Wednesday, February 20, 2013

ပီတိစားသူအချို.၏ နောက်ဆုံးခရီး


လူဆိုတာ သေမျိုးချည်းပါ
တကယ်တော.လည်း ဒီစကား လူတိုင်းလိုလိုကြားဖူးနေကြသော်လည်း ကိုယ်နဲ.ပတ်သက်ရာ ၀န်းကျင်သို. ရောက်မလာမချင်းမေ.နေကြသည် ...မေ.ထားကြသည်...သို.သော် သေခြင်းတရားဆိုသည်က လူတိုင်းကို အချိန်မရွေး စီရင်နိုင်ခွင်.ရှိသော သူဖြစ်သည်

ဒီထဲကမှကျွန်တော်တို. နှင်.ပတ်သက်ခဲ့ကြဖူးသော
ကျွန်တော်တို.အပေါ်ကျေးဇူးရှိခဲ့ကြဖူးသော ဆရာတစ်ချို. လည်း ဆုံးပါးခဲ့ကြပြီဖြစ်သည်....ယခုတော. ဆက်စပ်မိသော ..ပုံတစ်ချို.ရရှိခဲ့သော ဆရာ ၃ ဦးအကြောင်းအမှတ်တရ ဖော်ပြပါမည်


ပထမဆုံးတစ်ယောက်က ဦးမြင်.ဆွေ @ အာပြဲမြင်.ဆွေ
လူမှည်.များလေ.ရှိသော နာမည်များ..ထိုလူတို.သည် လုပ်ငန်းနေရာ တစ်ခုအတွင်းစုနေမိလျှင် ၁ ၊၂ တပ်ခေါ်ကြသည်...သို.မဟုတ်သွင်ပြင်..စရိုက်..မျိုးရိုး တို.ကိုတည်မှီခွဲခြား မှတ်သားကြသည်...၀ါးခယ်မ အထက ၁ တွင် ထိုနာမည်တူ ဆရာ ၂ဦးရှိသောအခါ တစ်ဦးကို ဆာဒူးမြင်.ဆွေဟုခေါ်ပြီး နောက်တစ်ဦးကတော. အာပြဲမြင်.ဆွေဖြစ်သွားသည်....မူလက ကာယဆရာအဖြစ်တာဝန်ယူခဲ့သော်လည်း နောက်ပိုင်းသင်ကြားရေး ဘက်တာဝန်ယူခဲ့သည်...အရပ်ပုပု..၀၀..အသားညိုညို..အသံကျယ်ကျယ် နှင်. ကာယဆရာ ဆိုတော. အင်း........သေချာသည်ကတော. ပျော်ဖို.ကောင်းသည်...သူသည် ကျောင်းတွင်လွတ်လပ်ပေါ.ပါးစွာနေလေ.ရှိသလို ရပ်ကွက်တွင်လည်း ပျော်ပျော်ရွှင်ရွှင် ဖြင်.ရပ်ရေးရွာရေး ဆောင်ရွက်လေ.ရှိသူဖြစ်သည်....တပည်.များ..မိတ်ဆွေများနှင်.ပျော်ရွှင်နွေးထွေးစွာ ဆက်ဆံနေထိုင်လေ.ရှိသည်....ထိုဆရာသည်လွန်ခဲ့သော ၇ လခန်. (၂၉ ဇူလိုင် ၂၀၁၂ ) က ရန်ကုန် ဆေးရုံကြီးဦးနှောက်နှင်.အာရုံကြော ဌာန သို. ရောက်ရှိလာခဲ့ပြီး ထိုနေ.တွင်ပင် ခွဲစိတ်မှုပြုလုပ်ခဲ့သော်လည်း ဆုံးပါးသွားခဲ့သည်....ဆရာဆုံးတော. အသက် ၆၉ နှစ် ....၂၀၁၂ ဇူလိုင်၃၁ မွန်းလွဲ ၂နာရီခွဲမှာတော. ရေဝေးသုဿာန်မှာပဲ ဆရာ.ကိုသဂြိုဟ်ခဲ့ပါတယ်..

