Wednesday, October 17, 2012

ပီနန်ဆရာတော်ကြီး ဦးပညာဝံသ

              

               


ဝါးခယ်မမြို. ကျုံတိုင် ဆင်ကူးရွာ ဇာတိဖြစ်သည်..၁၉၂၉ ဇန်န၀ါရီလ ၁၀ ရက်နေ.တွင် မွေးဖွားသည်..ဦးဘတူ နှင်. ဒေါ်ကြည်တို.၏ သားဖြစ်ပြီး နာမည်မှာ မောင်တင်ညွန်.ဖြစ်ပါသည်...မွေးချင်းတို.မှာ အကိုကြီး ဦးကံညွန်. နှင်. နှမငယ် ဒေါ်အေးရီတို. ဖြစ်ပါသည်..၁၄ နှစ် အရွယ်တွင် သာမဏေပြုသည် ၁၉၄၈ တွင် ရဟန်းခံသည် ..၀ါခယ်မ ညောင်တုန်း မန္တလေး မြို.များတွင် ပါဠိ နှင်. ပိဋိကတ် စာပေကျမ်းဂန်များ ဆည်းပူးသည် ၁၉၅၃ တွင် ဓမ္မာစရိယ စာမေးပွဲကို ဂုဏ်ထူးဖြင်. အောင်မြင်သည်...

နိုင်ငံတော်အစိုးရက သာသနာ.ဓဇ သီရိပ၀ရ ဓမ္မာစရိယ ဘွဲ့ ကို ဆက်ကပ်သည်...၁၉၅၄ ခုနှစ် တွင် ကိုကိုးကျွန်း ၁၉၅၇ တွင် သီရိလင်္ကာ နိုင်ငံ ၁၉၅၉ တွင် အက်ဒမန်ကျွန်း တို.တွင် သာသနာပြုသည်.. အက်ဒမန်ကျွန်းတွင် သာသနာပြုစဉ် အက်ဒမန် ဗုဒ္ဓဘာသာ အဖွဲ. ကို ဖွဲ.စည်းသည် အိန္ဒိယ တောင်ပိုင်း တမီလ် ဗုဒ္ဓဘာသာအဖွဲ.များကို ဖွဲ.စည်းပြီး နာယက  ဆရာတော်အဖြစ် ၁၃ ဌာန ကိုတာဝန်ယူရသည်...   ၁၉၆၅ မှ ၁၉၆၉ ထိ ရန်ကုန်မြို. အောင်မင်္ဂလာ သိဒ္ဓိ စာသင်တိုက်`၌ စာချဆရာတော် အဖြစ်ဆောင်ရွက်သည်...

၁၉၇၀ တွင် နိုင်ငံတော် က တာဝန်ပေးသဖြင်.ပီနန်ကျွန်း ဓမ္မိကာရာမ ကျောင်းတိုက်သို. ကြွရောက် ကျောင်းထိုင်ပြီး ၁၉၇၀ မှ ၁၉၇၉ အထိ မလေးရှားဗုဒ္ဒ္ဓဘာသာ လူငယ်များအသင်း အကြံပေး နှင်. ဗုဒ္ဓဘာသာ စာမေးပွဲများ စစ်ဆေးရေးမှုး အဖြစ်ဆောင်ရွက်ရသည် တနင်္ဂနွေကျောင်း Sunday Buddhist Institute ကိုလည်း တည်ထောင်ခဲ့သည် ၁၉၇၉ တွင် လော.စ်အိန်ဂျလိစ် နှင်. ကာလီဖိုးနီးယားတို.၌ မြန်မာဘုန်းတော်ကြီးကျောင်းများ တည်ဆောက် ၍ လော.စ်အိန်ဂျလိစ် တွင် အရှေ.တိုင်းဘာသာ သင် တက္ကသိုလ် ကထိက ကာလီဖိုးနီးယား တောင်ပိုင်း ဗုဒ္ဓဘာသာ သံဃာတော်များအဖွဲ.ဒုဥက္ကဌ အဖြစ်ဆောင်ရွက်တော်မူသည် ..၁၉၈၅ တွင် ပီနန်ကျွန်း၌ အပြည်ပြည်ဆိုင်ရာမြန်မာသံဃာ တော်များအဖွဲ. ကို ဖွဲ.စည်းသည် ထိုနှစ်တွင်ပင် စင်ကာပူ၌ ဗုဒ္ဓဘာသာအဖွဲ. ကိုဖွဲ.စည်းသည်.. ၁၉၈၆ တွင် သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို.တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ၁၉၈၇ တွင် အမေရိကန် နိုင်ငံ ချီကာဂို မြို.၌ စေတီတစ်ဆူ ကနေဒါနိုင်ငံ တိုရန်တို မြို.၌ စေတိတစ်ဆူတည်တော်မူသည်..၁၉၉၄ တွင် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ.တံဆိပ်တော် ချီးမြှင်.ခံရသည်....

