Wednesday, October 17, 2012

                               OIC အလိုမ၇ှိကြောင်း ဆန္ဒ ထုတ်ဖော်


့အောက်တိုဘာလ (၁၅)ရက်နေ့တွင် OIC မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံတ၀န်း မြို့နယ်အသီးသီးတွင် ပြည်သူလူထုများ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့သည်။
စစ်တွေမြို့တွင် သင်္ဃာတော်များဦးဆောင်၍ မြို့လုံးကျွတ်နီးပါးပါဝင်သော လူထုမှ OIC ကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ နေ့လည် (၁)နာရီအချိန်မှ (၂)နာရီ (၃၀)မိနစ် အချိန်ထိ ပြုလုပ်ခဲ့ကြသည်။ ဘင်္ဂလီများနှင့် အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝအလိုမရှိ၊ OIC ကို အလိုမရှိ စသည့်ဆိုင်းဘုတ်များ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း စစ်တွေဒေသခံ မစောမြသန္တာက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
စစ်တွေဆန္ဒဖော်ထုတ်ပွဲကို အတုလမာရိန်ဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှစတင်၍ ဦးဥတ္တမလမ်း၊ မင်းဘာကြီးလမ်း၊ ရွာကြီးလမ်း၊ လမ်းမကြီး ထိုမှတစ်ဆင့် ဘုရားကြီးတွင် ပြန်လည်ရောက်ရှိပြီး လူစုခွဲသွားခဲ့ကြသည်။ စစ်တွေဆန္ဒပြပွဲနှင့်ပက်သက်၍ လုံခြုံရေးကောင်းမွန်ကြောင်း အာဏာပိုင်များ နှောင့်ယှက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။
မြောက်ဦးမြို့တွင်လည်း လူပေါင်း (၁)သောင်းကျော်ခန့် OIC အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ရာတွင် OIC ကို အလိုမရှိ၊ OIC  ရခိုင်ပြည်သို့ ပြဿနာများ ယူဆောင်မလာပါနှင့်၊ လူနည်းစု ဗုဒ္ဓဘာသာများကို ဘင်္ဂလားဒေ့ခ်ျအစိုးရအနေဖြင့် အပြည့်အဝတာဝန်ယူပေးပါ၊ တရားမဝင် ဘင်္ဂလီကိစ္စနှင့်ပတ်သတ်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီး၏ စကားကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးပါ စသည့်အချက်များကို ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။
ဘူးသီးတောင်မြို့ နယ်၌ အိမ်တိုင်း၊ ဆိုင်တိုင်းတွင် OIC ကိုဆန့်ကျင်သည့် ဆိုင်းဘုတ်များကို ချိတ်ဆွဲထားသည့်လှုပ်ရှားမှုကို ယနေ့ပြုလုပ်ခဲ့ကြသည်။ ဘူးသီးတောင်မြို့ နယ် လူငယ်များကွန်ယက်အဖွဲ့ မှ ကိုအောင်မင်းထွန်းက "OIC သည် မြန်မာနိုင်ငံကို အစ္စလာမ်မိတ်နိုင်ငံပြုလုပ်ဖို့ ရည်ရွယ်ပြီးလာရောက်ခြင်းဖြစ်လို့ ရေတိုပင်ဖြစ်စေ လုံးဝလက်မခံနိုင်ပါဘူး၊ လုံခြုံရေးအခြေနေကြောင့် စီတန်းဆန္ဒထုတ်ဖော်လို့မရခဲ့ပေမယ့် အိမ်တိုင်း အိမ်တိုင်း၊ ဆိုင်တိုင်း ဆိုင်တိုင်းမှာ OICကို ကြက်ခြေခတ်ထားတဲ့ စာတန်းတွေကို ချိတ်ဆွဲထားရှိပြီးတော့ ဘူးသီးတောင်ဒေသခံတွေရဲ့ ဆန္ဒကိုဖော်ထုတ်ကြပါတယ်" အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

