Wednesday, March 28, 2018

နက္ခတ်ပညာရှင် ဦးဇေယျာကို ပြောတဲ့ မြန်မာနိုင်ငံရဲ. အနာဂတ်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ဖြစ်ပေါ်နေတဲ့ သမ္မတအပြောင်းအလဲနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အခြေအနေတွေကို စာဖတ်သူများ သိရှိနိုင်ဖို့အတွက် နက္ခတ်​​ဗေဒ ပညာရှင်ဦးဇေယျာကိုနဲ့ The Fifth Wave News တို့ တွေ့ဆုံမေးမြန်းထားမှုကို တင်ဆက်လိုက်ပါတယ်။ သူဟာ ၂၀၁၈ မတ်လ သမ္မတ အပြောင်းအလဲ နဲ.ပတ်သက်လို. မှန်ကန်အောင်ကြိုတင်ဟောကိန်း ထုတ်နိုင်ခဲ့သူဖြစ်ပါတယ် ။



မေး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး အခြေအနေတွေအရ ဘယ်လိုနက္ခတ်တွေ ဖြစ်ပေါ်နေပါသလဲ။

ဖြေ ၂၀၁၈ခုနှစ်​ ​အောက်တိုဘာလ မတိုင်ခင်အထိ တိုင်းပြည်မှာ စီးပွားရေးပိုင်းဆိုင်ရာမှာလည် ထင်လောက်တိုးတက်ဖွံ့ဖြိုးမှု မရနိုင်​​သေးဘူး။ နိုင်ငံရေးပိုင် အုပ်ချုပ်​​ရေးပိုင်းဆိုင်ရာမှာလည် နိုင်ငံ့ကိုဦးဆောင်​​နေတဲ့ အထက်အကြီးအကဲတွေရဲ့ စိတ်ပင်ပန်း၊လူပင်ပန်းမ များပြားတဲ့အခြေနေတွေ၊ ပဋိပက္ခပြဿ
နာဖြစ်စဉ်​​တွေဆက်ပြီးတော့ ရှိနေသေးတယ်။အနီးစပ်ဆုံး ဧပြီလ ၂ရက်​​နေ့မှာ အဂါင်္နဲ့ နေ ဂြိုလ်​​တွေ ဓနုရာသီခွင်မှာ ဂြိုလ်စစ်ထိုးတဲ့ဖြစ်စဉ်ဖြစ်​​ပေါ်မယ် ဒီဖြစ်စဉ်​​ကြောင် တိုင်းပြည်နိုင်ငံ ဧရိယာအတွင်းမှာလည် တပ်တော်ရဲ့ စစ်ဆင်​​ရေးပိုင်းဆိုင်ရာ ထူးခြားဖြစ်စဉ်​​တွေ ဖြစ်​​ပေါ်လာနိုင်တယ်။တပ်တော်ပိုင်းဆိုင်ရာ ထိပ်တန်းအုပ်ချုပ်သူတွေအနေနဲ့လည် ထူးခြားတဲ့အပြောင်းအလဲတွေ ဖြစ်​​ပေါ်လာနိုင်တယ်။အဂါင်္ နေဂြိုလ်စစ်ထိုးမှုကြောင် အိန္ဒိယ သမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အတွင်းမှာ မုန်တိုင်းဖြစ်စဉ်တစ်ခု ဖြစ်​​ပေါ်လာနိုင်တယ် ဒီအဂါင်္ နေဂြိုလ်စစ်ထိုးမှုဟာ ကမ္ဘာ့ အခင်းအကျင်းမှာလည် မေရိကန်နိုင်ငံနဲ့ အများကြီးပတ်သတ်​​နေတာဖြစ်တဲ့အတွက်​​ကြောင် မေရိကန်နိုင်ငံနဲ့ ပြိုင်ဘက်နိုင်ငံတွေရဲ့ စစ်​​ရေးအားပြိုင်မှု စစ်​​ရေးတင်းမာမှု ထူးခြားဖြစ်စဉ်​​တွေပေါ်ပေါက်လာနိုင်သလို မေရိကန်နိုင်ငံရဲ့နေရာဒေသအချို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင် လူပေါင်းများစွာထိခိုက်တာမျိုးတွေ ဖြစ်​​ပေါ်လာနိုင်တယ် ဖြစ်​​ပေါ်နိုင်တဲ့ ကာလအပိုင်းအခြားကတော့ ၂၀၁၈ ဧပြီလဆန်းကနေစတင်ပြီးတော့ ၂၀၁၈မေလအတွင် လတာ ကာလအတွင်းမှာ တိုင်းပြည်နိုင်ငံရဲ့ ရေးကိစ္စရပ်​​တွေမှာရော ကမ္ဘာ့အခင်းအကျင်တွေမှာရော သတိထားပြီးတော့စောင့်ကြည့်ရမယ် ဖြစ်စဉ်​​တွေရှိတယ်။အဂါင်္ နေ စစ်ထိုးမှုကြောင့်ပဲ လက်ရှိမြန်မာနိုင်ငံမှာဖြစ်​​ပေါ်နေတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခ ရေးအခင်တွေမှာ ထပ်မံပြီးတော့ ဆိုးရွားတဲ့ဖြစ်စဉ်​​တွေပေါ်ပေါက်လာနိုင်တယ် အဂါင်္ နေဂြိုလ်စစ်ထိုးမှုမှာ နိုင်ငံရဲ့လက်ရှိအတိုင်ပင်ခံပုဂ္ဂိုလ်​ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓနုရာသီလက်​​ပေါ်မှာ လာပြီးတော့ ဂြိုလ်စစ်ထိုးမှုရယ် သူ့ရဲ့မူလ ဇာတာခွင်မှာရှိတဲ့ နေဂြိုလ် ရာဟုဂြိုလ်​​တွေကို ဂြိုလ်စစ်ထိုးတဲ့ အဂါင်္ နေဂြိုလ်​​တွေက မြင်ထားတယ် သူ့ရဲ့မူလဇာတာမှာရှိတဲ့ ဓနုလက်နဲ့ဂိတ်​​ပေါ်ကိုလည် ဂြိုလ်စစ်ထိုးတဲ့ကောဇာ အဂါင်္ ၊စနေဂြိုလ်​​တွေက စီးနင်းထားတာဖြစ်တဲ့အတွက်​​ကြောင်ဒေါ်အောင်ဆန်စုကြည်နေနဲ့ ရုတ်တရက်ကျန်းမာရေးအညံ့ပေါ်ပေါက်တာရယ်ကျန်းမာရေးအညံ့ကြောင် ခွဲစိတ်ကုသမှုခံယူရတာမျိုးတွေရှိတယ်

