Monday, October 1, 2012

ပြည်လုံးချမ်းသာဆုတောင်းပြည်. သော်က စေတီတော်မြတ်ကြီး၏ သမိုင်းအကျဉ်း





ဝါးခယ်မမြို.သည် ၁၂၆၀ ခုနှစ် (၁၈၉၈) တွင် မြူနီစပယ်မြို. မဖြစ်သေးသော်လည်း မြို.အဆင်.သို.ရောက်ရှိ စည်ကားနေပြီဖြစ်သည်..ထိုအချိန်က ထော်ကနွတ် ရွာသူကြီးမှာ ဦးရွှေကိုင်း ဖြစ်ပြီး အမိန်.တော်ရေ...
ရှ.နေ ဦးမောင်ကြီး ဆိုသော သားတစ်ဦးနှင်. ၀တ်လုံ ဦးလှအောင်..ဒေါ်အေးမြစသော တူ/တူမ တို.ရှိကြသည် ...ရွာသူကြိး ဦးရွှေကိုင်းသည် ၁၈၈၇-၈၈ မူလမြေတိုင်းမြေပုံ ကွင်းအမှတ် ၁၉၁.၁၉၂.၁၉၃.၁၉၄ ရှိ လယ်မြေ ၄.၇၇ ဧက ကို ၀ယ်ယူ ရှင်းလင်း ခုတ်ထွင် စိုက်ပျိုး ရာမှ ချုံနွယ် ပိတ်ပေါင်းများဖုံးလွှမ်းနေသော အုတ်ကျိုးပုံ စေတီပျက်ကို စတင်တွေ.ရှိခဲ့ခြင်း ဖြစ်သည်...(အခြားအထောက်အထားတစ်ခုအရ ယခု ကျန်းမာကုန်းဟုခေါ်သော ကရင်-မြန်မာရွာကြီးတွင် အမေရိကန်ပြန် ကရင် ဆရာဝန် ကြီး တစ်ဦးမွေးမြူထားသော ကြက်နီ ခေါ် ဆင်ကြီးမှ ဘုရားဟောင်းနေရာသို. လာရောက်ကာ နှာမောင်းဖြင်.ဆွဲယူသဖြင်. ဘုရားပုံ ငုတ်တိုပေါ်လာရသည် ဟုလည်းဆိုပါသည်....သတင်းထောက်ကံလှ ၏ လက်ရေးစာမူ မှတ်တမ်း)....ဦးရွှေကိုင်းသည် ၁၂၆၀ နှစ်တွင် စေတီပျက်ကို စတင်တွေ.ရှိရာမှ သားဖြစ်သူကို အားကိုး၍ စေတီတော်ကြီးပြန်လည် တည်ထား၇န်ကြိုးပမ်းခဲ့သည်...