.Ref; from Golden Jubliee Magazine of WKA Township Association ( Yangon )...Drawing by Han Lay

ဒါကတော. ဆရာတော်ကြီးအကြောင်းရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ.ကောက်နှုတ်ချက်လေးပါ
၁ နိုဝင်္ဘာ ၂၀၀၇ (မောင်စွမ်းရည်တင်ပြသည်။)
(ပီနန်ဆရာတော်ကြီး၏ သာသနာပြုသက်တမ်း ၅၀ပြည့် အမှတ်တရဆောင်းပါးမှ ကောက် နုတ်ဖော်ပြပါသည်။ နယူးယောက်မြို့ထုတ် ပြည်သူအမြင်စာစဉ်၊ သြဂုတ်လထုတ်မှ ဖြစ်သည်။ )


နိုင်ငံတွင်း တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမ၊ နိုင်ငံခြားသာသနာပြု ဆရာတော်ကြီး ဦးသေဋ္ဌိလ တို့ရဲ့ သာသနာပြု လုပ်ငန်းများအကြောင်းကို ဖတ်ရှုနာကြားရတိုင်း အံသြရ၊ ၀မ်းမြောက်ရ၊ ပီတိဖြာရပြီး သာဓုနုမော် အကြိမ်ကြိမ် ခေါ်ခဲ့မိရပါတယ်။ အဦးအစလမ်းထွင်ရတဲ့ပုဂ္ဂိုလ်များဖြစ်ကြလို့ အခက်အခဲတွေ ပိုမိုကြုံတွေခဲ့ရပါတယ်။ ရဟန်းတော်တစ်ပါးရဲ့ ၀ိနည်းတော်နဲ့အညီ နေထိုင်စားသောက် ရေးအတွက် အားထုတ်ရတာ ကိုကမလွယ်ပါဘူး။ နိုင်ငံခြားတိုင်းပြည် များမှာ ဆွမ်းခံစားရတာ၊ ဘိနပ်မပါဘဲ သွားရတာကအစ အလွန်ခက်ပါ တယ်။ အမေရိကနဲ့ ဥရောပ မှာ ဆွမ်းခံတာကို အထင်သေးခံရနိုင်တယ်။ နှင်းပေါ် ရေခဲပေါ်သွားရင်တော့ ခြေထောက်တွေပါခဲကုန်မှာပေါ့
နိုင်ငံခြားသာသနာပြုဆရာတော်ကြီး ဦးသေဋ္ဌိလ ကိုယ်တော် ကြီးတို့ရဲ့ နောက်ပိုင်း နိုင်ငံခြားသာသနာပြုရေးမှာ အထူးပေါက်မြောက် အောင်မြင်၍ အထူးကျော်ကြားတဲ့ ဆရာတော်ကြီးကတော့ ပီနန်ဆရာတော်ကြီး လို့ လူသိများတဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန ပညာဝံသ ဆရာတော်ကြီး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ၀င်တို.အဖို. ဂုဏ်ယူဖွယ်ရာ မလေးရှား ရှိ ပီနန် ကျောင်းတော်ကြိး

