ဘုရားကြီး စောင်းတန်း နှင်. ထီးတော် စိန်ဖူးတော် |
ကမ်းနား ကျောက်တိုင်ဆိပ်မှ လမ်းမြင်ရသော ဘုရားကြီးလမ်းမ |
ထိုစဉ်က ၀ါးခယ်မမြို. ပတ်ချာလည်သည် ယုံကြည်ချက်ပေါ်အခြေခံသော သောင်းကျန်းသူများ (မဒညတ..ဗကပ စသည်များ)လူမျိုးရေးကိုအခြေခံသော လက်နက်ကိုင်များ (KNU , KRC ,KNDO စသည်များ) တို.၏ လှုပ်၇ှားကြီးစိုးရာ နယ်မြေများဖြစ်နေဆဲဖြစ်သည်..တစ်ချက်တစ်ကောင် ချစ်လေးမောင်..ကွက်ကော. ..နော်တစ်လုံးစိန် (နို.တစ်လုံးစိန်)..အောင်သန်း..ဗိုလ်သန်းရှိန်..ဗိုလ်ကြီးမောင်နီ စသည်တို.က မြစ်ဝကျွန်းပေါ်တွင် နာမည်ဆိုးနှင်.ကျော်ကြားခဲ့ကြသော ဇာတ်လိုက်ကျော်ကြီးများဖြစ်ခဲ့ကြသည်.....ထိုအဖွဲ.တို.သည် မြစ်ဝကျွန်းပေါ်တစ်ကြောဝယ် လုယက် မီးရှို. လူသတ် စသည်တို.ကို သူ.ထက် ငါအပြိုင်ကြဲနေကြချိန်လည်းဖြစ်သည်...
သောင်းကျန်းသူများ ဖြတ်သန်းချီတက်ရာ တောင်ဘက်လယ်ကွင်းများ-ကျုံစိန်ဘက်ခြမ်းမှ မြင်ရပုံ |
ဖေဖော်ဝါရီလ ၁၄ ရက် (ခုတော.ချစ်သူများနေ.ပေါ.) တွင် KNU ပါတီ ကရင်ပြည်သူ.ပျောက်ကြားတပ်ရင်း ၆ ခွဲ ၁ မှုး ဗိုလ်အောင်သန်း ခေါင်းဆောင် အင်အား ၅၀ ကျော်က ၀ါးခယ်မ အပိုင် လမ်းသမိုင်ရွာအား လာရောက်တိုက်ခိုက်ရာ ရွာသားများညီညွတ်စွာခုခံတိုက်ခိုက်မှုကြောင်.မအောင်မြင်ခဲ့ (ထိုရွာလေးသည် မြန်မာနိုင်ငံ တွင်ပထမဆုံး ပြည်သူ.စစ် စတင်ဖွဲ.စည်းခဲ့သောရွာလေးဖြစ်သည်..အကြောင်းသင်.လျှင် သီးခြားရေးပါမည်)...၀ါးခယ်မမြို.ကိုလည်း တိုက်ခိုက်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြသည်...တစ်ရက်ဆိုလျှင် နေ.လည်ဘက် အလစ်တက်ရောက်တိုက်ခိုက် ရန်အထိပင်ကြိုးစားဖူးသည်...ထိုစဉ် စစ်တပ်ကမြို.အရှေ.ပိုင်းမှ ခံတိုက်ပြီးကျောင်းသားများကလည်း တပ်မတော်ဘက်မှနေ သွားရာက်အော်ဟစ်အားပေးခဲ့ကြသည်...ထိုစဉ်က မြို.ပြင်တာများ ပြုလုပ်ပြီးကာစမို. ထိုနေရာတွင် အကာကွယ်ယူ အားပေးကြခြင်းဖြစ်သည်....သို.သော် ထိုနေ.ညကတော.
ထိုစဉ်က ၀င်ရောက်လုယက်ခဲ့သော ပပက ဂိုဒေါင် |
ရုပ်ရှင်ရုံမှ လူများကလည်းပြေး ...နှစ်ဖက်ပစ်ကြ...ထို လက်နက်ကိုင်တို.ကတိုက်ခိုက်ရင်း ပပက ဂိုထောင်ကိုဖောက်ကာ နိုင်သမျှ သယ်ယူကြသည်...ထိုစဉ်က မြို.နယ် ကောင်စီဥက္ကဌက ဥိးကြည် အတွင်းရေးမှုးက ဦးစောနိုင် ...ထိုတိုက်ပွဲဖြစ်စဉ်အတွင်း ပြည်သူစစ်များကလည်း ပါဝင်ကူညီကြသည်...တိုက်ပွဲဖြစ်ပွားနေစဉ် တပ်မတော်မှ တပ်ခွဲမှုး ဗိုလ်ကြီး လဘန်လခေါင်းဆောင် ကာ ၀ါးခယ်မကျောက်တိုင်ဆိပ် မှ UB Boat ဖြင်.ကပ်ပြီး စက်သေနတ် ဖြင်. ဘုရားလမ်းတစ်လျှောက်ပစ်ခတ်ရင်း တက်လာကြရာ.လက်နက်ကိုင်တို.က ဘုရားထဲမှ ဆုတ်ပြေးရင်း ကျုံစိန် ထွက်ပေါက်မှ ဆုတ်ခွာကြသည်...အချို.က သဲကွင်းထဲမှ တစ်ဆင်. တာကြီးပိုင်း (ယခုရွာလည်ကွက်သစ်) မှတစ်ဆင်.ဆုတ်ခွာထွက်ပြေးကြသည်...
ထိုဖြစ်စဉ် တစ်ရပ်လုံးတွင် မြို.ပါတီယူနစ်မှ ဗိုလ်ကြီး တင်လှ တစ်ယောက်သာ ဒါဏ်ရာရခဲ့ပြီး ဂိုထောင်အတွင်း ပစ္စည်း ဆုံးရှုံး မှုမှလွဲပြီး အခြားထိခိုက်ဆုံးရှုံးမှု မရှိခဲ့ပေ...၀င်ရောက်တိုက်ခိုက်သည်က KNU ပါတီ ကရင်ပြည်သူ.ပျောက်ကြားတပ်ရင်း ၆ ခွဲ ၁ မှုး ဗိုလ်အောင်သန်း (ပြင်ပအရပ်သတင်းကတော.နော်တစ်လုံးစိန်ခေါင်းဆောင်သည်ပြောသော်လည်း ပြည်သူ.စစ်ဒို.စစ်...နတခ စစ်ဆင်ရေးသုံးသပ်ချက် စသောမှတ်တမ်းများအရ ဗိုလ်အောင်သန်းသာဖြစ်သည်)...
ဘုရားလမ်းတည်.တည်. မှ နတ်လမ်းအတိုင်း ဆင်းတုတော် တည်ရာ ဂန္ဓကုဋီ တိုက် ကိုမြင်ရပုံ |
ဂန္ဓကုဋီ တိုက်ဘက်မှ နတ်လမ်းအ၀င်ဝ သို. မြင်ရပုံ |
No comments:
Post a Comment