မေး။ မြန်မာနိုင်ငံရဲ့ သမ္မတ အပြောင်းအလဲအပေါ် ဆရာရဲ့ သဘောထားအမြင်လေး သိပါရစေ။

ဖြေ တိုင်းပြည်မှာလည်ပြောင်းရမယ့်အချိန်​​ပေါ့။ ဒါက နိုင်ငံတော်သမ္မတကြီးရဲ့ ဇာတာမှာလည် ဒီလိုအဖြစ်အပျက်ဖြစ်​​ပေါ်မယ့်အချိန်ဖြစ်တဲ့အတွက်​​ကြောင် တိုင်းပြည်နိုင်ငံအတွက်လည်ကောင်းတဲ့ ပြောင်းအလဲ အဖြစ်လက်ခံတယ် ဒီလိုပြောင်းလဲမှုကလည် လွန်ခဲ့နှစ်၃၀၊ ၁၉၅၈ ခုနှစ်မှာ ဝန်ကြီးချုပ်ဦးနုကနေပြီး ဗိုလ်ချုပ်ကြီးနေဝင်းလက်ထဲကို အိမ်​​စောင့်အစိုးရ ဖွဲ့စည်းပြီးတော့ တိုင်းပြည်အာဏာကိုလွှဲပြောင်ပေးအပ်ခဲ့ရတယ်။အဲ့ဒီမှာလည် လက်ရှိရှိနေသလိုပဲ မြန်မာပြည်ရဲ့ နိုင်ငံရေး အုပ်ချုပ်​​ရေး အစိုးရအဖွဲ့အစည်းကို အထူးကိုယ်စားပြုတဲ့ ဓနုရာသီခွင်ထဲမှာရှိတဲ့ တနင်္ဂနွေဂြိုလ်​​ပေါ်ကိုကောဇာ နေ လာပြီးတော့စီးနင်နေတယ်။အဲ့ဒီမှာလည် ဒီလိုအလားတူအဖြစ်မျိုးဖြစ်ခဲ့တယ် ဒီလိုမှ မချိန်းဘူးဆိုရင်လည် ဒီလိုဆင်တဲ့အဖြစ်အပျက်တစ်ခုခု ဖြစ်လာနိုင်တဲ့ ကိန်တွေရှိတာကြောင် အခုလိုပြောင်းလဲလိုက်ခြင်းဟာ တိုင်းပြည်နိုင်ငံအတွက်​ ​ကောင်းတဲ့အပြောင်းအလဲအဖြစ်ကျွန်​​တော်တို့ ပညာရှင်ရှုထောင့်ကနေ အကြွင်းမဲ့ ယုံကြည်လက်ခံတယ်

မေး အခု အသစ်တက်လာမယ့် သမ္မတ အသစ်လက်ထက်မှာ နိုင်ငံရဲ့ အနာဂတ်က ဘာတွေ ဆက်ဖြစ်လာနိုင်ပါသလဲ။

ဖြေ အသစ်ဖြစ်မယ့်သမ္မတမှာ သူဘယ်ချိန်ကျမ်းသစ္စာကျိန်ဆိုမလဲပေါ့။ ကျွန်​​တော်တို့လဲ ပညာရပ်​​တွေနဲ့တော့တွက်ချက်​​နေတယ် ဒါပေမယ် အခုအသစ်ဖြစ်မယ့်သမ္မတကြီး ကျမ်းသစ္စာကျိန်ဆိုမယ် ၃၀ ရက်​​နေ့မှာလည် ကျွန်​​တော်တို့က တိုင်းပြည်အတွက်​​ရော အစိုးရအတွက်​​ရော အုပ်ချုပ်သူအတွက်ပါ အန္တရာယ်ရှိနိုင်တဲ့ ဂြိုလ်ရပ်တည်မှုတွေ အများကြီးရှိတယ်ဆိုတော့တော်​​တော်ကို ချိန်ဆတွက်ချက်နိုင်မှနောက်တက်မယ် သမ္မတကြီး ရဲ့ ကုသိုလ်ကံလည်ကောင်းမယ် သမ္မတကြီး ကုသိုလ်ကံကောင်းခြင်းနဲ့အတူ လက်ရှိ NLD အစိုးရ အဖွဲ့ရဲ့ ကုသိုလ်ကံလည်ကောင်းမယ်။အဲ့တော့ ဒီလိုသမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်​ NLD အစိုးရအဖွဲ့အစည် ကုသိုလ်ကံကောင်းမှလည် ဒီ NLDပါတီကို တခဲနက်မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ကုသိုလ်ကံလည်ကောင်းမှာပေါ့။ တိုင်းပြည်မှာရှိတဲ့ ပြည်သူအများစုရဲ့ ကုသိုလ်ကံပေါ့။ လာမယ် မတ် ၃၀ ရက်​​နေ့မှာတော့ ကျွန်​​တော်တို့ ကျမ် သစ္စာ ကျိန်ဆိုဖိုကောင်းတဲ့အချိန်ကတော်​​တော်ကို ရှားတယ်။အခု ၂ရက်​​လောက်တွက်ကြည့်တဲ့နေရာမှာတောင်မှ စိတ်ကြိုက်အားလုံး ပြည့်စုံတယ်ဆိုတဲ့ဟာကို တွေ့ရသေးဘူး။ အရင်သမ္မတကြီး ဦးသိန်းစိန်တုန်းက အချိန်​​တွေအများကြီးယူပြီး စနစ်တကျ တွက်ချက်စီစဉ်​​ဆောင်ရွက်ခဲ့ပြီးတော့ ကိုယ့်စိတ်ကြိုက်ဖြစ်မယ့်အချိန်မှာ ကျမ်းသစ္စာ ကျိန်ဆိုတော့ သမ္မတကြီးရဲ့ ကံရော အစိုးရအဖွဲ့အစည်ရဲ့ ကံရောက ၅နှစ်အထိ သက်တမ်စေ့ တာဝန်ထမ်ဆောင်သွားတယ် အဲ့ဒီမှာလည် နှစ်အပြည့်ကိုရနိုင်တဲ့ ဂြိုလ်နက္ခတ်​​တွေကိုဖန်တီးခွင့်ရှိတယ်။လက်ရှိမှာတော့ အဲ့လိုဖန်တီးဖို့အရမ်းအားနည်းတယ် ဒါပေမယ် ရှိနေတဲ့အထဲကနေ ကောင်းဆုံးအချိန်ကိုရွေးပြီးတော့ ကျမ်းသစ္စာကျိန်ဆိုနိုင်မယ်ဆိုရင်​​တော့ အားလုံးရဲ့ လိုလားချက်​​တွေ ပြည့်ဝမယ် သတ်တမ်စေ့တာဝန်ထမ်ဆောင်ဖို့လည် အခွင့်အလမ်တွေ ဖြစ်လာနိုင်တယ် ဒါပေမယ် အဲ့နေ့ရက်ဂြိုလ်နက္ခတ်​​တွေကတော့ အကုန်လုံး ပြီးပြည့်စုံတဲ့ ဇာတာကောင်းတစ်ခုတော့ဖြစ်ဖို့မလွယ်ဘူး။

