Saturday, May 31, 2014

MWRN မြန်မာပြည် ရုံးခွဲ၏ ဒုတိယအကြိမ် TOT Workshop



လူဆိုသည်က မိမိလက်ရှိ ဘ၀ထက် သာသည်ကိုသာ ပိုင်ဆိုင်ချင်သည် ။ ဆိုလိုသည်က လက်ရှိဝင်ငွေထက် ပိုလိုချင်သည် ။ လက်ရှိ ပညာရေးထက် ပိုတတ်ချင်သည် ။ လက်ရှိ အတွေ.အကြုံထက် ပိုမိုကောင်းမွန်သည်များကို မျှော်လင်.ကြသည် ။ လက်ရှိနေထိုင်မှုထက် လုံခြုံချင်သည် ..အဆင်.မြင်.ချင်သည် ..လွတ်လပ်ချင်သည်…သက်တောင်.သက်သာနေချင်သည် ။ ထိုအခါ ထိုသို.ရနိုင်မည်.နေရာများဆီ အခြေအနေများဆီ ရွှေ.ပြောင်းကြသည် ။ ထိုမှနေ၍ တစ်နေရာမှတစ်နေရာ ၊ တစ်နိုင်ငံမှ တစ်နိုင်ငံ ရွှေ.ပြောင်း သွားလာခြင်းများ ဖြစ်လာတော.သည် ။ ငွေကြေးရှိသူက ငွေကြေးဖြင်. ၊ ပညာရှိသူကပညာဖြင်. ၊ ဘာမှမရှိသူက ကာယအားဖြင်. ကြိုးပမ်းကြသည် ။ အချို.က စနစ်တကျ ၊ အချို.က ရောက်ရင်ပြီးရော မီးစင်ကြည်.ကမည်ဆိုသူများ ရှိလာကြသည် ။ထိုအခါ အချို.က စေတနာဖြင်.ကူညီကြ ၊ အချို.က ငွေကြေးကြောင်. ကူညီကြ ၊ အချို.က ငွေသာယူပြီး ဖြစ်ချင်ရာဖြစ် ထိုးလွှတ်ကျ ဖြင်. သုခချမ်းသာနောက်လိုက်ရင်း ဒုက္ခနွံတွင်း ကျွံဆင်းကြရတော.သည် ။


ထိုသို.သော ဖြစ်ရပ်ဆိုးများ မိမိတို.နိုင်ငံသားတို. မကြုံတွေ.ကြရစေ၇န် ကာကွယ် ကူညီနေကြသည်.အနက် ထိုင်းနိုင်ငံ စမွတ်စာခွန် ခရိုင် ( မဟာချိုင် ) တွင်ရုံးချုပ် ဖွင်.လှစ်ထားသော MWRN ၏ မြန်မာပြည်ရုံးခွဲက စီစဉ်သည်. လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို.တွင် မေလ ၂၈နှင်.၂၉ ရက် ( ၂ ) ရက် ကျင်းပပြုလုပ်ခဲ့ပါသည် ။ ထို သင်တန်းသို. ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် တို.မှစေတနာ.၀န်ထမ်း ၂၅  ယောက်တက်ရောက်ခဲ့ကြသည် ။ ဤသင်တန်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ နှင်. ၂၅ ရက်က ပထမအကြိမ်ဖွင်.လှစ်ခဲ့ပြီး ဖြစ်သည် ။




သင်တန်း ပထမနေ.အစီအစဉ်များအဖြစ် ရွှေ.ပြောင်းအလုပ်သမားအခွင်.အရေးကွန်ယက် ( MWRN ) အဖွဲ.အစည်းအကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည် ။ ထို.နောက် လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပါသည် ။ ခေတ္တနားပြီးပြန်လည်စတင်ချိန်တွင် ရွှေ.ပြောင်းသွားလာခြင်း၏ အဓိကသော.ချက်များအကြောင်းကို MWRN ၏ International Adviser ဖြစ်သူ Mr Andy Hall ကရှင်းလင်းပြောကြားခဲ့သည် ။