.
.၇န်ကုန်မှာရှိနေပြီး သိလိုက်ကြသူတွေ (အဲဒိနေ.ကကျွန်တော်တို.ဒီ Page ကနေလည်း အကြောင်းကြားပေးခဲ့ပါတယ်)တပည်.အချို.နဲ.မိတ်ဆွေအချို. ဆရာ.နောက်ဆုံးခရီးအတွက် သွားရောက်ခဲ့ကြပါတယ်....နယ်ကနေ ရန်ကုန်မှာ ဒီလိုကိစ္စရပ်မျိုးကြုံရရင် ရပ်ဆွေရပ်မျိုးအသိမိတ်ဆွေ ဆိုတာတွေကို တမ်းတတတ်ကြပါတယ်...ကာယကံရှင်တွေလည်း ကိုယ်.နေရာမဟုတ်တော.စိတ်အားငယ်တတ်ကြပါတယ်....တကယ်လို.များ ကိုယ်တွေမြို.ကလူတွေ ဒီလိုတွေကြုံရင် ၇န်ကုန်မှာရှိနေသူများ အနေနဲ. အတတ်နိုင်ဆုံးသွားရောက်ကူညီပေးဖို.လည်း ကြုံတုန်းလေး မေတ္တာရပ်ခံပါတယ်............ဆရာ.ရဲ. ရက်လည်ကိုတော. ၀ါးခယ်မ အိမ်မှာပဲ ပြုလုပ်ခဲ့ပါတယ်


ဒုတိယ တစ်ယောက်ကတော. ဆရာဦးပြုံးချိုပါ
ဆရာဟာ Eco သင်တယ်လို.သိရပါတယ်....ရွှေလောင်းအထက်တန်းကျောင်းမှာလည်းကျောင်းအုပ်လုပ်ခဲ့ဖူးပြီး အငြိမ်းစား ယူပြီးတဲ့နောက် အောင်ချက်နဲ. ပတ်သက်လို.နာမည်ကျော်ခဲ့တဲ့ အထက်တန်းကျောင်းခွဲတစ်ခုမှာလည်း တာဝန်ယူခဲ့ဖူးပါတယ်....အိမ်ထောင်ရှိပေမယ်. သားသမီးမရှိတဲ့ ဆရာဟာ တပည်.တွေကို သားသမီးတွေလို ဂရုစိုက် စိတ်ပူ ပေးနေတတ်ပြီး စေတနာအပြည်. သင်ကြားပေးတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်...အာစရိယ စစ်စစ်တွေ ဂုဏ်ယူလေ.ရှိသလို ငွေကြေး မမက်မောတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်...စေတနာ ညကျောင်းတွေမှာလည်း စေတနာပါပါ စိတ်ထက်ထက်သန်သန် နဲ. သင်ကြားပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ်....ဆရာဟာ ၂၆-၁-၂၀၁၃ နေအိမ်မှာပဲကွယ်လွန်သွားခဲ့တယ်လို.သိရပါတယ်.ကွယ်လါန်ချိန်မှာ အသက် ၆၆ နှစ်ရှိပါပြီ....အရင်ကတော.ဆရာ.မှာ အသည်းရောဂါရှိတယ်လို.သိရပါတယ်