မေး ၂၀၂၀ အလွန်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ် အခြေအနေက ဘယ်လိုတွေရှိလာနိုင်ပါသလဲ။

ဖြေ ၂၀၂၀ထိသွားဖို့ ဒီအစိုးရကတော်​​တော်​​တော့ ကြိုးစားရမယ် ဒီအစိုးရစတက်ထဲက ကျွန်​​တော်တို့တောက်​​လျှောက်​ Focus လုပ်ပြီးတော့ပြောခဲ့တယ်။ကျွန်​​တော်တို့က တပ်တော်သားဟောင်းဖြစ်​​နေလို့ အစိုးရကို ငြို ငြင်လို့ပြောတာလဲမဟုတ်ဘူး။ ဒီအစိုးရမှာ ကျွန်​​တော်နဲ့ရင်းနှီးနဲ့လူကြီးတွေအများကြီးပါပဲ။ ဘယ်အစိုးရဖြစ်ဖြစ်ကျွန်​​တော်တို့က တင်ပြတဲ့ဟာပေါ့။၂၀၁၉မှာတော့ တိုင်းပြည်မှာ အရမ်းအရေးကြီးတဲ့ ကာလအပိုင်းအခြားကျော်လာရင်​​တော့၂၀၂၀ရွေးကောက်ပွဲက ဖြစ်လာမှာပဲ။ ၂၀၁၉ ကာလအပိုင်းအခြားဆိုတာက ဘယ်​​လောက်​​ကြောက်ဖို့ကောင်းလဲဆိုရင်ကိုယ်တင်ထားတဲ့အစိုးရကို ပြည်သူတွေက ပြန်ပြီးတော့ ငြို ငြင်တဲ့ဟာမျိုးပေါ့။ဒါတွေက ဒီအစိုးရစဖြစ်တဲ့အချိန်​ ​ပြောတဲ့အချိန်တုန်းက ကျွန်​​တော်တို့က မလိုမုန်းထား ဖြစ်လို့ပြောတယ်လို့လည် တချို့ကထင်​​ကောင်းထင်နိုင်တယ် ဒါပေမယ် အစိုးရတကယ်ဖြစ်လာတဲ့အချိန်မှာ သူ့ရဲ့ဆောင်ရွက်ချက်နဲ့ ထားရှိတဲ့သဘောထားတွေမှာက တွေ့အကြုံအရမ်းနည်းတဲ့ သူတွေများတယ်။အားလုံးကတော့မှန်တယ်ထင်လို့လုပ်တာပဲ။ ဒါပေမယ် ပြည်သူတွေ လက်မခံတဲ့ဟာလည်းရှိတယ်​​ပေါ့။ အဲ့တော့ အရင်ကလို NLD ရခဲ့တဲ့ မဲအရေအတွက်အတိုင် ၂၀၂၀ မှာရွေးကောက်ပွဲဆောင်ရွက်ရင်ရမလားဆိုတော့ ဒါက အားလုံးကသိပါတယ် အရင်တုန်းက အရမ်းကြိုက်တဲ့သူလဲ သာမာန်ပဲကြိုက်တာဖြစ်ချင်ဖြစ်မယ် သာမာန်ပဲ ကြိုက်တဲ့သူက ကြိုက်ချင်မှ ကြိုက်တာလဲ ဖြစ်မယ်။ဘာလို့ဆိုရင်အစိုးရလုပ်ရတဲ့ ဒုက္ခတွေက အများကြီးပဲ။ သူတို့ရဲ့ ကတိကဝတ်မဖြည့်ဆည်းနိုင်တာတွေလည်းအများကြီးပဲ။ အဓိကတော့ ပြည်သူ့ဘဝမြှင့်တင်​​ရေးပေါ့။ ပြည်သူ့ဘဝမြှင့်တင်​​ရေးဆိုတာကလည် ဒီကာလတိုလေးနဲ့ မြှင့်တင်လို့ရတာမဟုတ်ဘူး။ ဒါကတော့သူ့ရဲ့အပြင်အပိုင်ပေါ့နော် ကျွန်​​တော်တို့ပညာရပ်အပိုင်းကလည် NLD နေနဲ့ ကလည်းခက်ခက်ခဲခဲနဲ့တော့ ထပ်ပြီး ကြိုးစားယှဉ်ပြိုင်ရဦးမှာပါ ဒီမှာမှ NLD ဦးဆောင်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကျန်းမာရေးနဲ့ လုပ်နိုင်တဲ့စွမ်းအား ဆက်ပြီးကောင်းဖို့ပဲ ဆုတောင်းရမှာပါ။သူဦးဆောင်နိုင်ရင်​​တော့လည် ဒီပါတီက သူ့ရဲ့အမိန်အောက်မှာ ဒီအစိုးရအနေနဲ့ သူ့ရဲ့သြဇာ အာဏာအောက်မှာ ပြည်သူအတွက်လုပ်မယ်ဆိုလည် အများကြီးကောင်အောင်လုပ်လို့်ရ
သေးတယ်​​ပေါ့။တကယ်လို့သူဦးဆောင်မှု မရှိတော့တဲ့အချိန်ကျရင်အခြားသောအဖွဲ့အစည်တွေအများကြီး ဒီထဲမှာကို ကွဲပြားနိုင်တာတွေအများကြီးဖြစ်လာနိုင်တယ် ဒါကလည်းအနာဂတ်အတွက်ကတော့ အလားအလာမကောင်းဘူး။၂၀၂၀မှာတော့ အခက်အခဲတော့အများကြီးရှိမယ် ၂၀၂၀အတွက်ကို အခုချိန်မှာ ဘာမှတော့ သေအချာမတွက်သေးပါဘူး။

