Sunday, October 28, 2012

Educational Actiivity & Scholarship of WKA Association (Ygn)

             
ဝါးခယ်မမြို.နယ်သားတို.၏ သာရေး..နာရေး..သားသမီးများ ပညာရေးတို.အား တတ်အားသမျှ ကူညီနိုင်ရန် အတွက် ၁၉၄၇ ခုနှစ်တွင်ဖွဲ.စည်းခဲ့သော ရန်ကုန်ရောက်ဝါးခယ်မ အသင်းကို ၁၉၇၀ ပြည်.တွင် ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) ဟုပြောင်းလဲ ဖွဲ.စည်းခဲ့ပြီး ၁၉၄၇ တွင် ဥက္ကဌ တာဝန်ယူခဲ့သော ရန်ကုန်မြို.တော်ဝန် ဦးထွန်းတင် (၀ါးခယ်မသား) လက်ထက်မှ ၂၀၀၈ အထိ ဥက္ကဌ ၁၀ ဦး တာဝန်ယူခဲ့ကြသည်.. ဆေးနှင်. စက်မှု တက္ကသိုလ် ကျောင်းသား တစ်ဦးလျှင် လစဉ် ၅၀၀၀ ကျပ်ချီးမြှင်.နိုင်ရန်ကြိုးပမ်းခဲ့ကြသည်....
၂၀၀၉ ခုနှစ်တွင် မြို.ရွာနှင်.အိုးအိမ်ညွှန်ကြားရေးမှုးအဖြစ်တာဝန်ယူခဲ့သော အငြိမ်းစား ဒုတိယ ဗိုလ်မှုးကြီး အံ.ကျော် သည် ဥက္ကဌ တာဝန်စတင်ထမ်းဆောင်ခွင်.ရခဲ့သည်....ထိုအချိန်တွင် အထက်တန်းကိုထူးချွန်စွာအောင်မြင်ခဲ့ကြပြီး အဆင်.မြင်.ပညာရေးပိုင်း ဆက်လက်သင်ကြားရန် ချို.တဲ့နေသောဝါးခယ်မနွယ်ဖွားကျောင်းသားများ အား ထောက်ပံ.ကူညီနိုင်ရန်အတွက် ၂၀၁၀ ဇန်န၀ါရီလတွင် ကျပ် ၅၅၅ သိန်းကို အသင်းကြီးသို. မတည်ပဒေသာပင်အဖြစ် စတင်လှုဒါန်းခဲ့ပါသည်..
ထိုအခါ အခြားစေတနာရှင်များဖြစ်သော
*ဒေါ်ပိုက်မိ (မြို.နယ် ပညာရေးမှုး..အငြိမ်းစား) အားရည်စူး၍ ညီအကို..မောင်နှစ်မ..တူ..တူမများက ၄၀၀၀၀၀၀
*Dr ဇော်ထွန်း+ Dr ဌေးဌေးကြည် တို.က ၂၄၀၀၀၀၀
*ဒုတိယဗိုလ်မှုးကြီးထွန်းအောင်ကျော် (ငြိမ်း)+ဒေါ်ညွန်.ညွန်. ၅၀၀၀၀၀
*ဦးနေလင်း+ဒေါ်စန္ဒာမော် ၅၀၀၀၀၀
*ဗိုလ်မှုးချုပ် ခင်မောင်အေး(ငြိမ်း)+ဒေါ်ထားအိလှိုင် မိသားစု ၂၀၀၀၀၀
*ဦးကျော်ဝင်း+ဒေါ်ညိုလေးကြည် ၅၀၀၀၀၀
*ဦးမူမိသားစု (၀ါးခယ်မ) ၅၀၀၀၀၀
*ဦးရဲဗလ+ဒေါ်ဝင်း မိသားစု ၅၀၀၀၀၀
*ဦးသန်းဖေ (လွယ်ဟိန်း) ၁၀၀၀၀၀
*ဗိုလ်မှုးလှထွန်း(ငြိမ်း) ၅၀၀၀၀၀
*Dr လှဟန်+ဒေါ်မီမီမြင်.ဆွေ ၁၀၀၀၀၀
*ဦးကျော်အေးကို+ဒေါ်ခင်ကြည် ၁၀၀၀၀၀
*ဦးသိန်းအောင်+ဒေါ်စန်းစန်းလွင် ၂၅၀၀၀၀
*ဗိုလ်မှုးသိန်းတင်(ငြိမ်း)+ဒေါ်အုန်းမေ ၁၀၀၀၀၀
*ဦးအုန်းမြင်.+ဒေါ်စန်းမြင်. ၅၀၀၀၀၀
*(ဒေါ်ကြည်ဝင်း) ရည်စူး၍ ဦးကျော်မိုးလွင်+ဒေါ်မြမဉ္ဓူဦး ၁၀၀၀၀၀၀
စသည်ဖြင်. ပါဝင်လှုဒါန်းကြသောကြောင်. ပညာသင်ရန်ပုံငွေ စုစုပေါင်း
၆၇၂၅၀၀၀၀ ကျပ်တိတိ စုဆောင်းရရှိခဲ့ပါသည်....

