Wednesday, October 3, 2012
ပြိုကျ ပျက်စီးမှု ဖြစ်ပွားခဲ့သော ရှေးဟောင်း သမိုင်းဝင်သော်က စေတီတော်မြတ်
အနက် သက်တမ်းအရှည်ကြာဆုံး...သမိုင်းကြောင်းအရလည်း ခိုင်မာသော တည်ထားနှစ် ၇၅၀ ခန်.ရှိပြီဖြစ်သည်. သော်ကစေတီတော်မြတ်ကြီးသည် ၀ါးခယ်မမြို. တစ်ဖက်ကမ်း သော်ကရပ်ကွက်တွင်တည်ရှိနေခြင်းဖြစ်သည်...ပသီမင်းသမီး ဥမ္မာဒန္တီ မင်းသမီး တည်ထားခဲ့သောရှေးဟောင်း သမိုင်းဝင် စေတီတော်မြတ်လည်းဖြစ်သလို ၀ါးခယ်မမြို.တည် သမိုင်းနှင်.လည်း ထဲထဲဝင်ဝင် ပတ်သက်နေသောဘုရားတစ်ဆူဖြစ်ပါသည်....ကျေးလက်အဆန်ဆုံး ဖြစ်သော ထိုဘုရားပွဲတော် သည်လည်း ၀ါးခယ်မသားတို.အဖို. နှစ်လိုဖွယ် တို.အနက် တစ်ခုဖြစ်သည်........
ဗုဒ္ဓဘာသာဝင်တို.အဖို. အနိစ္စ ဆိုသောစကားလုံးသည် သက်ရှိ..သက်မဲ. အရာအားလုံး ...အခြေအနေအားလုံးတို.အပေါ် ကန်.သတ်မဲ. ထိမ်းချုပ် စီရင်လွှမ်းမိုးထားနိုင်စွမ်းသော အရာလည်းဖြစ်သည်...သော်ကစေတီတော်မြတ်ကြီးသည် မြန်မာသက္ကရာဇ် ၆၃၀ (ခရစ်နှစ် ၁၂၆၈ ခန်.) ကပင် တည်ထားခဲ့ခြင်းဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၆၂ (ခရစ်နှစ် ၁၉၀၀ ၀န်းကျင်) ကပြန်လည်တွေ.ရှိ ပြုပြင် ဥာဏ်တော်မြှင်. မွမ်းမံပူဇော်ခဲ့ပါသည်...၁၉၃၀ ၀န်းကျင်ခန်.က မြန်မာတစ်နိုင်ငံလုံး လှုပ်ခတ်သောငလျှင် ဒဏ်ကြောင်.စေတီတော်ကြိး အိပြီး အနည်းငယ်တိမ်းစောင်းကာ ဖိနပ်တော် 
ပတ်လည်ချိုင်.၀င်ခဲ့ပါသည်....မြန်မာသက္ကရာဇ် ၁၃၇၀ ပြည်.တွင် စေတီတော်ကြီး ဂေါပက အဖွဲ. သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ ၏ သြ၀ါဒ ကိုခံယူလျှက် နယ်လှည်.သာသနာပြု သစ္စာဓိဌာန် တကောဆရာတော် ဦးဆောင်သော အလှုရှင်များ စုပေါင်း၍ စေတီတော်ကို ၁၂ ပေ တိုးမြှင်.ပြီး ဘက်စုံပြုပြင် မွမ်းမံခဲ့ရာ လက်ရှိစေတီတော်၏ ဥာဏ်တော်မှာ ၁၆၂ ပေ ဖြစ်ပါသည်......
စေတီတော် သက်တမ်းကြာလာသည်နှင်.အမျှ စေတီတော်ကြီး၏ သပိတ်မှောက် ..ခေါင်းလောင်းနဲ. ပစ္စယံ အဆင်.ဆင်.တွင်အက်ကွဲကြောင်းတွေ ပေါ် လာခဲ.ကြောင်း သိရှိရပြီးနောက် ၀ါးခယ်မမြို.နယ်အသင်း ဥက္ကဌ..ဦးအံ.ကျော်..၀ါးခယ်မမြို.နယ်အသင်း (၇န်ကုန် )..မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ 
 ဦးသန်းမြင်.ဦးဆောင်သော နားလည်တတ်ကျွမ်းသည်.ပညာရှင်အဖွဲ.သည် ၂၂-၄-၂၀၁၂ တွင် သွားရောက်စစ်ဆေးခဲ့ရာ အမြန်ဆုံး မွမ်းမံရန် လိုအပ်နေကြောင်း အသိပေးခဲ့ပြီး ရွှေတိဂုံ စေတီတော်
ကြာမှောက်ကြာလှန်များတွင် ပြုလုပ်ခဲ့တဲ့အတိုင်း သံပြားခါးပတ်ပတ်ခြင်း (Jacket )ပြုလုပ်ရန် အကြံပြုခဲ့ပါသည်...ထို.ကြောင်. စေတီတော်ကြီးတွင်ငြမ်းဆင်ခြင်း.နှင်. ...ရန်ကုန်မှ သံချည်သံကွေး .. သင်္ဘော ကိုယ်ထည် တည်ဆောက်ခြင်း ဆိုင်ရာ ကျွမ်းကျင်သူများ အကူအညီဖြင်. သပိတ်မှောက်နှင်.ခေါင်းလောင်းတော်ကြီး တို.ကို ခါးပတ်ပတ်ခြင်း ပြုလုပ်ခဲ့ပါသည်.....ဒုတိယ အဆင်.အနေဖြင်. ပစ္စယံအဆင်.ဆင်.ကိုဆက်လက်ပြုလုပ်ခဲ့ပါသည်.....ဒုတိယ ပစ္စယံအထိ ခါးပတ်ပတ်ခြင်း အပြီး ၁၄ -၇-၂၀၁၂ ညနေ ၄နာရီ ၃၀ မိနစ်တွင် တတိယ ပစ္စယံ အနောက်ဖက်မျက်နှာစာ အလျား ၃၂ ပေ အနံ ၁၀ပေ ၃လက်မ ခန်.ပြိုကျမှု ဖြစ်ပွားခဲ့ပါသည်......
