Sunday, February 24, 2013

ဧရာဝတီရဲ. AFC Cup အဖွင်.ပွဲ ခရီးစဉ်

                 news 



                                                                              AFC Cup Group G တွင်ကျရောက်သော ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်းသည် အုပ်စု ပထမဆုံး ပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ်အသင်း SHB Da Nang အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ ၄င်းပွဲစဉ်အား ၂၇.၂.၂၀၁၃ ဗုဒဟူးနေ့ ဗီယက်နမ် စံတော်ချိန် ညနေ ၄း၀၀ နာရီ (မြန်မာစံတော်ချိန် ညနေ ၃း၃၀) တွင် SHB Da Nang FC ၏ အိမ်ကွင်းဖြစ်သော ဒါနန်းမြို့ရှိ ပရိသတ် သုံးသောင်းဆန့် ချီလန်းအားကစားကွင်း (Chi Lang Stadium) တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
၁၉၇၆ ခုနှစ်က စတင်ထည်ထောင်ခဲ့သော SHB Da Nang FC သည် ၂၀၁၂ ခုနှစ် V-League ၏ ချန်ပီယံဖြစ်ကာ AFC ပြိုင်ပွဲများတွင်လည်း အတွေ့အကြုံ ရှိသောအသင်းတစ်သင်းဖြစ်ပြီး AFC Cup 2010 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သော အသင်းတစ်သင်းဖြစ်သည်။


AFC CUP 2012 အဝေးကွင်းပွဲစဉ်တစ်ပွဲအတွက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ထွက်ခွာစဉ်က

                            
 AFC CUP 2012 အဝေးကွင်းပွဲစဉ်တစ်ပွဲအတွက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ထွက်ခွာစဉ်က




ဧရာဝတီယူနိုက်တက်သည် ၄င်းပွဲစဉ်အတွက် ၂၄.၂.၂၀၁၃ ည (၇း၀၀) နာရီတွင် ဗီယက်နမ်လေကြောင်းလိုင်း ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာမည်ဖြစ်သည်။ ဟနွိုင်းမြို့ရှိ Airport View Hotel တွင် ၂၄.၂.၂၀၁၃ ည တွင် တစ်ထောက်နားကာ ၂၅.၂.၂၀၁၃ တနင်္လာနေ့ မနက်တွင် ဒါနန်းမြို့သို့ ဗီယက်နမ် ပြည်တွင်းလေကြောင်းဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ကစားသမားများအဖြစ် အောင်မင်းခန့်၊ ပြည့်ဖြိုးဦး (ဂိုး)၊ ကျော်ဇေယျာမင်း၊ ဇော်ဇော်ဦး၊ မာယန်ဘဲလ်ချက်၊ ထူးကျော်၊ မျိုးဇော်ဦး၊ ဟိန်းသီဟဇော် (နောက်တန်း)၊ အောင်ကျော်မျိုး၊ နေလင်းအောင်၊ နိုင်လင်းဦး၊ ဖြိုးကိုကိုသိန်း၊ ဒေါမစ်နစ်၊ နန္ဒလင်းကျော်ချစ်၊ သီဟဇော်၊ နေလင်းထွန်း (အလယ်တန်း) နှင့် စိုးကျော်ကျော်၊ လီအန်ဒရို (ရှေ့တန်း) တို့ဖြင့် ကစားသမား (၁၈) ဦး၊ နည်းပြ/အုပ်ချုပ်သူ (၁၀) ဦး၊ စုစုပေါင်း (၂၈) ဦး လိုက်ပါမည်ဖြစ်သည်။

Post by Ayeyawady United FC @  http://ayeyawadyutd.com/

No comments:

Post a Comment