Friday, February 15, 2013

ဧရာဝတီ ရဲ. ရာသီ လာဘ်ဦး (ဧရာ ၂- ရခိုင်ယူနိုက်တက် ၀)

 ဖေဖ၀ါရီ၉ ရက်နေ. ညနေ ၄ နာရီ အောင်ဆန်းကွင်း
ထိုနေ.ပွဲကတော. ရသစုံ ပေးနိုင်ခဲ့သည်ဟု ပြောရပါမည်....
ဂိုးရတော.မလိုလို အကြိမ်များစွာ(ဆယ်ဂဏန်း မက) ဖြစ်ခိုက် အသားကုန် အော်ဟစ် အားပေးကြ............လွဲချော်သွားတော. ဟာ...........................ဆိုတဲ့ အာမေဋိတ် သံတွေညံ
ဂိုးပေးရမလို အကြိမ် အနည်းငယ်တွေ.ကြုံခိုက် စိုးရိမ်စိတ်ဖြင်. အော်ဟစ်...........မဂိုးတော.မှ ဟင်းးးးးး ကနဲ သက်ပြင်းချ
ပြိုင်ဆိုင်မှု ပြင်းထန်သော ကစားပွဲတို.တွင် ဖြစ်လေ.ဖြစ်ထရှိသော (မည်သူ၏ မူပိုင်စာလုံးလဲတော.မသိ ကြားဖူးနေကျမို. ယူသုံးသည်) ပဋိပက္ခ များကလည်း (သုံးနှုံးထားသည်က မှန်သည်ဟုထင်ပါသည်....ပွဲကြီးကြပ်သော ဒိုင်ဆုံးဖြတ်ချက် မပြတ်သား မခိုင်မာမှု.....တစ်ဖက်အသင်းသားတို. တရားမဲ့ပြုကျင်.မှု.....တစ်ဖက်အသင်းအုပ်ချုပ်သူတို. ပိုင်နိုင်စွာကွပ်ကဲ နိုင်မှု အားနည်းခြင်း...မိမိအသင်းသားအချို. ပါးနပ်စွာတုန်.ပြန်နိုင်မှု အနည်းငယ်လိုအပ်နေသေးခြင်း...........စသည်ဟုရေးသားပါက တစ်ဦးဦးကို တိုက်ခိုက်သလို ဖြစ်မည် စိုးသဖြင်. ထိုသို.မရေးပဲ ဤသို.သာရေးပါသည်) စိတ်လှုပ်ရှား စရာတော. ကောင်းသည်..
ယနေ.ပွဲတွင် ဆာတိုရှီ ဒါဏ်ရာကြောင်. ပါဝင်ကစားနိုင်ခြင်းမရှိသေးပဲ ၇တနာပုံမှရရှိထားသော ဟိန်းသီဟဇော်...ဒါဏ်ရာကြောင်. ယခင်ပွဲများက ၀င်မကစားနိုင်ခဲ့သော နိုင်လင်းဥိး စသည်တို. ပါဝင်လာခဲ့သလို အရံဂိုး အောင်မင်းခန်. (ယမန်နှစ် လူငယ်အသင်းမှ) ဖြင်.ပွဲထွက်လာခဲ့သည်...

