Monday, February 18, 2013

Red Waves မအူပင် ခရီးစဉ်

 တကယ်တော. ဒီခရီးစဉ် အတွက် စတင်စဉ်းစားခဲ့ကြသည်ကတော. ကြာပြီဖြစ်သည်.....သို.သော် မည်သူတွေ လိုက်နိုင်မည်...လိုက်မည် ဆိုသည်တို.က တစ်ဖက်ကညှိုနှိုင်းနေဆဲ တစ်ဖက်က ဘာနဲ.သွားမည်..ဘယ်လိုသွားမည်တို.က စဉ်းစားနေရသည်.....တစ်ဖန် ဟိုဘက်ခြမ်းက လူတွေက မည်သို.လုပ်ထားမည် ဆိုသည်. ကိစ္စကိုတော. ထည်.မစဉ်းစားတော. ..သူတို.လည်း ထိုက်သင်.သော အစီအစဉ်လေး များတော. ရှိလိမ်.မည်ဟု ယုံကြည်လိုက်သည်....ထိုကိစ္စရပ်များအတွက် ရန်ကုန်-မအူပင် ဆက်စပ်ညှိုနှိုင်းရန် မေစိုးက တာဝန်ယူလိုက်သည်....သွားရမည်. ခရီးစဉ်အတွက် ကားကိစ္စကို အောင်ချိုကတစ်ဆင်. ကြိုးစားခိုင်းလိုက်ကြသည်....


သွားရမည်.နေ. နီးလာသည်...ကားရ/မရ က မသေချာသေး.....နောက်ဆုံးတော. အားလုံး ဆုံးဖြတ်လိုက်ကြသည်....ကားမရလျှင် လိုင်းကားနှင်.ဖြစ်အောင်သွားမည်...သွားမည်.နေ.က တနင်္ဂနွေ...လိုက်နိုင်မည်.သူ အားလုံးလိုက်ရန်....စနေနေ. ညနေတွင်တော. သတင်းကောင်းရောက်လာသည်.....ညီလေးအောင်ကျော်လိုက်မည်..ကားလည်းရမည်..တကယ်က အသင်းကားနှင်.သွားလိုခြင်းက သက်တောင်.သက်သာ..ကိုယ်.ကားနှင်.ကိုယ် ဆိုသည်ထက် တရားဝင် ဆိုသော အနေအထားကို မြတ်နိုးကြ၍ ဖြစ်သည်.....ယခုတော. အဆင်ပြေပြီပေါ. ...ဖြစ်အောင် လိုက်လိုသည်. မျိုးကတော. သူ.အဘွား  တစ်လပြည်. နှင်. တိုက်ဆိုင်နေတော. ဘယ်လိုမှ အခွင်.မသာတော.

မနက် ထွက်မည်.အချိန်ကို ညီလေးအောင်ကျော်က စောစော ထွက်လိုသည်ကြောင်. ပြောင်းလိုက်သည်..၇ နာရီ ဖုန်းဆက်တော. ကားက အသင်းမှ စထွက်သွားနှင်.ပြီ.လိုက်မည်ဟု ပြောထားသော်လည်း နှစ်ကိုယ်တူ ဘ၀အရေး မျှော်လင်.ချက် များစွာဖြင်. သင်တန်းပေါင်းစုံ ခွတက်နေရသော ညီလေး အောင်ချိုတစ်ယောက်ကတော.ိကိုကျော်ပါတယ်လေ..ကျွန်တော်ဘယ်လိုမှလိုက်မရ လို.ပါဆိုသော မုသားချိုဖြင်. ကျန်နေခဲ့သည်.....အစီအစဉ်အရ ဒဿ နှင်. ပုည ကိုလှည်းတန်း မှာ ၀င်ခေါ်ပြီး ကိုယ်နဲ. member တစ်ယောက် ကို တင်မည်..မေစိုးကို အင်းစိန်မှာစောင်.မည်....အငသ်းစိန် ဒေသန္တရ ဆေးခန်းလဘက်ရည်ဆိုင်လေးမှာ လဘက်ရည်သောက်ကြရင်း မေစိုးကိုစောင်.ကြသည်....အောင်ကျော်နှင်. ကိစ္စတစ်ချို.ပြောဖြစ်ကြသည်....အင်းစိန်က စထွက်တော. ၈နာ၇ီ ၃၀ မိနစ်