မေး သမ္မတအပြောင်းအလဲဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့နိုင်တာ ဘာကြောင့်လဲ။

ဖြေ အဓိကတော့ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့လေ့လာမှုအားနဲ့ သုတေသနပြုနိုင်မှုအား စိတ်ပါဝင်စားမှုအားကြောင့်ပါ။ တပ်တော်သားတွေအနေနဲ့ ကျွန်​​တော်တို့ကိုမွေးထုတ်ခဲ့တာမှန်တယ် ကျွန်​​တော်တို့ ဒီလောကထဲမှာလည် ၂၀၀၆ ကနေ ၂၀၁၈ ထိပေါ့ ။၁၂နှစ်ရှိပြီ။၂၀၀၆ ပညာရှင်ဖြစ်မှ ဒီပညာရပ်​​တွေကို ထိတွေ့လေ့လာတာမဟုတ်ဘူး။ ၂၀၀၁၊ ၂၀၀၂ထဲက ဒီပညာရပ်​​တွေကို စပြီးတော့ အချိန်ယူပြင်ဆင်ပြီးတော့လေ့လာတယ် ကျွန်​​တော်​ ​ထောင်ကျ အကျဉ်းသားဘဝနဲ့ နက္ခတ်​​တွေနဲ့ပတ်သက်တဲ့စာအုပ်​​တွေ အင်းစိန်​​ထောင်မှာဆိုရင်သီးသန့်တို့၊ ပင်ထောင်မကြီးတို့၊ဆေးရုံဆောင်တို့ ကျွန်​​တော်​​တော်​​တော်များများနေခဲ့ဖူးတယ် ဒီအင်းစိန်​​ထောင်မှာဆိုရင်လဲ ကျွန်​​တော့်စာအုပ်​​တွေကို လက်စွဲအိပ်တစ်လုံးနဲ့အမြဲထည့်ပြီးတော့ထောင်ရဲ့ ကူညီပေးရမယ့်အလုပ်​​တွေကိုလည် ကူညီပေးတယ် ဒီစာအုပ်​​တွေကိုလည်းဖတ်တယ် တစ်ဖက်ကလည် အဲ့ကာလမှာထောင်ကျလာတဲ့ထောက်လှမ်ရေးအဖွဲ့တွေလည်းရှိတယ် အဲ့ထဲမှာလေ့လာလိုက်တဲ့ ၅နှစ်ဟာ စူးစိုက်မှုအား အရမ်းကိုကောင်းတယ် ကျွန်​​တော်အပြင်​​ရောက်တဲ့အချိန်မှာ ဒီပညာလမ်ကြောင်ပေါ်ကို ကျွန်​​တော်​​ရောက်လာတယ် ၂၀၀၂ထဲကနေ ၂၀၁၈ ဆိုရင်​​တော့လေ့လာမှုအားက ၁၆နှစ်​​ကျော်ပြီ ဒီ ၁၆နှစ်ကာလမှာ ဒီလောက်ထိဟောနိုင်တာ ကိုယ့်ကိုကိုယ်လည် ဂုဏ်ယူစရာလည်းမရှိပါဘူး။ ဘာလို့ဆို ဆယ်စုနှစ်တစ်ခုဆိုရင်ဘယ်အလုပ်လုပ်လုပ်တစိုက်မက်မက်လုပ်ရင်​​အောင်မြင်တယ် ဒီ ၁၆ နှစ်ဆိုတာကတော့အောင်ကိုအောင်မြင်ရမယ် အချိန်ဖြစ်တယ်အောင်မြင်တယ်ဆိုတဲ့နေရာမှာလည် ဇွဲ လုံ့လ ဝီရိယ ကြိုးစားမှုရှိရမယ်ကောင်းတဲ့ စိတ်ရင်စေတနာနဲ့ ပါရမီအခံ ဝါသနာအခံ ဒါတွေအားလုံးပေါင်းစပ်လိုက်ရင်​​တော့ ဒီဟောကိန်လောက်က ဂုဏ်ယူလောက်တဲ့ဟောကိန်းမဟုတ်ပါဘူး။ရှေ့မှာလည်းမှန်တဲ့ဟောကိန်တွေရှိပါတယ် ဒီပညာရပ်​​တွေက နတ်​​တွေစောင်ရှောက်တဲ့ ပညာရပ်​​တွေ မင်တွေကိုဟောတဲ့နေရာမှာ သူ့ဘုန်းကံ နဲ့ဟောတဲ့သူရဲ့ ဘုန်းကံ ၂ခုက ညီမျှမှဟောချက်က မှန်တယ် မင်းဖြစ်လာတယ်ဆိုတာက ထိုက်သင့်တဲ့ ဘုန်းကံရှိလို့ မင်းဖြစ်ကြတာပါ။ ကံမြင့်တဲ့ မင်တွေကိုဟောတဲ့နေရာမှာအောက်ကဟောတဲ့ပညာရှင်က ဘုန်းကံမရှိဘဲ သာမာန်ကံပဲရှိတယ်ဆိုရင်​ ​ဟောရင်မမှန်ပါဘူး။ ကိုယ့်ရဲ့ဘုန်းကံနဲ့လည်းဆိုင်ပါတယ် ဒီပညာရပ်မှာတော့ ရပ်​​နေလို့မရဘူး။ ဆက်ပြီးတော့ သုတေသနတွေ အများကြီးလုပ်ရတယ်နောက်ပိုင်တွေမှာလည် ဒီ့ထက်မှန်တဲ့ကောင်းတဲ့ ပိုတိကျတဲ့ဟောကိန်တွေလည် ပိုပြီး ဖြစ်လာမယ်လို့ ယုံကြည်တယ်