ယနေ.ပွဲ၏ ပထမဆုံး ထူးခြားမှု တစ်ခုကိုပြောပါမည်.....ပွဲ စ၍ ၁၀ မိနစ်အတွင်း ထောင်.ကန်ဘော ၇ ကြိမ်ကန်ခွင်.ရခဲ့သလို....ပွဲစဉ်တစ်ခုလုံးတွင် အကြိမ် ၂၀ ခန်. ကန်ခဲ့ရခြင်းဖြစ်သည်.....ပထမပိုင်းပွဲပြီးကာနီး ၅မိနစ်သာသာ...ဒုတိယပိုင်းပွဲပြီးကာနီး အချိန်လောက်ကလွဲ၍ တစ်ဖက်ကွင်းတစ်ဝက်အတွင်း ကစားသမား ၂၁ ယောက်စုပြုံကစားနေကြရခြင်းဖြစ်သည်....တစ်ခါတစ်ခါ တန်ပြန်တိုက်စစ်ဆင်လာချိန်မှသာ .တစ်ဖက်အသင်းသားတို. ဧရာကွင်းဘက် အလည်ရောက်ခဲ့ကြသည်....
၁၅မိနစ်..၁၆မိနစ်..၁၈မိနစ် တောက်လျှောက် ဂိုးသွင်းခွင်. ၃ကြိမ်လုံး ဂိုးအဖြစ်မဖန်တီးနိုင်ခဲ.သဖြင်. အားမလိုအားမရ ဖြစ်ခဲ့ကြသည်...၂၁မိနစ်ခန်.တွင်တော. အပိုင်ကန်သွင်းလိုက်သော အလုံးတိုင်ထိပြီးပြန်ထွက်လာသည်ကို ထပ်ပိတ်သော်လည်း ဂိုးတိုင်ဘေးက ထွက်သွားပြန်သည်....၂၇မိနစ်တွင်တော. ဧရာ တိုက်စစ် ကိုဟန်.တားဖျက်ထုတ်ရာမှ တစ်ဖက် အသင်းသား အ၀ါကဒ်အပြခံရသည်...၃၃မိနစ်တွင်တစ်ဖက်အသင်းရလာသော ဘောလုံးကို ဧရာ ၂၃ (ဒေါမနစ်) မပြတ်မသား ရှင်းထုတ်ရာမှ ရလာသော အခွင်.အရေးကို ရခိုင်အသင်းသားတို. အသုံးချခွင်.မရခဲ့ကြ....၃၅မိနစ်မှာ ဂိုးရှေ.ကို ကန်.လန်.ဖြတ် အပိုင်တင် ပေးလိုက်တဲ့ဘောလုံး နန္ဒ ခေါင်းတိုက်နောက်ကျသောကြောင်. ဂိုးမဖြစ်ခဲ့....၄၂မိနစ်မှာတော. ဟိန်းသီဟဇော် ရဲ.မှားယွင်းတဲ့ ဖျက်ထုတ်မှု (နောက်မှာ တစ်ဖက်တိုက်စစ်မှုးတွေ ကပ်နေလျှက်နဲ.ကိုယ်.ဂိုးသမားကို အနီးကပ်ခြေထောက်နဲ.ပြန်ပေး) ကတော. အာမေဋိတ်သံတွေကို ငြံလို.................မိနစ်၄၀ နောက်ပိုင်းလောက်မှာတော. တစ်ဖက်အသင်းသားတွေ ဧရာကွင်းဘက် အလည်လာခွင်.ရခဲ့ပါတယ်...ဒါပေမယ်.လည်း ၄၄မိနစ် မှာ ညီညီမင်း တင်ပေးတာကို နန္ဒ မြေမကျပိတ်လိုက်ပေမယ်. ဂိုးဘားပေါ်က ကျော်ထွက်တာရယ်...တစ်ဖက်အသင်း ဂိုးစည်းနားမှာ အနည်းငယ်အငြင်းအခုံဖြစ်ကြတာရယ်....တစ်ဖက်အသင်းဂိုး ဘယ်ဘက်အတော်ကွာကွာက ဘောတစ်လုံး ထွက်သွားတာရယ်နဲ့ပဲ ပထမပိုင်းပြီးသွားပါတယ်....