ထို.နောက် ယမန်နှစ်က သင်တန်းတက်ရောက်ထားခဲ့သူများ၏ မိမိတို.သက်ဆိုင်ရာ နယ်ပယ် / ဒေသ အလိုက် သတင်းဖြန်.ချီမှု ၊ အသိပညာပေးဆွေးနွေးနိုင်ခဲ့မှု များ နှင်.တွေ.ကြုံခဲ့ရသော အခြေအနေများ ၊ အခက်အခဲအချို.တို.ကို ရှင်းလင်းပြောကြားခဲ့ကြသည် ။



ထို.နောက် MWRN ၏ Partner ဖြစ်သော DCA  မှ Program Officer ကိုအောင်ဆွေမြင်.က စေတနာ.၀န်ထမ်းများအနေဖြင်. အသိပညာပေးဖြန်.ဝေရာတွင် သိရှိထားသင်.သည်များကို အကြံပြုဆွေးနွေး ခဲ့ရာတွင် ကိုယ်တိုင်က သတင်းစုဆောင်းရာတွင် လိုအပ်သော မှတ်သားနိုင်မှု ၊ နားထောင်နိုင်မှု ၊ ပြည်လည်တင်ပြနိုင်မှု များရှိသင်.ပုံ … အသိပညာပေး သတင်းဖြန်.ဝေရာတွင် တစ်ဦးချင်း ဖြန်.ဝေခြင်း ၊ အိမ်တိုင်ရာရောက် ဖြန်.ဝေခြင်း နှင်.စုဖွဲ.သတင်းပေးခြင်းစသော အဆင်ပြေရာနည်းလမ်းသုံးနိုင်ပုံ တို.ကိုဆွေးနွေးခဲ့ပါသည် ။



နေ.လည်ပိုင်း ပြန်လည်စတင်ချိန်တွင် ထိုင်းဥပဒေပညာရှင် တစ်ဦးဖြစ်ပြီး မြန်မာ.နိုင်ငံတွင် ဥပဒေဆိုင်ရာများ လာရောက်လေ.လာ စာတမ်းပြုစုနေသော Ms-Sunida က ထိုင်းနိုင်ငံတွင်း ရွှေ.ပြောင်းလုပ်သားတစ်စု၏ဖြစ်စဉ်ကိုအခြေခံကာ သိရှိထားသင်.သည်များ ၊ သတိထား၇မည်.အချက်များကိုဆွေးနွေးသွားခဲ့ပါသည် ။



ထို.နောက် ထိုင်းနိုင်ငံအတွင်း လက်ရှိ အချိန်တွင် သွားလာနေကြသော တရားဝင်သွားလာခြင်း ၊ တရားမ၀င်သွားလာခြင်းနှင်. အခြားသော နည်းလမ်းဖြင်.သွားလာခြင်း ဆိုင်ရာများကို MWRN ၏ Education Coordinator .ကိုထွန်းက ရှင်းလင်းပြောကြားခဲ့သည် ။



ထိုင်းနိုင်ငံသို.ရွှေ.ပြောင်းသွားလာ နေထိုင်လုပ်ကိုင်ရာတွင် ပြင်ဆင်သွားသင်.သည်. ၊ပြင်ဆင်ထားသင်.သည်. အချက်အလက်များကို စေတနာ.၀န်ထမ်းများအား အုပ်စု ၃ ခု ခွဲကာ သီးခြားစီ ဆွေးနွေးစေခဲ့ပြီး အုပ်စုကိုယ်စားလှယ်များက မိမိတို.တွေ.ရှိချက်များကို တင်ပြဆွေးနွေးကြပါသည်  ။ ထို.နောက် MWRN ၏ Director ( Yangon Branch )ကိုစိန်ဌေးက ဆွေးနွေးသွားကြသော အချက်အလက်များမှ လိုအပ်နေသေးသော ရွှေ.ပြောင်းသွားလာခြင်းဆိုင်ရာ အခြေခံအချက်အလက် အချို.ကို ထပ်မံဖြည်.စွက် တင်ပြခဲ့ပါသည် ။ထို.နောက်MWRN အဖွဲ.သားများနှင်. သင်တန်းသားများ အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည် ။