မေး သမ္မတဦးထင်ကျော်နဲ့ အခုတက်လာမယ့် သမ္မတအသစ် ဘယ်လိုတွေ ကွာခြားလာနိုင်ပါသလဲ။

ဖြေ သမ္မတရဲ့တာဝန်ဆိုတာက အရင်ပြည်ခိုင်ဖြိုး အစိုးရလက်ထက်တုန်းက သမ္မတဆိုတာကတော့ တကယ်ကို ဦးဆောင်သူပေါ့နော် တကယ်ဦးဆောင်သူက သမ္မတလုပ်တယ် ဒီဦးဆောင်သူဘေးမှာ ဝန် ရံပေးတဲ့သူကလည် ပါဝါက ညီမျှကြတယ် သမ္မတပေမယ် သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲကနေ လုပ်လို့ရတာ။ ဒီသမ္မတလုပ်ပိုင်ခွင့်သာမှားရင်ဒီဘက်က လွှတ်​​တော်ဥက္ကဋ္ဌ ယောက်က အချင်းချင်ပေမယ် အတိုက်အခံ ချေအတင်​​တွေ ဖြစ်ခဲ့ကြတာတွေအများကြီးရှိတယ်။လက်ရှိမှာဖြစ်​​ပေါ်နေတဲ့လူမှု အသိုင်းအ
ဝိုင်းမှာက နိုင်ငံရေးမှာ လွှတ်​​တော်ဘက်ကို ဘယ်သူမှ သိပ်မလုပ်ချင်ကြဘူး။ စိတ်ဝင်စားမှုနည်းတယ် လွှတ်​​တော်ဘက်က တာဝန်​​တွေများတယ် ဒါပေမယ် အကျိုးခံစားခွင့်နဲ့ လူတွရဲ့လေးစားကြည်ညိုမှုအားပေါ့။ဝန်ကြီးတစ်​​ယောက်ရဲ့ ပါဝါနဲ့ ညီမျှတဲ့ လွှတ်​​တေည်​​ရေးရာ ဥက္ကဋ္ဌတစ်​​ယောက်ရဲ့ ပါဝါနဲ့က တခြားစီပဲ။ ဒီလိုပဲ နိုင်​​တော်သမ္မတတစ်​​ယောက် ဒုသမ္မတတစ်​​ယောက်နဲ့ လွှတ်​​တော်ဥက္ကဋ္ဌတစ်​​ယောက်ရဲ့ ပါဝါနဲ့ကလည် တခြားစီပဲ။ အခုနောက်ပိုင်းမှာ ကြားနေရတာ မြင်​​နေရတာတွေက အားလုံးက အစိုးရအဖွဲ့ထဲမှာပဲ သွားပြီးတော့ တာဝန်​​တွေ ထမ်ဆောင်ချင်ကြတယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးလုပ်ချင်ကြတယ် လွှတ်​​တော်ကိစ္စရပ်​​တွေမှာတော့ ဟက်ဟက်ပက်ပက်မရှိတာလေးတွေတွေ့ရတယ် သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်​​တော်ဥက္ကဋ္ဌတွေရဲ့ ပါဝါတွေက ညီမျှနေတယ်။လက်ရှိ NLD မှာကြတော့ ဦးဆောင်​​နေတဲ့ခေါင်ဆောင်နေနဲ့ က ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ တာဝန်​ ​ဆောင်ရွက်ဖို့အခွင့်အလမ်းမရှိဘဲနဲ့ အတိုင်ပင်ခံအနေနဲ့ပဲ သမ္မတကို လမ်းညွှန်​​ပေးရတဲ့သူဖြစ်​​နေတယ် အရင်လို ပါဝါတွေ က strong မဖြစ်ဘူး။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဦးဆောင်သူဖြစ်မှသာ ဒီဟာကိုထိန်​​ကျောင် နိုင်မယ် လက်ရှိ မြန်မာပြည်မှာကဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝါက ဘယ်သူနဲ့ပဲ ယှဉ်ယှဉ်သူ့ပါဝါကိုဘယ်သူမှ လိုက်လို့မရဘူး။ သမ္မတကြီး ဦးသိန်းစိန်လည် သူ့ဟာသူရိုးရိုးသားသာကြိုးစားပေးမယ် နိုင်ငံတကာရဲ့ image ပြည်သူရဲ့ image မှာကြတော့ သူဟာ ပါဝါ သြဇာအရှိဆုံး အမျိုးသမီးဖြစ်တယ်ဒေါ်အောင်ဆန်းစုကြည်က ခြေနေအကြောင်ကြောင်းတခုခုကြောင် နိုင်ငံတော်သမ္မတဖြစ်လာခဲ့ရင်​​​တောင်မှ လွှတ်​​တော်ဥက္ကဋ္ဌ တွေက သူတို့ရဲ့ခေါင်ဆောင်ကိုထောက်ပြဝေဖန်ခြင်းရဲ့သွားမယ် ခြေနေကိုတော့ အခွင့်အလမ်းနည်းပါးတယ် အဓိကတော့ ပါဝါ balance လုပ်နိုင်တဲ့သူမရှိတာပေါ့နော် သူဆုံးဖြတ်တာ အရမ်ကောင်းရင်တိုင်းပြည်အတွက်ကောင်းမယ် သူဆုံးဖြတ်ချက်လွဲရင်လဲ ကျန်တဲ့သူတွေက သူ့ကို ပြင်းပြင်းထန်ထန်ကန့်ကွက်မှာ မဟုတ်တဲ့အတွက်​ ​ကြောင် ဒီလိုဆိုရင်​​တော့ တိုင်းပြည်မှာ အများကြီး ဆုံးရှုံးနစ်နာတာတွေ ဖြစ်နိုင်တယ် NLDသွားတာ ကြတော့ လူပုဂ္ဂိုလ်တစ်ဦးတစ်​​ယောက်နဲ့သွားတာ ပြည်ခိုင်ဖြိုးသွားတာကြတော့ပါဝါ balanced တူတဲ့ လူတွေအများကြီး ကိုစုဖွဲ့ပြီးတော့မှ ဒီလူတွေရဲ့ ယှဉ်ပြိုင်မှု ကစားမှုတွေနဲ့ သွားတာပေါ့။ အဲ့ဟာမှာ တိုင်းပြည်ရဲ့အရွေ့ဟာ ပွတ်တိုက်မျှုားတဲ့အခါမှာ ပထမ ဒီမိုကရေစီ လက်ထက်မှာ အများကြီးရွေ့တယ်လို့သတ်မှတ်လို့ရတယ်။ဒီဘက်လက်ထက်မှာကြတော့ လူပုဂ္ဂိုလ်တစ်ဦးတစ်​​ယောက်ရဲ့ ပါဝါ balanced နဲ့ပဲ သွားတာဖြစ်တဲ့အတွက်​ ​ကျောက်ခဲတစ်တုံးကို ပါဝါကြီးတဲ့ လူတစ်​​ယောက်တွန်းတာနဲ့ ပါဝါကြီးတဲ့ လူ ယောက်တွန်းတာ ဆိုရင်၃၊ ယောက်တွန်းတာက ပိုရွေ့မှာပေါ့။ ဒီဟာကို ပြင်နိုင်ဖို့လိုတယ် ပါဝါ တူအောင်လဲ ပါဝါတွေပေးရမယ် ပါဝါ balanced ၃၊ ယောက်​​လောက်ဖြစ်လာရင် NLD အစိုးရရဲ့ဆောင်ရွက်ချက်က အရမ်းကိုကောင်းလာမယ် တိုင်းပြည်လဲ တိုးတက်လာမယ်

