Thursday, March 22, 2018

အမြန်လမ်း ရှစ်လောင်းပြိုင် သတင်း အစ-အဆုံး ( ၁ )



 ၂၀၁၇ ဇန်နဝါရီ ၂၁ ရက် မနက် ၈းဝ၀ နာရီ ပတ်ဝန်းကျင်က ရန်ကုန်-မန္တလေး အမြန်လမ်း ရန်ကုန်ဘက်အဝင် လေးမိုင်လောက်အကွာမှာ မီးလောင်ပြီး လူရှစ်ယောက်သေဆုံးခဲ့တဲ့ အံစာတုံးကားမီးလောင်မှုဖြစ်စဉ်က သံသယဖြစ်စရာတွေရှိနေပြီး မသမာမှုတွေရှိနေတယ်လို့ ကားမီးလောင်ပြီး သေဆုံးခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မသင်းသင်းမော်ရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ကိုဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောခဲ့ပါတယ်။ "ကားမီးလောင်တဲ့နေဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့ ကိုအောင်ခန့်ကို ပတ်သက်ပြီး အမြင်တွေအမျိုးမျိုးဖြစ်နေတာတွေရှိတယ်။ ဖြစ်စဉ်က သမရိုးကျမဟုတ်လို့ ပြန်လည်စီစစ်ဖို့ ပြောနေတာပါ။ ကျနော်ကိုယ်တိုင်လည်း မယုံနိုင်ဘူးဖြစ်နေလို့ ပြန်လည်စိစစ်နေတာပါ။ ကျနော်တို့က သေဆုံးသွားတဲ့သူတွေရဲ့ကာယကံရှင်တွေပါ၊ အောင်ခန့် အသက်ရှင်ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူပါ။ ကျနော်တို့ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတာကို ထည့်ပြီးစဉ်းစားစေချင်ပါတယ်။ ကားတစ်စီးလုံးအတွင်းပိုင်းတွေပါ မီးလောင်ကြွမ်းခဲ့တဲ့အတွက် ကျနော်တို့မှာ သံသယ၀င်ပိုင်ခွင့်ရှိပါတယ်"လို့ ကိုအောင်ကိုဦးက ပြောပါတယ်။ မီးလောင်ကြွမ်းခဲ့တဲ့ အံစာတုံးကားမီးလောင်ကြွမ်းတဲ့ အချိန်ကအရမ်းမြန်နေလို့ ဒါကို သံသယရှိနေတယ်လို့ ကိုအောင်ကိုဦးက ပြောခဲ့ပြီး ဖြစ်စဉ်ကို သုံးသပ်လေ့လာကြည့်တဲ့အချိန်မှာ မရိုးသားမှုတွေရှိနေတယ်လို့ထင်ကြောင်း ကိုအောင်ကိုဦးက ပြောပါတယ်။


