Friday, October 19, 2012
ရွှေတိဂုံ ဘုရားပေါ်က ၀ါးခယ်မ အငွေ.အသက် တစ်ချို.
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို.၏ ဂုဏ်ယူဖွယ်ရာ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာဖြစ်သော ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင်လည်း မြို.လေး၏ အငွေ.အသက် တစ်ချို. တွေ.မြင်နိုင်ပါသည်....
ယခုကဲ့သို. ၀ါတွင်းကာလ မျာ...
းတွင် မြန်မာနိုင်ငံ ရှိ မြို.ကြီးများ၏ နာမည်ကြီး ဘုရားစေတီကြီးများတွင် ဥပုသ်နေ.တိုင်း တရားပွဲများကို ကျင်းပကြပါသည်..ပဲခူးကဲ့သို.မြို.မျိုးရှိ ရွှေမော်ဠော စေတီတွင်ပင် ဥပုသ်နေ.တိုင်း တရားပွဲ ၂ပွဲ ၃ ပွဲခန်. ရှိနေတတ်ပြီး ရွှေတိဂုံ စေတီကြီးတွင်မူ တရားပွဲ ၂၀ ခန်.ထိ ရှိနေတတ်ပါသည်....ထိုအထဲတွင်မှ ၀ါးခယ်မဖွား ဆရာတော် တစ်ပါးဖြစ်သည်. မိမိဘွဲ.တော်နောက်တွင် မိမိဇာတိကို အမြတ်တနိုးတွဲယူဘွဲ.ခံထားသော ကြာနီကန်ဆရာတော်ဘုရား ၏ဟောပုံဟောနည်း လေယူလေသိမ်း နှင်.တူအောင်ဟောလေ.ရှိပြီး 
ကြာနီကန်ဆရာတော ၏ အခွေ များမှတစ်ဆင်. ကြားဆရာအဖြစ်ထားပြီး သင်ယူခဲ့ပါ သည်ဆိုသည်.ဲ့ ကြာနီကန် ဆရာတော် ဦးရေ၀တ (၀ါးခယ်မ)...(ယခင်ကြာညိုကန် ဆရာတော်) ၏ တရားပွဲများကို ၀ါတွင်းကာလ ဥပုသ်နေ.တိုင်း ရန်ကုန်ဆန်လှုအသင်းတန်ဆောင်း (ရခိုင်တန်ဆောင်းနှင်. အနောက်ဘက်စောင်းတန်းကြား) မှာ ပြုလုပ်ကျင်းပနေပါ သည်...ကိုယ်.မြို.သား ဘုန်းကြီးမှ နာရတာ ပိုပီတိဖြစ်တယ် ဆိုသူများအတွက်တော. ရေကန်အသင်. ကြာအသင်. အခြေအနေများပင်..
      ထို.အပြင် ဂုဏ်ယူဖွယ်ရာ တစ်ခုက အနောက်ဖက်စောင်းတန်း (စက်လှေကားမုခ်) ၏ 
 ထိပ်ဆုံးတွင်တွေ.ရပါသေးသည်...ထိုစောင်းတန်းထိပ် ဘယ်ညာ အခန်းကျယ်၏ အလှုရှင်မှာ 
  ယူဆရပါသည်..အလှုရှင်သည် မိမိရွာ မိမိမြို. နာမည်ကို ဂုဏ်ယူစွာ ဖော်ပြထားရုံမက 
ကဗ္ဗည်းကျောက်ပြားကိုပင် ၀ါးခယ်မသား ပညာရှင် လက်ရာဖြင်. ထွင်းထု ထားခြင်းက မိမိမြို.ကို အဘယ်မျှ 
တန်ဖိုးထားကြောင်းပေါ်လွင်နေသည်
No comments:
Post a Comment