်.ထိန်းရင်းအောင်မြင်နေကြခြင်းဖြစ်သည်က အထင်အရှားပင်....

ထိုဇာတ်ကား တစ်ခုလုံးကို Youtube တွင် ကြည်.ရှုနိုင်ပါသည်
http://www.youtube.com/watch?v=6XlQAml85SY

Source ; Daily Eleven . Oppsiteye 

ဆက်စပ်ဖတ်ရှုရန်   မြန်မာကားတွေ ကွဲထွက်အောင် ဒီလိုရိုက်မယ်တဲ့



No comments:

Post a Comment