မေး အခု သမ္မတဖြစ်ဖို့ ဦးဝင်းမြင့်က ရေပန်းစားနေပါတယ်။ သူ့ရဲ့ အမည်ပေါင်းခြင်းက ဖြစ်နေပါတယ်။ ပထမ သမ္မတဖြစ်ခဲ့သူတွေကလည်း ဦးသိန်းစိန် အမည်ပေါင်းခြင်း ဦးထင်ကျော် အမည်ပေါင်းခြင်း တွေ ဖြစ်နေလို့ ဘာလို့ အခုလို တိုက်ဆိုင်နေရသလဲ သမားကို ဘာကြောင့် သမ္မတအဖြစ် တင်မြောက်ရပါသလဲ။

ဖြေ အရင်က ဗားမားသုံးခဲ့ရာကနေ တပ်တော်အစိုးရ ဖြစ်လာပြီးတဲ့အချိန်မှာ မြန်မာဆိုပြီးတော့ပြောင်းလဲသုံးစွဲခဲ့တယ် ဒီလိုသုံးစွဲခဲ့တဲ့နေရာမှာ အရင်ကတော့ ဗားမားကို ကန့်ကွက်ကြတယ် ပြည်သူ့ဆန္ဒမခံယူဘဲနဲ့ စစ်အစိုးရက လုပ်ချင်တဲ့အခြေနေအတိုင် လုပ်သွားတယ်​​ပေါ့နော် ဒီမှာက လျှို့ဝှက်ချက်​​တွေရှိတယ် ဗားမားထက်မြန်မာကပေါင်းခြင် ရတယ် မြန်မာကို ကိုင်ရို ဂဏန်းသင်္ချာနဲ့ ချပေါင်းလိုက်ရင် ရတယ် အဲ့တာကြောင် မြန်မာပြည်ဟာ စိုးမိုးတဲ့တိုင်းပြည်ဖြစ်တာကြောင် နဲ့ပတ်သက်တဲ့သူတွေဟာ နိုင်ငံတော်သမ္မတတာဝန်ထမ်းရွက်ဖို့ အခွင့်အလမ်တွအများကြီးရှိလာတယ် ဒါပေမယ် ဒီတိုင်ပင်ဟာလဲ ၁၀၀ ရာခိုင်နှုန်းအများကြီးတော့ မကိုက်နိုင်ဘူး။နောင်တချိန်ကြရင်လဲ ဒီဟာကပြောင်းလဲတာလဲ ရှိလာနိုင်တယ်။သို့သော်လည် ဂဏန်းစိုးမိုးထားတဲ့ မြန်မာနိုင်ငံဖြစ်တဲ့အတွက်​​ကြောင် ဂဏန်းကိုယ်စားပြုတဲ့ မင်းအစိုးရတွေ နိုင်ငံတော်သမ္မတဖြစ်လာတာပေါ့နော်

မေး မြန်မာနိုင်ငံရဲ့ အနာဂတ်အခြေအနေနဲ့ ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ရဲ့ အလားအလာတွေက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

