Friday, October 5, 2012

လေ.လာမိသမျှ ၀ါးခယ်မ သမိုင်းကြောင်း အချို.




ဝါးခယ်မမြို.သည် ဧရာဝတီတိုင်း ဒေသကြီး ၏ ခရိုင် ၆ ခု(နာဂစ်မတိုင်မှီက ၅ ခု) အနက် မြောင်းမြခ၇ိုင်အတွင်းတွင် ပါဝင်ပါသည်။မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၀၆ မိနစ် မှ ၁၈ ဒီဂရီ ၅၀ မိနစ်အတွင်း အရှေ.လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၁ မိနစ်မှ ၉၅ံ ၃၀ မိနစ် အတွင်း တည်ရှိပါသည်။မြောက်ဘက်နှင်. အရှေ.မြောက် ဘက်တွင် ပန်းတနော်မြို.နယ်နှင်. မအူပင်မြို.နယ် အေ...ရှ.ဘက်တွင် ကျိုက်လတ်မြို.နယ် အရှေ. တောင် ဘက်တွင် ...မော်လမြိုင်ကျွန်း မြို.နယ် တောင်ဘက်တွင် လပွတ္တာ မြို.နယ် အနောက်ဘက်တွင် မြောင်းမြ မြို.နယ် အနောက်မြောက်ဘက်တွင် အိမ်မဲမြို.နယ်တို. ရှိပါသည်။ မြို.နယ် အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၄၅၉.၅၂၄ ) မိုင်ဖြစ်ပြီး ဧရိယာ ဧက (၂၉၄၀၉၅) ခန်.ဖြစ်ပါသည်။ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းထိ ၄၄ မိုင်ခန်.ရှိပြီး အရှေ. ဘက်စွန်းမှ အနောက်ဘက်စွန်းထိ ၁၉ မိုင်ခန်. ရှိပါသည်။ ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၁၂၆ အုပ်စု ကျေးရွာခွဲပေါင်း ၅၈၃ ရွာ ဖြင်.ဖွဲ.စည်းထားပါသည်။မြန်မာ လူမျိုးနှင်. ကရင်လူမျိုးများ အများဆုံးနေထိုင်လျှက်ရှိပြီး ၁၉၈၄ ခုနှစ်တွင် လူဦးရေ ၂၄၃၀၄၈ ရှိ ကာ ယခုအခါ လူဦးရေ စုစုပေါင်း ၃၉၄၉၂၅ ဦး ခန်. နေထိုင်လျှက်ရှိပါသည်။အပူပိုင်း မုတ်သုန်ရာသီဥတု ကို ခံစားရပါသည်။

မြန် မာ.စွယ်စုံကျမ်း အမှတ် ၁၂ တွင်မူ ၀ါးခယ်မ ဟူသောအမည်သည် ၀ါးကြုယ်မ ဟူသောစကားလုံး မှ ရွေ.လျှားလာခြင်း ဖြစ်ပြီး အဓိပါယ်မှာ ၀ါး = ကွင်း ကြုယ်= မျိုးစေ. ထို.ကြောင်.မျိုးစေ.များကြဲချစိုက်ပျိုးရာကွင်း ဖြစ်ပါသည်ဟု ရေးသားပါသည်။

စာဆိုတော် ဦးလူငယ်၏ ကုမာရန္တီ လင်္ကာတွင်မူ ပုသိမ်ဘုရင် သမုဒ္ဒဃောသ သည် ပသီဘုရင်၏ သမီးတော် ကုမာရန္တီ ခေါ် ဥမ္မာဒန္တီ ကို ခိုးယူပြီး ၀ါးခယ်မမြို.နယ် သရွတ်မြိုက် ကျေးရွာ တည်နေရာတွင် မုခ၀တီ မြို.ကို တည်ထား စိုးစံခဲ့ရာ ပသီဘုရင်က မကျေနပ်ဘဲ စစ်သည်တော် များအား သွားရောက်တိုက်ခိုက် သတ်ဖြတ်စေရာ ၀ါးခယ်မ က၀ဲချောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး ယခု ၀ါးခယ်မမြို.တည်နေရာတွင် ကြီးမားကျယ်ပြန်.စွာ ပေါက်ရောက်နေသော ၀ါးတောကြီးများ အကူအညီကြောင်. သမုဒ္ဒဃောသ မင်းသည် အသက်ဘေးမှ လွတ်မြောက် အောင်မြင် ခြင်း ကိုအကြောင်းပြုပြီး ၀ါးပင်များ ကယ်မသောနေရာ ၀ါးကယ်မ ထိုမှ ၀ါးခယ်မ ဖြစ်လာသည်ဟု ပါရှိပါသည်။(ထိုဘုရင်မှာသက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျား အင်းဝမြို.တည် စိုးစံစဉ် အောက်မြန်မာနိုင်ငံတစ်ဝိုက် မြို.သစ်များ တည်ထောင်စံနေသောမွန်ဘုရင်သမုဒ္ဒဃောသ ဟုသိရပါသည်)

