Friday, May 30, 2014

၄၃၆ ဘယ်လဲ


ဟုတ်ကဲ့ ခုတစ်လော ခောတ်စားနေတဲ့ နံပါတ်တွဲလေးတစ်ခုကတော. ၄၃၆ ဆိုတာပါပဲဗျာ ။
နိုင်ငံ.အရေးစိတ်ဝင်စားသူများ ၊ နိုင်ငံရေး ၀င်ရောက်လုပ်ကိုင်နေသူများ ၊ နိုင်ငံရေး လေ.လာနေသူများ နဲ. ဗဟုသုတ ရှာဖွေလိုသူများကြားမှာတော. အတော်ထင်ရှားလာတဲ့ နံပါတ် တစ်ခုပါပဲ ။ ဒီတော.မှ ကိုယ်.ဘာသာ ဒါဘာလဲ ဆိုတာ အရင်လေ.လာရပါတော.တယ် ။

အဲ့ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၄၃၆ဆိုတာ  ပုဒ်မခွဲ (က) နှင့် (ခ) ရှိပါတယ်။ပုဒ်မခွဲ ၄၃၆ (ခ) အရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မတစ်ချို့ကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ် စုစုပေါင်းရဲ့ ၇၅% ကျော်မှ ထောက်ခံသဘောတူမှရပါမယ်။ ပုဒ်မ၄၃၆ (က) အရ တပ်မတော်နှင့်သက်ဆိုင်သောအခန်းကဏ္ဍများ အရင် အစိုးရက အရေးကြီးတယ်လို့ ယူဆထားတဲ့ ပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ရဲ့ ၇၅% ကျော်ကပြင်ဆင်ဖို့ သဘောတူပြီးလျှင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး အတည်ပြုပေးရမှာပါ။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ဒီ ၄၃၆ တံခါးပေါက်က ဖွင်.၀င်မှ ရမယ်.သဘောရှိပါတယ် ။ဒါကြောင်. ဒီသော.ကိုအရင်ဖွင်.ဖို.ကြိုးစားကြတာပါ ။

ဒါနဲ.ပတ်သက်လို. ပုဒ် ၄၃၆ ပြင်ဖို့ လိုအပ်ပုံကို ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ ပြောပြတာက “ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘယ်အပိုက်ကိုပဲ ပြင်ပြင် အဓိက အသက်သွေးကျောက ပုဒ်မ ၄၃၆ ဖြစ်နေတာ တွေ့ရတယ်။ အခု တိုင်းရင်းသားတွေရော ကျနော်တို့ နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားအားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့ တိုင်းရင်းသား တန်းတူရေးတို့ ဖက်ဒရယ် ပြည်ထောင်စု စသဖြင့်ပေါ့ဗျာ၊ အဲဒီ မျှော်မှန်းချက်တွေဟာ ဒီ ပုဒ်မ ၄၃၆ ကို မပြင်နိုင်ပဲ ဘယ်လို့မှ မရနိုင်ဘူး။ နောက်တချက် ပုဒ်မ ၄၃၆ ဟာ လွှတ်တော်ထဲမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက ပုဒ်မ ၄၃၆ ကြောင့် မှေးမိန်နေတာ တွေ့ရတယ်။ တွေ့တဲ့အတွက် အဲဒီ ပုဒ်မ ၄၃၆ ဟာ မဖြစ်မနေ ပြင်ရမယ့် အချက်ဆိုတာကို တွေ့ရတယ်”လို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဖေဖော်ဝါရီ ၁၆ရက်မှာတည်းက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ ။

လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များရဲ့ သဘောတူညီမှု ရရှိမှသာ ပြင်ဆင်နိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ အတွက် ပြည်သူလူထုရဲ့ထောက်ခံ လက်မှတ်ထိုး ဆန္ဒခံယူမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ ၂လ နီးပါးကြာ တနိုင်ငံလုံး ပြုလုပ်မှာဖြစ်တယ်လို.လည်း သိရပါတယ် ။