  သေဆုံးသူတွေက အမျိုးသမီးခုနစ်ဦးနဲ့ ယာဉ်မောင်းအမျိုးသားတစ်ဦးအပါအ၀င် စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့တယ်လို့ အမှတ် (၃)လမ်းဆုံ အမြန်လမ်းရဲစခန်းကနေ သိရပါတယ်။ ဖြစ်စဉ်က လူသေဆုံးမှုဖြစ်တာကြောင့် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကိုအောင်ခန့်ကို ရန်ကုန်-နေပြည်တော် အမြန်လမ်းလေးမိုင်နားက ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ကားမီးလောင်ကျွမ်းတဲ့ ယာဉ်ပေါ်မှာ သေဆုံးခဲ့သူတွေက ရန်ကုန်မြို့ ဆဋ္ဌဂံမြန်မာ ဆောက်လုပ်ရေး ကုမဏီက မမေသူ ကို၊ မသင်းသင်းမော်၊ မဝင်းပပဌေး၊ မခိုင်မြတ်ဦး၊ မခင်သီတာ၊ မမြတ်မြတ်အေး၊ မယုရတနာလင်းနဲ့ ကားမောင်းသူ ကုမဏီရဲ့ စီအီးအို ကိုဝင်းထွန်းတို့ဖြစ်ကြောင်း သိရပါတယ်။ သေဆုံးသူတွေရဲ့ နာရေးပြီးရင် ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စစ်ဆေးဖို့ သေဆုံးသူတွေရဲ့ကာယကံရှင်မိသားစုတွေနဲ့ အမြန်လမ်းရဲစခန်းတာဝန်ရှိသူတွေက တွေ့ဆုံစစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ ကိုအောင်ကိုဦးက ပြောပါတယ်။ ( ဒါကိုလည်း Facebook User တွေဟာ လုပ်ကြံမှုအထိ ခန်.မှန်းရေးသားလာခဲ့ကြပါတယ် ဒါပေမယ့် နောက်ပိုင်းမှာတော. အဲ့ဒီဖြစ်ရပ်မှာ တစ်ဦးတည်းသော လွတ်မြောက်လာသူက အခင်းဖြစ်ချိန် မှာ ဒီကားကို သူမောင်းလာခဲ့တာဖြစ်ကြောင်း ၀န်ခံလာခဲ့ပါတယ် ) လူရှစ်ဦး သေဆုံးခဲ့တဲ့ အမြန်လမ်းကားမီးလောင်မှုမှာ လွတ်မြောက်လာသူအမျိုးသားက ယာဉ်မောင်းသူက သူဖြစ်ကြောင်းဝန်ခံလိုက်တယ်လို့ သိရပါတယ်။ လွတ်မြောက်လာသူကိုအောင်ခန့်က ယာဉ်မောင်းမှာ သူမဟုတ်ဘဲ သူ၏ဆရာ သေဆုံးသွားသူဦးဝင်းထွန်း မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားရာမှ သူမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ၀န်ခံထွက်ဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ် မျက်မြင်သက်သေနှစ် ယောက်ရထားပြီး မျက်မြင်သက်သေနှစ်ယောက်ရဲ့ထွက်ဆိုချက်နဲ့ သူ့ကို ပြန်စစ်တဲ့အချိန်မှာ သူကိုယ်တိုင်မောင်းလာတယ်ဆိုတာကို ၀န်ခံတာ ဖြစ်တယ်လို့ ယင်းအမှုကို စစ်ဆေးနေတဲ့ အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်းမှ ရဲအုပ်အောင်သင်းဦးက ပြောထားတာ ဖြစ်ပါတယ်။ 



  ကိုအောင်ခန့်မောင်းနှင်နေစဉ် ကားအတွင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးက ရည်းစားဖြစ်သူဟာ အမှတ်(၃)လမ်းမကြီးလမ်းဆုံမှာ စောင့်နေကြောင်း ဖုန်းဝင်လာတာကြောင့် အရှိန်မြှင့်မောင်းနှင်ခဲ့ရာမှ မိုင်တိုင် ၄မိုင် ၂ဖာလုံအရောက်မှာ ဘယ်ဘက်ရှေ့ဘီးပွင့်ကာ လမ်းလယ်ကျွန်း သံအကာနဲ့ ၀င်တိုက်မိကာ မီးလောင်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ထားတယ်လို့ သိရပါတယ်။ ယာဉ်မှာ ညာမောင်းဖြစ်ပြီး ယာဉ်မောင်းနေရာမှ လေအိတ်ပွင့်ခဲ့တာကြောင့် ကိုအောင်ခန့် ဒဏ်ရာမရခဲ့ဘဲ ဆီတိုင်ကီက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့လည်း သိထားရပါတယ်။   


 ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ်၎မိုင် ၂ ဖာလုံမှာ ဖြစ်ပွားခဲ့တဲ့ ဟိုက်အေ့စ်ယာဉ်မီးလောင်မှုမှာ အမျိုးသမီးခုနစ်ဦး၊ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကိုအောင်ခန့်ဆိုတဲ့ အမျိုးသားတစ်ဦးသာ အသက်ရှင်လျက်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ပါဝင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်းက ကိုအောင်ခန့်တစ်ဦးတည်း ဒဏ်ရာပင် မရဘဲ လွတ်မြောက်လာတာဟာ မဖြစ်နိုင်ဘဲ အခြားအကြောင်းအရာတွေရှိနိုင်တယ်လို့ ယူဆပြီး အမှုမှန် ဖော်ထုတ်ပေးဖို့ ရဲတပ်ဖွဲ့ထံတောင်းဆိုခဲ့ကာ လူထုကိုလည်း အမှန်တရားပေါ်ပေါက်တဲ့အထိ ကူညီပေးကြဖို့ လူမှု ကွန်ရက်ကတစ်ဆင့် မေတ္တာရပ်ခံ ခဲ့ပါတယ်။