လမ်းသစ်တစ်ခုရှိသည်..လမ်းကောင်းသည်..မြန်သည်တဲ့  သို.သော် မသွားဖူးသောလမ်းမို. လွှဲချော်မှုကို စိတ်မချသလို ဧရာဝတီ တိုင်းအ၀င် တွင်လည်း ဓါတ်ပုံရိုက်ကြမည် ဟူသော စိတ်ကူးနှင်. လမ်းဟောင်းအတိုင်းသာထွက်လာကြသည်....


တိုင်းအ၀င် ဆိုင်းဘုတ်တွင်တော. ဓါတ်ပုံရိုက်ရမှာ သေမလောက်ကြောက်ကြသော ညီတွေ..ညီမတွေ အားလုံး ဆင်းရိုက်လိုက်ကြသည်မှာ တစ်ဝုန်းဝုန်း တစ်ဖြောင်းဖြောင်း.........ရိုးသားကြိုးစား ဧရာဝတီသား ဆိုင်းဘုတ်နှင်. ...ဧရာဝတီတိုင်းဒေသကြီးမှ လှိုက်လှဲစွာကြိုဆိုပါ၏ ဟူသော ကမ္ဗည်း စာနှင်. တစ်ယောက်ချင်း နှစ်ယောက်တွဲ အုပ်စုလိုက် ရိုက်ကြသည်...အရေးပေါ် ခန်.အပ်လိုက်သော ကျွန်တော်တို.၏ ဓါတ်ပုံဆရာကလည်း ရိုက်လိုက်သည်မှာ အတည်.တွေရော အစောင်းတွေရော..အသစ်အသစ်သော Idea တွေနှင်.


ဆားမလောက် လမ်းဆုံအရောက် လမ်းကမ်းစာရွက်တွေ ဝေဖို. တိုင်ပင်လိုက်ကြပြီး လဘက်ရည်ဆိုင်လေး တစ်ဆိုင်ဆီ ၀င်လိုက်ကြသည်...အမျိုးသမီးကြီးတွေ ထိုင်နေသော ၀ိုင်းသို.လည်း Red Waves Fan Club အတွက် စည်းရုံးရေး စာရွက် တွေဝေပေးသည်

 ဒီနှစ်ဧရာဝတီနိုင်ပွဲမရသေးဘူးနော်...ကြိုးစားခိုင်းပေးပါအုံး..အရင်နှစ်လိုမဟုတ်သေးဘူး...လိုသေးတယ်...
ငါတို.ကတော. ကိုယ်.အသင်းကိုယ်အားပေးနေတာပါပဲ

ဆိုသောထိုအမျိုးသမီးတို.၏ တစ်ယောက်တစ်ပေါက်စကားများ..
ဒါဧရာဝတီသားပဲဖြစ်သည်.....ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိုယ်.အသင်းကို ကိုယ်အားပေးနေကြသည်..မျက်ခြေမပြတ်ကြ...ကျေးရွာတစ်ခု၏ လဘက်ရည်ဆိုင်မှာထိုင်နေသော အမျိုးသမီးတို.တောင် ကိုယ်.အသင်းကို ကိုယ်မျက်ခြေမပြတ်ကြည်.နေကြသည်...
အို.............ဧရာဝတီ
ငါတို.အားလုံး အောင်မြင်ခြင်းကို ဆာလောင်နေကြသည်..................