ဒိနေရာမှာ တစ်ခုချီးကျုးရမှာကတော. ရခိုင်ပ၇ိသတ်ပါပဲ...ကွန်တော်တို. ဧရာဝတီ ပ၇ိသတ် ရဲ. နှစ်ဆလောက်ကို သူတို.လာအားပေးနိုင်ကြလို.ပါပဲ....ဒုတိယပိုင်းစလို. ၁၀မိနစ်မပြည်.ခင်မှာတော. ဧရာဝတီရဲ. အဖွင်.ဂိုး (တကယ်တော. ဒီရာသီရဲ. လာဘ်အဖွင်.) ကို လိအန်ဒရိုက သွင်းယူ ပေးနိုင်ခဲ့ပါတယ်...မိနစ်၆၀ ခန်.မှာတော. ဒါဏ်ရရသွားတဲ့ ညီညိမင်း နေရာမှာ နေလင်းထွန်း ကိုလူစားလဲ ကစားခဲ့ပါတယ်...ပွဲကတော. ပထမပိုင်းအတိုင်းပါပဲ..ကွင်းတစ်ဝက်..လူ၂၁ယောက်..ပွတ်ထွက်..ကျော်ထွက်.လူတည်.တည်.ကန်...စတာတွေနဲ.ပဲ၆၁မိနစ်မှာတော. ဒိုင်လူကြီးလက်ဆောင်ပေးတဲ့ ထောင်.ကန်ဘောကို တစ်ဖက်အသင်းသားတို.အကျိုးရှိရှိ မသုံးနိုင်ခဲ့ပါဘူး....၆၃မိနစ်မှာ နောက်တန်းဖျက်ထုတ်ပုံ မရှင်းလင်းရာက တစ်ဖက်တိုက်စစ်သမား ဂိုးသမား ညာဘက်ထောင်.က အနီးကပ် ကန်သွင်းပေမယ်. ဧရာဂိုးသမား အောင်မင်းခန်. ပိုင်နိုင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်...၆၇ မိနစ်ခန်.မှာတော. ဧရာရဲ. ဒုတိယမြောက် အဖတ်မတင်သောဂိုး (ယခုပွဲတွင် ဒိုင်၏ ခွင်.ပြုမှု မရခဲ့ရှာသော ဒုတိယအလုံး...ကမ္ဘောဇပွဲပါ ထည်.တွက်လျှင် ၄လုံးမြောက် ဂိုးဖြစ်ခွင်..မရှိခဲ့ရှာသော တစ်ဖက်ပိုက်တွင်းရောက် ဘောလုံး) ကိုကန်သွင်းနိုင်ခဲ့သော်လည်း.....
၆၈မိနစ်မှာတော. ဧရာရဲ. နံပါတ် ၂၆ ဘောလုံးကိုအလွယ်တကူရှင်းထုတ်နိုင်ရဲ.သားနဲ. လေးဖင်.နေမှုကြောင်. တစ်ဖက်ကိုအခွင်.အရေးပေးခဲ့သလိုဖြစ်ရပါသေးတယ်....၆၉မိနစ်မှာတော.အားမလိုအားမရဖြစ်နေပုံရတဲ့ ကျွန်တော်တို. နည်းပြကြီးကို စည်းကမ်းဒိုင်က သတ်မှတ်နေရာက မကျော်လွန်ဖို. လာသတိပေးခဲ့ပါတယ်....မိနစ်၇၀ ၀န်းကျင်လောက်ကစပြီးပွဲကတော်တော်လေးအေးသွားခဲ့ပါတယ်...(သို.သော် ထိုစဉ်ကတော. မုန်တိုင်းမတိုက်မှီ ပင်လယ်ပြင်၏ ငြိမ်သက်ခြင်းမျိုးဟု မည်သူမျှမထင်ခဲ့ကြ)....၇၅မိနစ်ခန်.မှာတော. ဧရာနောက်ခံလူ ၂ယောက်ကြားထဲကနေ တစ်ဖက်အသင်းသား က ခေါင်းတိုက်ခွင်.ရရှိသွားခဲ့ပါတယ်...ဒါပေမယ်.လည်း....ဘာမှတော.မဖြစ်
၇၆ မိနစ်မှာတော. စိုးကျော်ကျော်ကို လူစားလဲခဲ့ပါတယ်.. ၇၇မိနစ်လောက်မှာ ဧရာရဲ. သီဟဇော် ကွင်းလယ်ကနေဆွဲပြေးရင်း မနားတမ်း ကန်သွင်းရာမှာ ဘားတန်းထိထွက်သွားခဲ့ပြန်ပါတယ်...၈၁ မိနစ်မှာတော. တစ်ဖက်ဂိုးဧရိယာအတွင်း အနီးကပ်ကန်သွင်းရာက ပြန်ထွက်လာတဲ့ဘောလုံး အဝေးကအရှိန်ပြင်းပြင်းနဲ. ထပ်ကန်သွင်းပေမယ်. နောက်ခံလူတွေနဲ. ထိပြီးပြန်ထွက်လာခဲ့တော. အားလုံးမှာအော်ရတာမောပြီးတောင်ကျန်ခဲ့ကြပါတယ်...တစ်ဖက်ဂိုးသမားဒိနေ.ဖမ်းခဲ့၇တာ ဆယ်ဂဏန်းကျော်ခဲ့တယ်ထင်ပါတယ်...
လာပါပြီ..တကယ်.စိတ်လှုပ်ရှားစရာက ခုမှ.......မိနစ် ၈၈မိနစ်မှာ ဧရာ ကစားသမားတစ်ဦး (လီအန်ဒရိုထင်ပါတယ်) ကစားရင်းအလှည်. တစ်ဖက်အသင်းသားကို လက်နဲ.ထိမိရာက တစ်ဖက်အသင်းသားက တမင်ရည်ရွယ်ထိုးနှက်ခဲ့ရာက စတဲ.ပဋိပက္ခလေး(အဲဒီတုန်းက ပရိသတ်တွေရဲ. ဆဲသံ..ဆိုသံတွေ...နည်းပြအဖွဲ.၀င်တွေရဲ. ငြင်းခုန်စွပ်စွဲပြစ်တင်မှုတွေ...တိုက်ရိုက်အနီကဒ်ပြခံ၇တဲ့ တစ်ဖက်အသင်းသားက ဒိုင်ကို တိုက်ခိုက်ဖို.ကြံရွယ်တာတွေ...သူ.ကို ကွင်းပြင်ပကို သူ.လူတွေမနည်းဆွဲခေါ်သွား၇တာတွေ....ပွဲပြန်စလို.သိပ်မကြာခင် ဧရာအသင်းသားတစ်ယောက် ထိခိုက်မိရာက ပြန်စခဲ့တဲ့ ပဋိပက္ခ...ဇော်ဇော်ဦး ရခဲ့တဲ့ အနီကဒ်..Expression အထူးကောင်းမွန်သော တစ်ဖက်ပ၇ိသတ် တွေအကြောင်းတော. မပြောတော.ပါဘူး ဘောလုံးအားကစားကိုမြတ်နိုးတာ..ကိုယ်.ဒေသကိုချစ်တာအကုန်အတူတူပါပဲ..ဘောလုံးပွဲဆိုတာ ဒါဖြစ်လေ.ရှိတတ်တာမျိုးပါပဲ....ဘယ်သူမှန်တယ်/မှားတယ်ဆိုတာ ပြစ်ဒါဏ်ချချိန်မှသာ သေချာသိကြရပါလိမ်.မယ်)ဖြစ်ခဲ့တဲ့ကြားကပဲ နောက်ဆုံးတော. အနိုင်ပီပြင်စေမယ်. ဒုတိယမြောက်ဂိုး ကို ၉၂မိနစ်မှာ နေလင်းထွန်း က ထပ်သွင်းပေးလိုက်ချိန်မှာတော. အဲဒါမှဧရာဝတီအစစ်လို. မြည်ကြွေးအော်ဟစ်ရင်း ဟုတ်ကဲ. ၂၀၁၃ ရာသီ ပထမရာသီဝက်ရဲ. ပထမပိုင်း နောက်ဆုံးပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင်စွာ ရခဲ့တဲ့ ၃ မှတ်..........အားလုံးတော. ကျေနပ်ကြမယ်ထင်ပါတယ်
 ဒါပေမယ်.လည်း ဒီပွဲရဲ. ၈၈မိနစ် ပဋိပက္ခလေးကို Myanmar Goal မှာတော. ဒီလိုလေးရေးထားပါတယ်
၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဧရာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ် ကို ဖေဖော်ဝါရီ ၉ ရက်(ယနေ့) ကအောင်ဆန်းကွင်း၌ ကစားခဲ့ရာ ဧရာဝတီအသင်းက ၂-၀ ဂိုးဖြင့် အနိုင် ရခဲ့သော်လည်း တစ်ဖက်ကစား သမား တစ်ဦးစီ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။


