Tuesday, May 21, 2013

အမျိုးသမီး၃ ဦးအား နှစ်ပေါင်းများစွာ အဓမ္မ ကျင်.ခဲ့သူ

အမေရိကန် နိုင်ငံ အိုဟိုင်းအိုး ပြည်နယ် ကလီဗီလန်း မြို့တွင် အမျိုးသမီး သုံးဦးအား ပြန်ပေး ဆွဲပြီး နေအိမ် ၏ အိပ်ခန်း အတွင်း ဆယ်စုနှစ်ခန့် ပိတ်လောင်ကာ အဓ္ဓမပြုကျင့် သူကို သေဒဏ်ပြစ်ဒဏ် ချမှတ်သည် အထိ ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အိုဟိုင်းရိုး တရားရုံးမှ ရှေ့နေများက ပြောကြား သွားသည်။

အသက် ၅၂ နှစ်အရွယ်ရှိ အာရီရယ် ကတ်စတိုသည် အမန်ဒရာဘယ်ရီ၊ ဂီနာဂျီဆက်နှင့် မီရှယ်လီ နိုက်အမည်ရှိ အမျိုးသမီး သုံးဦးကို ပြန်ပေးဆွဲပြီး ၎င်း၏ နေအိမ် အခန်းအတွင်း ပိတ်လှောင်ကာ အဓ္ဓမပြုကျင့် စော်ကားခဲ့ သည်။ ကျောင်းကား ဒရိုင်ဘာဟောင်း ကတ်စတိုသည် အမန်ဒရာဘယ်ရီ ကို ၂၀၁၃ ခုနှစ်တွင်း ၎င်း ၁၇ နှစ်မြောက် မွေးနေ့တွင် စတင်ပြန်ပေးဆွဲခဲ့ပြီး ဂီနာဒီဂျီဆက်ကို ၂၀၀၄ ခုနှစ် ဧပြီ ၂ ရက် ၎င်း ၁၄ နှစ်သမီး အရွယ်တွင် စတင်ပြန်ပေး ဆွဲခဲ့ကာ မီရှယ်လီနိုက်ကို ၂၀၀၂ ခုနှစ် ၎င်း ၂၁ နှစ် အရွယ်တွင် ပြန် ပေးဆွဲ ခဲ့ကြောင်း သိရသည်။

ကတ်စတိုသည် နေအိမ်သို့ ပြန်ရောက် ပြီးနောက် အပြင်သို့ ပြန်လည် ထွက်ခွာစဉ် နေအိမ် ကို သော့ခတ် ရန် မေ့လျော့ နေချိန်၌ ယင်းအမျိုး သမီး သုံးဦးသည် ထွက်ပြေးကာ အိမ်နီးချင်းများကို အကူအ ညီ တောင်းခံပြီးနောက် ကတ်စတိုကို ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။ ကတ်စတိုသည် အမန်ဒရာဘယ်ရီ နှင့် သမီး တစ်ယောက် မွေးဖွားခဲ့ပြီး ၎င်း ကလေးသည် ကတ်စတိုနှင့် အမှန်တကယ် ရရှိခဲ့သည့် ရင်သွေးဖြစ်ကြောင်း ဒီအန်အေဆေး စစ်ချက်များအရ အိုဟိုင်းအိုး တရားရုံးမှ အတည်ပြု ထုတ်ပြန်ကြေညာ သွားခဲ့သည်။

ထို့ပြင် ကတ်စတိုသည် နောက်ထပ် ရင်သွေး မ မွေးဖွား နိုင်ရန်အတွက် ကိုယ်ဝန်ရရှိ ကြောင်း သိရှိသည်နှင့် တစ်ပြိုင်နက် အဆို ပါအမျိုးသမီး များကို ကန်ကျောက်ခြင်း၊ ထုထောင်း ရိုက်နှက်ခြင်း စသည်ဖြင့် အမျိုး မျိုးနှိပ်စက် ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသမီး သုံးဦးနှင့် ရင်သွေး ဖြစ်သူတို့ကို အမေရိကန် ဒေါ်လာ ရှစ်သန်း နစ်နာကြေး ပေးအပ်ရန် အိုဟိုင်းယို တရားရုံးမှ အမိန့်ချ မှတ်ခဲ့ပြီး ကတ်စတိုကို မကြာမီ ပြစ်ဒဏ်ချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ 
 
Post by :ရိုးရာလေး

No comments:

Post a Comment