ထို.နောက် ပိုလူစုံသည်. အနောက်ဘက် ကားပြန်လှည်.ပြီး ထမင်းဆိုင်..မုန်.ဆိုင်..ဆိုင်ကယ်ဂိတ်ပါမကျန် စာရွက်တွေ ဆင်းဝေကြသည်...သိလိုသည်များ ဖြေကြသည်...ခရီးသွား အုပ်စုတို.ဆီသို.လည်း စာရွက်များဝေလိုက်ကြသေးသည်

 ဆားမလောက် ကျော်လွန်လာပြီးတော. လမ်းဘေး တစ်ဖက်တစ်ချက်က ရေရိပ်တို.ကြောင်. ပိုအေးမြသလိုတော.ရှိသည်...ပုဇွန်ကန်..ငါးကန်တို.က တစ်မျှော်တစ်ခေါ်..ညမက်ပင်စိမ်းတို.က ရေသောက်ခွင်.ကြောင်. စိမ်းစိုနေတုန်း....တစ်ချက်တစ်ချက် ဝေ.ကနဲပါလာသည်. (ငါးတင်ကားအချို.က) အညှီနံ. 

ဇာတ်လမ်းက ဒီနေရာမှာစပါသည်....ရေနံမြေ လမ်းဆုံကျော်တာနှင်. မအူပင်လမ်းဟောင်းက ဇာတ်အသစ်တစ်ခုပြောင်းသွားသလို လူတို.ကို ဘယ်ညာ ခါထုတ်၏..အပေါ်အောက် ဆော.ကစား၏...ကားထိုင်ခုံတို.ကို ဖြုတ်ချပစ်၏...ဖုန်လုံးတို.ဖြင်. ထိုးဖွေမွှေနှောက်၏....ကျွန်တော်တို.၏ ကားဆရာကလည်း Formula 1 ပြိုင်ပွဲအတွက် လေ.ကျင်.နေသူမို. အရှိန်လျှော.ချခြင်းသည် သူ၏ ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟု ယုံကြည်ထားသည်.အတိုင်း ဘရိတ် နှင်. ဂီယာသာ ကစားပြီး လီဘာကတော. ပုံသေ ပင်....ကောင်းတော.လည်းကောင်းသည် ခန္ဓာကိုယ် အဆီတော. အတော်ကျသွားပေလိမ်.မည်

ရောက်တော.မှာပါနော် ဟူသော ကိုယ်.ဘာသာကိုယ်ဖြေသိမ်.ကြရင်း အဖိုးအို တစ်ယောက်နှင်.မြေးမငယ် (၈နှစ်ခန်.) တို.လမ်းကြုံလိုက်ခွင်. ကုသိုလ်ပြုလိုက်ကြသည်....တစ်ဆက်တည်း သူတို.ကိုလည်း စည်းးရုံးရေး ဆင်းပလိုက်သည်....မြင်ရပါပြီ  မအူပင်တံတား...နောက်တော. GTI ကျောင်းဟောင်း..နောက်တော. အဆောက်အဦး အသစ်တွေ.........မအူပင်မှ ညီတော်နောင်တော်တို.နှင်.ဖုန်းရပြီး ရေလဲ လမ်းဆုံတွင် ခဏစောင်.လိုက်သည်...မြေးအဘိုး ၂ ဦးက ကြာရင် ကားမမှီမှာစိုးလို.ဆင်းပါရစေ...လမ်းလျှောက်သွားရင် အဝေးပြေးက အနည်းငယ်သာလိုတော.သည်ဆိုပြီး ထောင်တန် တစ်ရွက်ထုတ်ပေးသည်.....အားလုံးဝိုင်းတားကြပြီးနောက် ထိုအဖိုးအိုက ကျိုက်လတ်အနီး ရွာတစ်ရွာနာမည်ပြောကာ သူအဲ့ဒီမှာနေကြောင်း ရဲစခန်းရောက်ရင်ပြောဖို. (ကိုယ်တွေထဲမှာလည်း ရဲစခန်းရောက်ချင်စရာပုံတွေပေါက်နေလားမသိ.........နောက်မှ သူကရဲစခန်.နားမှာနေကြောင်း)...လေဖြတ်တာတွေကုတဲ့ မြန်မာဆေးဆရာဖြစ်ကြောင်း ..အသက် ၇၀ကျော်နေပြီဖြစ်ကြောင်း မြန်မာဆန်ဆန် ဖိတ်မန္တက ပြုရင်း ဆင်းသွားသည်


