ဆရာကန်တော.ပွဲအတွက်
ဝါးခယ်မသို. ၂၉ ရက် ဒီဇင်ဘာ မနက် ၉ နာရီက ထွက်ခွာလာခဲ့ကြသော အဖွဲ.များအနက် ၃၁ ရက်နေ.
မဖြစ်မနေ လုပ်ငန်းခွင် ၀င်ရမည်. သူများက ၃၀ ရက်ည Dinner အပြီး ပြန်ရန် စီစဉ်ကြသည်....
လာစဉ်က ကား၎
စီး ၁၂၁ ယောက်အနက် ကား၂စီးပြန်ရန် စီစဉ်ပေးထားပြီး ကျန်သူများက ၃၁ ရက်မနက် ၉နာရီ ပြန်ကြ၇န်
စီစဉ်ထားခြင်းဖြစ်သည်.....
၃၀ ရက်ညပိုင်းပြန်ကြမည်.
သူများအတွက် ပစ္စည်းများသယ်ပေးကြ...နှုတ်ဆက်ကြ ဖြင်.အခက်အခဲအချို.ကြောင်. သတ်မှတ်ချိန်ထက် အတန်ငယ်နောက်ကျပြီးမှ ထွက်ခွာနိုင်ကြသည်....
၃၁ ရက်နေ.
မနက်ပြန်မည်.အဖွဲ.က ကား၂ စီး လူ ၆၄ ယောက်
အသင်းတိုက်ရှေ.တွင်
အတော်လေးစည်ကားနေသည်....လောက၏ သဘောအရ ဤ လူများ ဤကဲ့သို. နောက်တစ်ကြိမ်အပြည်.အ၀ ပြန်ဆုံခွင်.
မည်သူမျှဝင်၍ အာမခံနိုင်ကြသော ကိစ္စတော. မဟုတ်....နှုတ်ဆက်ကြသည်..မှာတမ်းခြွေကြသည်....သူငယ်ချင်းအချင်းချင်း...လုပ်ဖော်ကိုင်ဖက်အချင်းချင်း....ဆရာနှင်.တပည်. စာရေးဖို. ...ဖုန်းဆက်ဖို. ..အဆက်အသွယ်မပြတ်ဖို.
.....အခွင်.ရရင် တစ်ခေါက်လောက် လာခဲ့အုံးဖို.စသော နှုတ်ဆက်ရိုး နှုတ်ဆက်စဉ် ကြားဖူးနေကျ
စကားများသာ ဖြစ်သော်လည်း ဘယ်တော.မှမရိုးသွား.....ပြောပြီးသား စကားလုံးတို.ကို ထပ်ဖန်တလဲလဲ
ပြောနေကြသည်....
ပြန်လည်တွေ.ဆုံခွင်.ရကြသဖြင်.
..ဆရာကန်တော.ပွဲ တစ်ရပ်ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြသဖြင်. ...မိမမွေးရပ်မြေကို
..မိမိနေထိုင်ခဲ့ဖူးသောနေရာကို..မိမိနှင်. အကျွမ်းတ၀င် ရှိခဲ့ဖူးသော နေရာကို ပြန်ရောက်ကြရသဖြင်....မိတ်ဟောင်းဆွေဟောင်းနေရာဟောင်း
တို.နှင်. ပြန်လည်ရင်းနှီး ပတ်သက်ခွင်.ရကြသဖြင်. ...ကျေနပ် ပျော်ရွှင် ကြည်နူးမှု တို.၏
အရှိန်ကြောင်. ပြုံးပျော်နေနိုင်သေးသော်လည်း မကြာခင် ပြန်လည်ခွဲခွါရတော.မည်..မရေရာသော.နောက်တစ်ကြိမ်
ပြန်လည်တွေ.ဆုံခွင်.....စသည်တို.အတွက် ခပ်ပါးပါးသော စိုးရိမ်ခြင်းနှင်. စိတ်မကောင်းဖြစ်မှု
တို.က ရေးရေးတော. ထင်နေကြသည်.....အထူးသဖြင်. ပြန်ကြရမည်. သူများ၏ မျက်နှာ၇ိပ်ထက်ဝယ်..................
ကားကို ၉နာရီ
ထိုးလုလုမှာပင် ပြန်လည်ထွက်ခွာလာကြသည်..........