တတိယတစ်ယောက်ကတော. အစိုးရပညာရေးလောကထဲက မဟုတ်ပဲပြင်ပဆရာတစ်ဦးဖြစ်တဲ့ ဗိုလ်ယု လို.ခေါ်ကြတဲ့ ဆရာဦးယုဝေပါ......
ဆရာဟာ အလွတ်ပညာသင်ကျောင်းလောကမှာ  ၁၉၈၈ မတိုင်မှီထဲက အောင်မြင်နေခဲ့သူတစ်ဦးပါ...သင်ကြားပြသရာမှာ စေတနာအပြည်.ထားလေ.ရှိပြီး တပည်.တွေနဲ. (ပြင်ပမှာ) သူငယ်ချင်းပေါင်းပေါင်းသူတစ်ဦးပါ....တပည်.တွေနဲ.အတူ ပိုက်ကျော်ခြင်း အတူခတ်တာမျိုးကအစ ရင်းရင်းနှီးနှီးနေသူပါ....ပြင်ပဆရာ တစ်ဦးဖြစ်ပေမယ်.လည်း မြို.မှာတော. ဂုဏ်အရ လေးစားမှုခံရသူတစ်ဦးပါ..ငွေကြေးထက် သင်ကြားရေးကို စိတ်ဝင်စားတတ်ပြီး ၁၉၉၀ ၀န်းကျင်ကဆို ကျောင်းဖွင်.ပြီးအခမဲ. သင်ကြားရေးအထိလုပ်ကိုင်ခဲ့သူတစ်ဦးပါ....နောက်ပိုင်းတော. ဘော်ဒါကျောင်းလိုမျိုးတွေထိ လုပ်ကိုင်ခဲ့ပါတယ်...

.
ယုံကြည်ချက်နဲ.ပတ်သက်တဲ. နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း လေးစားခံရသူတစ်ဦးဖြစ်ပြီး NLD (၀ါးခယ်မ) ရဲ. အောင်နိုင်ရေး တာဝန်ခံလည်းဖြစ်ပါတယ်....အတ္တထက် ပရများတဲ့လုပ်ငန်းတွေလုပ်ရင်းကျန်းမာရေး ဒီဘက်နှစ်ပိုင်းတွေမှာချို.တဲ့လာခဲ့ပေမယ်. သူ.ရဲ. အလုပ်တွေ..စေတနာတွေဘက် အချိန်ပိုပေးနေခဲ့သူပါ...၉-၂-၂၀၁၃ မနက်၁နာရီခန်.မှာ ၀ါးခယ်မဆေးရုံတင်ခဲ့ရပြီး အဲဒီနေ. ည ၈နာရီ ၃၅ မှာဆုံးသွားခဲ့ပါတယ်...အစာအိမ်ကင်ဆာနဲ.ဆုံးသွားခဲ့တယ်လို.သိရပါတယ်...ဆေးရုံပေါ်ရောက်တဲ့အထိ စကားကောင်းကောင်းပြောနေနိုင်သေးပေမယ်.လည်း အဲဒီညမှာပဲ ဆုံးပါးသွားခဲ့တာပါ...ဆရာဆုံးပါးသွားချိန်မှာ အသက်၆၀ ပဲရှိပါသေးတယ်..ဆရာရဲ.ဈာပန ဟာ အထူးစည်ကားခဲ့ပြီး ကားနဲ.မသယ်ပဲ ဆရာ.တပည်.တွေ..မိတ်ဆွေတွေ..ယုံကြည်ချက်တူုသူတွေက သုဿာန်အရောက် ပခုံးနဲ.ထမ်းပို.ခဲ့ကြပါတယ်......


တကယ်ကတော. လူသေသော်လည်း နာမည်ကျန်နေခဲ့သူများမှာ ကျွန်တော်တို.ရဲ.ဆရာတွေ ဟာသူတို.စေတနာတွေကြောင်. ကျိန်းသေပါနေမှာဖြစ်သလို ကောင်းရာမွန်ရာဆိုတာ ကျွန်တော်တို.တွေ ဆုတောင်းစရာမလိုပဲ သူတို.လုပ်ရပ်ကြောင်.နေရာမှတ်ထားပြီးသား ဖြစ်နေမှာ အသေအချာပါ......

ဆရာဦးယုဝေ ဈာပန ပုံ ရိုက်ကူးပေးခဲ့ကြသော  Ace Ace Ace ,Gunstar Rocker နှင်. Chit Thu Lay တို.အားအထူးကျေးဇူးပါ..

No comments:

Post a Comment