ခဏအကြာ မအူပင်ညီနောင်တို. ဆိုင်ကယ် ၂ စီးနှင်.ရောက်လာပြီး မအူပင် ပေါ်တော်မူ ဘုရားအနီး ၀င်းသိဂီင်္ လဘက်ရည်ဆိုင်တွင် တွေ.ဖို.လုပ်ထားကြောင်း ပြောပြီး ရှေ.မှ ဆိုင်ကယ်နှင်.သွားကြသည်...ရေလဲလမ်းအတိုင်း ..နောက် မင်းလမ်းကိုဖြတ်တော. လမ်းလေးက ကျဉ်းသွားသလိုပင်...ထိုမှ ကမ်းနားလမ်းအတိုင်း အထက၂ ကိုဖြတ်ပြီး ပေါ်တော်မူသို.သွားကြသည်
 ဆိုင်လေးတွေက ကမ်းနားမြစ်ကမ်းပေါ် မေးတင်ထားကြသည်မို. ရေရိပ်နှင်.ကြီးကြရသော တိုင်းဧရာသားတို.အဖို. နှစ်လိုဖွယ်အတိပင်....ထိုင်ခုံများချ ထိုင်ကြတော. လူသိပ်မတွေ.ရ..စိတ်ထဲ တစ်မျိုးတော.ဖြစ်သွားသည်...နောက်မှ လူတစ်ချို.ထပ်ရောက်လာသည်...စစချင်းတော. ကိုယ်ဆီက ပါသွားတဲ့ ကိုယ်ရယ်..အောင်ကျော်..ပုည..ဒဿ..မေစိုး..ကိုလှဋ္ဌေး တို.ကိုမိတ်ဆက်..သူတို.ကလည်း သူတို.ရှိတဲ့လူတွေမိတ်ဆက်...ဒီဘက်က Fan Club စလုပ်ဖြစ်တာ..နောက်လုပ်မှာတွေပြော..သူတို.ကလည်း သူတို.လုပ်ထားတာလေးတွေပြောတော.မှ သူတို.ကြိုးစားမှုကို အားလုံး အံ.သြ ကြရသည်..အသိအမှတ်ပြုကြရသည်....
ဒီကယူသွားတဲ့ ဝေဖို. Flyer တွေအကြောင်းပြောပြီး သူတို.နာမည် ရေးပြီးထည်.ဖို.လုပ်ချိန်မှာ သူတို.လုပ်ထားပြီးကြောင်းပြောပြီး စာရွက်တစ်ထုပ် ထုတ်ပြသည်....ဒါပဲဖြစ်သည်...Fan Club သည် မိမိတို. ပရိသတ်ကိုယ်တိုင် ဖန်တီးတည်ထောင်ထားသည်.အလျှောက် အားလုံးက ခုလို ကောင်းမည်ထင်သည်တို. လုပ်ကိုင်ပံ.ပိုးမှသာ အောင်မြင်နိုင်မည်ဖြစ်သည်..member form သူတို.ရေးဖို.ပေးတော. သူတို.ဘာသာလုပ်ထားတဲ့ member form ထပ်ထုတ်ပြပြန်သည်..ချီးကျုးရပြန်သည်...သူတို.ဘာသာလုပ်ထားသော color နှင်. member form ကကိုယ်တွေထက်ပင်သာသေးသည်............စစချင်း လူနည်းသည်မို. စိတ်ထဲ တစ်မျိုးဖြစ်ခဲ့သမျှ ယခုမှ အားလုံးပိတိဖြစ်ကြရသည်..ကျေနပ်မိကြသည်..သူတို.အားလုံးကိုလည်း ချီးကျုးမိကြသည်....