ထိုငွေကြေးတို.ဖြင်. ချို.တဲ့ထူးချွန် ကောင်းသား/ကျောင်းသူများအား ပညာသင်ကြေးထောက်ပံ.ရန် ဦးစားပေး တက္ကသိုလ်များရွေးချယ်ခဲ့ပါသည်....ဦးစားပေး-၁..အနေဖြင်..ဆေး..ရေကြောင်း..သွားဆေး...စက်မှုတို.ဖြစ်ပြီး ဦးစားပေး-၂ မှာ ဘာသာရပ်တစ်ခုခုကို တစ်နိုင်ငံလုံးအနေအထားဖြင်. ထူးချွန်စွာအောင်မြင်ပြီး ထိုအထူးပြု ဘာသာနှင်. တက်ရောက်လိုသူ နှင်...ဦးစားပေး-၃.မှာ.ဘွဲ.ရအပြီး ဘာသာ တစ်ခုချင်းတွင် ထူးချွန်၍ အထူးပြု ဘာသာရပ်ဖြင်. ဆက်လက် သင်ကြားလိုသူ....တို.ဖြစ်သည်...လစဉ်ထောက်ပံ.ကြေးကိုမူ ....ဦးစားပေး ၁ မှ တက္ကသိုလ်များ ၈၀၀၀၀ ...ထိုအထဲမှ ရန်ကုန်တွင် တက်ခွင်.ရသူ ၇၀၀၀၀ ..ဆေးဘက်ဆိုင်ရာ နည်းပညာ (ရန်ကုန်) နှင်. အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး)...၇၀၀၀၀ ...ဆေးဝါးတက္ကသိုလ် (ရန်ကုန်) နှင်. နည်းပညာ တက္ကသိုလ် (မအူပင်) ၆၀၀၀၀......အမျိုးသားစီမံခန်.ခွဲမှု ပညာကောလိပ် (ရန်ကုန်) ၃၀၀၀၀...သတ်မှတ်ထားသည်....ထို.အပြင် ပညာသင်ထောက်ပံ.ကြေး လျှောက်ထားသူ တို.အနေဖြင်. အောက်ပါစည်းကမ်းများ...မေတ္တာရပ်ခံချက်များကိုတော. လိုက်နာပေးရပါမည်......
(၁.).သင်ကြားနေသော တက္ကသိုလ်မှ အကျင်.စာရိတ္တ နှင်. စည်းကမ်းပိုင်းတွင် ချို.ယွင်းသဖြင်. အပြစ်ပေး အရေးယူခံရလျှင် ပညာသင်ဆု ရပ်ဆိုင်းခံရမည်...
(၂ ) နိုင်ငံရေး ပြစ်မှုကြောင်. အရေးယူခံရလျှင် ပညာသင်ဆုရပ်ဆိုင်းခံရမည်...
(၃ )အတန်းတင် စာမေးပွဲ ကျရှုဲံး ပါက ပညာသင်ဆုရပ်ဆိုင်းခံရမည်..
(၄ ) မြို.နယ်၏ အကျိုးပြု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ရမည်..
(၅) ပညာသင်နှစ်ပြီးတိုင်း လာမည်.ပညာသင်နှစ် မတိုင်မှီ ပညာရေးတိုးတက်မှု နှင်. အခက်အခဲတို.ကို ၀ါးခယ်မမြို.နယ် အသင်းရုံးသို. လာရောက်တင်ပြရမည်...
(၆ ) အခြားပညာသင် ထောက်ပံ.ကြေး တစ်ခုခု ရရှိပါက အသင်းသို. အကျိုးအကြောင်း ပြည်.စုံစွာ အကြောင်းကြား သတင်းပေးပို. ရမည်..(၇)ပညာသင်ခြင်းပြီးဆုံး၍ ၀င်ငွေရရှိသည်.အခါ အသင်း၏ကျေးဇူးတရားကို သိတတ်ရမည်....