ထို.ကြောင်.ရန်ကုန် ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ. ကျွမ်းကျင် အင်ဂျင်နီယာ အဖွဲ.မှ ပြိုကျမှုကို သွားရောက်စစ်ဆေးခဲ့ပြီးမြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း မှ ဦးသန်းမြင်. အပါအ၀င် ပြိုကျသော တတိယ ပစ္စယံ ပြင်ဆင်ရေး အသေးစိပ် ပုံထုတ် တွက်ချက် ထားရာ အနောက်ဖက်ပစ္စယံ မျက်နှာစာပြင်ဆင်စ၇ိတ် သိန်း ၇၀ ခန်.ကုန်ကျမည်ဟု.ခန်.မှန်းထားကြပါသည်....ဆက်လက်၍ အရှေ.ဖက် 
 မျက်နှာစာ.ကိုပြင်ဆင်ရမည်ဖြစ်သလို....ရန်ပုံငွေ ရရှိမှု ပေါ် မူတည်ပြီး မြောက်ဖက် နဲ. တောင်ဖက်တို.လည်း ဆက်လက်ပြုပြင်ရန် လိုပါသည်..ထို.ပြင်စေတိတော် ရေရှည် တည်တန်.ရေးအတွက် စတုတ္ထ ပစ္စယံ နှင်. ပန်းတင်ခုံတို.ကိုလည်း ဆက်လက်ပြုပြင်ရ မည်ဖြစ်ပါသည်..
ထို.ကြောင်.စေတီတော်ကြီး ဆက်လက်၍ ရေရှည် တည်တံ.ရန်ဝါးခယ်မမြို.သူမြို.သားများ...အဝေးရောက် ၀ါးခယ်မသူ/၀ါးခယ်မသားများ ၀ါးခယ်မ အနွယ်ဝင်များ အနေဖြင်. လိုအပ်သော အကြံဥာဏ်...ငွေကြေး စသော လှုဒါန်းမှုများ အထူးလိုအပ်လျှက်ရှိပါသည်...ထို.ကြောင်.လက်ရှိအခြေအနေကို သိရှိနိုင်ရန် နီးစပ် ပတ်သက် ဆက်နွယ်ရာ များကို တစ်ဆင်.ပြောဆို အသိပေး ပေးကြပါရန် အထူးနှိုးဆော်အပ်ပါသည်. 
...ရှေးဟောင်းသမိုင်းအမွေကိုမြတ်နိုးသူများ..တန်ဖိုးထားသူများ..ထိမ်းသိမ်းလိုသူများ....ဘာသာရေးအလှုဒါနကို စိတ်ပါဝင်စားစွာလှုဒါန်းလိုကြသူများအတွက်တော. စွမ်းစွမ်းတမံပါဝင်နိုင်ရန် အခွင်.အရေးကောင်း တစ်ခုလည်း ဖြစ်ပါသည်...၀ါးခယ်မမြို.နယ်အသင်း(ရန်ကုန်)မှလည်း ထိုကိစ္စရပ်အတွက် လက်ကမ်းစာစောင်များဖြန်.ဝေကာ ကြိုးပမ်းလျှက်ရှိပါသည်..
လှုဒါန်း ဆက်သွယ်လိုသူများအဖို. အောက်ပါပုဂ္ဂိုလ်များထံ တိုက်၇ိုက်ဆက်သွယ်လှုဒါန်းနိုင်ကြပါသည်....
ဝါးခယ်မအသင်း (ရန်ကုန်)...၀၁-၂၂၆၅၉၀
ဦးအံ.ကျော် (ဥက္ကဌ).....၀၁-၅၄၉၃၀၁
ဦးသန်းဌေး (အတွင်းရေးမှုး)...၀၁-၃၉၃၁၀၅
ဒေါ်ခင်ဆွေရီ (ဘဏ္ဍာရေးမှုး )..၀၁-၃၉၄၂၆၈
ဦးစိုးထွန်း..အုပ်ချုပ်ရေးမှုး..၀ါးခယ်မ ...၀၄၂-၆၀၀၀၁
ဦးမြင်.စိုး ..ဥက္ကဌ..သော်ကဂေါပက အဖွဲ. ...၀၉-၈၅၃၇၂၄၁
ဒေါက်တာသန်းလွင်..ဥက္ကဌ..အကျိုးဆောင်အဖွဲ. ..၀ါးခယ်မမြို.နယ်အသင်း ၀၄၂-၆၀၃၀၀
No comments:
Post a Comment