 ထို.နောက်အောင်ကျော်က ဧရာဝတီအသင်းကိစ္စရပ်များ..သူMedia Officer တာဝန်ယူဖြစ်သည်.အကြောင်း..အသင်းနှင်. Fan Club ချိတ်ဆက်ဆောင်ရွက်မှုတို.ကိုပြောပြ.....ကိုယ်ကတော.  RWFC စည်းရုံးရေးကိစ္စရပ်များအကြောင်းပြောပြ..တိုင်းအတွင်း ၂၆ မြို.နယ် တွင် တစ်မြို.နယ် member ၂၆ ယောက်နှုံး ရရှိရေး target ခက်မှာတော.ဖြစ်ပေမယ်. ကြိုးစားကြည်.ချင်ကြောင်း...သူတို.ဘက်ကလည်း ကျောင်းများသို.ပါ ၀င်စည်းရုံးချင်ကြောင်း အပြန်အလှန်ဆွေးနွေးကြသည်.....လိုချင်သည်ကတော. ယခုနှစ်ရာသီကုန်တွင် member အနည်းဆုံး ၃၀၀ ခန်.ရှိရေး ဖြစ်သည်

ထို.နောက် မအူပင်အတွက် စည်းရုံးရေးတာဝန်ခံကို သူတို.သဘောတူ ရွေးချယ်ပေးသော ညီလေး ကျော်ဇင် ကိုတရားဝင်သဘောတူကြသည်....တွဲဖက်တာဝန်ခံ တစ်ယောက်လည်းရွေးကြသည်...နောက်ပိုင်း မအူပင် နှင်. ပတ်သက်သမျှကို ထိုအဖွဲ.မှ တစ်ဆင်. တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ရန် ညှိုနှိုင်းခဲ့ကြသည်...ထို.နောက်အပြန်တွင် လက်ကမ်းစာရွက်ဝေရန် နေရာရွေးကြသည်...မြို.ထဲတွင် ဝေရန် ဆွေးနွေးသော်လည်း အခြားကိစ္စရပ်များကြောင်. အဝေးပြေးဝင်းအတွင်း နှင်. ပတ်လည်တွင်ဝေရန်သဘောတူကြပြီး အဝေးပြေးဝင်းဆီ ထွက်ခွာကြသည်


အဝေးပြေးဝင်းရောက်တော. နေကခေါင်းပေါ်တည်.တည်. ..အားလုံးဆင်းကြပြီး မအူပင် -ရန်ကုန် RWFC သားတို. လက်ကမ်းစာရွက် လိုက်ဝေကြသည်...အဝေးပြေးကားများ..၀င်းအတွင်းဆိုင်များ....အနီးအနားသွားသော ကားငယ်များ...၀င်းအပြင်ရှိ လဘက်ရည်ဆိုင်..ဘီယာဆိုင်..ကွမ်းယာဆိုင် အကုန်လိုက်ဝေကြသည်....နောက်တစ်နေရာသွားဖို.အလုပ် မအူပင် RWFC တို.က နေ.လည်ပိုင်း လူအနည်းငယ် ပါးချိန်ဖြစ်သဖြင်. လူစည်ချိန်မှ သူတို.ဝေထားမည်ဖြစ်ကြောင်းပြောကြသည်...ထို.နောက် မအူပင်မြို.အ၀င် ဆိုင်းဘုတ် ဆီထွက်လာကြပြီး မအူပင်မှ RWFCညီနောင်များနှင်. ရန်ကုန်မှ RWFC တို. အမှတ်တရ ဓါတ်ပုံရိုက်ကြသည်....ထိုနောက်တော. အားလုံးအားနှုတ်ဆက်ရင်း ပြန်လည်ထွက်ခွာလာခဲ့ကြသည်....