ရသေ့တောင်မြို့တွင်လည်း နေ့လည် (၁)နာရီမှ စတင်ကာ သင်္ဃာအပါး (၂၀၀)ကျော် ဒေသခံလူထုပေါင်း (၄၀၀၀)ကျော်ခန့် OIC ကို မြန်မာနိုင်ငံအတွင်း လုံးဝအလိုမရှိ၊ သမ္မတပြောထားသည့် ၁၉၈၂ ခု နိုင်ငံသားအက်ဥပဒေကို အကောင်အထည်ဖော်ပေးရန်၊ ရသေ့တောင် လူထုအစည်းအဝေးမှ ထုတ်ပြန်ထားသော ဆုံးဖြတ်ချက်များအား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် စသည့် စာတန်းများကို ကိုင်ဆောင်ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ပွဲကို နေ့လည် (၂)နာရီတွင် ရုပ်သိမ်းခဲ့သည်။
၇န်ကုန်ဆန္ဒပြပွဲမှာတော. ရဟန်းတော်များ အပါအ၀င် လူပေါင်း အင်းအား ၁၅၀၀၀ ခန့် ပါဝင်ခဲ့ပါတယ်။ ဒီနေ့ နေ့လည် ၁နာရီအချိန်ကစပြီးတော့ ရဟန်းရှင်လူအပေါင်းဟာ ရွှေတိဂုံ အရှေ့ဖက်မုဒ်ကနေ ဆူလေအထိ စီတန်းလမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
စီတန်းလမ်းလျှောက်ယင်း “ အိုအိုင်စီ အလိုမရှိ” စတဲ့ ကြွေးကြော်သံကို သံပြိုင်တောင်းဆိုကြပြီးတော့ ဆူလေဘုရားရှေ့မှာလည်း လော်စပီကာတွေနဲ့ တောင်းဆိုချက်တွေကို သောင်းသောင်းဖျဖျ တောင်းဆိုခဲ့ ကြပါတယ်။
တောင်းဆိုတဲ့ အထဲမှာ OIC ကို မြန်မာအစိုးရအနေနဲ့ လုံးဝခွင့်မပြုသင့်တဲ့ အကြောင်းကို နိုင်ငံပိုင် သတင်းစာတွေ၊ ရေဒီယို ရုပ်မြင်သံကြားတွေကနေတဆင့် အတိအလင်း ထုတ်ဖော် ကြေညာဖို့ တောင်းဆိုကြပါတယ်။
ဒါ့အပြင်  OIC ယာယီရုံးဖွင့် လှစ်ရေး အတွက် မြန်မာအစိုးရအနေနဲ့ လက်မှတ်ထိုးခဲ့တာဟာလည်း  ပြည်သူတွေ ဆန္ဒကို မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်တယ်လို့ သံဃာတော်တွေက  ပြောဆိုကြပါတယ်။
တောင်းဆိုသူတွေဟာ OIC ကိုကန့်ကွက်တဲ့ တီရှပ်တွေ ၀တ်ဆင်ခဲ့ကြပြီးတော့ တောင်းဆိုချက်တွေ ရေးထားတဲ့ ထုတ်ပြန်ချက်တွေကိုလည်း သတင်းထောက်တွေနဲ့ လူထုကြားမှာ ဖြန့်ဝေခဲ့ကြပါတယ်။
ဆူးလေဘုရားအနီး မြို့တော်ခန်းမဘက်တွင် ရှိနေသော ဆန္ဒထုတ်ဖော်သူများနှင့် အင်တာဗျူး ပြုလုပ်မှုများအား မြို့တော်ခမ်းမရှေ့၌ လုံခြုံရေးတာဝန်ကျသူများမှတားဆီးမှုများ ရှိခဲ့ကြောင်း အာရ်ကန်တိုင်းမ်စ် သတင်းထောက် ဇင်ကီးကပြောသည်။
အထက်ဖော်ပြပါ မြို့များအပြင် မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံ တစ်ခြားမြို့များတွင်လည်း OIC ကို မြန်မာနိုင်ငံအတွင်း အလိုမရှိဆိုကြောင်း ဆန္ဒထုတ်ဖော်မှုများ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ပြုလုပ်ခဲ့ကြသည်။