မြို.လေးက
ပြန်လည်ထွက်ခွာခိုက် ကားမှန်ပြတင်းများမှတစ်ဆင်. မြင်ကွင်းများကို တစ်ဝကြည်.ရင်း နှုတ်ဆက်နေမိကြသည်....လမ်းမကြီးအတိုင်းချစ်တီးဘုရားကျောင်းဘေးကဖြတ်...ဘုရားကြီးရှေ.ကဖြတ်....တောဈေးတန်းလေးထိပ်ကဖြတ်...ရေကောင်းကောင်းမရှိတော.တဲ့
ဈေးချောင်းထက်က မီးသတ်ဂုံးတံတားပေါ်ကိုဖြတ်...ဦးရှင်ကြီး ကွင်းဘေးကဖြတ်....ဆေးရုံရှေ.ကိုဖြတ်..ခရစ်စယာန်
ဘုရားကျောင်းရှေ.ကဖြတ်.....ရွာလည် လမ်းမကြီးကို ဖြတ်..အထက ၂ ဘေးကိုဖြတ်..........ဈေးသွားဈေးပြန် ဆိုင်ကယ်...ဆိုက်ကား..စက်ဘီးများ...........ရောင်းချနေကြတဲ့
ဈေးတန်းလေး....ဆွမ်းခံကြွ သံဃာတော်အချို. ....အိမ်လေးတွေ ရဲ. မီးဖိုခန်းဘက်ဆီက ဝေ.တက်လာနေတဲ့
မီးခိုးငွေ.အချို. ... လမ်းဘေးမှာ ကားကို လက်ပြနေတဲ့ ကလေးငယ်လေးတစ်ချို...အိမ်ရှေ.မြင်သာရုံ
ဟိုအတွင်းဘက်ကနေကားတွေကိုငေးကြည်.နေတဲ့ ကျောင်းသား/ကျောင်းသူဟောင်းအချို.(ကြည်.နေတယ်ဆိုတာထက်
ငေးနေတယ်ဆိုရင် ပိုမှန်မလားပါပဲ...သူတို.မျက်ဝန်းတွေ သေနေသည်)...အလာတုန်းက ၀မ်းပန်းတသာကြိုခဲ့ကြသူ
အားလုံးပြန်ပို.ဖို.သူတို.မလုပ်ချင်ကြ..မှန်သည်..တကယ်ကဒီအပြန်ခရီးက ပြန်ချင်လို.ပြန်ကြသည်
မဟုတ်ပဲ ပြန်ရမည်မို.ပြန်ကြရခြင်း..သူတို.မပို.ချင်ကြ သလို ဒီသူတွေအားလုံးကလည်းပြန်ချင်ကြသည်မဟုတ်..သို.သော်.......မည်သူထွင်ခဲ့မှန်းမသိသော.တော်ရာဆိုသောစကားလုံး
အတော်တော.မုန်းဖို.ကောင်းသည်…....တံတားပေါ်အရောက် မြို.လေးကို လည်ပြန် နှုတ်ဆက်ကြရင်း
ထို…တော်ရာ ဆိုသော..အရပ်ဆီသို.ပြန်ခဲ့ကြရပါပြီ
လမ်းကတော.ထုံးစံအတိုင်းဘာမှပြောလောက်စရာမရှိပဲ
တစ်ခုပဲထူးခြားတာက တိတ်ဆိတ်နေသည်.........တစ်ကားလုံးအတွေးကိုယ်စိနဲ. တစ်ချို.က တိတ်တဆိတ်
သက်ပြင်းချ...တစ်ချို.ကျ တိုးတိုးလေးပင်.သက်၇ှိုက်....အားလုံး ရဲ.ခန္ဓာကိုယ်တွေကို သယ်ဆောင်လာတဲ့ကား
စိတ်တွေတပါတည်း ပါလာဖို.တော. သူမတတ်နိုင်ခဲ့ပါဘူး..........အားလုံးရဲ. စိတ်တွေက မြို.လေးမှာ
တစ်ရစ်ဝဲ၀ဲ
အလာတုန်းက
စားခဲ့တဲ့ ထမင်းဆိုင်လေးမှာပဲ ထမင်းဝင်စားကြ....ဒါပေမယ်.အလာတုန်းကလိုတော. စကားများများမပြောဖြစ်ကြတော. ...အားလုံးရဲ. လှုပ်ရှားမှုတွေက လေးလံဖင်.နွဲ.နေကြသည်......သွားချင်၍
သွားကြသောခရီး...သွားသင်.၍ သွားခဲ့ကြသော ထိုခရီး...ဒီလမ်းဒီနေရာ ကိုဖြတ်တာချင်း..သွားတာချင်းအတူတူ
အသွားနှင်. အပြန်ကား စိတ်ခံစားချက် ကွာလွန်းလှသည်....Same Magnitude .သော်လည်း..Opposite
Direction သွားသောအခါ................
ရန်ကုန်သို.
၃နာ၇ိခန်. ၀င်ရောက်သွားသည်.......ကားများဖြင်.ပိတ်ဆို.ကြပ်ညပ်နေသော လမ်းမကျဉ်း...လမ်းမကျယ်များ....ပိုရင်.နေသောနေရောင်....ပူလောင်နေသော
ပတ်ဝန်းကျင်မြင်ကွင်း......အချိန်လု..နေရာလု..အခြေအနေလု လုပ်ကိုင်နေကြရသော လူသားတို.၏
အမောများ.....
No comments:
Post a Comment