Saturday, November 23, 2013
သက်မွန်မြင်. - Single to Double - Comming Soon !
အကယ်ဒမီပွဲ မိသားစုနှင်. အမှတ်တရ @ Fanpop.com
 လာမည်. ၂၀၀၄ ခုနှစ်ကတော. အနုပညာလောက တွင်းမှ နာမည်ကျော်များ အပြိုင်အဆိုင် မဂ်လာ အခမ်းအနားများ ကျင်းပမည်.နှစ် လို.တောင်ပြောရတော.မလားမသိပါ ။ 
ပထမဆုံးတစ်ယောက်က တော. နာမည်ကျော် သရုပ်ဆောင် တစ်ဦးဖြစ်သလို နာမည်ပျက်မရှိလောက်အောင် အနေအထိုင်အေးဆေးခဲ့တဲ့ ဗုဒ္ဒဘာသာ ချင်းတိုင်းရင်းသူလေး သက်မွန်မြင်.ပါ ။ သူမဟာ ရိုးရိုးသားသား ကြိုးစားလာရင်း အနုပညာလောက မှာ နေရာတစ်ခု အခိုင်အမာ ယူလာနိုင်ခဲ့သူပါ ။tအနုပညာလောကရဲ. ဖြစ်ရိုးဖြစ်စဉ်အတိုင်း  နာမည်ထွက်ခဲ့ဖူးတာကလွဲလို. (ဒါကလည်း ပရိသတ်ရဲ. ထင်ကြေး ဒါမှမဟုတ် ဖြစ်စေချင်တဲ့စိတ် ကြောင်. အသံထွက်ခဲ့တာဖြစ်နိုင်ပါတယ် ) အချစ်ရေး နဲ.ပတ်သက်ရင် အတော်လေး ကင်းရှင်းခဲ့သူလို.ပြောလို.ရမယ်ထင်ပါတယ် ။ခုတော. သူ.ရဲ. Facebook Page ကနေတစ်ဆင်. တရားဝင်ထုတ်ဖော်လာသလို  ပေါ်ပြူလာ ဂျာနယ် ရဲ. အင်တာဗျုးမှာလည်း ခုလိုဖြေကြားလာပါတယ် ။
@ Thet Mon Myint Page
 အမှန်ကတော့ သက် မွန်က မင်္ဂလာ သတင်းကို မပြောချင် သေးပါဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြောလိုက်၊ ဒီလူက တစ်မျိုးပြောလိုက်၊ အမျိုးမျိုး အပြောခံနေ ရတာကို သက်မွန် သဘော မကျဘူး။ အမှန်ကတော့ သက် မွန်က နီးတဲ့အခါ ကျမှ သေသေချာချာ လေး စီစဉ်ပြီး ပြောပြမယ် စီစဉ်ထားတာ။ ဒါပေမဲ့ ပရိသတ်က ကိုယ့်ကိုအ ထင် လွဲ မှာ စိုးရိမ်လို့ ထုတ်ပြောလိုက်တာပါ။ ပြီးတော့ သက်မွန်ပြောတာ ကိုပဲ ပရိသတ် ကို သိစေချင်တယ်။ အဓိက ကတော့ အချစ် တစ်ခုကို အဓိကထားပြီး သူ့ကို ရွေး ချယ်ဖြစ်တယ်။ သဘောထားလည်း တိုက်ဆိုင်တယ်။ သူက သက်မွန် ကို နားလည်မှု ပေးတယ်။ ကိုယ်ရွေးချယ်တဲ့ ယောက်ျား တစ်ယောက်က အိမ်ထောင် တစ်ခု ကိုလည်း ဦးစီးနိုင်ရမယ်။ အဲဒီလိုမျိုး စဉ်းစားပြီးတော့ သူ့ကို ရွေးချယ် ဖြစ်သွားတာပါ။ သက်မွန် တို့ရဲ့ ချစ်သူ သက်တမ်းက နှစ်နှစ်လောက် ရှိသွားပြီ။ တစ် ယောက် ကို တစ်ယောက် နားလည်မှု လည်း ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကံ ကောင်းတယ်လို့ပဲ ပြောရမှာပဲ။ ကိုယ့်ကို အစစ အရာရာ သည်းခံပေးနိုင်တယ်။ မေတ္တာလည်း ရှိတယ်။ အဲဒီ အတွက် လည်း စိတ်ချမ်းသာ ရပါတယ်။ သက်မွန် တို့ အခုက စပြီးတော့ မင်္ဂလာ ကိစ္စတွေကို စီစဉ်ဖြစ်နေပါပြီ