  အဆိုပါပွဲတွင် ပွဲချိန် ၈၈ မိနစ်၌ ရခိုင်ယူနိုက်တက် ကွင်းလယ်လူကျော်ကျော်ထက်သည် ဧရာဝတီအသင်းမှ ဒေါ့မိနစ်အား လက်နောက်ပြန်ဖြင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်။ ထိုအချိန်တွင် နှစ်ဖက်အသင်းကစားသ မားများအားလုံ
း ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင် ဦးတင်နိုင်ထွေးက ဒေါ့မိနစ်အား အ၀ါကတ်ပြသတိပေး ခဲ့ပြီး ကျော်ကျော်ထက်အား တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့သည်။ ကျော်ကျော်ထက်သည် ၄င်းအား ပြသသည့် အနီ ကတ်အား မကျေနပ်သဖြင့် ကွင်း လယ်ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ပြုမူခဲ့ရာ အသင်းတာ ၀န်ရှိသူများက ၀ိုင်းဝန်းဟန့်တားခဲ့ပြီး ကွင်းပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။
  ထို့နောက် ပွဲအား ဆက်ကစားစေခဲ့ပြီး ပွဲပြီးခါနီးတွင် ဧရာဝတီနောက်ခံလူ ဇော်ဇော်ဦးသည် ရခိုင် ကစားသမား တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့သည်။ ပွဲအပြီးတွင် ဧရာဝတီအသင်းက ရခိုင်ယူနိုက်တက်အသင်းအား ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဧရာဝတီအသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးကို ၅၂ မိနစ်တွင် လီယန်ဒရို၊ ၉၀ မိနစ်တွင် နေလင်းထွန်းတို့က သွင်းယူပေးခဲ့သည်။