                            
ပီနန်ဆရာတော်ကြီးရယ်လို့ကျော်ကြားရတာ ကတော့ မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ဗုဒ္ဓဘာသာကျောင်းတော်ကြီးကို ကျောင်းထိုင်ဆရာတော်အဖြစ် သွားရောက်တာဝန်ယူ ခဲ့ရလို့ဖြစ်ပါတယ်။ ပီနန်မှာ ဓမ္မိကာရာမကျောင်းတော်ကြီး လို့အမည်တွင်တဲ့ ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းကြီးဟာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်း ရှည်ခဲ့တဲ့ ကျောင်းကြီးဖြစ်ပါတယ်။ ဆရာတော်ကြီးက အဲဒီ ကျောင်း တော်ကြီးကို ၁၉၇၀ ခုနှစ်ကစပြီး တာဝန်ယူခဲ့ပါတယ်။ အများသိကြ တဲ့အတိုင်း “မာလာယု”လို့   ရှေးမြန်မာများ နှုတ်ဖျားမှာ တွင်ကျယ်ခဲ့တဲ့ မလေးရှားနိုင်ငံဟာ မွတ်ဆလင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဓမ္မိကာရာမ ကျောင်းတော်ကြီးဟာ မလေးရှားနိုင်ငံမှာ တစ်ခုတည်းသော ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ 

ဆရာတော်ကြီး ဦးပညာဝံသ အနေနဲ့ သာသနာပြုရာမှာ ထူးခြားတာက သာသနာပြုရင် ကမ္တာအရပ်ရပ်မှာ ဗုဒ္ဓဘာသာကျောင်း တော်ကြီးတွေအခြေခိုင်အောင် တည်ထောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို တည်ထောင်နိုင်ဖို့ရာကလဲ နိုင်ငံခြားတိုင်းပြည်တွေမှာရောက်ရှိနေထိုင် ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အခြေပြုပါတယ်။ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင် တွေထဲမှာ အထူးအားထားရတာက ဗုဒ္ဓဘာသာဝင် တရုတ်ဗမာများပဲဖြစ်ပါတယ်။
ဗမာ့လွတ်လပ်ရေးခေတ် သမိုင်းဦးကာလမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဟာ နိုင်ငံခြားသာသနာပြုရေးကိုအထူး အားထုတ်ခဲ့ပါတယ်။ ငွေကုန်ကြေးကျလဲခံခဲ့ပါတယ်။ ဒီအကြောင်းနဲ့ စပ်လျှင်းပြီး ပီနန်ဆရာတော်ကြီးက ခုလို အမိန့်ရှိဖူးပါတယ်။
“ဦးနုကအများကြီးအားထုတ်ခဲ့ပေမယ့် နိုင်ငံခြားသာသနာပြုရာမှာ ဗိုလ်နေ၀င်းတို့ က ပိုအောင်မြင်တယ်” လို့ဆိုရမယ်၊ သွယ်ဝိုက်ပြီးတော့ indirectly ပေါ့၊ ခုလိုလဲ အကောင်းဘက်က ကြည့်ရအုံးမှပေါ့။ သူတို့လုပ်လို့ ပြည်ပ ထွက်လေ့မရှိတဲ့ ဗမာလူမျိုးတွေ အများကြီးထွက်လာကြ၊ ဘုန်းတော်ကြီးတွေလဲပါလာကြဆိုတော့ အခုအခါ အမေရိကပြည်ထောင်စုမှာ ပြည်နယ်တိုင်းလိုလို ဘုန်းကြီးကျောင်းတွေရှိလာကြပြီလေ။"