လမ်းအသစ်ကပြန်လာသည်မို. ငြိမ်.ငြောင်းပါသည်...ကျွန်တော်တို.ရဲ. Formula 1 Driver ကြီးကလည်း လီဘာကို ကားကြမ်းပြင် က တစ်ချက်မှ မခွာတော. ....တွံတေး တံတား ကိုလှမ်းမြင်လိုက်ပြီး တက်ရမည် ထင်ကြသော်လည်း မတက်ရ..ဘေးမှသာဖြတ်ပြန်လာကြရသည်....လမ်းတစ်နေရာရောက်တော. ရွှေတိဂုံဘုရားကို အထင်းသားမြင်နေကြရသည်....အတော်လေးပူလာခိုက်ရှေ. ကုက္ကိုလ်ပင် ရိပ်တွင် အအေးဆိုင်လေးတွေ.သဖြင်. ကြံရည်သောက်ကြ..အအေးသောက်ကြ လူရော ကားပါခဏနားကြသည်...တောရွာလေး၏ လမ်းဘေး လယ်ကွင်းစပ် သစ်ပင်အောက်ကဆိုင်မို. သန်.ရှင်းရေးပိုင်း အားနည်းသော်လည်း သဘာဝဆန်မှုကတော. သိသာသည်....အေးသလောက် ရှိတော. ကားပေါ်တက် ..ပြန်ထွက် အသွား ၃နာရီခွဲခန်.ပေါင်းရသော ကားက အပြန် ၁နာရီခွဲသာသာ သာကြာသည်...နောက်စည်းရုံးရေး အတွက်လည်း တက်ကြွနေကြသည်...အဆင်ပြေသော တစ်ရက် ၇န်ကုန်တွင်း စည်းရုံးရေး ဆင်းဖို.လည်း တိုင်ပင်ဖြစ်ကြသည်..ထိုခရီးစဉ်တွင်တော. အတော်များများ လိုက်ဖြစ်မည် ထင်ပါသည်..အဓိက က ဒဂုံ-ဧရာ အဝေးပြေးနှင်. ရန်ကုန် ကမ်းနားဆိပ်များ...ယခုလိုနေသည်က member များသာလျှင်မကပဲ ကွင်းအတွင်းသို.ပါ လိုက်ပါအားပေးနိုင်မည်.သူများ....ရန်ကုန်ထဲရောက်ပြီး.လှည်းတန်းတွင် အားလုံးဆင်းသွားတော. ကိုယ်နဲ.အောင်ကျော်သာကျန်သည်...



အသင်းကိစ္စ..Fan Club ကိစ္စ တွေပြောဖြစ်ကြသည်..အားတက်စရာ ရှိသလို စိုးရိမ်စရာတွေလည်း ပါသသည်..ကံကြမ္မာနှင်.လောင်းကြေးထပ်ရမည် များလည်းရှိသည်....သို.သော် မည်သို.ပင်ဖြစ်စေ ကိုယ်တွေ စလုပ် မိခဲ့ပြီဖြစ်သော ဤဇာတ်လမ်းဆုံးခန်းတိုင်အောင်တော. ကကြရပေလိမ်.မည်.....တစ်ခုပဲရှိသည် အားလုံးညီညွတ်ဖို. ...ယခုထက်ပို စည်းလုံးတက်ကြွဖို. ..ယခုထက်ပို အားနည်းနည်း ထပ်စိုက်ဖို.သာလိုပါသည်....

(မအူပင်မြို.မှ တက်ကြွသော Red Waves Fan Club Members များကို ဂုဏ်ပြုသောအားဖြင်. )


No comments:

Post a Comment