"ဒီလို တစ်နိုင်ငံလုံးပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်မှုရဲ့ အကျိုးရလာဒ်ကတော့ OIC ဆက်ဆံရေးရုံးကို မြန်နိုင်ငံမှာ လာရောက်ဖွင့်လှစ်မှာကို နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ကြောင်း သတင်းအပြည့်အစုံကို မြန်မာ့ရုပ်မြင်သံကြား ဒီနေ့ ည(၈)နာရီ သတင်းမှာ ကြော်ငြာမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အခုဘဲ သူတို့အင်တာနက်စာမျက်နှာမှာ ဖော်ပြလိုက်တာပါဘဲ။ ဒါဟာ ပြည်သူတစ်ခုလုံး ကြိုးပမ်းမှုရဲ့ ရလာဒ်ပါဘဲ။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်ပေးလိမ့်မယ်လို့လည်း ဦးဇင်းတို့က ယုံကြည်ပါတယ်"ဟု မြန်မာနိုင်ငံအမျိုးသားလှုပ်ရှားမှုကော်မတီဝင် ဦးဇင်းတစ်ပါးမှ မိန့်ကြားသည်။


OIC သည် အစ္စလာမ်ဘာသာဝင်နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ရခိုင်ပြည်တွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက် ယင်း Organisation of Islamic Coperation (OIC)မှ ယင်းအဓိကရုဏ်းနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးရေး ပြုလုပ်သွားမည်ကို အစိုးရအနေဖြင့် လက်ခံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြည်သူများအနေဖြင့် တစ်တိုင်းပြည်လုံး ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုဆန္ဒ ထုတ်ဖော်မှုတွင်  မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် တော်သလင်းလကွယ်နေ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့်  ကြေညာချက် ထုတ်ပြန်၇ာ၌…. 
- မြန်မာနိုင်ငံစတင်ထူထောင်ခဲ့ချိန် အနော်ရထာမင်း လက်ထက်မှစတင်၍ ကမ္ဘာ့ အလယ်တွင် ထေရဝါဒနိုင်ငံအဖြစ် စံပြရပ်တည်နိုင်ခဲ့သည်။

- ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် သည်။

 - မြန်မာနိုင်ငံသည် OIC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်အတွက် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ ရုံးစိုက်ခြင်းကို လုံးဝ လက်မခံနိုင်ပါ။ ကန့်ကွက်ရသော အကြောင်းအရင်းများမှာ - ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အနိဋ္ဌာရုံများကို နိုင်ငံတကာတွင် အထင်အမြင်လွဲမှားမှုများ ရှိနေခြင်း။ -

လစ်ဗျားနိုင်ငံတွင်အမေရိကန်သံအမတ် Mr. Christopher Stevens လုပ်ကြံခံရခြင်းတွင် OIC အပါအဝင် ထိုကဲ့သို့သော အစ္စလာမ်မစ်နိုင်ငံအဖွဲ့အစည်းများက မည်သို့မျှတုံ့ပြန်မှုမရှိခြင်း။ - ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓဘာသာများ လူမျိုးရေး၊ ဘာသာရေးအရ အကြမ်းဖက်ခံရခြင်းတွင် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာများမှ ဆန္ဒပြလျက်ရှိနေခြင်း။

-လက်နက်များ ဖမ်းဆီးရမိသည့်အတွက် လုံခြုံရေးအားနည်းနေကြောင်း ပေါ်လွင်နေခြင်း။ -ဗုဒ္ဓဘာသာများ၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဗုံးပေါက်ခွဲ ဖျက်ဆီးမည်ကို ဖမ်းဆီးရမိခြင်း၊ ထို့ကြောင့်- - OIC ဖြစ်စေ၊ ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကို မြန်မာ့မြေပေါ်တွင် ယာယီဖြစ်စေ၊ ထာဝရဖြစ်စေ လုံးဝ (လုံးဝ ) ရုံးစိုက်ခွင့်မပြုပါ။

- ပြည်သူများ၏ သဘောတူညီချက်မပါသော OIC နှင့် အစိုးရ၏ လက်မှတ်ထိုးထားမှုကို လုံးဝကန့်ကွက်သည်။ - OIC နှင့်ပတ်သက် သော သဘောတူစာချုပ်ကိစ္စ၊ အကြောင်းအရာများ၊ ယာယီရုံဖွင့်လှစ်ရန်အတွက် နိုင်ငံပိုင် မီဒီယာများတွင်ဖြစ်စေ၊ တရားဝင်ပြည်ပ မီဒီယာများတွင်ဖြစ်စေ သတင်းစာရှင်းလင်း၍ ပြည်သူများကို အတိအလင်း ကြေညာပေးရမည်ဟု ဖော်ပြပါရှိသည်။

