Wednesday, May 7, 2014

အပြန်အလှန် ကြော်ငြာမှုများနှင်. ဆုပန်ထွာ၏ စေ.စပ်ပွဲ နောက်ဆက်တွဲများ


ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာရဲ. စေ.စပ်ပွဲ နဲ.နောက်ဆက်တွဲသတင်းတွေဟာ လတ်တလော စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်နေသလို နှစ်ဖက် အပြန်အလှန်ပြောဆိုမှုတွေ ၊ ကြော်ငြာမှုတွေကြောင်. ပိုပြီး ကျယ်ပြန်.လာနေပါတယ် ။ အစပိုင်းမှာ Facebook ပေါ်တက်လာတဲ့ ကိုဥက္ကာကျော်  ပထမဇနီး ရဲ. တ၇ားဝင်ဇနီးမယားဖြစ်ကြောင်း ကြော်ငြာဟာ တစ်နှစ်လောက်နောက်ကျနေတဲ့ ကြော်ငြာ ဖြစ်ကြောင်း ကိုဥက္ကာကျော် ရှင်းလင်းပြီးတဲ့နောက် ပုံမှန်အနေအထားအထိပဲ ရှိသွားခဲ့ပါတယ် ။


 ဒါပေမယ်.လည်း ၂၉ ရက် ၄လ ၂၀၁၄ နေ.ထုတ်ကြေးမုံ သတင်းစာပါ ခင်ပွန်းဖြစ်သူ၏ စေ.စပ်ကြောင်းလမ်းခြင်းအပေါ် ကန်.ကွက်ကြေငြာခြင်း ဆိုတဲ့ ဒေါ်မဉ္စူအောင် ရဲ.  ညွှန်ကြားချက်အရ ရှေ့နေ ဦးရောဘတ် စန်းအောင် က လူသိရှင်ကြား ကန့်ကွက်စာ ထည့်သွင်း ဖော်ပြကြေငြာပါလာတဲ့နောက်မှာတော. ပွဲက တစ်ဖန်ပြန် အသက်ဝင်လှုပ်ရှားလာခဲ့ပါတယ် ။ ဒါနဲ.ပတ်သက်လို. ဆုပန်ထွာက သူ. Facebook ကနေတစ်ဆင်. သူ.ပရိသတ်တွေကို ခုလိုပြောကြားလာခဲ့ပါတယ် ။


အဲ့ဒီလိုပဲ ကိုဥက္ကာကျော် အနေနဲ. သူဟာ မဉ္စူအောင်နဲ. လင်ခန်းမယားခန်းလည်း တရားဝင် ပြတ်စဲပြီး ပစ္စည်းခွဲဝေမှုအခန်း လည်း ပြီးပြတ်ဖြစ်သားဖြစ်သလို သားသမီး အုပ်ထိန်းမှုကိုလည်း တရားဝင်ခွင့်ပြု ဆောင်ရွက်ပြီးဖြစ်တယ်လို့   ကြေးမုံသတင်းစာမှာပြန်လှန်ကြေညာချက်ထုတ်လာခဲ့ ပါတယ်။ အဲ့ဒီမှာ ကိုဥက္ကာကျော်နဲ့ သရုပ်ဆောင် ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို မဟုတ်မမှန် သတင်းစာ က ကန့်ကွက်တာ၊ အွန်လိုင်းက မမှန်မကန် ရေးသား ဖော်ပြတာတွေ၊ ဂုဏ်သိက္ခာကျ ဆင်းစေမယ့် ပြောဆို ရေးသားဖြန့်ချီမှုတွေကို ဒေါ်မဉ္စူအောင်နဲ့ အများသိစေရန်နဲ့ အခု ကြေညာချက် ပါပြီးတဲ့နောက် ဆက်လက်ပြီး လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် တရားဥပဒေနဲ့ အညီ မည်သူ့ကို မဆို အရေး ယူဆောင်ရွက်သွားမယ်လို့ ကိုဥက္ကာကျော်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးချစ်ကိုကိုနဲ့ ဦးသန်းဋ္ဌေးတို့ က ကြေညာထားပါတယ်။ ဒါ.အပြင် ကိုဥက္ကာကျော်နဲ့ ဒေါ်မဉ္စူအောင်တို့ရဲ့ လင်ခန်း၊ မယား ခန်း ပြတ်စဲမှုကို အမေရိကန် ပြည်ထောင်စု တရားရုံး မှာ အခု ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကဆောင် ရွက်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

တကယ်တော. ဒီလိုအဖြစ်မျိုးကို ဘယ်မိန်းကလေးမှ ကြုံချင်ကြမယ် မထင်ပါဘူး ။ ဒါပေမယ်.လည်း ကြုံလာပြီဆိုတော. တရားဝင်ဖြစ်အောင် ဂုဏ်သိက္ခာ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ကြရတော.မှာပါပဲ ။ တစ်ခုရှိတာကတော. အစတည်းကသာ လွတ်လွတ်ကင်းကင်း ဘ၀တွေချင်းသာဖြစ်မယ်ဆိုရင် ခုလို .............................  

Ref ; အိမ်.သံစဉ် @ Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် ..... ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ နဲ.နောက်ဆက်တွဲ ဂယက်များ
ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ အခြေအနေမှန်

 

No comments:

Post a Comment