ဦးမောင်ကြီးနှင်. သူငယ်ချင်းဖြစ်သူ သော်က ရပ်ကွက်သား ဦးကျော်ဇံ လှတို.သည် အလှုခံ အဖွဲ.များဖြင်. အရပ်ရပ်သို.အလှုခံထွက်ခဲ့ ကြရာ ၁၂၆၂ (၁၉၀၀ ခန်.) တွင်စေတီပျက်ကိုငုံ၍ စေတီတော်ကြိး တည်ထားနိုင်ခဲ့ကြသည်....အောက်ခြေဖိနပ်တော် တစ်ဖက်မှ တစ်ဖက်သို. ၁၅၄ ပေ အညီ အုတ်မြေစီကာ ရေစကြိုမြို.မှ ပန်ရံ ဆရာအိတ် အားငှား၍ တည်ထားခဲ့သည်...ဥာဏ်တော်ကို ရည်မှန်းထားသောအမြင်.မရောက်မှီမှာပင် ဦးမောင်ကြီးမှာ ရောဂါခံစားလာရပါသည်..ဦးရွှေကိုင်းက သားဖြစ်သူမကွယ်လွန်မှီ အပြီးတည်လိုသော ဆန္ဒဖြင်. သပိတ်မှောက်အထက် ငှက်ပျောဖူးဝ ကို လုံးပတ် ၁၂ပေ ၁လက်မ ထား၍ အပြီးသတ်ရန်ကြိုးစားခဲ.သော်လည်း ဘုရားမပြီးမီ ၁၂၇၁ တွင် ဦးမောင်ကြီး ကွယ်လွန်ခဲ့သည်...၁၂၇၂ တွင် အပြီးသတ်တည်ထားပြီး ထီးတော်ကို အမရပူရ မြို.မှ ပန်းတည်းဆရာ ဦးပု နှင်. သားဦးသက်တို.အား ငှားရမ်းပြုလုပ်စေခဲ့ပြီး ၁၂၇၅ ကဆုန်လဆုတ် ၈ ရက်အဂါင်္နေ.တွင် ထီးတော်ငှက်မြတ်နားတော် တင်လှုပူဇော်ခဲ့ပြီး ပြည်လုံးချမ်းသာ ဆုတောင်းပြာ်.သော်က စေတီတော်မြတ် ဟုထင်ရှားခဲ့ပါသည်.ထီးတော်ထိပ်ဝ ၉တောင်.ထွာရှိပြီး .ရွှေဆင်းတု ငွေဆင်းတုများလည်း ထပ်မံဌာပနာထားခဲ့သည်ဟု သိရပါသည်...စေတီတော် ရင်ပြင်နှင်. လမ်းများကိုတစ်စတစ်စ ပြုပြင်ဆောက်လုပ်ခဲ့ပြီး ဦးမောင်ကြီး၏ သားသမီးများဖြစ်သော ဦးဘိုးဟိန်း-ဒေါ်လှရှင် (ကမ်းနားလမ်း-မင်းပိုင်း) တို.က ဆက်လက်ဆောင်ရွက်ခဲ့သည်..သက္ကရာဇ် ၁၂၉၁(1929/30 ခန်.) မြန်မာပြည်အနှံ. လှုပ်ခဲ့သော ငလျှင် ဒဏ်ကြောင်.စေတီတော်ကြိး အိပြီး အနည်းငယ်တိမ်းစောင်းကာ ဖိနပ်တော် ပတ်လည်ချိုင်.၀င်ခဲ့ပါသည်..စေတီတော် ပရ၀ုဏ်အတွင်း သစ်ပင်ပန်းပင်များစိုက်ပျိုးပြီး ရေကန်တစ်ခုလည်း တူးဖော်ထားခဲ့ပါသည် ...စေတီတော် စတင် တည်ထားဖြစ်ခဲ.ခြင်း သမိုင်းအကျဉ်းမှာ .ပုသိမ်ဘုရင် နောက်ဆုံးမင်းဆက်ဖြစ်သော သမုဒ္ဒဃောသမင်း(၆၂၅-၆၄၀) သည် မြန်မာသက္ကရာဇ် ၆၂၅တွင် ဖခင်သမုဒ္ဒ မင်းကို နန်းဆက်ခံခဲ့သည်....ထိုမင်းလက်ထက်တွင် ပုသိမ်မြို.သာမက အပိုင် ၃၂ မြို.တို.လည်း ဖွံ.ဖြိုး တိုးတက်ခဲ့သည်...မင်း မိဖုရားမှာမူ ပုသိမ်ကို သိမ်းယူ အုပ်စိုးခဲ့ဖူးသော ပသီကုလားမင်း၏ အနွယ်တော် ဥမ္မဒန္တီ မိဖုရားဖြစ်သည်. မူလအမည်မှာ ကုမာရန္တီ ပသီမင်းသမီးဖြစ်ပြီးမြောင်းမြခရိုင် လပွတ္တာ မြို. (ဘုန်းကြီးကုန်း ဟုခေါ်သောနေရာ)သမုဒ္ဒဃောသ မင်း၏ ဘိုးတော် ဘုရင်. စံနန်းတော်ရောက်ခိုက် ဗုဒ္ဓဘာသာသို. ကူပြောင်းဝင်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာကို အထူးကြည်ညို သဒ္ဓါ ထက်သန်သူဖြစ်လာခဲ့ပါသည်...မိဖုရားကြီးသည် သီဟိုဠ် မှ ဘုရားရှင် ၏ ဓါတ်တော်များ လက်ခံရရှိသည်.အခါ ပုသိမ်အပိုင် ၃၂ မြို. သို.ဓါတ်တော်များပေးပို.ကာ မြန်မာသက္ကရာဇ် ၆၃၀ မှ ၆၄၀ အတွင်း ဘုရားစေတီများစွာ တည်ထားပူဇော် ခဲ့သည်..ထိုခောတ်က ကျိုက်အမွန်-ဆိပ်ကြီး=ကျိုက်ပွန်မြို. ဟုခေါ်သောမြောင်းမြမြို. ကျိုက်တည်မုဠော -သမြင်တုံ မြို. ဟုခေါ်သော ပန်းတနော် မြို.များလည်းပါဝင်သည်...ထိုစဉ်က ၀ါးခယ်မ နှင်. သော်က စေတိတော်ဝန်းကျင်နေရာများတွင် လူများအခြေချ နေထိုင်သေးဟန်မတူပါ...မင်းနှင်. မိဖုရားတို.သည် ဘုရားစေတီ များတည်ရင်း မြောင်းမြ ပန်းတနော် မြို.များသွားခိုက် သရွတ်မြိုက်ဒေသတွင် မုက္ခ၀တီ ယာယီစံနန်းဆောင် ဆောက်လုပ်စိုးစံ၍ ရွှေစာရံ ရွှေစာပျံ ဘုရားများကို တည်ထားခဲ့သည်...ထိုမှ သော်ကစေတိတော် တည်ထားဖြစ်သောနေရာအရောက် မိဖုရားကြီး၏ ဆံကေသာတွင် ပန်ဆင်အပ်သော သော်ကပန်းသည် လေကြောင်.အမှတ်မထင်မြေခခဲ့လေသည်...ဘုရားတည်ရန် အဓိဌာန် ရှိပြီးအားလျှော်စွာ သော်ကပန်းကျရာနေရာတွင် အမှတ်တရ စေတီတစ်ဆူတည် တော်မူပြီးသော်ကစေတီတော်၏ အမည်တွင်တော်မူခဲ့သည်.  
  ..ထိုစဉ်က မြန်မာက္ကရာဇ် ၆၃၀ (ခရစ်နှစ် ၁၂၆၈ )ခန်.ဖြစ်ပါသည်.....စေတီတော် တည်ထားပြီးသည်. ၁၂၆၈ ခနှစ်မှ စတင်၍ဘုရားပွဲတော်ကိုကျင်းပခဲ့ပြီး နယ်မြေ မအေးချမ်းသည်. ကာလများနှင်. ဒုတိယ ကမ္ဘာစစ်တွင်းတွင်မူ ကျင်းပနိုင်ခဲ့ခြင်း မရှိပါ.... ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်များ စခန်းချခြင်း မသမာသူများဖျက်စီးခြင်း တို.ကိုလည်းခံခဲ့ရပါသည်..၁၃၂၀ တပေါင်းလနှင်. ၁၃၂၁ တန်ခူးလတွင် ဘုရားပွဲတော် ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ရွှေသက်န်းများ ကပ်လှုနိုင်ခဲ့ပါသည်...စေတီတော် ဂေါပက လူကြီးများနှင်. ဦးဘိုးဟိန်း-ဒေါ်လှရှင် တို.က တာဝန်ယူပြီးစေတီတော်လျှပ်စစ်မီးပူဇော် ခြင်းပြုခဲ့ပါသည်.. ၁၃၂၁ မှစပြီး သောင်းကျန်းသူအခြေအနေကြောင်. ဘုရားပွဲတော်မကျင်းပပဲ ရပ်ဆိုင်းထားခဲ့ရပြီး ၁၃၂၈ မှပြန်လည်ကျင်းပနိုင်ခဲ့ပါသည်...   