ဖြေ ကျွန်​​တော်တို့ကတော့ရှေ့ကို ဆက်ရင်​ ​ကောင်းမယ်လို့ အများကြီးမျှော်လင့်တယ် ပညာရှင်တစ်​​ယောက်နေနဲ့ ပြည်သူတစ်​​ယောက်နေနဲ့ကြည့်တာပါ။ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတတာဝန်မထမ်ဆောင်ခဲ့ရပေမယ် သူ့ရဲ့ အတိုင်ပင်ခံ တာဝန်ထမ်ဆောင်ခွင့်ရပြီးတော့မှ နိုင်ငံတကာကို ဒီရာထူးနဲ့ သွားတဲ့ အချိန်မှာသမ္မတကဲ့သို့ လေးအမြတ်ထားခြင်းခံရတယ် တာဝန်​​​တွေစယူဖို့ လုပ်ကြတဲ့နေရာမှာလဲ အဆင်​​ပြေချောမွေ့တာတွေ့ရတယ် အခုဆို အစိုးရသက်တမ် ၂နှစ်​​ပြည်တော့မယ့်အချိန်မှာ အရင်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ရေးယူမယ်တို့ ပိုင်ဆိုင်မှုတွေ သိမ်းမယ်တို့ အဲ့လို စကားစုတွေ ထွက်မလာတော့ဘူး။ ဒါဟာကောင်းတဲ့အလားအလာပဲ။ ဒီလိုကောင်းတဲ့အလားအလာတွေဖြစ်တဲ့အတွက်​​ကြောင် ဗိုလ်ချုပ်မှူး ကြီး ဦးသန်ရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့နှစ်​​ယောက်ဆက်ဆံရေးဟာ အရင်ထက်ပိုပြီးတော့ အဆင်​​ပြေချော့မွေ့မယ်လို့ယူဆပါတယ်လူတွေက တပ်တော်အုပ်ချုပ်သွားတာကိုပဲတော်​​တော်များများအပြစ်မြင်ချင်​​တယ် ဒါပေမယ် တပ်တော်အုပ်ချုပ်ခဲ့တယ်ဆိုတာလဲ သူ့ရဲ့ ခြေနေ အချိန်အခါအရ အုပ်ချုပ်ခဲ့တာပါ။ အုပ်ချုပ်ခဲ့တဲ့နေရာမှာလည် ဗိုလ်ချုပ်မှူး ကြီး ဦးသန်ရွှေ"နေနဲ့နေပြည်​​တော်မြို့တော်တည်​​ဆောက်တာ လွှတ်​​တော်ကြီးတည်​​ဆောက်တာ ဒီမိုကရေစီနိုင်ငံကို ရဲရဲဝံ့ဝံ့ပြောင်းလဲပေးတာတွေက မြန်မာပြည်ကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်​​ပေါ့နော် စည်းကမ်းဆိုတာကြီးပါတော့ ဒီမိုကရေစီ သမားတွေမှာ တစ်မျိုးထင်ရင်ထင်မှာပေါ့။ ဒါပေမယ် ဒီမိုကရေစီက စည်းကမ်းရှိမှဖြစ်တာပါ။ ကျွန်​​တော်တို့တိုင်းပြည်မှာ စည်းကမ်းဆိုတာတွေက အများကြီးလိုသေးတယ် သူများနိုင်ငံတွေမှာက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးစရာမလိုဘူး။ ဒီမိုကရေစီ လို့သုံးလို့ရတယ် သူတို့က ဒီစည်းကမ်တွေကို တည်​​ဆောက်လာတာ နှစ်​​ပေါင်းများစွာကြာပြီ။ ကျွန်​​တော်တို့က အခုမှစပြီး ဒီမိုကရေစီ တည်​​ဆောက်တာဖြစ်တဲ့အတွက်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ရည်မှန်းချက်နဲ့ပဲ သူဆောင်ရွက်သွားတာဖြစ်တဲ့အတွက်​​ကြောင် ဗိုလ်ချုပ်မှူး ကြီး ဦးသန်ရွှေရဲ့ မူလစိတ်အရင်းခံမှာလည် တိုင်းပြည်ကို တကယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်​​စေချင်လို့နေပြည်​​တော်မြို့တော်နဲ့ လွှတ်​​တော်ကို ခိုင်ခိုင်မာမာတည်​​ဆောက်ခဲ့တာဖြစ်တယ်ရှေ့ကိုသွားမှာကတော့ဒီမိုကရေစီနိုင်ငံအနေနဲ့ဖြတ်​​ကျော်ရမှာပဲ။ ဒါပေမယ် စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့တော့ လူတိုင်းမှာ တာဝန်ရှိတယ် ဒီနိုင်ငံဖြစ်​​အောင်လည် ရရှိထားတဲ့အခွင်ရေးကို ပျောက်ပျက်​​အောင်လူတစ်ဦးတစ်​​ယောက်ချင်းကနေစပြီးတော့ မာကျော ခက်ထန်​​နေတဲ့ စိတ်​​နေ စိတ်ထားတွေ သူများကို အပုပ်ချချင်တာ သူများကို တိုက်ခိုက်ချင်တဲ့ စိတ်​​နေစိတ်ထားတွေကို ဖြေးဖြေးနဲ့ ပြု ပြင်သွားရင်​​တော့နောက်ပိုင်းမှာ စည်းကမ်းပြည့်ဝတယ်ဆိုတာထည့်စရာမလိုတော့ဘူး။ ဒီမိုကရေစီ မြန်မာနိုင်ငံဆိုပြီးတော့ သုံးစွဲဖို့အခွင့်အလမ်တွေလဲ ဖြစ်လာမှာပါ။

မေး မြန်မာနိုင်ငံရဲ့ ဇာတာခွင်အရ ဘယ်အချိန်ကျမှ ပြည်တွင်းစစ်မီးတွေ ငြိမ်းပြီး အလုံးစုံတိုးတက်မှုတွေကို ရနိုင်မလဲ သိချင်ပါတယ်။

ဖြေ တိုင်းပြည်ရဲ့လွတ်လပ်​​ရေး ဇာတာယူတဲ့နေရာမှာ ကျွန်​​​တော်တို့ တိုင်းပြည်ဟာ ထာဝရ ငြိမ်းချမ်ရေး ရနိုင်တဲ့အခြေနေမှာ မရှိဘူး။ ဒါကြောင် မကြာခဏ လဲ ဟိုအရင်အစိုးရလက်ထက်ထဲက တင်ပြပါတယ် တိုင်းပြည်ဇာတာပြောင်းဖို့ပါ။ အလံပြောင်းတာလောက်နဲ့တော့ တိုင်းပြည်က ပြောင်းဘူးပေါ့နော် အလံ ကြိမ်​​ပြောင်းပြီးပြီ။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ ကြိမ် ဗိုလ်ချုပ်မှူးကြီး သန်ရွှေလက်ထက်မှာ ကြိမ်ပါ။ နိုင်ငံမှာ မြန်မာလည်း မပျောက်​​အောင်​ ​ရှေ့က ကျက်ရေရှိပြီး အဓိပ္ပါယ်ရှိတဲ့ဟာ တစ်ခုခုပေါင်းထည့်ရမယ် တိုင်းပြည် နိုင်ငံဇာတာ​​တွေပြောင်းတဲ့နေရာမှာ ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်းရှိပါတယ် ဇာတာပြောင်းဖို့ဆိုတဲ့နေရာမှာ နိုင်ငံတော်အလံ တစ်ခုတင်မဟုတ်ဘူး တိုင်းပြည်နိုင်ငံရဲ့ အမည်ကိုပြောင်းလဲမှသာ တိုင်းပြည်ရဲ့ဇာတာကိုပြောင်းလဲ လို့ရတာပါ။ ဒီဇာတာကိုပြောင်းနိုင်မယ်ဆိုရင်​​တော့အားလုံးမျှော်လင့်တဲ့ ငြိမ်းချမ်ရေး ပန်းခင်းထဲကိုရောက်နိုင်တာပေါ့။ ဒီဇာတာနဲ့ပဲသွားရင်​​တော့ ဒီလိုပဲ ငြိမ်းချမ်ရေးကရလိုက်ပြန်​​ပျောက်သွားလိုက်နဲ့ပဲ ဂျာအေး သူ့မေရိုက်သလို ချာလည်လည်​​နေမှာပါပဲ။