“ဘုန်းကြီးတို့ အမေရိကားကိုစရောက်ဖူးတဲ့ ၁၉၇၈ ခုနှစ်တုန်းကဆိုရင် သိပ်မျက်နှာ ငယ်တာပေါ့။ တည်းစရာ ခိုစရာမရှိ၊ ဆွမ်းခံစရာမရှိ၊ ဆွမ်းကပ်မယ့်သူမရှိ နဲ့။ ဟော … ခုတော့ ဥရောပနိုင်ငံတွေမှာလဲ ဘုန်းကြီးကျောင်း တွေရှိကုန်ပြီလေ။ ဟုတ်ဘူးလား” လို့မိန့်တော်မူခဲ့ပါတယ်။
တဆက်တည်း ဆရာတော်ကြီး မိန့်ကြားတာက “နိဗ္ဗာန်ဆိုတာ ဘာလဲ” တဲ့။ (ဒကာကြီးတစ်ဦးက ဒုက္ခပေါင်းချုပ်ရာလို့ဖြေပါတယ်)
“အေး … မှန်တယ်။ ဗမာလိုကတော့ ဒုက္ခငြိမ်းတယ်ဆိုတာ ချမ်းသာတာကို ခေါ်တာပေါ့။ ချမ်းသာတယ်ဆိုတာ မဆင်းရဲတာ မမွဲတာကိုခေါ်တာပေါ့။ ဆင်းရဲရင် နိဗ္ဗာန် ရောက်ဖို့မလွယ်ဘူး။ ဒါကြောင့် ဒကာကြီးတို့ ဦးစွာပထမ “အိမ်ပိုင်” ဖြစ်အောင် လုပ်ကြရတယ်မဟုတ်လား၊ အိမ်ရှိတော့ စိတ်ချမ်းသာတယ်၊ ပိုစိတ်ချမ်းသာအောင် “ကားရှိအောင်” ကြိုးစားကြ ရပြန်တယ်၊ အဲဒီလိုစိတ်ချမ်းသာမှ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်း လမ်းစဉ်တွေကို လိုက်နာကျင့်သုံးနိုင်ကြမယ်ပေါ့၊ သံဃာများလဲ ကျောင်းရှိရတယ်။ ကျောင်းကလေးက ကျောင်းကြီးဖြစ်လာအောင် အားထုတ်ကြရတယ်။ ဘေးလူအမြင်မှာလဲ တင့်တယ်မယ်ပေါ့။ တရုတ်တွေက စီးပွာရေးလုပ်တတ်တော့ ချမ်းသာကြတယ်။ မလေးရှားမှာရော၊ အမေရိကားမှာရော တရုတ်တွေက လှူနိုင်ကြတယ်။ ဗမာစကားမှာ “ရိုးရိုး ကျင့် မြင့်မြင့်ကြံ” ဆိုတာရှိတယ်မဟုတ်လား။ “ အေး … ဗမာများက ရိုးတော့ ရိုးကြပါရဲ့၊ မြင့်မြင့်မကြံကြဘူး၊ မြင့်မြင့်ကြံကြ” စသည်ဖြင့် အမိန့် ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ပထမဆုံး တည်ထောင်ဆောက်လုပ်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဟာ ပီနန်ဆရာတော်ကြီးက တရုတ်ဗမာ ဗုဒ္ဓဘာသာဝင်တွေနဲ့ စတင်တည်ထောင် ခဲ့တာဖြစ်ပါတယ်။ ခုအခါ ကမ္ဘာအရပ်ရပ်မှာ ပီနန်ဆရာတော်ကြီး စတင်တည်ထောင်ပေးခဲ့တဲ့ ကျောင်းပေါင်း ၉ ကျောင်းမျှရှိခဲ့ပြီ ဖြစ်ပါတယ်။