.မြန်မာသက္ကရာဇ် ၁၃၇၀ မှစ၍ ၀ါးခယ်မမြို. သာသနာ.ဟိတကာရီ ပဓါန နာယက ဆရာတော် နိုင်ငံတော် သြ၀ါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ စန္ဒောဘာသ ဆရာတော်ကြီးနှင်. နာယက ဆရာတော်များသြ၀ါဒ ကိုခံယူလျှက် အိမ်မဲမြို. သစ္စဓိဌာန် နယ်လှည်.သာသနာပြု တကောဆရာတော် ဘဒ္ဒန္တ ၀ိလာသ မထေရ် ဦးဆောင်ကာ နာယက ဂေါပက ခုနှစ်ရက်သားသမီးအားလုံး ပေါင်းစုကာ ဘက်စုံမွမ်းမပြင်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါသည်...ပြည်လုံးချမ်းသာ ဆုတောင်းပြည်.သော်က  စေတိတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၉ ရက်နေ.မှ တပေါင်းလပြည်.ကျော် ၁ ရက်ထိ ကျင်းပလေ.ရှိပါသည်........(အချက်အလက်များ ရှာဖွေရာတွင် ပြည်.ပြည်.စုံစုံနှင်. စေတနာပါပါအပင်ပန်းခံ ပြုစုထားသော ဦးသိန်းဝင်း (အခွန်ဦးစီးအရာရှိ) ၏ ပြည်လုံးချမ်းသာ သော်ကစေတီတော် တော်မြတ်ကြီးသမိုင်း စာအုပ်နှင်. ၀ါးခယ်မ မြို.နယ်အသင်း ရွှေရတုမဂ္ဂဇင်းပါ မျိုးဆွေ (၀ါးခယ်မ) ၏ သမိုင်းဝင်သော်က စေတီတော်မြတ်ကြိး ဆောင်းပါးတို.ကို အဓိက မှီငြမ်းပါသည်...ထို.သို.ကိုးကားခွင်.ရခြင်းအတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်....Also thanks UYM,KHKKO,MTH,KTR,YaminKoLay &Others for Photos &Data.

No comments:

Post a Comment