ကာယကံရှင်၏ ၀န်ခံချက် ၊ တပ်ဖွဲ.၏ သုံးသပ်မှု



( ဒီသတင်းရဲ. စဦးပိုင်းအချိန် Facebook User တစ်ဦး ရဲ. အင်တာဗျုး အနေနဲ.တော. ခုလိုဖော်ပြခဲ့ပါသေးတယ် )
"ကားက ဘယ်ဖက်က သံဘောင်တန်းနဲ့  တော်တော်ကြာကြာ တိုက်တာ။ အသံကြီးက ကြောက်စရာကြီး။ ဒိန်းဆိုပြီး တိုက်ပြီး ရပ်သွားတဲ့အချိန်မှာ တံခါး ဘယ်လို ပွင့်သွားတယ်ဆိုတာ မသိလိုက်ဘူး။ ကားနောက်က သူငယ်ချင်းတွေကလည်း အော်လိုက်ကြတာ။" "ဂျိန်းကနဲဆို ကားက ဆောင့်ရပ်သွားတဲ့အချိန် ခေါင်းနဲ့ ကားဒတ်စဘို့ နဲ့ တိုက်ပြီး မေ့သလိုဖြစ်သွားတယ်။ ဒါပေမယ့် ကားထဲမှာ မီး တအား မလောင်သေးဘူး မီးခိုးတွေ ထွက်စပြုနေပြီ။ ယာဉ်မောင်းက ကားစီယာတိုင်နဲ့ဆောင့်ပြီး သတိမေ့နေတယ်။ ကျွန်တော့ ဘေးကတခါးက ပွင့်နေတော့ အောက်ကို ဆင်းပြီး ကားဘေးတံခါးကို ဆွဲဖွင့်တယ်။ တံခါးက ဘယ်လိုမှကို ဆွဲလို့  မရဘူး။ တံခါး စဖွင့်တဲအချိန်မှာ မီးက အထဲကို ကူးတော့မယ့်အချိန်ပါ။ ကျွန်တော်လည်း ခေါင်းကလည်းမူး အထဲက သူငယ်ချင်းတွေကလည်းအော် ဟစ်ဆူညံ နေတော့ ဘာလုပ်မှန်းမသိပဲ တံခါးကိုပဲ အတင်းဖွင့်နေမိပါတယ်။" "နောက်ကားမှန်ကို ဖွင့်ဖို့ ကြိုးစားကြည့်ပါတယ်။ အဆင်မပြေဘူး။ လုပ်နေတုန်းပဲ မီးက အရမ်းမြန်တာပဲ။ ကားထဲကို ဝင်နေပြ။ီ သူငယ်ချင်းတွေ အော်လိုက်ကြတာ ဗျာ။ အားရှိသလောက် တံခါးကို ဖွင့်ပေမယ့် နောက်တော့မီးအပူက ဘယ်လိုမခံနိုင်တော့ပါ။နောက်ဆုံူးလက်လျော့ပြီး ကားဘေးကနေ စွန့်ခွါ လိုက်ရပါတယ်။" " ဖြစ်နေတဲ့အချိန် တခြားကားတွေ အကူအညီပေးလားဆိုတော့ တံခါးဖွင့်နေတဲ့အချိန် လူနစ်ယောက်ရောက်လာပြီး ဘေးကနေအော်ပြောတယ် ညီလေး မီးတောက်တွေများလာပြီ မင်းကားဘေးကနေ ဖယ်လိုက်တော့လို့  ပြောတာတော့မှတ်မိတယ်။ သူတို့ လာတဲအချိန်က ကားထဲကိုမီးညွန့် အတော်တတ်နေပြီ။ လုပ်ဖေါ်ကိုင်ဘက်တွေ အခုလိုဖြစ်သွားတာ သူမယုံနိုင်ဘူးဖြစ်နေတယ်။ မခံစား နိုင်ဘူးဖြစ်နေတယ်။" "အမြန်လမ်း ရဲတွေ တော်ပါတယ်။ ရောက်လာတဲ့အချိန် ကားက တော်တော့်ကို မီးလောင်ကောင်းနေပြီ။ စတိုက်ကတည်းက မီးကလောင်တာ တံခါးကလည်းဖွင့်မရ မီကူးစက်တာ အရမ်းမြန်တော့ ဘာကိုမှကို လုပ်ချိန် မရလိုက်ဘူး ကျွန်တော့ဖုန်ုးတောင် မီးထဲပါသွားတယ်။ တခြား ပစ္စည်းတွေကတော့အားလုံးဘာမှကို မရတော့ဘူး။" "ကျွန်တောင်ထင်တာ အော်တိုတံခါးလော့ကျတာ ဆိုတော့ တံခါးဖွင့်မရတာဖြစ်မယ်။ ကျွန်တော်ကြိုးစားရဲသားနဲသူငယ်ချင်းတွေ အခုလို ဖြစ်သွားတာ စိတ်မကောင်းဘူးဗျာ ကျွန်တော်သူကို မကြည့်ရဲတော့ဘူးဗျာ သူတို အထဲမှာ အော်နေကြတာကို ပြန်မြင်ရင်ကျွန်တော်စိတ်ထဲ တော်တော် မကောင်းဘူးဗျာ။"