ကြည်ညိုသဒ္ဓါပွားနိုင်ရန် အောက်ပါစာရင်းကို ဖေါ်ပြလိုက်ရပါတယ်။
- ၁၉၇၉ မြန်မာဘုန်းတော်ကြီးကျောင်း၊ လောစ်အိန်ဂျလိစ်၊ ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံ။
- ၁၉၈၆ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ဆစ်ဒနီ၊ သြစတေးလျနိုင်ငံ။
- ၁၉၈၇ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ချီကာဂို၊ အမေရိကန်နိုင်ငံ။
- ၁၉၈၈ မဟာဓမ္မိကဗုဒ္ဓဘာသာဘုရားကျောင်း၊ တိုရန်တို၊ ကနေဒါနိုင်ငံ။
- ၁၉၈၉ ဇေတ၀နဗုဒ္ဓဘာသာအဖွဲ့၊ ဟောင်ကောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
- ၁၉၉၁ မြန်မာဗုဒ္ဓဘာသာဘုရားကျောင်း၊ စင်္ကာပူ။
- ၁၉၉၉ မြန်မာမလေးရှား ဗုဒ္ဓဘာသာဘုရားကျောင်း၊ ကွာလာလမ်ပူ၊ မလေးရှား။
- ၁၉၉၉ မဟာသန္တိသုခဗုဒ္ဓသာသနာစင်တာ၊ ရန်ကုန်၊ ဗမာနိုင်ငံ။
- ၂၀၀၂ ရတနာဒီပဗုဒ္ဓဘာသာဘုရားကျောင်း၊ အော့်လန်၊ နယူးဇီလန် နိုင်ငံ။
- ၂၀၀၅ ဗမာဗုဒ္ဓဘာသာကျောင်း၊ ဟော်လန်နိုင်ငံ။ (လန်ဒန်သာသနရံသီ ၀ိဟာရဆရာတော် ဦးဥတ္တရအား ၀ါယမစိုက်ထုတ်စေ၍)
ဗမာပြည်က “မဟာ သန္တိသုခ ဗုဒ္ဓဘာသာစင်တာ” ဆိုတာ ဆရာတော်ကြီးက သာသနာပြုတက္ကသိုလ် အဖြစ် အထူးရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဆရာတော်ကြီးက “ နိုင်ငံခြားသာသနာပြုရာမှာ ဗဟုသုတများဖို့နဲ့ နိုင်ငံခြားဘာသာစကားတွေကျွမ်းကျင်ဖို့် အထူးလိုအပ်တယ်” လို့ အမိန့်ရှိပါတယ်။
မဟာသန္တိသုခကျောင်းကြီးကို စတင်တည်ထောင်စဉ်က ဘုန်းကြီးဦးဆောင်ပြီး အစိုးရရော ပြည်တွင်းပြည်ပရှိ ဒကာဒကာမများပါ စေတနာသန့်သန့်နဲ့ သာသနာအကျိုးမျှော်ကိုး တည်ဆောက်ခဲ့ပါတယ်။ ဆရာတော်ကြီး က ဗဟုသုတများဖို့ဆိုရာမှာ သိပ္ပံ၊ သမိုင်း၊ ပထ၀ီ၊ ဥပဒေ စတဲ့ ဘာသာရပ်တွေသိဖို့လိုတယ်။ ဒါကြောင့် တက္ကသိုလ်ဆရာတွေကို ဖိတ်ခေါ်ပို့ချစေခဲ့တယ်။
“ဒို့ဗမာတွေက ဗုဒ္ဓကျမ်းစာတွေတတ်ပြီးသားပါ။ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ စသဖြင့်ထည့်ပြီး သင်ဖို့မလိုတော့ပါဘူး။ အချိန်ကုန် လူပန်းရုံပဲ” စသဖြင့် မိန့်ကြားပါတယ်။ “ဗမာပြည်ဗုဒ္ဓဘာသာလောကမှာ Research and Seminar (သုတေသနနဲ့ နှီးနှောဖလှယ်ပွဲ) မရှိကြဘူး။ တိုးတက်ဖို့၊ အမြင်ကျယ်ဖို့၊ ဒါမျိုးတွေလုပ်ရမယ်။ သာသနာ့တက္ကသိုလ်မှာ ဒါမျိုးတွေလုပ်ဖို့ ရည်ရွယ်ရင်း ရှိထားခဲ့တယ်။ ကျုပ်က သူတို့ လက်ထဲလွဲခဲ့ပြီ။ မြန်မာတက္ကသိုလ်တွေမှာ မရှိသေးတဲ့ ကွန်ပျူတာတွေ၊ သင်ကြားမှုအထောက်အကူတွေပါ တပ်ဆင်ပေးခဲ့တာပါ” … လို့လဲ မိန့်ကြားပါတယ်။
ဆရာတော်ကြီးက ထေရ၀ါဒ၊ မဟာယာန၊ သုဓမ္မာရွှေကျင် စတာတွေရော ခွဲခြားပြီးပြောလေ့ မရှိတာကို သတိပြုမိ ပါတယ်။
“အရင်က ကမ္ဘာမှာအစောကြီး သာသနာပြုနေကြတဲ့ မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ဆီကနည်းယူရမယ်။ ပူးပေါင်း ဆောင်ရွက်ရမယ်” လို့အမိန့်ရှိပါတယ်။ ဘုရားရှင်ကိုယ်တော်ကလဲ သံဃာဂိုဏ်းကွဲမှာမျိုးကို မလိုလားတော်မူခဲ့ပါဘူး။

