Monday, March 12, 2018

ဝါးခယ်မ အထက ၁ မြတ်ဆရာပူဇော်ပွဲ အခြေခံ မူများ





ဝါးခယ်မမြို.နယ် အထက ( ) မြတ်ဆရာ ပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ပထမ ဆုံးအကြိမ် အကြို ညှို နှိုင်း မှုကို ၂၀၁၇ ဒီဇင်ဘာ ၂၄ ရက်နေ. က ဧရာဝတီတိုင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည် ထို.နောက် ပထမ အကြိမ် အစည်းအဝေးကို ၂၀၁၈ ဇန်န၀ါရီ ၇ရက်နေ. နေ.လည်က ၀ါးခယ်မအသင်းတိုက် တွင် ကျင်းပခဲ့ပါသည် ထိုအစည်းအဝေးသို.စာသင်နှစ် ခု မှ ကျောင်းသား/သူ ဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည် ဆက်လက်၍ ဒုတိယ အကြိမ် မြောက် အစည်းအဝေးကို ၂၀၁၈ ဇန်န၀ါရီ ၁၄ ရက်နေ. နေ.လည်က ၀ါးခယ်မအသင်းတိုက် တွင် ကျင်းပခဲ့ပါသည် ထိုအစည်းအဝေးသို. ၁၉၆၈  မှ ၂၀၀၇ အတွင်း ကျောင်းသား/သူဟောင်း ၁၈ ဦးတက်ရောက်ခဲ့ကြပါသည်





၂၀၁၈ ဇန်န၀ါရီ ၂၈ ရက်နေ.တွင်မူ ရန်ကုန်မြို. စိမ်းလန်းစိုပြေ ပန်းခြံတွင် ၀ါးခယ်မ အထက မြတ်ဆရာ ပူဇော်ပွဲကျင်းပနိုင်ရေး တတိယအကြိမ်မြောက် အစည်းအဝေးတွင် ၀ါးခယ်မ အထက မြတ်ဆရာ ပူဇော်ပွဲ ဖြစ်မြောက်ရေး ပင်မကော်မတီ ( ယာယီ ) ကို ဖွဲ.စည်းနိုင်ခဲ့ပြီး ဆရာကန်တော.ပွဲအတွက် အခြေခံ မူ ၆ရပ် ကြိုတင်ဆွေးနွေးခဲ့ကြပါသည် ထိုအစည်းအဝေးသို.ကျောင်းသား/သူဟောင်း ၃၅ ဦးခန်.တက်ရောက်ခဲ့ကြပါသည်




၂၀၁၈ ဖေဖေါ်ဝါရီ ၂၅ ရက် မနက်တွင်မူ ၀ါးခယ်မမြို.နယ် ၀ါးခယ်မအသင်းရုံးတွင် စတုတ္ထအကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၀ါးခယ်မ အထက မြတ်ဆရာ ပူဇော်ပွဲ ဖြစ်မြောက်ရေး ပင်မကော်မတီ  ကို တရားဝင် ဖွဲ.တည်ခဲ့သလို အခြေခံမူ ၆ရပ် ကိုလည်း အတည်ပြု သတ်မှတ်နိုင်ခဲ့ပါသည် ထိုအစည်းအဝေးသို.  ၁၉၆၈ မှ ၂၀၀၈ အထိ အထက တွင် ပညာသင်ကြားခဲ့ကြသော ၀ါးခယ်မ နှင့် ရန်ကုန်ရောက် ကျောင်းသား/သူပေါင်း ၅၀ ခန်.တက်ရောက်ခဲ့ကြပါသည်  






ဝါးခယ်မ အထက ( ) မြတ်ဆရာ ပူဇော်ပွဲ အတွက် ဆုံးဖြတ်ထားသော အခြေခံမူ ရပ်မှာ





( ) ၂၀၁၈ ခုနှစ်မှစ၍ ၀ါးခယ်မမြို. အထက မြတ်ဆရာ ပူဇော်ပွဲအား နှစ်စဉ် ကျင်းပသွားရန်



( ) အထက မြတ်ဆရာ ပူဇော် ပွဲအား နှစ်စဉ် ဒီဇင်ဘာလ၏ ပထမဆုံး တနင်္ဂနွေ တွင် ကျင်းပသွားရန်



( ) အထက ၁တွင် တစ်နှစ် သင်ကြားပေးခဲ့ပြီး ကန်တော.ပွဲကျင်းပမည့်နေ.တွင် အသက် ၆၀ ပြည့်ပြီးသော ဆရာ/ဆရာမအားလုံးအားကန်တော့ရန်



( ) အာစရိယ ပူဇော်ပွဲ အတွက် ကောက်ခံရရှိသော အလှုခံရရှိသော ငွေကြေးအားလုံးအား ဆရာကန်တော.ပွဲ အတွက် မှလွဲ၍ အခြားမည်သည့် ကိစ္စရပ်အတွက် မှ သုံးစွဲခြင်းမပြုရန်


( ) ကန်တော.့ပွဲအပြီးတွင် ပိုလျှံငွေအား  အကုန်သုံးပစ်ခြင်းမျိုး မပြုပဲ နောက်နောင် ရန်ပုံငွေ အားနည်းသော နှစ်များ ရှိလာပါက အထောက်အပံ့ ဖြစ်စေရန်အတွက်  အဖွဲ. အမည်ဖြင့် ဘဏ်တွင်သာ အပ်နှံပြီး အခြားမည်သူ.ထံ မည်သည့်နေရာတွင်မှ မထားရှိရန်


( ) နှစ်စဉ် ကျင်းပရန် ရည်သန်ထားသဖြင့် ဆရာကန်တော.ပွဲမှ လွဲ၍  ဖျော်ဖြေမှု ညစာစားပွဲ အပါအ၀င် အခြားသော ထပ်တိုးအစီအစဉ်များကို    ကော်မတီ မှ တာဝန်ခံကျင်းပခြင်း မပြုရန်


တို. ဖြစ်ပါသည်

No comments:

Post a Comment