သူ.ရဲ.ရွေးချယ်မှုနဲ.ပတ်သက်ပြီး သူ.Page မှာပြောတာကတော.   " သက်မွန်က ကိုယ့်ကိုတကယ်ချစ်ပြီး မြတ်နိုးတန်ဖိုးထားတဲ့သူကို လိုချင်ခဲ့တာပါ။ ခု သူနဲ့ပတ်သက်ပြီး စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။ ဒါအဓိကလို့ ခံယူပါတယ်။ငွေပုံပေါ်ထိုင်ပြီး စိတ်ဆင်းရဲနေရတာမျိုးကို မလိုချင်ပါဘူး။ ဘဝတစ်ခုတည်ဆောက်တာ အဓိပ္ပါယ်ရှိဖို့လိုပါတယ် " လို. ဆိုပါတယ် ။
@ Thet Mon Myint Page
ဆိုတာကြောင်. မင်းသမီးတစ်ယောက် ကံကောင်းပါတယ်လို.ပဲ ပြောရပါမယ် ။
တစ်ခုပဲရှိတာကတော. သက်မွန်ရဲ. ဒီသတင်းကြောင်. သူမရဲ. Page မှာတော. အပြန်အလှန် စစ်ထိုးမှုတွေ ရှိနေခဲ့တာပါပဲ ..ယေဘူယျအားဖြင်. ထောက်ခံသူများက တစ်ဖက် .. မနှစ်သက်သူများက တစ်ဖက် ဖြစ်နေပြီး ထောက်ခံသူအများစုက မိန်းကလေးတွေ ဖြစ်နေသလို ဓမ္မဓိဌာန် ကျကျ သုံးသပ်သူတွေလည်း ကျား / မ မရွေးပါပါတယ်။မနှစ်သက်သူများဘက်မှာတော. အမျိုးသား အင်အားစုကများပြီး (ဒါကလည်း သဘာဝကျတဲ့ကိစ္စတစ်ခုပါပဲ ) အချို.တွေဆို ကဗျာတွေဘာတွေ ပါရေးကြ ၊ Photo Comment တွေ ပါထည်.ကြနဲ.ဆိုတော. ဘာပဲပြောပြော အတော်လေးတော. စည်စည်ကားကား ရှိနေခဲ့ကြပါတယ် ။ မိန်းကလေးတွေ ပြည်.စုံသူ တစ်ဦးနဲ.အိမ်ထောင်ပြုတိုင်း ရင်ဆိုင်ရတတ်လေ. ရှိတဲ့ စွပ်စွဲမှုတွေ ကိုတော. အစပိုင်း Page ကနေ ပြန်ဖြေရှင်းနေခဲ့ပေမယ်. နောက်ပိုင်းတော. ment သူချင်းသာ ပြန်လှန်ရေးသားကြပါတော.တယ် ။ တကယ်တော.လည်း လူတစ်ယောက်ရဲ. ဘ၀ဖြတ်သန်းခဲ့မှုကိုကြည်.ရင် သူ. အယူအဆ စိတ်သဘောထားကို သိနိုင်တာမို. ဒီဖြစ်ရပ်လေးဟာ သက်မွန် ရဲ.မှန်ကန်တဲ့ ဆုံးဖြတ်ချက် လို.ပဲ ခံစားမိပါတယ် ။
ဆက်စပ်ဖတ်ရှုရန်များ
  1.  သက်မွန်မြင်. နှင်. Online Audience Choice Award 2012 ဆု
  2. မြန်မာကားတွေ ကွဲထွက်အောင် ဒီလိုရိုက်မယ်တဲ့
  3. ၀ိုင်းစုခိုင်သိန်း ရဲ. ချစ်မှုရေးရာအကြောင်း တစ်.စေ.တစ်စောင်း (သို. ) ၂၀၁၄ ရဲ.နောက်ထပ် မင်္ဂလာပွဲ တစ်ခု ၂၀၁၄ အတွက် တတိယမြောက် သတို.သမီး ( သို. ) သူမ နှင်. သူမ၏ ကို 
  4. သက်မွန်မြင်. ပြောတဲ့ သူ.ချစ်သူအကြောင်း နဲ. အချစ်ဆိုတာ ..........
No comments:
Post a Comment