 ဆရာတော်ကြီးကို ဘိက္ခုနီသာသနာအကြောင်းလျှောက်ကြည့်ရာမှာ “အရှင် အာဒိစ္စ၀ံသကို ၂၀၀ ရာနှုန်း ထောက်ခံတယ်” လို့ အမိန့်ရှိပါတယ်။ အရှင်အာဒိစ္စ၀ံသ ဆရာတော်ကြီးက ကိုလိုနီခေတ်က ကျမ်းတတ်အကျော် ဆရာတော်ကြီးဖြစ်ပါတယ်။ ဘိက္ခုနီ- ရဟန်းမိန်းမများကို ထောက်ခံရေးသားတော်မူလို့ ရဟန်းတော်များက ပကာသနိယ ကံပြုကာ လူထွက်ခိုင်းပြီး အကြဉ်ခံခဲ့ရပါတယ်။ လူအမည် ဦးအောင်မြတ်ထွဋ်ပါ။ ဤသောက ကျောက်စာကို ပထမဘာသာပြန်ခဲ့ဘူးတဲ့ ပညာရှိဆရာတော်ကြီးပါ။


 ပီနန်ဆရာတော်ကြီးက ဗုဒ္ဓဘာသာမှာ ပြည်ပမှာအနေကြာတော့ သာသနာပြုရာမှာ အမြင်ကျယ်ပါတယ်။ နိုင်ငံရေး လူမှုရေးမှာလဲ အမြင်ကျယ်ပြီး သဘာဝကျက ဓမ္မဓိဋ္ဌာန်ကျကျပဲ စဉ်းစားတော်မူလေ့ရှိ ပါတယ်။ တကယ်တော့ ကမ္ဘာလှည့်ပြီး သာသနာပြုတာဟာ နှစ်ပေါင်း ၅၀ ရွှေရတုနှစ်ကိုတောင် ရောက်ခဲ့ပါပြီ။ သက်တော် ၈၀၊ ၀ါတော် ၆၀ မျှရှိခဲ့ပါပြီ။

၁၄ နှစ်သားက ရှင်သာမဏေဘောင်ကိုဝင်ခဲ့ပါတယ်။ ၁၉၄၈ ဧပြီလ ၁၆ ရက်နေ့မှာ ရဟန်းဘောင်တက်ခဲ့ရာ ဇာတိက ၀ါးခယ်မ ဖြစ်ပါတယ်။ ၀ါးခယ်မ၊ ညောင်တုန်းနဲ့ မန္တလေးမြို့တွေမှာ ဗုဒ္ဓဘာသာစာပေနဲ့ ပါဠိစာပေတို့ကို လေ့လာ သင်ယူခဲ့ပါတယ်။ ခုအခါ ရာပြည့် ပွဲဆင်နွဲမယ့် မန္တလေး မစိုးရိမ်ကျောင်းတော်ကြီးထံမှာ ပညာသင်ယူခဲ့လို့ မစိုးရိမ်ရာပြည့်ပွဲတက်ရောက်ရန် ဆရာတော်ကြီးကိုလည်း ဖိတ်ကြား ထား တော်မူတယ်လို့ သိရပါတယ်။
အခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဘရွတ်ကလင်က မစိုးရိမ်ဆရာတော်ကြီးနဲ့ စာသင်ဖက်ဖြစ် ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ဓမ္မာစရိယစာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်မြင် လို့ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံတော် အစိုးရက သာသန ဓဇသိရီ ပ၀ရဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကပ်နှင်းခြင်းကို ခံယူတော်မူခဲ့ရပါတယ်။