သို.ရာတွင် ဦးသိန်းဝင်း ပြုစုသော သော်ကစေတီတော်သမိုင်း စာအုပ်တွင်မူ သမုဒ္ဒဃောသ မင်းတို. မုခ၀တီ မြို.တည် နန်းစံခဲ့သည် ကိုလက်မခံပါ..သူကထောက်ပြသည်မှာ   ထိုမင်းနှင်. မိဘုရား လက်ထက်တွင် တိုးတက်စည်ကားခဲ့သော ပုသိမ် ၃၂ မြို. စာရင်းတွင် မုက္ခ၀တီမြို. ဟူ၍ မပါပါ.ပုသိမ်ရာဇ၀င် စာမျက်နှာ ၉၁ မှ ၉၈ တွင်ပါသော ပုသိမ် ၃၂ မြို. စာရင်းတွင် အမှတ်စဉ် ၇ ကျိုက်အမွန်-ဆိပ်ကြီး=ကျိုက်ပွန်မြို.=မြောင်းမြမြို. ဟုလည်းကောင်းအမှတ်စဉ် ၂၉ တွင် ကျိုက်တည် မုဠော -သမြင်တုံမြို.=ပန်းတနော်ဟုလည်းကောင်းပါပါသည်..မုက္ခ၀တီသည် အမှန်မြို.ဖြစ်ခဲ့ပါက ဤ စာရင်းတွင်ပါရမည်ဖြစ်ပါသည်..ဖြစ်နိုင်သည်က ထိုမင်းမိဖုရား နှစ်ပါးတို. မြောင်းမြ နှင်. ပန်းတနော် မြို.များသို. ကူးလူး သွားလာခိုက်သရွတ်မြိုက် ဒေသအရောက် ရွှောစာရံနှင်. ရွှေစာပျံစေတီများတည်ခိုက်ယာယီစံနန်းဖြင်.စံမြန်းခဲ့ခြင်းသာဖြစ်နိုင်သည်..ဟူသောအယူအဆကလည်းလက်ခံနိုင်ဖွယ်ရာပင်....ထို.မှအနားတ၀ိုက်လှည်.လည်ခိုက် သော်ကပန်းမြေခသောနေရာတွင် သော်ကစေတီတော် တည်ခြင်း ဟင်းချက်ကောင်းသောဒေသဖြစ်သဖြင်. ထော်ကနွတ် (ရွှေယောင်းမ )အမည်တွင်စေခြင်း တို.ကလည်း  အထောက်အထားများပင်..ထိုအထောက်အထားများအရ မင်းမိဘုရားနှစ်ပါးတို. စေတီတည်ချိန် ၀ါးခယ်မ၀န်းကျင်ရောက်ချိန်က မြန်မာသက္ကရာဇ် ၆၃၀ နှင်. ၆၄၀ ကြားဟုခန်.မှန်းပါသည်..