  ရခိုင်ယူနိုက်တက် အသင်းနည်းပြ ဦးအောင်နိုင်က “ ဒိုင်နဲ့ပတ်သက်ပြီး လုပ်လို့ရမယ့် နည်းစနစ်တစ်ခုခုရှိရင် ကောင်းမယ်။ အသင်းတစ်သင်းက ဒိုင်ကြောင့် အရမ်းထိခိုက်တယ်။ အရင်တုန်းက ကျော်ထက်ကို ရန်ကုန်နဲ့ပွဲမှာ ထုတ်တယ်။ ဒီဒိုင်ပါပဲ။ ဒီနေ့ပွဲမှာလည်း ကျော်ထက်ကို ထပ်ထုတ်တယ်။ စာတင်ရင်လည်း ပိုက်ဆံကုန်တာပဲ အဖတ် တင်ပါမယ်။ ဒိုင်တွေက အသင်းငယ်တွေကို အခွင့်အရေးမပေးဘဲ အသင်းကြီးတွေပဲပေးတယ်။ အခွင့်အရေးပေး တယ်လို့တော့ မဟုတ်ပါဘူး။ မျှတတဲ့အဖြေတစ်ခုပဲ လိုချင်တာပါ။ လူငယ်နဲ့ ဖွဲ့ထားတဲ့အတွက် အမှားရှိတယ်။ အမှား လည်း များတယ်။ ဒီအမှားများတဲ့အပေါ်မှာပဲ ကျွန်တော်တို့တွေ ခံစားနေရတာပါ။ ဒီနေ့ပွဲမှာလည်း သူတစ်ပြန်ကိုယ် တစ်ပြန် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ချက်ကလေးအမှားကနေ တစ်ဖက်တိုက်စစ်မှူး လီယန်ဒရိုက သွင်းယူ သွားခဲ့တယ်။ ဒီနေ့ပွဲမှာ ကစားသမားတွေ အမှားများလို့ ရှုံးတယ်။ ဒိုင်တွေ ဆုံးဖြတ်လို့ ရှုံးတယ်။ နှစ်ခါရှုံးပါတယ်”ဟု ပွဲအပြီး၌ ပြောကြားခဲ့သည်။ ရခိုင်ယူနိုက်တက် ကွင်းလယ်လူ ကျော်ကျော်ထက်သည် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၃ ရက် က ကစားခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ် ၂ ရန်ကုန်အသင်းနှင့်ပွဲစဉ်တွင်လည်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ခံခဲ့ရ ပြီး
ကွင်းလယ်ဒိုင်လူကြီးမှာလည်း ဦးတင်နိုင်ထွေးပင်ဖြစ်သည်။


 ပြောချင်သလိုသာ....ပြောကြပါစေတော.ကွယ်ပဲပေါ.  ...ပွဲကြီးကြပ်သူတွေရဲ. အစီရင်ခံစာ..ကော်မတီရဲ. ဆုံးဖြတ်ချက်တွေက အဖြေတစ်ခုတော. ထုတ်ပေးပါလိမ်.မယ်....ဒါပေမယ်.လည်း တစ်ဖက်နည်းပြပြောတဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် ကစားနိုင်ခဲ့တယ်...ဒိုင်တွေဆုံးဖြတ်လို.ရှုံးတယ်ဆိုတာလေးတွေကတော. အဲဒီပွဲ Video Record လေးများရှိရင် ပြန်ကြည်.ပြီးမှ ပြောပါလို.ပဲ ပြောချင်ပါတယ်ဗျာ.. 

Some Photo by Ag Kyaw (AUFC)



No comments:

Post a Comment