သက်တော် ၂၅ နှစ်မှာ ဖြစ်ပါတယ်။ အဲဒီနှစ်မှာ နိုင်ငံတော် အစိုးရက ကိုကိုးကျွန်းကို ဖွံ့ဖြိုးသာယာအောင်လုပ်ဖို့ စီမံဆောင်ရွက်ရာမှာ သာသနာပြုဖို့ကိုပါ တစ်ပါတည်းစီစဉ်ပြီး ဆရာတော်ကိုလွှတ်လိုက်ပါတယ်။ ရန်ကုန် ဗားကရာတိုက်၊ သာယာဝတီကျောင်း ဆရာတော် ဦးဝါယမ နဲ့ အတူကြွရောက်ပြီး ပထမသာသနာပြုအတွေ့အကြုံကို ယူခဲ့ရပါတယ်။ ကျောင်းမရှိသေးလို့ အုန်းနှစ်ပင်ကြားမှာ အမိုးအကာပြုကာ သီတင်းသုံးခဲ့ရပါတယ်။
ဆရာတော်က ၁၉၅၇ လောက်ကစပြီး သီဟိုဠ်ကျွန်း (သီရိလင်္ကာ) နဲ့ အက်ဒမန်ကျွန်းခေါ် ကပ္ပလီကျွန်း တို့ကို ခရီးစဉ်ချဲ့ပြီး သာသနာပြုခဲ့ရာကအစ ပြည်ပသာသနာပြု အတွေ့အကြုံကို ရရှိခဲ့ပါတယ်။
၁၉၅၇ ကစပြီး ပြည်ပသာသနာပြုခဲ့တာဟာ ၂၀၀၇ မှာ နှစ် ၅၀ ပြည့်ခဲ့ပါပြီ။ ကပ္ပလီကျွန်းမှာ သာသနာပြုလုပ်ငန်း အောင်ပြီး အိန္ဒိယတောင်ပိုင်း မဒရပ်ကိုသွားရောက်ခဲ့ရာက ဗုဒ္ဓသာသနာပြုအဖွဲ့ ၁၃ ဖွဲ့ကို စည်းရုံးဦးဆောင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
၁၉၆၅ - ၆၉ မှာ မြန်မာပြည်သို့ပြန်ကြွပြီး ရန်ကုန်အောင်မင်္ဂလာသိဒ္ဓိ ဘုန်းတော်ကြီးကျောင်း မှာ စာချခဲ့ပါတယ်။
၁၉၇၀ မှာ မြန်မာနိုင်ငံတော်အစိုးရကလွှတ်လို့ ပီနန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ပီနန်မှာ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း အကြံပေးပုဂ္ဂိုလ်၊ မလေးရှား ဗုဒ္ဓဘာသာစာစစ်အဖွဲ့ စာစစ်မှူးချုပ် အစရှိတဲ့ တာဝန်များကို ယူခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ကမ္မဋ္ဌာန်းပို့ချတဲ့ တနင်္ဂနွေ ဗုဒ္ဓဘာသာအဖွဲ့ ကိုလည်း တည်ထောင်ခဲ့ပါတယ်။
၁၉၇၉ မှာတော့ ဆရာတော်ဟာ လော့စ်အိန်ဂျလိစ်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ်သင်ဌာနမှာ ဗုဒ္ဓအဘိဓမ္မာကို ပို့ချခဲ့ရဖူးပါတယ်။ ကာလီဖိုးနီးယားတောင်ပိုင်း ဗုဒ္ဓသံဃကောင်စီရဲ့ ဒုတိယဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်တာ ကိုလည်းခံခဲ့ရပါတယ်။

  ပီနန်ကျောင်း ကထိန်ပွဲတော်

                                     ၁၉၈၅ ခုနှစ်မှာ နိုင်ငံတကာ မြန်မာဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းကြီး ဖြစ်အောင် တည်ထောင်ပေးနိုင်ခဲ့ပါတယ်။ ဆရာတော်ကြီးအနေနဲ့ အင်္ဂလိပ်ဘာသာနဲ့ ပရိတ်ကြီးစာအုပ် နှင့်တကွ စာအုပ်သုံးအုပ်ကိုလည်း ပြုစုတော်မူခဲ့ ပါတယ်။

၁၉၉၄၊ ၁၉၉၈ ခုနှစ် အသီးသီးမှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တော်များကို နိုင်ငံတော်အစိုးရက ဆက်ကပ်တာကို ခံယူတော်မူခဲ့ရပါတယ်။ ယခုအခါ သက်တော် ၈၀၊ ၀ါတော် ၆၀၊ သာသနာပြုသက်တမ်း နှစ် ၅၀ ရှိခဲ့ပါပြီ။
ပုံများမှာ ပီနန်ကျောင်း ၂၀၀၉ ခုနှစ် ကထိန်ပွဲတော် ပုံများ နှင်. လာရောက်လည်ပတ်သူများ လေ.လာသူများနှင်. စည်ကားနေသော ပီနန်ကျောင်းတော်ကြိး ၏ ပုံများဖြစ်ပါသည်။ 

၂၀၁၃ ပီနန်ကျောင်း မြန်မာသက်ြန်
ဒါကတော. ပီနန်ကျောင်းရဲ. Website ပါ  

No comments:

Post a Comment