မြို.၏ သမိုင်းစဉ်အရ မြို.တစ်ဖက်ကမ်း ထော်ကနွတ် ရပ်ကွက်အနီး ကျေးရွာများတွင် မွန်လူမျိုးများနေထိုင်ခဲ.ရာ  ဘုရင်နှင်. မိဘုရားတို.သည် မုခ၀တီနန်းမြို.မှထိုဒေသသို.ရောက်ရှိခိုက် အချက်အပြုတ်ကောင်းမွန်လှသော ရွာသူရွာသားများ၏ ပြုစုမှုကြောင်. ထော် (ရွှေ)ကနွတ် (ယောင်းမ) မှ ယခုလက်ရှိ ထော်ကနွတ်  ယခုလက်ရှိနာမည်ရရှိလာ.ခြင်းဖြစ်သလို  ဘုရင်ရောက်ရှိနေခိုက် အထက်အညာစလေရပ်မှ လှေကြီးများ စုန်ဆင်းလာပြီး ပြောင်းရွှေ.ရောက်ရှိလာခြင်းကို ဟိုဝါးပင်အောက်က ဘယ်သူတွေလဲ ဟုမေးမြန်းရာ ၀ါးပင်အောက်က ခ မ (မြန်မာ ) တွေပါ ဟုပြောရာမှ ၀ါးခယ်မဖြစ်လာခြင်းဟာလည်းဆိုကြသည်....  ထို.အပြင် ယခုလက်ရှိ ထော်ကနွတ် အရပ်ရှိ မွန်တို.ကတစ်ဖက်ကမ်းတွင် ဗမာလူမျိုးများ နေထိုင်ကြသည်ကို   ဗမာစု မွန်ဘာသာဖြင်. ၀ိုင်းခမိုင်း ထိုမှ ဝေါ.ခမော. နောက်ဆုံး ၀ါးခယ်မဖြစ်လာရသည်ဟု လည်းတွေ.ရှိရပါသည်


ရှေး လူကြီးများ၏ အပြောအရမူ ၀ါးခယ်မသည် စလေသား ဆင်ဖြူကျွန်းသား အများစု ပါသောအညာသူ အညာသားများ စုပေါင်းနေထိုင်ခဲ့သောမြို.ဖြစ်ကြောင်း ဌာနေများက ဗမာများ နေထိုင်ရာဖြစ်၍ ဗမာ.ကွင်း ဟု မွန်ဘာသာဖြင်.ခေါ်ရာမှ ၀ါးခယ်မ ဖြစ်လာကြောင်း  ယခင်က ဆင်ဖြူကျွန်းပိုင်း စလေပိုင်း (ယခုမြသိန်းတန်) ပွဲစားတန်း မင်းပိုင်း လှေကျင်းကုန်း ဟုခွဲခြား ထားခဲ့ကြကြောင်း ထိုစဉ်က ၀ါးခယ်မတွင် အိမ်ခြေ ၁၀၀၀ မပြည်.၍ မြူနီစပယ် အဖွဲ. မဇွဲ.နိုင်သဖြင်. ထော်ကနွတ် ရွာသစ် တရုတ်တန်း သော်က စသည်တို.ကို မြို.နယ် နယ်နမိတ်အတွင်း  သွတ်သွင်း ခဲ့ရကြောင်း ၁ရက် ၁၀လ ၁၉၀၆ ခုနှစ်တွင် တရားဝင်မြူနီစပါယ်မြို.အဖြစ် သတ်မှတ်ခဲ့ကြောင်း... ၀ါးခယ်မမြို.သည် မြောင်းမြ ခရိုင်အတွင်း အလည်ဗဟိုဖြစ်၍ ဒီစတြိတ် မြို.သတ်မှတ်၍ အရေးပိုင် ရုံးစိုက်ဖူးကြောင်း ထောင်ပိုင်ဆရာဝန် ပြောင်းလာသောအခါ ရေတွင်း ရေကန်ကောင်းကောင်း မရှိ မြေနိမ်. မြေပျော.ဖြစ်၍ ခရိုင်ရုံး ထောင်စသည်တို. ပြုလုပ်ရန်မဖြစ်ကြောင်း တင်ပြ ငြင်းဆိုသဖြင်. မြောင်းမြကို ခရိုင်ရုံးစိုက်ရာ မြို.အဖြစ် ပြောင်းရွှေ.ခဲ့ရကြောင်း    မှတ်သားရပါသည်.....


