Sunday, May 5, 2013

ပီနန် ဆရာတော် ကြီး ဇာတိမြို.လေးဆီ ကြွရောက်တော်မူ

ဆရာတော်ကြီး နာရေးကူညီမှုအသင်း (ရန်ကုန်)နှင်.တွေဆုံစဉ် (ဓါတ်ပုံ-dhammikarama.org)
 ပီနန်ဆရာတော် ကြီး....စင်္ကာပူဆရာတော်ကြီး စသည်ဖြင်. ပြည်ပသာသနာပြု လုပ်ငန်းများတွင် ထင်ရှားကျော်ကြားတော်မူသော ဆရာတော် ဦးပညာဝံသ မထေရ်မြတ်သည် ၂၀၁၃ ဧပြီလ နောက်ဆုံးရက်များဆီက ဇာတိမြို.လေးဆီ ကြွချီအပူဇော်ခံခဲ့ပြီး ဆုံးမသြ၀ါဒ များဟောကြားချီးမြှင်.ကာ ဆွေမျိုးဥာတိ အသိမိတ်ဆွေတို.နှင်.လည်း အမှတ်တရ လာရောက်တွေ.ဆုံသွားခဲ့ပါသည်

ညနေပိုင်းတွင်ဆရာတော်ကြီးသည် ၀ါးခယ်မမြို. ရှစ်မျက်နှာဘုရား အနီးသာသနာ.ဗိမ္မာန် တော်တွင် ကြွရောက်အပူဇော်ခံခဲ့ပြီး လာရောက်ပူဇော်ကြကုန်သော မြို.သူ မြို.သား ပရိသတ်များကို သြ၀ါဒ စကားများမြွက်ကြားခဲ့ပါသည် ...ဆရာတော်နှင်. အတူ လိုက်ပါလာသော တပည်.ရဟန်းတော် တစ်ပါးဖြစ်သည်. ယခင်ကကြာညိုကန်ဟု နာမည်ကျော်ခဲ့သော ၀ါးခယ်မသားဆရာတော် ကလည်း အချိန်ရသမျှလေး ရင်းရင်းနှီးနှီး ပြောဆိုမြွက်ကြားခဲ့ရာတွင် လူမျိုးအချင်းချင်း ဘာသာအချင်းချင်း ရန်သူဟု မှတ်ယူမနေပဲ အေးချမ်းစွာ နေထိုင်ကြနိုင်စေရန် ... မလိုလားအပ်သည်များ မဖြစ်ပေါ်စေရန်လည်း ထည်.သွင်းဆုံးမသွားခဲ့ပါသည်

ထို.နောက် ညဦးပိုင်းရောက်သောအခါ ရွှေခယ်သီရိ ခန်းမ (ယခင်မြို.နယ်ခန်းမ ) သို. ရွှေ.ပြောင်း အပူဇော်ခံခဲ့ပါသည်....ရန်ကုန်မှပါလာသော ရုပ်ရှင်သရုပ်ဆောင် ကြီးများ ..အဆိုတော်ကြီးများက ကျေးဇူးဥပကာရစကားတို.ဖြင်. လည်းကောင်း ...ဓမ္မတေးတို.ဖြင်.လည်းကောင်း ဆရာတော်ဘုရားကြီးကို ပူဇော်ခဲ့ကြပါသည်....

ထိုပူဇော်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင်ကြီး ဒေါ်မြင်.မြင်.ခင်ကလည်း ဆရာတော် ဘုရားသည် သူမ၏ ကျေးဇူးရှင်ကြီးဖြစ်ကြောင်း ပြောဆိုရှင်းလင်း ကျေးဇူးဦးတင်ပြီးလျှင် အခြားသော ကျေးဇူးသိတတ်သူတို.ကလည်း ဆရာတော်ဘုရား၏ ကျေးဇူးတရားတော်ကို ထုတ်ဖော်ချီးမွမ်းကြပြီး ဆရာတော် ဘုရားတို.ပြန်လည် ကြွချီတော်မူပြီးနောက် သရုပ်ဆောင်ကြီးများ ...အဆိုတော်ကြီးများ...၀ါးခယ်မသားအဆိုတော်ကြီးတို.၏ မျိုးဆက်များက သိဆိုဖျော်ဖြေခဲ့ကြရာ သက်ကြီးပိုင်း အဆိုတော်ကြီးတို.၏ သွက်လက်ပျော်မြူးစွာသီဆိုခဲ့မှုတို.က ခန်းမပြည်.နီးပါးရောက်ရှိနေကြသော ပ၇ိသတ်အပေါင်းတို.ကို အထူးအားရကျေနပ်စေခဲ့ပါသည်...အစီအစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်သော ရန်ပိုင်စိုး (တာတူးလေး) က တစ်ဦးလျှင် တစ်ပုဒ်သာ သီဆိုခွင်.ပြုခဲ့သော်လည်း နှစ်ပုဒ်စီမျှတော. ဖျော်ဖြေဖြစ်ခဲ့ကြသည်

ရန်ကုန်မှအဖွဲ.များက ဆရာတော်ကြီးကို ပူဇော်ပွဲအား ရန်ကုန်တွင်သာ လုပ်ချင်သော်လည်း ဆရာတော်ကြီးက ဇာတိမြို.သို.ပြန်လည်ကြွချိတော်မူရင်း မြို.တွင်သာ အပူဇော်ခံလိုသည်ဟု ဆန္ဒရှိသဖြင်. ဤ ပွဲကို ယခုကဲ့သို. ကျင်းပဖြစ်ခြင်းဖြစ်သည်ဟု သိရပါသည်....ဆရာတော်ကြီးသည် မြန်မာပြည်သို. နှစ်၂၀ နီးပါး ပြန်ခွင်.မရရှိခဲ့ပဲ ယခုပြန်လည်ကြွရောက်တော်မူလာခိုက် မြို.လေးဆီ ကြွရောက်တော် မူလာခဲ့ခြင်းဖြစ်ပါသည်....

ဆရာတော်ဘုရား၏ အတ္ထုပ္ပတိ ကို ဤ Link တွင်ဖတ်ရှုနိုင်ပါသည် 

No comments:

Post a Comment