Wednesday, May 1, 2013

မြို.လေးဆီက ယဉ်ကျေးလိမ္မာသင်တန်းများ

 
ဟိုးယခင်နှစ်များတည်းက ဖွင်.လှစ်လာခဲ့သော သင်တန်း တစ်ခု

 ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းများတွင်ကြီးပြ့င်းရသော ဘ၀များ ..ဘုန်းတော်ကြိးကျောင်းများ ရဟန်းသံဃာတော်များနှင်. အနီးကပ်ဆက်ဆံကြီးပြင်းရသော ဘ၀များ ယခုထက်ပိုများပြားသော ဟိုးယခင်ကာလများဆီက ယခုခောတ်ကဲ.သို. မကြားဝံ.မနာသာ ပြုမူ ပြောဆို လုပ်ကိုင်ပုံများကို မမြင်ခဲ့ ..မတွေ.ခဲ့ကြရ...သို.သော် ယခုနောက်ပိုင်း လူငယ်တို.အဖို. ရဟန်းသံဃာတော်တို.နှင်. နည်းလမ်းကျကျ ပြောဆိုတတ်သူ အရေအတွက်က သိသိသာသာလျော.ကြလာနေကြသည် ။ 

လူကြီးမိဘအရွယ်များ ငွေကြေး ပိုင်ဆိုင်မှု အရှိန်အ၀ါတို.အတွက် နေ.ရော ညပါကြိုးစားနေကြချိန် ...အဘိုးအဘွားဆိုသည်ကလည်း ပိုက်ဆံချမ်းသာလျှင်တော. ခရီးပေါက် ပြီးမြောက်နိုင်သော်လည်း သားသမီး အရိပ်ခိုနေကြရသူများအဖို. ကလေးထိမ်း အိမ်စောင်. သာသာမို. ဘယ်မြေးကမှ အရာမထင် မလေးစား  ကိုယ်ဆုံးမခွင်.ဆိုတာ ဟိုးးးး ခပ်ဝေးဝေးမှာ  အဲဒီတော. အိမ်နေသားသမီးများကား ငယ်လျှင် လမ်းထဲဆော. ကြီးလျှင် Game ဆိုင်နှင်.အပြင်ရောက် အရွယ်ရောက်စ အရွယ်ရောက်ပြီးသူများထဲ အလှုမရှိလျှင် ဘုန်းတော်ကြီးကျောင်း တစ်လ တစ်ခေါက်ရောက်ဖူးဘို.ဆိုတာ ...............

သို.သော် ယခု ဆယ်စုနှစ်များအတွင်းတွင်မူ ဘာသာ ..သာသနာရေးစိတ်များ တစ်ကျော.ပြန်နိုးထလာမှုကြောင်.ထင်. ...ဘာသာရေးဆိုင်ရာ သင်တန်းများ ယခင်ထက် ပို အာရုံစူးစိုက်လာနေကြသည်...မြို.လေးတွင်လည်း  ဟိုးယခင်ကတည်းက ဘာသာရေးဆိုင်ရာ အခြေခံ သင်တန်းများ...ယဉ်ကျေးမှုသင်တန်းများ ရှိနေသလို ယခုနောက်ပိုင်းမှ ထပ်မံဖွင်.လှစ်သင်ကြားပေးလာကြသော သင်တန်းများ ရှိလာနေပါသည်....

ဝါးခယ်မမြို့ နယ်-မိုးမခသက္ကယ်ကျေးရွာ
ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှ
ကျောင်းသား ကျောင်းသူလေးများ (ဓါတ်ပုံ-
Nawin Aung)

 ထိုကဲ.သို. သင်တန်းမျိုးများဖွင်.လှစ်နိုင်ခြင်းအတွက် ကြိုးပမ်းကြသူအားလုံးတို.အား အထူးကျေးဇူးတင်ထိုက်ပါသည်....အချို.သော ဘာသာဝင်များက သူတို.ကလေးငယ်များကို ဘုရားကျောင်းများဆီ ငယ်စဉ်ကပင် ခေါ်ဆောင် အကျင်.ပြုပေးနေကြစဉ်....
သူတို.ကလေးငယ်များကို ဘာသာရေးကျောင်းများဆီ ဂရုတစိုက်ပို.ပေးနေကြစဉ်....
ကျွန်တော်တို. ဘာသာဝင် မိဘများက မိမိတို.ကလေးငယ်များကို ဘုန်းကြီးကျောင်း တစ်လ ဘယ်နှစ်ခေါက်ရောက်အောင်ပို.ဖြစ်ပါပြီလဲ
ဘာသာရေးသင်တန်း ဘယ်နှစ်ခု ပိပီပြင်ပြင် စိတ်ပါလက်ပါ တက်ဖြစ်အောင် ဆွဲဆောင်စည်းရုံးနိုင်ပါပြီလဲ
သတိမေ.မထားသင်.သော အရာဟုတော. ထင်ပါသည်.........

ဘာသာတရားကို မြတ်နိုးသော လေးစားသော လိုက်နာသော ကလေးငယ်များသည် မိန်းကလေးတိုင်းကို မိမိ၏ မိခင်..နှမ သဖွယ်သာမြင်တတ်သောကြောင်. ယုတ်မာရိုင်းစိုင်းသည်. အပြုအမူတို.ကို မပြုလုပ်ကြ......

ဘာသာ သာသနာကိုချစ်မြတ်နိုးသူသည် နိုင်ငံကို အလိုလို ချစ်မြတ်နိုးပြီးဖြစ်သောကြောင်. မျိုးချစ်စိတ်အခြေခံ အလိုလိုရပြီးဖြစ်သည်......


ကုသိုလ်/အကုသိုလ်တို.၏ ကောင်းကျိုးဆိုးချက် တို.ကိုသိနားလည်ကြပြီဖြစ်သောကြောင်. ကံ၅ပါးကို စောင်.ထိန်းရမှန်းသိပြီးဖြစ်သလို ဥပဒေတို.ကိုလည်း အလိုလိုလေးစားလိုက်နာသူများဖြစ်လာကြသည်......


ဘာသာတရား တို.၏အဆုံးအမအောက် ယဉ်ကျေးသိမ်မွေ.သူများ ဖြစ်လာကြသဖြင်. စိတ်အား...နှုတ်အား....ကာယအားဖြင်. ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမူတို.ကို ထိမ်းသိမ်းပြီးသားဖြစ်ကြမည်.........


၂၄-၄-၂၀၁၃ နေ.က ၀ါးခယ်မမြို့ စာရေးကုန်း ရပ်ကွက် တွင်ဖွင်.လှစ်ခဲ့သော ယဉ်ကျေး လိမ္မာအခြေခံ ဗုဒ္ဓဘာသာ သင်တန်း (ဓါတ်ပုံ-တာတီးဘိုး)

 မိမိတို. အစားဝင်အပင်ပန်းခံ သင်ကြားပေးနေသော ဆုံးမပေးနေသော နည်းလမ်းပြပေးနေသော ဤသို.သင်တန်းများ များများပေါ်လာအောင် ...များများတက်ဖြစ်ကြအောင် တော. ကျွန်တော်တို.တွေမှာ တာဝန်ရှိနေသည်ဟု ထင်ပါသည်.....

No comments:

Post a Comment