ပိနန်ဆရာတော်ကြီ်းဦးပညာဝံသ ကမူ လွန်ခဲ.သော နှစ် ၂၀၀ နီးပါးက မြစ်ဝကျွန်းပေါ်ဒေသတွင် မူရင်းနေထိုင်သူအလွန်နည်းပါးကြောင်း  ဆင် ကျား မျောက် ငှက် သားရဲ တိရိစ္ဆာန် များကျက်စားနေထိုင်သော  သစ်ဝါးနွယ် ကြိမ်ပင်များ ပေါများသည်. တောနက်များသာဖြစ်ကြောင်း နေရာအနှံ.အပြားမှ လူများ လာရောက်အခြေချ နေထိုင်ရာမှ ကျေးရွာ ကြီးများအဖြစ်ပြောင်းလဲလာကြောင်း ထိုစဉ်က ကူးသန်းရောင်းဝယ်ရာ အချက်အခြာ မြို.မှာ ရွှေလောင်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း ကမ်းမြေပြိုခြင်းတို.ကြောင်. ၀ါးခယ်မတည်ရာသို. ရွှေ.ပြောင်း၍ မြို.တည်ကြောင်း ဆိုပါသည်....စာပေကျမ်းဂန်နှံ.စပ်လှသော ဟင်္သာတ မြစ်ကွေ.တိုက်ဆရာတော်က အမျိုးသား ပညာဝန် ဦးဖိုးကျားထံ မြို.အမည်နှင်.ပတ်သက်၍  ၀ါးဟဲ့ခယ်မ   ကိုလည်းကောင်း ၀ါးရုံနှင်. ခဲပြား ခဲမ များ ရှိသည် နှင်.လည်းကောင်း ဆက်စပ်မှု ရှိ/ မရှိ၁၂၉၉နတ်တော်လပြည်.ကျော်၆ ရက် (၁၉၃၇ ခန်.)က စာရေး မေးမြန်းရာ ဦးဖိုးကျားက ၂၉ .၁၂ . ၁၉၃၇ ရက်စွဲဖြင်. ၀ါးခယ်မဟာ မွန်စကားရင်း ဖြစ်ဟန်ရှိပါသည်.မြန်မာသံနှင်. ကြံတော်မမူပါနှင်. ဘုရားဟု ပြန်လည်ဖြေကြား လျှောက်ထား ဖူးကြောင်းလဲ မှတ်သားရပါသည်..

ဝါးခယ်မသမိုင်း၏ အထောက်အထားတစ်ခုဖြစ်သော..ကုမာရန္တီလင်္ကာ
မွန်တို.မင်းမျိုး အောက်မြန်စိုးတွင်
မြတ်နိုးနီးဝေး ပုသိမ်ပြေးဟု
ဘုန်းမွှေးကျော်ဇော တံခိုးပြောသား
သမုဒ္ဒဃောသ မင်းရာဇနှင်.
ကုမာရန္တီ ခေါ်သမည်ဖြင်.
ပသီမင်းသမီး ရှုမငြီးသည်
လှထီးနတ်မျှ ဥမ္မာဒတို.
မုခ၀တီ နန်းသိဂီင်္မှ
ရွှေညီ ၀န်းခ ဖောင်တော်ကြွ၍
ရွှင်ပြချိုကြည် ကြွကာလည်တွင်
မျှော်ရည်နိဗ္ဗာန် ဥမ္မာဒန်၏
ဓိဌာန်တရာ ရှစ်ခုသာတည်.
ဗုဒ္ဓတည်မှု အကြောင်းပြုလျှက်
ပံသုကေမှ ပန်းသော်ကလည်း
လေခမြေတက် ပျံကာတက်ကြောင်.
လှမြတ်နတ်တူ တည်တော်မူသည်
မဉ္ဓူသော်က မြတ်ဗုဒ္ဓကို.....
............................ထိုလင်္ကာ ကိုအစအဆုံးရှာဖွေတွေ.ရှိခြင်းမဟုတ်ပဲ စာရေးဆရာကြီးသတိုးသောင်းဖော်ထုတ်ခဲ့သော အပိုင်းအစတစ်ရပ်အဖြစ်သာတွေ.ရပါသည်...စာဆိုဦးလူငယ်ဆိုသည်မှာ သီပေါမင်း၏ ကျောက်ရစ်စင်တော်ကြီး၏ စာဆိုတော်ဟုသိရပါသည်



.Ref ;   ပြည်သူ.စစ်အောင်ပွဲ လက်ကမ်းစာစောင် ...ဆရာပါရဂူနှင်. ဒေါ်အေးကြော. ..ခင်ကိန္နရီတိုးတို.၏ ရွှေရတု မဂ္ဂဇင်းပါ ဆောင်းပါးများ... ဦးသိန်းဝင်း (အခွန်ဦးစီးအရာရှိ)၏ ပြည်လုံးချမ်းသာ သော်ကစေတီတော်မြတ်ကြီးသမိုင်းစာအုပ်...On Line Data များ....သက်ကြီးပိုင်းအချို.၏  နှုတ်ထွက်များ   လေ.လာသိရှိရသမျှ စုစည်း တင်ပြထားခြင်းဖြစ်ပါသည်... 

No comments:

Post a Comment