အဲ့ဒါကိုပြင်ချင်တာနဲ.ပတ်သက်လို. တစ်ချို.ကတော. ဒီလိုမြင်ပါတယ်...ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ဟောပြောပွဲများကို ပထမဆုံး လုပ်ခဲ့သူများမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မဟုတ်ပါ။ ၄၃၆ ပြင်ဖို့ ပထမဆုံး ဟောပြောပွဲလုပ်ခဲ့သူမှာ ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ ဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်သို့ ပထမဆုံး အဆိုတင်သွင်းသူမှာ သူရဦးအောင်ကိုဖြစ်သည်။ NLD မှ ပြင်ဆင်ရန် ပထမဆုံး လုပ်ဆောင်ခဲ့သည့် ပုဒ်မ မှာ ၅၉(စ) ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်လာပါက ၎င်းတို့အခွင့်အရေး ပိုရရန်အတွက်လည်းကောင်း၊ ပါတီဥက္ကဌ၏ လမ်းညွန်မှုကြောင့် လည်းကောင်း NLD ပါတီဝင်များက ၅၉(စ) ပြင်ဆင်ရေး ဆန္ဒပြခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်မှာလည်း သမ္မတလုပ်ချင်စိတ် တစ်ခုကြောင့် နိုင်ငံအတွက် အရေးပါသည့် ၅၉(စ) ကို မရမက ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။ သို့သော် ၅၉(စ) ကို ပြင်ဆင်ရန် အဓိက အတား အဆီးမှာ ဖွဲ့စည်းပုံပြင်ဆင်ခွင့် ဥပဒေ ပုဒ်မ ၄၃၆ ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ ၄၃၆ ကို ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအတွက် ရည်ရွယ်ပြီး ဒေါ်စု ကိုယ်တိုင် ဦးဆောင်ကာ NLD မှ လက်မှတ် ကောက်ခံနေခြင်းဖြစ်သည်။  အရှင်းဆုံးနားလည်အောင် ပြောရလျှင် ၄၃၆ ကို ဒေါ်အောင်ဆန်း စုကြည် ပြင်လိုသည်မှာ နိုင်ငံ့စီးပွားရေး အတွက် မဟုတ်၊ နိုင်ငံတိုးတက်ဖို့ အတွက် မဟုတ်၊ လူထုအတွက် မဟုတ်ပဲ ၎င်း သမ္မတ လုပ်နိုင်ရေး အတွက်သာဖြစ်သည်။



၅၉ ( စ ) ဆိုတာကတော. အခြေခံဥပဒေ အခန်း (၃) တွင်ပြဌာန်းထားသော နိုင်ငံတော် သမ္မတ နှင့် ဒုသမ္မတတို့၏ အရည်အချင်း များဖြစ် ပါတယ် ။အဲ့ဒီမှာ  နိုင်ငံတော် သမ္မတလုပ်မယ်.သူကို အချက် (၇) ချက်ဖြင့် ကန့်သက်ထားပြီး ထိုအထဲတွင် နိုင်ငံခြားသားနှင့် လက်ထက်ထားသူ၊ နိုင်ငံခြားသား သားသမီးများနှင့် ဆွေမျိုးများရှိသူတို့ မဖြစ်ရ လို. ပါပါတယ် ။ တနည်းအားဖြင့် အမျိုးသားရေးရှုထောင့်ကမှ မိမိတို့၏ အချုပ်အခြာ အာဏာပိုင် နို်င်ငံကို တိုင်းတပါး က နေ သွယ်ဝိုက်သော နည်းလမ်းနဲ့ သြဇာလွှမ်းမိုးမှု မခံရစေရန် ကာကွယ်ထားသော ဥပဒေ ပုဒ်မဖြစ်တယ်လို. ဆိုကြပါတယ် ။ ဗြိတိန်၊ ဥရောပ နှင့် အနောက်နိုင်ငံ များသာမက အရှေ့အာရှ ဒေသတွင်း နိုင်ငံတွေမှာလည်း အဲ့ဒီလိုပုဒ်မတွေ ပြဌာန်းထားတယ်လို. သိရပါတယ် ။အချို့ နိုင်ငံတွေမှာဆို  မြန်မာနိုင်ငံထက်ပင် ကန့်သက်ချက်များစွာ ထည့်သွင်းထားတယ်လို.သိရပြီး  ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဓလေ့ထုံးစံရှိပြီး ဘာသာ၊ သာသနာ ထွန်းကား၍ အစဉ် အလာကြီးမားသော ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော် ကို အုပ်ချုပ်မည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အခြေခံ ဥပဒေပါ ပြဌာန်းချက် ၇ ချက်လောက်ကိုတော့ ကိုက်ညီသင့်တယ်လို. ယူဆကြသူတွေလည်း ရှိပါတယ် ။

၂၀၁၄ ခုနှစ် ဖော်ဖော်ဝါရီ ၁၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှု့ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က တော“ ၄၃၆ ဘယ်လိုပြင်ဖို့ဆိုတာ အခုမှ ဆွေးနွေးရ မယ်၊အထူးသဖြင့် ၄၃၆ (က)ကော ပြင်ဆင်ဖို့ ခက်တယ်လေ၊ ဒါကလည်း နိုင်ငံတကာကလည်း ပြောတာပဲ၊ ပြင်ဖို့အခက်ဆုံးဆိုတာကို။ ပြင်ဖို့ခက်တာဆိုတာက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ဖွဲ့စည်းပုံကို ခိုင်မာအောင် လုပ်ထားတဲ့သဘောပဲ၊ ဒါပေမဲ့ ဘယ်လောက်ပြင်ဖို့ခက်ခက် ပြည်သူလူထုအပေါ်မှာမူတည်တယ်၊ ပြည်သူ့ဆန္ဒ ပေါ်မှာ မူတည်ဆောင်ရွက်ရမယ်။ ၄၃၆ (က) ခက်နေလို့ မလုပ်တော့ဘူးလားဆိုတော့ လုပ်ကိုလုပ်ရမှာပေါ့။ ၄၃၆ (ခ) ဆိုလည်း လုပ်ကိုလုပ်ရမှာ” လို့ ပြောကြားခဲ့တာကို ၂၀.၂.၂၀၁၄ နေ့ထုတ် Daily Eleven သတင်းစာ မှာ.ဖော်ပြထားခဲ့ပြန်ပါတယ် ။

ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက လည်းဖွဲ့စည်းပုံ ပြင်ဖို့လိုအပ်တဲ့ ထောက်ခံမှု ၇၅%ကို ၃၈% အထိလျော့ချပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာလဲ လိုအပ်တဲ့ ပြည်သူလူထုထောက်ခံမှု ထက်ဝက်ကျော်ကို ၃၇% အထိလျော့ချဖို့ အဆိုတင်သွင်းမယ် ဆိုတဲ့ သတင်းမျိုးလည်းကြားလာရပြန်ပါတယ် ။



မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါဝင်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ “ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရာမှာ ပြည်သူ့ဆန္ဒ မပါလည်း ဖြစ်တယ်၊ ပါလို့ မဖြစ် ဘူးဆိုတဲ့ သဘော သက်ရောက်နေတယ်၊ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှုက အဓိက ကျနေတယ်၊ တပ် မတော်သား ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်ကသာ တိုက်ရိုက်ခန့်အပ်ခြင်း ဖြစ်ပြီး ကာချုပ်ရဲ့ဆန္ဒအတိုင်းသာ မဲပေးကြ တာကြောင့် ပုဂ္ဂိုလ်တဦး တယောက်ရဲ့ ဆန္ဒအရ ဥပဒေက ပြောင်းလဲခြင်း၊ မပြောင်းလဲခြင်း ဖြစ်နေတယ်”လို.ဒေါ်အောင်ဆန်းစုကြည် ကပြောလာခဲ့ပါတယ် ။ တကယ်ကတော. မြန်မာနိုင်ငံ လိုမျိုးမှာ တပ်မတော် ကို ဦးတည်လာတဲ့ တိုက်ကွက်ဖော်မှုမျိုး ၊ တပ်တွင်းစည်းလုံးညီညွတ်ရေး ထိခိုက်စေလာတဲ့ အခြေအနေမျိုးတွေ ဖန်တီးလာရင် ကြုံရလေ.ရှိတဲ့ အကျိုးဆက်မျိုးကိုတော. အလေးအနက်ထားတတ်ရပါလိမ်.မယ် ။အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး  ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ ။ ဒါ.အပြင် အမျိုးသားရေး ၀ါဒီအချို.တွေရဲ.  လိုအပ်လာရင် ကိုယ်.သွေးဖြစ်နေပေမယ်. ဖောက်ထုတ်ပစ်ရမယ်..အေးချမ်းစွာနေလိုပေမယ်. ဘယ်သူ.ကိုမှ စမစော်ကားပေမယ်. အမျိုး/ဘာသာ/သာသနာ ထိခိုက်စရာ ပေါ်လာရင်တော. ကြည်.နေမှာ မဟုတ်ဘူးဆိုတာမျိုးတွေကလည်းOnline ပေါ်ကနေ ထွက်ပေါ်လာနေပြန်ပါတယ် ။

ဒါ.အပြင် ဗိုလ်စိန်မှန်ကွင်း ၊ မန္တလေး ၊ နေပြည်တော် ဟောပြောပွဲတွေမှာ တပ်မတော်သားတွေအနေနဲ. လွှတ်တော် မှာ ၂၅ % နဲ. ရွေးချယ်ခံစရာ မလိုပဲ အခွင်.ထူးယူနေတာမျိုးကို တိုက်ရိုက်ဝေဖန်လာနေပြီး တပ်မတော် ကို ၊ ကာချုပ်ကို ၊ သမ္မတ ကိုပါ အမည်တပ် တိုက်ရိုက်ပြောဆိုမှု တွေကို စိန်ခေါ်မှုလို.အချိုကမြင်လာနေပြီး မေ ၂၂ ရက် ညနေ၄နာရီခွဲက ယိုးဒယားနိုင်ငံရဲ. တပ်မတော်အာဏာသိမ်းမှု နဲ.ဆက်နွယ်ပြီး ဟိုမှာလည်း ခုလိုစိန်ခေါ်မှုတွေ ၊ ညှိုနှိုင်းမရတာတွေကနေ အာဏာသိမ်းတဲ့အထိဖြစ်လာခဲ့တာဖြစ်ပြီး အရင်မလုပ်ဖူးတဲ့ Media ကျပ်တည်းစွာထိန်းချုပ်မှုတွေ ၊ Facebook ကိုတောင် နာ၇ီပိုင်းပိတ်လိုက်တာမျိုးတွေအထိ လုပ်လာခဲ့တာကြောင်. ဒီမှာရော ဘယ်အခြေအနေထိ ဖြစ်လာနိုင်လည်း  ဆိုပြီး အစပြန်ရောက်သွားမှာ စိုး၇ိမ်နေကြသူတွေလည်းရှိပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပုဒ်မ ၄၃၆ ပြင်ရေး၊ တစ်နည်းပြောရရင် ဖွဲ့စည်းပုံထဲက ပုဒ်မတွေ အများကြီးပြင်နိုင်ရေး၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ကို စစ်တန်းလျား ပြန်ပို့နိုင်သည်အထိ ပြင်နိုင်ရေး အားကြိုးမာန်တက် လုံးပမ်းနေရင် ၄၃၆ ကိုလည်း မပြင်နိုင်၊ အခြား အရေးကြီးတဲ့ ပုဒ်မတွေကိုလည်း မပြင်နိုင် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဥပမာ ပြည်သူတွေက ပါတီတစ်ခုကို အမတ်နေရာ အများစုနိုင်အောင် မဲပေးလိုက်သည့်တိုင် အဲဒီပါတီခေါင်းဆောင် သမ္မတဖြစ်ဖို့ မလွယ်တဲ့ ပုဒ်မ ၆၀(င) လို၊ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ သာမန်နိုင်ငံသားတွေထက် ထူးတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားတစ်ယာက်၊ တိုင်းရင်းသားတစ်ယောက်ကို သမ္မတ ဖြစ်ခွင့်မရှိအောင် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)လို ပြင်ရေးတွေကိုလည်း မလုပ်နိုင်၊ လစ်ဟာသွားနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ ပြည်သူလူထုအများစုကြီးရဲ့ သဘောဆန္ဒကို ထင်ဟပ်တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ မပေါ်ပေါက်နိုင်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒီအခါ ၂၀၁၅ အလွန် ပါလီမန်အသစ်မှာ အင်န်အယ်လ်ဒီဟာ အမတ်အများစု ရကောင်းရနေမှာဖြစ်ပေမယ့် အတိုက်အခံ အဆင့်ဆက်ရှိနေမှာဖြစ်ပြီး ပြည်သူတွေကို အုပ်ချုပ်သူကတော့ ဒီလူဒီလူ ဒုံရင်းဒုံရင်း ဘ၀ အပြောင်းအလဲမရှိတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒီအတွက် လက်ရှိ ၄၃၆ ပြင်ရေး လှုပ်ရှားမှု ပြန်သုံးသပ်ကြပါ၊ အောင်မြင်မှုမရရင် အင်န်အယ်လ်ဒီနဲ့ ၈၈ က ရှုံးတာ အရေးမကြီး၊ ပြည်သူတွေ နစ်နာတာက ပိုအရေးကြီးမှာ ဖြစ်ကြောင်းဆိုပြီး စည်သူအောင်မြင့် ကသုံးသပ်တင်ပြထားတာ ကိုတော.Mizzima မှာတွေ.ရပါတယ် ။


ဒါ.အပြင် ၄၃၆ ပြင်ဖို့ ကျွန်ုပ်တို့ လက်မှတ်ထိုးလိုက်ပါက နိုင်ငံအတွက် အရေးပါသော အချက်များကို လွှတ်တော်အမတ်များက ပြည်သူ့ဆန္ဒမကောက်ယူတော့ပဲ ၎င်းတို့စိတ်ကြိုက် ပြင်ဆင် ရေးဆွဲပြဌာန်း ကြတော့မည်။ နိုင်ငံအတွက် မည်မျှ အရေးပါသည့် ဥပဒေဖြစ်စေ လွှတ်တော်အမတ် အနည်းစုဆန္ဒရှိလျှင် ပြင်ရတော့မည်ဖြစ်သည်။ အရင်ဆုံး ပြင်မည့် ပုဒ်မ မှာ ၅၉(စ) ဖြစ်ပြီး ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားမည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်သွားပါက မြန်မာအိမ်ဖြူတော်တွင် နိုင်ငံခြားသား မိသားစု ချက်ခြင်း ရောက်လာတော့မည်။ နိုင်ငံတော် အခမ်းအနားများတွင် မြန်မာ စကားမတတ်သော ဒေါ်စု သားများ တောင်ရှည်ပုဆိုး မဝတ်တက်ဝတ်တက်ဖြင့် အခမ်းအနား တက်တော့မည်။

 အစ္စလာမ်ဘာသာဝင်အများဆုံး ပါဝင်သည့် NLD ပါတီမှ သမ္မတဖြစ်လာခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်အရ နိုင်ငံအနှံ့ ဗလီများ မှိုလိုပေါက်လာတော့မည်။ OIC ရုံးဖွင့်ခွင့်ရသွားမည်။ ဘင်္ဂါလီများ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်သွားကာ ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲတော့မည်။ လူ့အခွင့်အရေး အရ မယား ယူနိုင်သလောက် ယူကြတော့မည်။ အမျိုးသမီး အခွင့်အရေးအရ  ကလေး မွေးနိုင်သလောက် မွေးကြတော့မယ်။ မြို့တိုင်း၏ အလယ်တွင် ဗလီ များ နေရာယူလာကာ ဘုန်းကြီးကျောင်းများ မြို့ပြင် ရောက်သွားကြမည်။ (အခုတောင် မြို့အချို့မှာ ဖြစ်နေပြီးဖြစ်သည်)။ မြို့လည်တွင် ဘုန်းကြီးကျောင်းမှ ပဌာန်းသံမကြားရတော့ ကြေးစည်သံမကြားရတော့။ ကုလားအော်သံတွေသာ ကြားရတော့မည်။ NLD မထောက်ခံသည့် အမျိုးစောင့်ဥပဒေမှာလည်း အလိုလို ပျက်ပြယ်သွားပြီး အမျိုး၊ ဘသာာ၊ သာသနာ စောင့်ရှောက်ရေး ဆရာတော်များ ဖိနှိပ်ခံရကာ ဘာသာ၊ သာသနာ တဖြည်းဖြည်း ပျောက်သွားမည်။ Time မဂ္ဂဇင်းသာမက ပြည်တွင်းမှာ အသစ်ထွက်ပေါ်လာမည့် ဂျာနယ် မျက်နှာဖုံး တိုင်းတွင် ဗုဒ္ဓဘုန်းကြီးများကို အကြမ်းဖက်သမား ဟု နေ့တိုင်း ဖော်ပြခံရတော့မယ်။ 


ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမည်။ ဘုန်းကြီးများ သတ်ခံရမည်။ ဗုဒ္ဓဘာသာကျေးရွာများ မီးရှို့ခံရသည်။ မွတ်ဆလင်တို့ အနိုင်ကျင့်တာမခံနိုင်လို့ သွားတိုင်ပါက တရားသူကြီးချုပ် ဦးကိုနီ နှင့်တွေ့လိမ့်မည်။ နိုင်ငံရေး စီးပွားရေးတွေ တိုးတက်သွားပြီး အမျိုးသားရေးနဲ့ သာသနာရေးတွေ ထိုးကျသွားမည်။ သမ္မတကို စံယူ၍ မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထက်ခြင်းက အစ္စလမ်ဘာသာဝင်တို့ အကြိုက်ဖြစ်လာမည်။ ရုပ်ဝတ္ထုတွေ များစွာ အဆင့်မြင့်သွားလိမ့်မည်။ စိတ်ဓာတ်တွေ ကတော့ အောက်ကျ သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများ စိန်တွေ၊ ရွှေတွေ ဖြင့် တစ်ကိုယ်လုံး အလှဆင်နိုင်ပြီဖြစ်သည်။ သို့သော် ဘာသာခြား မယားဖြစ်နေမည်။ ငွေကြေးတွေ ချမ်းသာသွားကြမည်။ စာရိတ္တတွေ ဆင်းရဲသွားကြမည်။

 ဒေါ်အောင်ဆန်းစုကြည် သမ္မတသမ်းတမ်း ၅ နှစ်အတွင်း လွှတ်တော်ထဲက အင်အားအများဆုံး NLD ပါတီဝင်များ စိတ်ကြိုက်ပြင်ဆင်အပြီး ၂၀၂၀ တွင် သမ္မတအရည်အချင်း ကန့်သက်ချက်မှာ မရှိသလောက် ဖြစ်သွားတာကြောင့် တရုတ်၊ ကုလား၊ မည်သူမဆို မြန်မာနိုင်ငံတွင် သမ္မတလုပ်ခွင့် ရတော့မည်ဖြစ်သည်။ လွှတ်လပ်ရေးရပြီး ၆၇ နှစ်အကြာ တိုင်းတပါး၏ အုပ်ချုပ် မင်းလုပ်တာ ပြန်လည် ခံရတော့မည်။

 အရှင်းဆုံး နားလည်အောင် ပြောရလျှင် သင်တို့ ရေးထိုးမည့် လက်မှတ်တစ်ခုသည် ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား နောင် အနှစ် ၂၀ အတွင်း ဘာသာ၊ သာသနာ ကွယ်ပျောက် ကာ တိုင်းတပါး ကျွန်ဘဝ အလိုလိုပြန်ရောက်သွားစေမည့် စီမံကိန်း အတွက် အထောက်အပံ့တစ်ခု ဖြစ်သွားလိမ့်မည်  ဆိုတဲ့ ဝေဖန်ရေးသားမှုတွေကိုလည်း တွေ.ရပါတယ် ။     


ဟုတ်ကဲ့ လွတ်လပ်စွာ ဆိုတဲ့ စကားလုံးဟာ ကမ္ဘာအနှံ. တူညီနေတာ မဟုတ်ပဲ လူမျိုး ၊ ဘာသာ ၊ နိုင်ငံ ပေါ်လိုက်ပြီး အကျဉ်း / အကျယ် အရွယ်အစားအမျိုးမျိုး ရျိနေတတ်ပါတယ် ။ သေချာတာက ကိုယ်.လူမျိုး/ဘာသာ/ဓလေ.စရိုက်နဲ. လျှော်ညီတာကိုေ၇ွးချယ်တတ်ဖို.ပဲ လိုပါတယ်....အဲ့ဒီလိုမှ မဟုတ်ရင်တော. ..........

Ref ;
ဒါဖတ်ပြီးမှ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ထိုး/မထိုး ဆုံးဖြတ်ပါ @ mmdailystar
* ပုဒ်မ ၄၃၆ ကိုဘယ်လိုပြင်မလဲ - မျိုးရန်နောင်သိန်း @ bdcburma.wordpress
* ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အသက်သွေးကြော ပုဒ်မ ၄၃၆ ပြင်ဖို့ အန်အယ်ဒီနဲ့ ၈၈ ပူးပေါင်း လုပ်ဆောင်မည်  - ရွှေအောင် @ DVB
* တပ်မတော်သားများ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးရန် ဒေါ်အောင်းဆန်းစုကြည် တိုက်တွန်း -  မစစ်ပိုင် @ Irrawaddy
* ၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ - စည်သူအောင်မြင်. @ mizzima
* Facebook Status & Comment များ      

No comments:

Post a Comment