မေး နောက်ဆုံးအနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အနာဂတ်မှာ သမ္မတ ဖြစ်လာနိုင်ဖို့ မျှော်လင့်ချက် ရှိပါသလား။

ဖြေ အဲ့တာကို ကျွန်​​တော်လည် သေးစိတ်တွက်ချက်​​နေတယ် သမ္မတဖြစ်ဖို့​​မျှော်လင့်ချက်ဆိုတာထက်ကို နိုင်ငံတော်အတိုင်ပင်ခံရဲ့ ထားရှိနိုင်တဲ့ စိတ်ဓာတ်​​ပေါ့နော် အများကြီးနှစ်​​ပေါင်းများစွာ သူပေးဆပ်ခဲ့ရတယ် နိုင်ငံတော်သမ္မတ တာဝန်ကို ရူးရူးသွပ်သွပ်ယူမလား ဆိုတဲ့ဟာနဲ့ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ ကြုံ ကြိုက်ခဲ့တယ် ဒါပေမယ် ဒီချိန်မှာ သူ့ရဲ့ ဖြစ်လိုတဲ့ဆန္ဒကိုနောက်ဆုတ်လိုက်တယ် သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒတစ်စုံတစ်ရာက တော်နီးပါးပြည့်ဝနေပြီပေါ့နော်။ဖွဲ့စည်းပုံမှာ ပါနေတဲ့ တိုင်းပြည်အနာဂတ်မှာ ဖြစ်လာမယ့်သမ္မတတွေမှာ လူမျိုးခြားနဲ့ လက်ထပ်ထားတဲ့ သူတွေက နိုင်ငံတော်သမ္မတဖြစ်ဖိုကန့်သက်ထားတယ်ဆိုတဲ့နေရာမှာ သူ့အတွက်လို့တော့တော်​​တော်များများ ယူဆကြပေမယ် ကျွန်​​တော်တို့နောင်လာနောင်သားတွေ အတွက်ကြတော့လဲ ဒါက ရှိသင့်လား မရှိသင့်ဘူးလားဆိုရင်ရှိသင့်တဲ့အထဲမှာပါတယ် ဒါပေမယ် သူ့အခြေနေအနေနဲ့ နိုင်ငံတော်ကို လွတ်လပ်​​ရေးရယူပေးခဲ့တဲ့ လွတ်လပ်​​ရေး ဗိသုကာကြီး ဗိုလ်ချုပ်​​အောင်ဆန်းရဲ့ တစ်ဦးတည်​​သော မျိုးဆက်ဖြစ်တဲ့အတွက်ဒါကို ဆိုင်းငံ့ပေးပြီးတော့မှ ဒီတာဝန်ကိုပေးလိုက်မယ်ဆိုရင်လည်ပေးနိုင်တဲ့ ခြေနေမျိုးလဲ ဖြစ်လာနိုင်ပါတယ် ဒါပေမယ့်၂၀၀၈ ဖွဲ့စည်းပုံ ထဲမှာ တိုင်းတစ်ပါးသားတွေရဲ့ ဝင်​​ရောက်ခြယ်လှယ်မှုလျှော့ပါးအောင်လုပ်ထားတဲ့အချက်က တိုင်းပြည်နိုင်ငံတစ်ခုအတွက်ခြံစည်းရိုးအနေနဲ့လို့ယူဆတယ် ဒါကလဲ ရှိသင့်တယ်လို့မြင်ပါတယ် လူဆိုတာကိုယ့်လူမျိုးကို ကိုယ်ချစ်မှ ဆက်ပြီးတည်တံ့ခိုင်မြဲမှာပါ။ တိုင်းပြည်​​ခေါင်ဆောင်ဖြစ်လာမယ်နောက်မျိုးဆက်သစ်​​တွေဟာ ကိုယ့်လူမျိုးကိုကိုယ်ချစ်ဖို့တော့ ထားသင့်တဲ့ကိစ္စတစ်ခုလို့ ထင်တယ်

မေး ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်​​ပြောကြားချင်ပါသေးလဲရှင့်။

ဖြေ ကျွန်​​တော်တို့ကတော့တပ်တော်ကမွေးထုတ်​​ပေးခဲ့ပေမယ် သာမာန်ပြည်သူတစ်​​ယောက်နေနဲ့ပဲဘေးကနေရပ်ကြည့်တယ် တပ်တော်သားပေမယ် တပ်တော်ဘက်ကိုလဲ ဘက်မလိုက်ဘူး။ ပြည်သူတစ်​​ယောက်နေနဲ့ဖြစ်​​ပေမယ့်လည် NLD ကိုလည် အလုံးစုံမထောက်ခံဘူး။ ပြည်ခိုင်ဖြိုး ပါတီကိုလည် မကန့်ကွက်ဘူး။ သူ့မှာလည်ကောင်းတာတွေရှိတယ် NLDမှာလည် လိုအပ်တာတွေရှိတယ် တပ်တော်မှာလည် သူ့ရဲ့လုံခြုံရေးအရ စည်းကမ်းအရ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲဖို့တရားဥပဒေစိုးမိုးဖို့က သူ့မှာလည် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတာတွေရှိတယ် ဒီ ခုစလုံးက အားလုံး ညီညီ ညွှတ်ညွှတ်ဖြစ်သွားမယ် ၃ပွင့်ဆိုင်ညီညွှတ်သွားရင်တိုင်းပြည်အလျင်အမြန်တိုးတက်လာမှာပါ။ အခုတိုင်းပြည်မတိုးတက်တာဟာ ဒီ ၃ပွင့်ဆိုင်ဟာ ပုံစံတစ်ခုစီဖြစ်​​နေတော့မတိုးတက်တာပါ။နောက်တစ်ခုကခေါင်ဆောင်​​တွေမှာဘေးက ရံတဲ့သူတွေရဲ့ ပါဝါမြှင်ပေးဖို့ NLD အစိုးရမှာလိုတယ်။ပါဝါတွေတက်လာပြီဆိုရင်မြန်မြန်ဆန်ဆန်တိုင်းပြည်ကို တက်လာအောင်တွန်းလို့ရတယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။



တွေ့ဆုံမေးမြန်းသူ ဝေဝေဖြိုး

No comments:

Post a Comment