ပထမနေ.သင်တန်းအပြီးတွင် တက်ရောက်လာကြသော ဒေသအသီးသီးမှ သင်တန်းသားများအချင်းချင်းရင်းနှီးစွာ ဆက်သွယ်ကူညီ အကြံဥာဏ်များဖလှယ်နိုင်ရေး ရင်းနှီးနွေးထွေးစေရန်လည်းကောင်း ၊ ဘာသာရေးဆိုင်ရာ ကုသိုလ်ပြုနိုင်၇န်အတွက်လည်းကောင်း ရွှေတိဂုံစေတိတော်မြတ်သို. သွားရောက်ဖူးမြှော်နိုင်ရန် စီစဉ်ပေးခဲ့သည် ။ဘုရားပေါ်တွင် မနက်ခင်းက Workshop သို. လေ.လာသူအဖြစ်တက်ရောက်ခဲ့သော DCA မှ Mr Mani .မိသားစုနှင်.တွေ.ဆုံမိကြကာ သင်တန်းသားများနှင်. အတူ Mr Mani ၏ ဆန္ဒအရ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြပါသည် ။



ဒုတိယနေ. သင်တန်းအစတွင်မူ ဆရာစောအောင်သန်းဝေက သင်တန်းပေးခြင်းဆိုင်ရာ ရှိပြီး ဗဟုသုတ အခြေအနေကို ဆန်းစစ်နိုင်ရန် Pre-Test တစ်ခုဖြေဆိုစေခဲ့ပါသည် ။ ထို.နောက်သင်တန်းပေးခြင်း နည်းစနစ် ၊ရင်းနှီးမှုတည်ဆောက်ခြင်း ဆိုင်ရာများကို သွက်လက်တက်ကြွစွာ ဟောပြောပို.ချခဲ့သည် ။ ထို.နောက်အခြေခံ သင်ကြားမှု နှင်.သင်တန်းပေးခြင်းဆိုင်ရာများ ကို အသေးစိပ် ဟောပြောခဲ့ပြီး အုပ်စုငယ်များခွဲ၍လည်း ကိုယ်ပိုင်အမြင်များကို ဆွေးနွေးစေခဲ့သည် ။ထို.နောက်နမူနာ ဟောပြောမှုများ ပြုလုပ်စေပြီး လိုအပ်ချက်များကိုပါ အချင်းချင်း ထောက်ပြ အကြံပြုစေခဲ့သည် ။ ထို.အပြင် သင်တန်းတစ်ခုကို အစမှ အဆုံးတိုင် ကိုယ်တိုင်အသေးစိပ်ရေးဆွဲစီစဉ်စေခြင်းကို အဖွဲ.ငယ်များဖြင်. ပြုလုပ်စေခဲ့ကာ ရှင်းလင်းတင်ပြစေခဲ့ပါသည် ။ ထို.နောက် သင်ကြားမှုအပြီး မှတ်သားရရှိမှုအခြေအနေ စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည် ။




ထို.နောက် MWRN ၏ Director ( Yangon Branch ) ကိုစိန်ဋ္ဌေးမှ တက်ရောက်လာသူများအနေဖြင်. သက်ဆိုင်ရာဒေသအလိုက် အသိပညာပေ့းဖြန်.ဝေမှု လုပ်နိုင်မည်. အချိန် များ အဆိုပြုစေခဲ့ပြီး လိုအပ်သည်များ စီစဉ်ပေးခဲ့ကာ MWRN မြန်မာပြည်ရုံးခွဲ၏် လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည် ။




ဆက်စပ်ဖတ်ရှုရန်များ

* MWRN ၏ ထိုင်းနှင်. မြန်မာ အစိုးတို.ထံ တောင်းဆိုချက် 
* MWRN ၏ Training for Trainers ပထမအကြိမ် သင်တန်း တက်ရောက်ခဲ့ကြသူများ၏ အမြင်များ
* ထိုင်းနိုင်ငံတွင်း ရွှေ.ပြောင်းလုပ်သား အခြေအနေများ - ဦးစိန်ဋ္ဌေး MWRN၂၀၁၃ အောက်တိုဘာ
* MWRN မြန်မာပြည် ရုံးခွဲ၏ ပထမအကြိမ် Training for Trainers
* MWRN ဆိုတာဘာလဲ
* M-W-R-N မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော ရွှေ.ပြောင်းရေးရာ နှင်. Media ၏ အခန်းကဏ္ဍ

No comments:

Post a Comment