ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Tuesday, February 5, 2013
သက်မွန်မြင်. နှင်. Online Audience Choice Award 2012 ဆု
၂၀၁၃ ဇန်နဝါရီ ၇ ရက်၊ ညနေ ၅ နာရီ က စင်ထရယ်ဟိုတယ်တွင် Focus မဂ္ဂဇင်း မှ ရွေးချယ်တဲ့ Online Audience Choice Award 2012 ဆုကို အကယ်ဒမီ သက်မွန် မြင့်က ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆု ကအွန် လိုင်း ပရိသတ်ကြီးတွေ အနုပညာရှင်ပေါင်းများစွာထဲမှ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင် တစ်ယောက် ကို သာ ရွေးချယ်ပြီးပေးတဲ့ ဆုတစ်ဆုဖြစ်ကြောင်းလည်း သိရပါတယ်။
၂ဝ၁၁ခုနှစ်ရဲ့ အကယ်ဒမီဆုနဲ့ လွဲခဲ့ပေမယ့်လည်း ပရိသတ်ကြီးတွေပေးတဲ့ ဆုကို ရရှိခဲ့တဲ့ အတွက် တအား ဝမ်း သာကြောင်း သက်မွန်မြင့် က ပြောပါ တယ်။ သက်မွန်မြင့်ကို အကယ်ဒမီဆုနဲ့ ပရိ သတ်တွေပေး တဲ့ Focus Online ဆုနဲ့ ဘာတွေ ကွာခြားသွားမလဲဆိုတာကို မေးကြည့်တော့“အကယ်ဒမီ ဆုဆိုတာ က နိုင်ငံတော်ကချီးမြှင့်တဲ့ ထူးချွန်ဆုပေါ့။ အခုဒီဆု က ပရိသတ် တွေကပေး တဲ့ဆု၊ ဒီဆုက ပရိသတ်တွေ ရဲ့ အားပေး မှုကို မြင်ရ တဲ့ဆုပါ။ အနုပညာ ရှင်တစ်ယောက်ကို ဒီပရိသတ်တွေက ဘယ်လောက် ချစ်ကြ လဲဆိုတာကို မြင်ရတဲ့အတွက် အင်အားဖြစ်စေတဲ့ ဆုတစ်ဆုပါ” လို့ ပြောပါတယ်။
၂ဝ၁၃နှစ်သစ်မှာ ပရိသတ်ကပေးတဲ့ဆု ရရှိခဲ့တဲ့အတွက် ၂ဝ၁၃ ခုနှစ်က သက်မွန်မြင့်ရဲ့ ကံကောင်းခြင်း တွေစပြီး ယူဆောင် လာတဲ့ နှစ်လား ဆိုတာကို“အမှန်အတိုင်းပြောရရင် ဒီဆုကို တာဝန်ရှိ သူတွေက အ ကယ် ဒမီပွဲပြီး မှ ပေးမယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုရင် အကယ်ဒမီမှာ သက်မွန်က နံပါတ် တစ်ပေး ခံထား ရတယ်ဆိုတော့ အယူလေး တွေရှိခဲ့တယ်။ အဲဒါကြောင့် အကယ်ဒမီပြီး မှပေးတာပါ။ တကယ် တမ်း လည်း ကျရော အကယ်ဒမီဆု လည်း မရခဲ့ပါဘူး။ ဒါက အယူဆိုတာမရှိပါဘူး။ ကံကောင်းတဲ့နှစ် ကံမကောင်း တဲ့နှစ် ဆိုတာက ကိုယ့်ရဲ့ အလုပ် တစ်ခုပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကိုယ်တိုင် ကလည်း ကံကောင်းအောင်ကြိုးစားပြီး လုပ် ကိုင်ရမယ်။ ကိုယ့်ကျင့်သီလ အကုန်လုံးပါပါ တယ်။ ဘာပဲဖြစ်ဖြစ် ဒီဆု ကို ရ ရှိ ခဲ့တဲ့ အတွက် တအားအားရှိပါတယ်။ ၂ဝ၁၃မှာ ကံကောင်း လာဖို့ အနုပညာ အလုပ် မှာ ထွေထွေ ထူးထူး ပြင်ဆင်ဖို့တော့ မရှိပါဘူး။ ဘာလို့လဲဆိုရင် ကိုယ်ကအလုပ်မှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်။ ဘုရား၊တရား လည်းလုပ်သွားမှာပါ”လို့ ပြောပါတယ်။
From:Popular @ mmdailystar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment