Monday, May 5, 2014

မြို.ရိပ်လှုံ ခြင်း


နိုးတစ်ဝက် အိပ်တစ်ဝက် လူတို.ဖြစ်လေ.ထုံးစံအတိုင်း ဘယ်မှာ အိပ်နေမိပါလိမ်. ဆိုတာကို လတ်တလော သတိမရပဲ ဖြစ်နေသည် ။ သို.သော် လမ်းမထ့က်ဆီက စကားသံအချို. .. လေပြည်နှင်. အတူ ပါလာသော ဇီဇ၀ါပန်းရနံ. စာကလေးငှက်တို. ၏ အော်သံ ခပ်လှမ်းလှမ်းဆီက ဥသြငှက် တစ်ကောင်၏ တေးသံဖျော.ဖျော. စိတ်အတွင်း အလိုလို ခံစားနေရသော အေးမြနွေးထွေးမှု   အားလုံးပေါင်းလိုက်တော. ဘ၀၏ သုခဘုံ သို. ပြန်ရောက်နေမှန်း သိလာရသည် ။

စိတ်အတွင်း ကျေနပ်မှု ပီိတိ နှင်. အတူ အသိဝင်လာခိုက် အရင်ကြားနေကျ မုန်.သွားဝယ်ဖို.စောင်.နေတဲ့ အဖေ.ရဲ.  သားကြီး ခေါက်ဆွဲ ဘာကြော်နဲ. စားမလဲဆိုတဲ့အသံ မီးဖိုးချောင်ဘက်က အမေ.ရဲ. အိုးခွက် ပုဂံသံ တို.ကို မကြားရတော. စိတ်ထဲ သံသရာခရီးထွက်သွားနှင်.သည်. မိဘနှစ်ပါးကို သတိရမိသလို ပြည်.စုံသော သုခဘုံ၏ နံနက်ခင်း များဆီ တမ်းတမိပြန်သည် ။

သို.သော် ပြန်လည်ပိုင်ဆိုင်ခွင်.ရသော ချို.တဲ့ သုခဘုံ ၊ ဤလိုနေ.ရက် ဤလိုအချိန်မျိုး ကြုံခွင်.မရသည်ကပင် ဆယ်စုနှစ် တစ်ခုနီးပါး  ဖြစ်နေပြီ ။ သင်္ကြန်ရက် ဆိုသည်မှာ ကြားသာကြားဖူးလိုက်သည် ရောက်လေရာနေရာ ( အကြောင်းကြောင်းကြောင်. ) မဆင်နွဲဖြစ်ခဲ့ ။ ခုလို ကိုယ်.မြို. က ကိုယ်.အိမ်လေးဆီကနေ သင်္ကြန်ကို ဖြတ်သန်းခွင်.မရခဲ့သည်မှာ ဆယ်နှစ်နီးပါးပင် ရှိခဲ့ပြီဖြစ်သည် ။
အိပ်ရာဆီက ထပြီး မျက်နှာသစ်ဖို. အိမ်ရှေ.ထွက်လာခဲ့သည် ။ ဟိုးဘိုးစဉ် ဘောင်စဉ်တည်းက ရှိနေခဲ့သည်. ရာဝင်အိုး ထဲကအေးမြနေသည်. ရေကိုခပ်ပြီး မျက်နှာသစ်ရင်း အနားက ဇီဇ၀ါပန်းရုံ က မွှေးရနံ.တို.ကို သွေးကြောအနှံ.ရောက်လောက်အောင် ရှိုက်လိုက်မိသည် ။ ပန်းတို.အားလုံးတွင်မှ အဖြူရောင်ပန်း တို.၏ ရနံ.က ပိုနုညံ. သန်.စင်သလိုခံစားရ၏ ။ စံပယ်ပန်း ၊ ဖီဇ၀ါပန်း ၊ ငွေပန်းတို.၏ ရနံ.သည် အထူးသဖြင်. မိုးရွာပြီးစ နံနက်ခင်းမျိုးတွင် ပို၍ လူကို လတ်ဆတ်စေသလို ထင်ရသည် ။ နံနက်ခင်း လေပြေ ၊ မိုးစက်မှုန် ကျန်နေသေးသောလေထဲ  ၊ နေရောင်ခပ်ကျဲကျဲအောက် ထိုပန်းတို.၏ရနံ.မျိုး ကား နာမည်ကျော် ပြင်သစ်ထုတ်ကုန် တို.ကိုကောင်းကောင်း နောက်ကောက် ကျစေနိုင်သည် ။


Photo by Courielmail
အိမ်ရှေ.လမ်းမဆီ ကြည်.လိုက်မိတော.   ရေကစားသော ကလေးငယ်တို.ပုံစံက ဟိုတုန်းကနှင်.မတူတော. ။ အရင်က ကော်ရေခွက် ၊ ကော်ရေပုံး ၊ ကော်ပျော. ရေပက် သေနတ်ပုံစံအစုံ ၊ ကျောတွင်ပိုးထားသော ကော်ရေပုံးထဲ ပိုက်ကိုထည်. ရေပြွတ်ကို သေနတ်လိုကိုင် ၊ ရောင်စုံကော်မျက်မှန်လေးတွေ မျက်နှာမှာတပ် ၊ ခေါင်းမှာ ဦးထုပ်ဆောင်းပြီး အဖွဲ.လိုက် ထွက်လာကြသော ကလေးငယ်တို.ကို မမြင်ရတော. ။

မျက်နှာသစ်ပြီးတော. အသင်.၀ယ်ပေးထားသော ငါးဖယ်ကြော် ၊ ပုဇွန်အသားကြော် တို.ထည်.မှ ၃၀၀ ခန်.သာကျသည်. ဆီချက်နိုင်နိုင် ထည်.ထားသော ၀ါးခယ်မမုန်.ဟင်းခါးကို ထမင်းကြမ်းနည်းနည်းထည်. ၊ ငံပြာရည် နည်းနည်း ၊ ငြုပ်သီးမှုန်.နည်းနည်း ထည်.ပြီး ဟင်းရည် စီးစီးလေးဆမ်း ၊ မုန်.တစ်ဇွန်းစားလိုက် ၊ ဟင်းရည် တစ်ဇွန်း ခပ်သောက်လိုက်နှင်. ဘေးအိမ်ဆီက ငြုပ်သီးထောင်းနေသော အသံ ၊ ဒယ်အိုးနှင်. သံယောင်းမ ထိခတ်ရာမှ တစ်ချက်ချက် လွင်.လာသော ဂီတ ၊ အိမ်ရှေ.လမ်းမထက်ဆီက တီးခတ်သွားသည်. ကလင် ကလင် မြည်နေသော ဆိုက်ကား Bellံ ၊ ဖျတ်ကနဲ လွင်.ပျံ.လာသည်. ဟင်းအိုးဆီသတ်နံ.ဖျော.ဖျော. ၊ဈေးသွားနှင်. ဈေးပြန်တို.၏ နှုတ်ဆက်သံ ၊ကလေးငိုသံတစ်ချို. ၊ ရေဒီယို ခပ်သေးသေးဆီက တူးပို. တူးပို. တေးသံတို.နှင်.  ရသမြောက် နံနက်ခင်း တစ်ခုကို ခံစားနေမိသည် ။



ကောက်ညှင်းလဘက်ခြောက် ခပ်ထားသော သောက်ကောင်းရုံသာ ပူတော.သည်. ရေနွေးကြမ်း ကိုမှုတ်သောက်ရင်း ပက်လက်ကုလားထိုင်ထက် ကျောဆန်. ဆရာကြီးရွှေဥဒေါင်း ၏ ဗျို. ကိုသိန်းမောင် အစချီ စစ်ကြိုခောတ် ၀တ္တု စာအုပ်ဖြင်. ဟိုးးး နှစ် ဟိုး နှစ်ပေါင်း ၉၀ ခန်.ဆီက ရန်ကုန်မြို.၏ လမ်းမကြီးများဆီ ပြန်သွားနေမိသည် ။ ဦးစံရှား ကိုသိန်းမောင်တို.နှင်. အော်စတင်ကားလေးစီးလိုက် ၊ လန်ချားနောက်လိုက် လိုက် ၊ စမ်းချောင်းရွာ နှင်. ကမာရွတ်ရွာကြား လမ်းလျှောက်လိုက် ၊ ကျိုက္ကဆံ တစ်ဝိုက်ရှိ မြင်းမွေးခြံကြီးများဆီ ရောက်လိုက် ၊သမိုင်းရွာလေးရှိ လူသူကင်းမဲ့နေသော မီးအိမ်မှိန် တုတ်တုတ် ဘူတာလေးကို လော်ကယ်ရထားနှင်.ဖြတ်လိုက်  လုပ်ရင်းက ရန်ကုန်မြို.နေ မောင် နှင်. မ.တို. အတွက် ဒိုက်ဦးမြို.နေ မောင်၊ သုံးဆယ်မြို.နေ မ တို.မှမွေးနေ.မင်္ဂလာလက်ဆောင်အဖြစ် ယနေ.မှစ နှစ်တစ်ရာတိုင် သိချင်းလေးကိုတောင်းဆိုလိုက်ပါတယ် ဆိုသောရေဒီယို သံလေးကြောင်.ပစ္စုပ္ပန်  ဆီပြန်ရောက်လာခဲ့သည် ။

မြို.လေးရဲ.သင်္ကြန်က ၉နာရီ သာသာလောက်မှ စသည်ဆိုတော. ၁၀ နာရီလောက်ဆိုရင်တော. စည်ပြီပေါ . ။ ရောက်တုန်း ရောက်ခိုက် သွားချင်ရာ ပို.ပေးသည်. ညီငယ်တစ်ယောက်၏ ဆိုင်ကယ်ဖြင်. မြို.လေး၏ အရှေ.ပိုင်း ဘက်ဆိ အရင်သွားကြည်.မိသည် ။ အတော်များများက ဆိုင်ကယ်ဖြင်. ရေပက်ခံထွက်ကြရင်း တစ်စီးကို ၃ယောက်လောက်တော. စီးကြသည် ။ အရင်လိုအိမ်ရှေ.တွင် ကလေးများက စုပက် ၊ လူကြီးများကေ၇ဖြည်.ပေး ၊ Sound Box ဖြင်. သိချင်းတွေ ဖွင်.ပေ့းရင်း ကိုယ်အိမ်ရှေ. အုန်းလက် မဏ္ဍပ် မှာ ကျေနပ်နေကြသော မြင်ကွင်းမျိုးကို သိပ်မတွေ.ရတော. သလို အိမ်ရှေ.တွင် ပုံးတစ်လုံးထဲေ၇ထည်. လာသမျှ လူ    ပက်ကြသော ကလေးငယ်များလည်း အတွေ.ရ အတော်နည်းသွားသည် ။ အဖွဲ.လိုက်သွားလာရေပက်နေကြသော ကလေးအဖွဲ.များလည်း သိပ်မတွေ.ရ ဖြစ်နေသည် ။ 

ရွာလယ်ရပ်ကွက် မြူရုံးလမ်းတစ်ချက် ၊ မြသိန်းတန် နားတစ်ချက်ကလွဲ၍ ရေပက်သူ သိပ်မရှိကြ ။ တံတားအဆင်း မိုးကုတ်ရိပ်သာ ထိပ်နားတွင်တော. စည်ကားနေသော မဏ္ဍပ်တစ်ခုတွေ.ရသည် ။


Photo by အမာသားလူချောလေး
အနောက်ပိုင်းဘက်ဆီပြန်လာတော. ဆေးရုံလမ်း ကိုအေးမောင် လဘက်ရည်ဆိုင်ရှေ. ရေပက်မဏ္ဍပ်ကတော. ထိုက်သင်.သလောက်စည်ကားနေသည် ။ ခရစ်စယာန် ကျောင်းရှေ.နား ၊ မြို.မကျောင်းရှေ.နား ၊ အဏ၀ါ ဟိုတယ်ရှေ.နားက သူငယ်ချင်းများ စုပက်ကြသည်. အုန်းလက်မဏ္ဍပ် များက ထိုက်သင်.သလို စည်ကားသည်ဟုပြောရမည် ။ မီးသတ်ရုံနားတွင်လည်း ရေပက်နေကြသူ တစ်စု ပိုက်တစ်လုံးဖြင်.ထိုးနေကြသည် ။ ဒေါက်တာသက်ရှည်တို. အိမ်ရှေ.နားက ရေပက်မဏ္ဍပ်တွင်လည်း ရေပိုက်များဆင်ပြီး ကလေးငယ်များ ပက်နေကြသည် ။ သံကြိုးတိုင် မြူရုံးလမ်းတစ်လျှောက်လည်း ၂နေရာခန်. အဖွဲ.လိုက် ပိုက်ဖြင်.ရော ပုံးဖြင်.ပါ ရေပက်နေကြသည် ။အနောက်ပိုင်းဘက်က စားသောက်ဆိုင် တစ်ဆိုင်ကတော. သူ.၀ရံတာထက် ကိုယ်ပိုင်ဖျော်ဖြေရေး ပုံစံသစ်ဖြင်. တင်ဆက်နေသည် ကို လမ်းမပေါ်မှမော.ကြည်.ရင်း အချို.ကသူက ၊ အချို.ကတော. အဆင်ပြေရာက ရပ်ကြည်.နေကြသည်  ။ 

မနောသုခ ရှေ.နားက ဗဟိုမဏ္ဍပ်ကတော. မနက်ပိုင်းနောက်ကျမှပက် စောစောသိမ်း ပုံစံဖြင်.သွားနေပြီး ညနေဘက်သာ အဓိကထား ပက်ပုံရသည် ။ စိုးသိပ္ပံ Group က Main Sponsor လုပ်သော Century Hero မဏ္ဍပ်ကတော. အစည်ကားဆုံးပင် ။ ဆိုသူကဆို ၊ ပျော်သူကပျော် ၊ ပက်သူကပက် ၊ ကသူက က သူတို.ရဲ. ဘ၀တွေကို ခေတ္တမေ.ထားပြီး လွတ်လပ်စွာ ပျော်ရွှင်စွာဖြင်. သက်ြန်ဆိုတာထဲ နှစ်မြုပ်ထားကြပုံရသည် ။

အပူရောင် ခပ်ပြင်းပြင်းနေက အိမ်အတွင်းပြန်သွင်းနေတာမို. အိမ်ကိုပဲ ပြန်လာခဲ့သည် ။ ဒီခရမ်းလွန်ဆိုလား ဘာဆိုလားကြီးကလည်း ဟုတ်တော.ဟုတ်၏ ။  နေလောင်နေကျ အသားအရေ တောင် စပ်ဖျဉ်းဖျဉ်းကိုဖြစ်လို. သေချာသည်က မြို.လေး၏ နွေက အရင်ထက် သိသိသာသာ  ထက်ရှလာသည် ။


တစ်နိုင်ငံလုံးအခြေအနေ ကိုယ်တွေ.မသိရသော်လည်း မြို.လေးမိန်ရာသီကတော. ကိုယ်တွေ.ပင် ။လမ်းဘေး သစ်ပင်များ ၊ သက်ကြီးပင်အုပ်ဆိုင်းဆိုင်းကြီးများ (အချို.သူ.အလိုလို ၊ အချို.ပယောဂ တစ်ခုခုကြောင်. ) နည်းသထက်နည်းလာသည် ။ ထပ်စိုက်သော သစ်ပင် ဟူသည်က မြို.တွင်းမရှိသလောက် ။ 
လမ်းဘေးရေမြောင်းလေးများက တံတားတည်ဆောက်ပြီး ချိန်မှစ ၍ အတော်များများ ပိတ်ဆို. ၊ခမ်းခြောက် အချို. လုံးလုံးပျောက် ၊ မြို.၏ လေစီးကြောင်း တစ်လျှောက် အဆောက်အဦးအသစ်တွေကရောက် အဲ့ဒီလို ကိုယ်တွေကြောင်.ဖြစ်သည်.အပူ ၊ အိုဇုံးလွှာ ထိခိုက်စေသော တိထွင်မှုအသစ်များ ၊အလွန်အကျွံ သုံးစွဲမှု များ (   Aircon , Freezer , Refrigerator , Motorcar တို.မှထွက်သော လူချမ်းသာတို. ဖန်တီးသည်. အဆိပ်ငွေ .များ ၊ စီးပွားရေးသမားတို.ဖြုန်းတီးသည်. သဘာဝဂေဟ စနစ် ၊ မသိနားမလည်သူတို. ဖျက်ဆီးကြသော တောင်ယာထွင် ၊ ထင်းခုတ် ၊ မီးသွေးဖုတ် တောသစ် နှင်. ဒီရေတောများ) ကြောင်. မစားရညှော်ခံ အပူ တို.အောက် မြို.လေးခမျာ အနီရောင်တောက်နေရှာသည် ။ ခုတ်သူတို.ကလည်း သစ်ပင်ထပ်မစိုက် ၊ ဝေဖန်သူတို.ကလည်း ဘေးထိုင်ဘုပြောရုံသက်သက် ၊ သာမာန်လူတို.ကလည်း ကိုယ်နှင်.မဆိုင်သလို ဆိုတော. အားလုံးညီတော. ဤ ကို ကျွဲတင်မက နွားရော မြင်းပါ ဖတ်ရင်း နေဆယ်စင်း ထွက်မှ သူ.လက်ညှိုးထိုး ၊ ကိုယ်.အပြစ်ခေါင်းရှောင် ဟူသော လုပ်နေကျ အလုပ်တို.ကို လုပ်ကြပေလိမ်.မည် ။

Aircon တပ်နိုင်လောက်အောင်လည်း မချမ်းသာ ၊ ပန်ကာကလည်း မနိုင်ဝန် ကြားဗျာများ ၊ ရေအေးအေး ဆိုတာကလည်း လျှာအရင်းအထိသာအေးပြီး နောက်ပိုင်းဇာတ်သူမနိုင် ၊ ပက်လက်လှန်တော. ကျောချွေးထွက် ၊ ၀မ်းလျားမှောက်တော. ရင်ဘတ်ပူ ၊ ထိုင်နေတော. ချွေးစီးကျ …အော်ဘ၀ဆိုတာ နွေမှာတော်တော်ပူတဲ့အမျိုးပါလား ဟုတော. အသိတစ်ခုတိုးရသည် ။


မြို.ထဲကို နောက်တစ်ခေါက် ထပ် ပတ်ကြည်.ချင်စိတ် ပေါ်လာသည် ။ စိတ်နောက်ကိုယ်ပါ ညနေ၅နာရီနီးပါးမှာ မြို.ထဲ တစ်ခေါက်ရောက်ခဲ့ပြန်သည် ။ တစ်ခုတော.စိတ်မကောင်း ဟိုအရင်က သူ.ထက်ငါ အလုအယက် လမ်းချင်းပြိုင်၍ မဏ္ဍပ်ထိုး အားရ၀မ်းသာ လှုဒါန်းကြသော မုန်.လုံးရေပေါ် စတုဒိသာ ၊ မုန်.လက်ဆောင်း စတုဒိသာတို.ကား ထင်ထင်ရှားရှား မမြင်တွေ.ရတော. ။ အုန်းလက်မဏ္ဍပ်ဆိုသည်က တစ်မြို.လုံးပေါင်းလို.မှ ……...တစ်ခုတော.လည်း ဂုဏ်ယူမိသည် ။ မိမိတို.မြို.လေး၏ သင်္ကြန်ကား မြို.ကြီးပြကြီး များနှင်.အတော် တူလာသည် ။ ရန်ကုန်သင်္ကြန်ဆိုသည်မှာ အင်းယားကန် ၊ ကန်တော်ကြီး ဗဟိုပြု၍ ကျရရှာသည် ။ မန္တလေးသင်္ကြန်ကား ကျုံးပတ်လည် လောက်မှလွဲ၍ ကျန်သည်.အချိန်များ နှင်. သိပ်မထူး ။ နေပြည်တော် သင်္ကြန်ကား Hotel Zone နှင်. မြို.တော်ဝန်မဏ္ဍပ် ( ဒါတောင် မြို.တော်ဝန်မဏ္ဍပ်မှာ ရေပက်ခံကားနည်းနေ၍ မနည်းရှာဖွေစုဆောင်းရသည်ဟုဆိုသည် ) မှာသာ သက်ြန်ကျသည် ။ မြို.လေးသည်လည်း ကျောက်တိုင်ဝန်းကျင်နှင်. မနောသုခ ရှေ.ကြား - ကမ်းနားလမ်းတလျှောက်သာ သင်္က်ြန်ကျရရှာသည် ။



တလိုင်းစု ကျေးရွာကျောဘက် တအိအိဆင်းသက်သွားသည်. နေမင်းကြောင်. ညိုရီရီ ညနေခင်းက ခြေဆင်းပိုဒ်ဖြင်. စပျိုး လာသည် ။ ဟိုးအရင် ပျော်မြူးနေကြ မနောသုခ သောင်ကတော. လုံခြုံရေးအစောင်. ၊ ခပ်တောင်.တောင်. စည်းရိုးတို.ဖြင်. သူ.ဘာသာအထီးကျန်နေရှာသည် ။မြို.လေး၏ အချို.သော အိမ်ရှေ.များ တွင် သက်ြန်အိမ်ပြန်ကြသည်. ဇာတိဖွားတို.၏ ကားများကစက်မှုဇုံထုတ် ကားများမှသည် အာရာဖတ် အထိအစုံတွေ.နေရသည် ။  လမ်းမထက် ဆိုင်ကယ်စက်သံတို.ကလည်း တစ်ချို.က ကြားမိရုံ ၊ တစ်ချို.က အစွမ်းကုန် ၊ မနောသုခ ရှေ.ကအကြော်ဆိုင် - တံတားအောက်က လဘက်ရည်ဆိုင် - အချို.သော …….. ဆိုင်တို.မှာတော. ပြန်ဆုံမိကြသော သူငယ်ချင်းတို. ငယ်အကြောင်း ၊ ဘ၀အကြောင်း ၊ အတိတ်-ပစ္စုပန် -အနာဂတ် Topic ပေါင်းစုံ ပြောဆိုငြင်းခုံ သေချာတာ  .. အတော်များများ နှစ်ဆယ်နှင်.ချီ၍ ငယ်နေကြသည် ။

နောက်ဆုံးတော. မြစ်လယ်ကရေငွေ.အပြည်.ပါတဲ့လေ ကိုရှုဖို. စီးပွားရေး သက်သက်ဖြင်.တွက်လျှင် ဘယ်လိုမှ ဖြစ်လာနိုင်ဖွယ်မရှိသော ၊ ( မြို.လေးသည် ခရီးလမ်းဆုံမဟုတ်ပဲ လမ်းဆုံးမြို.နီးပါးဖြစ်နေသလို ဒေသထွက်ကုန်တို.ကိုလည်း သင်္ဘောထက်သက်သာစွာ သယ်ယူနိုင်ရန် မလွယ် တံတားကုန်ကျစရိတ်နှင်. ပြန်ရနိုင်သော အကျိုးအမြတ် … ? ) အကြောင်းတိုက်ဆိုင်လွန်း၍သာ ပေါ်ပေါက်လာသည်. ၊ မြို.လေး၏ တံတားထက် တည်.တည်.ရပ်ရင်းကနေ တစ်ဖြေးဖြေး  အလင်းမှိန်လာသည်. မြို.လေးကိုကြည်.နေမိသည် 




ဟိုးးးး တုန်းက နိုင်ငံခေါင်းဆောင်အထိ ထွက်ခဲ့သောမြို. ၊ ဟိုးးး တုန်းက စာပေပညာရှင်တွေ ၊ ဂီတပညာရှင်တွေ ၊ အနုပညာရှင်တွေ ထွက်ခဲ့သောမြို. ၊ ဟိုးး တုန်းက တစ်နှစ်ကိုအနည်းဆုံး ဆရာဝန် တစ်ယောက်လောက်ထွက်ခဲ့သောမြို. ၊ ဟိုး တုန်းက စီးပွားရေး ပညာရှင်တွေ ထွက်သောမြို. ခု ဒီမြို.လေးက ဆည်းဆာနဲ.အတူတူ…..တစ်ဖြေးဖြေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

No comments:

Post a Comment