Monday, May 19, 2014

ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ဒန္တသုခ သွားဆေးခန်းဖွင်.ပွဲ နှင်.အောက်ဆီဂျင်အိုးများ လှုဒါန်းပွဲ

မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း တွဲဖက် အတွင်းရေးမှုး ဒေါက်တာ ခင်ဇော်

ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ ဒန္တသုခ သွားဆေးခန်းဖွင်.ပွဲကို ဆေးခန်းတည်ရှိရာ ၀ါးခယ်မအသင်းရုံးခွဲ တွင် ၁၅ ရက် ၅လ ၂၀၁၄ နေ. မနက် ၁၀း၃၀ က ကျင်းပခဲ့ပါသည် ။ 

အခမ်းအနား အစီအစဉ်အရ ၀ါးခယ်မ အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မှ အသင်း လုပ်ငန်းစဉ်များ ၊ သွား/ခံတွင်း ဗဟို ၏ အကူအညီဖြင်. ၀ါးခယ်မမြို.နယ် သွားဘက်ဆိုင်ရာဆရာဝန်များအသင်းပြန်လည်ဖွဲ.စည်းနိုင်ခဲ့ခြင်းနှင်. ဆေးခန်းတည်ထောင်ဖွင်.လှစ်ခြင်းဆိုင်ရာများပြောကြားပြီး မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း တွဲဖက် အတွင်းရေးမှုး ဒေါက်တာ ခင်ဇော်က ဖွင်.ပွဲဆိုင်ရာ ပိတိစကားပြောကြားခဲ့ပြီး ၀ါးခယ်မမြို.နယ်အတွင်း ဗဟို၏ Mobile Unit မှ သွား/ခ့တွင်း ကုသပေးနိုင်ခဲ့မှုများ ကိုလည်းရှင်းလင်းပြောကြားခဲ့သည် ။ ထို.နောက် စီမံခန်.ခွဲရေး ကော်မတီ ကိုယ်စား အကျိုးဆောင် တစ်ဦးမှ ဆေးခန်းနှင်.ပတ်သက်သော ကုသမည်.အစီအစဉ် ၊ ဆရာဝန်များတာဝန်ခွဲဝေမှု ၊ နှုန်းထားဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါသည် ။


ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှ မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း Mobile Unit သို. Gas အိုးတစ်လုံးလည်း လှုဒါန်းပေးခဲ့ပါသည် ။

ထို.နောက် ဆေးခန်းဖွင်.လှစ်ခြင်းကို ထိုဆေးခန်းရှေ.တွင်ပြုလုပ်ရာ ၀ါးခယ်မ အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင်. မြန်မာ နိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း တွဲဖက် အတွင်းရေးမှုး ဒေါက်တာ ခင်ဇော် တို.က ဖဲကြိုးဖြတ် ဖွင်.လှစ်ပေးခဲ့ပါသည် ။

ဖွင်.ပွဲအပြီး ဆေးခန်းအတွင်း လှည်.လည် ကြည်.ရှုကြပြီး ဖွင်.ပွဲအထိမ်းအမှတ် အဖြစ် လူနာများအားအခမဲ့ စစ်ဆေးကုသ မှုများဆက်လက်ပြုလုပ်ခဲ့ပါသည် ။

ထို.နောက် မေတ္တာ ကရုဏာ မြို.နယ် နာမှု ကူညီရေး အသင်းသို. လိုအပ်နေသော အောက်ဆီဂျင်အိုးများ ထပ်မံလှုဒါန်းခြင်းအခမ်းအနားကို အသင်းတိုက်ရှေ.တွင်ဆက်လက် ပြုလုပ်ခဲ့ပါသည် ။ အလှုရှင်များလှုဒါန်းသော အောက်ဆီဂျင်အိုးအသေး ၈ လုံးအား အလှုရှင်များကိုယ်စား  ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) အမှုဆောင်များ မှ နာမှုကူညီရေး အသင်းအမှုဆောင်များထံ လှုဒါန်းခဲ့ပြီး နာမှုကူညီရေးအသင်းမှ ဂုဏ်ပြု လက်မှတ်များ ပြန်လည်ချီးမြှင်. ခဲ့ပါသည် ။ အောက်ဆီဂျင်အိုး ၈ လုံး၏ အလှုရှင်များမှာ မြို.နယ် အသင်း ဂုဏ်ထူးဆောင်နာယကကြီး ဦးအံ.ကျော်မိသားစု မှ ၂အိုး ၊ ဒေါက်တာခင်မောင်ကြိုင် + ဒေါ်သီသီမြင်. မိသားစု ၂အိုး ၊ ၀ါးခယ်မ အသင်း   ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး + ဒေါ်ဖြူဖြူ မိသားစု ၁ အိုး ၊ ဦးအုန်းသိန်း + ဒေါ်ခင်ဆွေရီ မိသားစု ၁အိုး ၊ ဦးဇေယျာမောင်  + ဒေါ်ခင်ဆွေရီ သမီး ရီသဲမောင် မိသားစုက ၁အိုး တို.ဖြစ်ပါသည် ။



အောက်ဆီဂျင်အိုးများ လိုအပ်ပါက မည်သူမဆို ၀ါးခယ်မမြို. မေတ္တာ ကရုဏာ မြို.နယ် နာမှု ကူညီရေး အသင်း ဖုန်း ၀၉ ၃၆၁၃၃၅၉၆၉ သို.ဆက်သွယ်၍ အခမဲ့ ငှားရမ်းနိုင်ကြောင်း သိရသည် ။

ဓါတ်ပုံများကိုအောက်ပါ Link တွင်ကြည်.ရှုနိုင်ပါသည် ။

No comments:

Post a Comment