မှတ်ချက်။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအရေး လှုပ်ရှားမှုကော်မတီ(ရန်ကုန်)မှ တောင်းဆိုချက်များ အား မလိုက်လျောပါက ဥပုသ်နေ့တိုင်း ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
မန္တလေးမြို့မှာတော. သံဃာတော်များက အောက်တိုဘာလ ၁၂ ရက်နေ့မွန်းလွဲတစ်နာရီဝန်းကျင်ခန့်က စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆန္ဒဖော်ထုတ်ရာတွင် ထောင်ဂဏန်းရှိသော သံဃာတော်များသည် ချမ်းမြသာစည်မြို့နယ် ဦးပွားဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းမှစတင်၍ စီတန်းထွက်ခွာခဲ့ပြီး စစ်ကိုင်း-မန္တလေးလမ်းခွဲမှတစ်ဆင့် စစ်ကိုင်း-မန္တလေးလမ်း၊ ၈၄ လမ်း၊ ၄၂ လမ်း၊ ၇၈ လမ်း၊ ရန်ကုန်-မန္တလေးလမ်းမှ ဦးပွားဘုရားဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ညနေသုံးနာရီခွဲအချိန်တွင် လေးပြင်လေးရပ်ရှိ မိမိတို့၏ကျောင်းတိုက် များအသီးသီးသို့ ပြန်ကြွခဲ့ကြောင်း သိရှိရသည်။





 နိုင်ငံတော်သမ္မတ ၀က်ဘ်ဆိုက်မှာတော့ ယနေ့ထုတ်ပြန်ချက်တွင် OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရ" ဟူသော ခေါင်းစဉ်ဖြင်.  ....နေပြည်တော်၊ အောက်တိုဘာ ၁၅.... ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-
 ၁။နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
 ၂။ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
 ၃။နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
 ၄။နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ 

OIC နှင့်ပတ်သက်သည့် မည်သည့်အရာမျှ မြန်မာ့ကြက်ခြေနီရုံးတွင် မရှိကြောင်း ရန်ကုန်မြို့ကမ်နားလမ်းရှိ အဆိုပါရုံးမှ တာဝန်ရှိသူများက အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပေါ်ပြူလာနယူးစ
်မှ သွားရောက်တွေ့ဆုံစဉ်ပြောကြားသည်။

ကောလဟာလ သတင်းတစ်ခုနှင်. ပတ်သက်၍လည်း အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများ၌ OIC ရုံးခွဲမြန်မာနိုင်ငံတွင်ဖွင့်လှစ်ခွင့်မပြုဟုဆိုသော်လည်း ကြက်ခြေနီအသင်း အပေါ်ဆုံးထပ်တွင် လူ၎ ဦးဖြင့် စတင်ရုံးထိုင်ဟု သတင်းများပြန့်နှံ့နေခြင်းကြောင့် ပေါ်ပြူလာနယူးစ်မှ 
သွားရောက်ကြည့်ရှုသတင်းရယူခဲ့ သည်။

အဆိုပါကြက်ခြေနီအသင်းရုံးတွင် OIC နှင့်ပတ်သက်သည့်
မည်သည့်အရာမျှ မရှိကြောင်း အဆိုပါရုံး စီမံဌာနနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူအချို့ကပြောသည်။

““ OIC နဲ့ပတ်သက်ပြီး လုံးဝမရှိပါဘူး။ သမ္မတရုံးကလည်းဒါကို သတင်းဌာနကနေဖြေရှင်းပြီးသားပဲ။ ဒီမှာ OIC ရုံးအဖွဲ့လာထိုင်တယ်ဆိုတာ ကောလာဟလပါပဲ။ လုံးဝမရှိပါဘူး။””
ဟု ၄င်းတို့ကပြောကြားသည်။
သတင်းအချက်အလက်နှင်. ဓါတ်ပုံများကို  ဒီမိုဝေယံ..Myanmar Express..Narinjara..Arankantimes ..Eleven Media Group တို.မှ ကူယူဖော်ပြပါသည်...



No comments:

Post a Comment