( ဒါကို မျက်မြင်တွေ.ခဲ့ရသူ တစ်ဥိးကတော. ခုလိုဖော်ပြ လာခဲ့ပါတယ် )
ရန်ကုန်ဆေးရုံတက်လာတယ့် သယ်ချင်းရဲ့အမက အမြန်လမ်း ၁၅မိုင်မှာနေတယ် ရန်ကုန်တက်လာတယ့်ချိန် ကားတိုက်သံကြားလို့ အရှိန်လွန်သွားတယ့်သူတို့ကားကို ချက်ချင်းရပ်ပြီး လမ်းလျောက်ပြန်လှည့်လာတုန်းအချိန်ထိ အခုမီးလောင်သွားတယ့်ကားဟာ မီးမလောင်သေးဘူးလို့ပြောပါတယ် လွတ်မြောက်နေတယ့်ကောင်က ကာကိုပတ်ပြီးကြည့်နေတာကိုလည်း တွေ့နေရတယ်လို့ ပြောပါတယ် တိုက်မိပြီး ဆယ်မီနစ်ကျော်ကြာမှ မီးခိုးထွက်လာပြီး ဝုန်းဆို မီးထလောင်တယ်ဆိုတာလဲ မြင်နေရတယ်လို့ ပြောတယ် တိုက်မိပြီဆိုတာနဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ကားအတွင်းမှာ မီးလောင်ခံရသူတွေကို ကားတံခါးဖွင့်ပေးဖို့ အချိန်ရလျက်သားနဲ့ ဘာလို့မဖွင့်ပေးသလဲဆိုတာကို လမ်းလျောက်ပြန်လှည့်လာနေတယ့်သယ်ချင်းရဲ့အမတွေ အာ့ကောင်ကိုသတ်ချင်လောက်အောင် ဒေါသဖြစ်ခဲ့ရတယ်လို့သိရပါတယ် သူတို့ကားအနားမရောက်ခင်မှာဘဲ ကားက မီးဟုန်းဟုန်းတောက်လောင်နေပြီလို့ သိရတယ် သူတိုတွေကိုယ်တိုင်ဘဲ ရဲစခန်းကို ဝင်အကြောင်းကြားပြီး ရန်ကုန်ဆေးရုံသို့ ခရီးဆက်ခဲ့ရပါကြောင်း
( ဒါပေမယ့်လည်း နောက်ဆုံးမှာတော. အသက်ရှင်ကျန်ရစ်ခဲ့သူက သူမောင်းလာခဲ့တာပါလို.၀န်ခံလာခဲ့ပါတယ် သက်ဆိုင်ရာ တပ်ဖွဲ.ကလည်း ဒါဟာ သမားရိုးကျ ကားတိမ်းမှောက် မီးလောင်မှုလို. ကောက်ချက်ချခဲ့ပါတယ်)

ဇန်န၀ါရီလ ၂၁ ရက်နေ့က မနက် ၈ နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၄ မိုင်နဲ့ ၂ ဖာလုံကြားမှာ ဖြစ်ပွားခဲ့တဲ့ အံစာတုံးကားမီးလောင်မှုက သမာရိုးကျမီးလောင်မှုသာဖြစ်ပြီး အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်တဲ့ ကိုအောင်ခန့်က ကားကို မောင်းခဲ့တာလို့ ၀န်ခံခဲ့တာကြောင့် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