ထိုရန်ပုံငွေထောက်ပံ.မှုတို.ဖြင်. ၂၀၁၀ တွင် ဆေး..သွားဆေး..သူနာပြုတက္ကသိုလ် တက်ခွင်.ရ ..၇ ယောက် ....၂၀၁၁တွင်ဆေး..သွားဆေး..ဆေးဘက်ဆိုင်ရာ..အခြေခံကျန်းမာရေး..ဆေးဝါး..နည်းပညာ..အမျိုးသားစီမံခန်.ခွဲမှု တက္ကသိုလ် ကောလိပ်များသို.၀င်ခွင်.ရ ၁၅ယောက် ကို ပံ.ပိုးကူညီနိုင်ခဲ့ပြီး သီးခြားအနေဖြင်. မကွေးဆေးတက္ကသိုလ်..မအူပင်နည်းပညာတက္ကသိုလ်..ကုန်သွယ်ရေကြောင်း ကျောင်းသား၃ ဦးကို အသင်းဥက္ကဌ ဦးအံ.ကျော်..အတွင်းရေးမှုး ဦးသန်းဌေး နှင်.အမှုဆောင် ဦးအုန်းသန်းတို.က လစဥထောက်ပံ. ပါသည်..

ထို.အပြင် ရွာသစ် အ-လ-က ကို အထက်တန်းကျောင်းခွဲအဖြစ်..မောင်းဒီး အ-လ-က ကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင်.နိုင်ရန် ကူညီပေးခဲ့ပြီး သံကြိုးတိုင် မူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်...လှေကျင်း မူလတန်းကျောင်းကို ကျောင်းဆောင်သစ် အဖြစ် ပံ.ပိုးနိုင်ခဲ့ပြီး အမက ကျောင်းဆောင်သစ် ၆ ကျောင်းနှင်. စာသင်ခုံ အစုံ ၃၀၀ ရရှိရေး..အထက ခွဲများတွင် ဆရာ/ဆရာမများ ခန်.ထားရေး ...ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို.အတွက် ကူညီပေးနိုင်ခဲ့သည်...

ထို.အပြင် တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူများ ထူးချွန်စွာ အောင်မြင်ရေးအတွက် လေ.လာသင်.သော ဘာသာရပ်ဆိုင်ရာ စာအုပ်..လေ.ကျင်.ခန်း..မေးခွန်းဟောင်း..စီဒိခွေများကို ကျောင်းများသို. ပေးပို.ခြင်း...သက်ဆိုင်ရာ ပါမောက္ခ..ကထိက နှင်. ဘာသာစုံဂုဏ်ထူးရကျောင်းသားတို.က လိုအပ်သည်များ သင်ကြားဟောပြောစေခြင်း...အသင်း၏ နှစ်ပတ်လည် အခမ်းအနားများတွင် ဂုဏ်ထူးရ ကျောင်းသားများအား ဆုတံဆိပ်..ဆုငွေ..ဂုဏ်ပြုလွှာများ ချီးမြှင်.ခြင်း....နှစ်တို သင်တန်းများ တက်ရောက်ရန် ငွေကြေးချို.တဲ.သူများအတွက် အလှုရှင် ရှာဖွေပေးခြင်း..၀ါးခယ်မအထက..အလက တို.မှချို.တဲ့ကျောင်းသားများ ထောက်ပံ.ပေးခြင်း...တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ရေးအတွက် အထောက်အကူဖြစ်ရန် ၀ါးခယ်မမှ ၇တန်း၈တန်း၉တန်း များမှ ပထမ..ဒုတိယ..တတိယ ရသူများကို ဆုငွေ..ဆုစာအုပ်..ဂုဏ်ပြုလွှာများ ချီးမြှင်.ခြင်းတို. လည်း ပြုလုပ်ခဲ့ပါသည်..

အချက်အလက်များ ဓါတ်ပုံများကို ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) မှဖြန်.ဝေသော လက်ကမ်းစာစောင်မှ ရယူဖော်ပြပါသည်...
 

No comments:

Post a Comment