“ကိုအောင်ခန့်က ၂၅၈ မိုင်ကနေမောင်းလာတယ် ၁၁၅ မိုင်အထိ မောင်းတယ် သူအသွားတောက်လျှောက် မောင်းတော့ပင်ပန်းပြီးအရမ်းအိပ်ချင်တယ်ဆိုပြီး ကိုဝင်းထွန်းနဲ့ တလှည့်စီမောင်းတယ် မိနစ် ၂၀ လောက်ပဲချိန်းပြီး သူပြန်မောင်းတယ် အခုကားတိုက်မိတာက ကိုအောင်ခန့်ဆက်မောင်းလို့ဖြစ်တာ သမာရိုးကျယာဉ်တိုက်မှုပါပဲ”လို့ အမှတ် (၃) အမြန်လမ်းမကြီးရဲစခန်းမှ ရဲအုပ်ဦးအောင်သင်းဦးက ကုမုဒြာသတင်းဌာနရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမှတ်(၃)အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က ကားမီးစလောင်တဲ့အချိန်မှာ ရောက်လာတဲ့ ဘေးပတ်ဝန်းကျင်က မျက်မြင်သက်သေ နှစ်ယောက်ကို စစ်ဆေးခဲ့ရာမှာ ရန်ကုန်-နေပြည်တော်တက်တဲ့ ကားမောင်းသူ အာမင်(ခ)သူရအောင်နဲ့ ကိုဝင်းစိုးအောင်တို့ကို စစ်ဆေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ပြန်စစ်တဲ့အချိန်မှပဲ ကိုအောင်ခန့်က သူကားမောင်းခဲ့တာကို ၀န်ခံခဲ့တာဖြစ်ကြောင်း ရဲအုပ်အောင်သင်းဦးက ပြောပါတယ်။
“အစကသူမောင်းတယ်ဆိုတာဝန်မခံရဲဘူး။ ကီလိုမီတာ ၁၀၀ ကျော်အနေအထားလောက်နဲ့ မောင်းလာတယ် မောင်းလာတဲ့ အကြောင်းရင်းကလည်း ယာဉ်ပေါ်မှာပါလာတဲ့ မခင်သီတာဆိုတဲ့ အမျိုးသမီးက သူ့ရည်းစား တိုးဂိတ်မှာစောင့်နေလို့ မြန်မြန်မောင်းခိုင်းတယ် ပြီးတော့ ကားဘီးပေါက်တာ လမ်းလယ်ကြောကို ပွတ်မိပြီး မီးလောင်ကြွမ်းခဲ့တာ"လို့ ရဲအုပ်အောင်သင်းဦးက ပြောပါတယ်။
ကားရပ်သွားတဲ့အချိန်မှာ ကိုအောင်ခန့်က ကားမောင်းတဲ့နေရာကနေ သူ့ဆရာဖြစ်သူကိုဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ထုတ်လို့မရခဲ့ဘဲ ဆရာဖြစ်သူက နောက်ကအဖွဲ့တွေကိုဆွဲထုတ်ခိုင်းပေမယ့် လုံးဝထုတ်လို့မရခဲ့ဘဲ ကားကမီးစလောင်ခဲ့လို့ မှန်ခွဲဖို့ကြိုးစားတဲ့အချိန်မှာ မမှီတော့ဘူးလို့ ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အချိန်မှာ ကိုအောင်ခန့်က ပြောခဲ့ပါတယ်။



လက်ရှိအချိန်မှာတော့ အသက်ရှင်လွတ်မြောက်သူဖြစ်တဲ့ ကိုအောင်ခန့်ကို အမှတ်(၃) အမြန်လမ်းမကြီးရဲစခန်းအချုပ်မှာ ဖမ်းဆီး ထိန်းသိမ်းထားပြီး ဇန်န၀ါရီ ၂၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိချုပ်ရက် ရမန်ယူထားပြီး အမှုပြီးတာနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၈၅ နဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှု မှတ်တမ်း Video Clip


  Photos & Data : 7Day Daily, The Voice, Kyaw Thu Sein , Duwun ,
လှည်းကူးငပိချက် ၊ Thar Thar Chit ၊ ကုမုဒြာ  & Soe San Facebook

No comments:

Post a Comment