Thursday, June 26, 2014

အောင်ရင်ငြိမ်း ၏ ညစ်ညမ်းအရေးအသား အပေါ် ထောက်ခံသူများ နှင်. လုံးဝလက်မခံနိုင်သူများ

Photo by Wira Htet Naung

မြန်မာနိုင်ငံတွင် ဝေဖန်မှုမြင့်မားနေသော ရိုမန်းဘောထ်တို့ရဲ့ကမ္ဘာ အပြာစာအုပ် ရေးသားသူ အောင်ရင်ငြိမ်းနှင့်အဖွဲ့က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ကြောင်း၊ အောင်ရင်ငြိမ်းနှင့်အဖွဲ့မှာ NLD ပါတီထောက်ခံသူများ ဖြစ်ကြောင်း သတင်းရရှိသည်။
မကြာမီရက်ပိုင်းအတွင်းက စာအုပ်ဆိုင်များသို့ ရောက်ရှိလာခဲ့သော အဆိုပါ အပြာစာအုပ်၏ မျက်နှာဖုံးအပေါ်ဘက်တွင် NC18 ဟု ဖော်ပြထားပြီး ရှေးရိုးစွဲ ၀ါဒီများအတွက် မဟုတ် ဟု အဓိပ္ပါယ်ရရှိသော Not For Conservatives ဟု ဖော်ပြထားသည်။

အဆိုပါ စာအုပ်ကို အမှာစာရေးပေးကြသူများမှာ ကဗျာရေးသူ မင်းခက်ရဲနှင့် ဓီမိုကရေစီနှင့် လူ့အခွင့်အရေးအကြောင်း ရေးသားလေ့ရှိသူ မလေး တို့ဖြစ်ကြောင်း၊ အောင်ရင်ငြိမ်း၏ အပြာစာအုပ်မှာ လူ့အခွင့်အရေးရှုထောင့်အရ သင့်လျော်သည် ဟု ယင်းအမှာစာရေးပေးသူနှစ်ဦးစလုံးက ယူဆထားဖွယ်ရာ ရှိကြောင်း၊ အမှာစာရေးပေးသူ(၂)ဦးသာမက အောင်ရင်ငြိမ်းနှင့်အဖွဲ့မှာ NLD ပါတီထောက်ခံကြသူများ ဖြစ်ကြောင်း သိရှိရသည်။

ကာယကံရှင် အောင်ရင်ငြိမ်းက “တစ်ခွန်းတည်း ပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ် မဟုတ်ဘူး။ နောက်တစ်ခွန်း ထပ်ပြောမယ်။ ရိုမန်းဘော့ထ်ဟာ ခင်ဗျားတို့ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ် အဖွဲ့အစည်းဖြစ်အောင် လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာ အသေခံဗုံးခွဲခြင်း” ဟူ၍ ယင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၂၃ ရက်နေ့က ရေးသားဖော်ပြသည်။

ကဗျာဆရာဝေမှူးသွင်ကလည်း “ဟေ့ အောင်ရင်ငြိမ်း.. ငါကမင်းကို တစ်ချိန်ချိန် စာပေလွတ်လပ်ခွင့် ရလာရင် ဦးနုတို့၊ သိန်းဖေမြင့်တို့ လိုရေးဖို့ ပြောတာကို မင်းက အခု ရတနာဝင်းထိန်လို ရေးလိုက်တာကိုးကွ” ဟု ဆုံးမစကားပြောကြားသည်။

ကဗျာဆရာ မိုးဦးကမူ “အောင်ရင်ငြိမ်း ကို ကန့်ကွက်စရာ မလိုပါဘူး.. တရားစွဲ စရာ မလိုပါဘူး။ ခင်ဗျားတို့ မျက်လုံးတွေ နဲ့ သူ့စာတွေ မဖတ်ရင် ပြီးတာဘဲ။
ဒို့တာဝန် အရေးသုံးပါးတွေ တောင် ရစ်ပြီးကျော်ခဲ့တာ။ ဘယ့်နှယ် .. ဖွင့်ပြီး ဖတ်ရမဲ့ စာအုပ် ကိစ္စကျ မှ ကမ္ဘာလာပျက်နေတယ်.။ လေတယ်ဗျာ” ဟု ပြောကြားသည်။ ထို့အပြင် ယင်းက “ခင်ဗျားတို့တွေ လဲ ခု စာအုပ် ကို မီးရှို့ ရုံ မကလို့ တရားစွဲစွဲ ဗျာ။ မကျေနပ်ရင် ထောင်ချလိုက် အဲ့ ရေးသူ ကို.။ ဒါပေမဲ့ ခင်ဗျားတို့ တွေ လဲ အဲ့ လို လိင် ကိစ္စ တွေ လုပ်ခဲ့ မယ် ဆိုရင်. ခင်ဗျားတို့.........................ီး ကိုခင်ဗျားတို့ ဖြတ်လိုက်ဗျာ။ ဆောရီးဘဲ ..
ရိုင်းသွားရင်
” ဟု ပြင်းပြင်းထန်ထန် ပြောကြားသည်။

စာရေးသူ အောင်ရင်ငြိမ်းကလည်း “အပြာစာသားတွေက မညစ်ညမ်းပါဘူး။ လိင်ကိစ္စဟာ ညစ်ညမ်းတယ်လို့ တရားသေ သတ်မှတ်စွဲလမ်းနေတဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ အသိအမြင်တွေကမှ ဟောင်းနွမ်းစုတ်ပြတ် ညစ်ညမ်းနေတာပါ” ဟု တုံ့ပြန်လိုက်သည်။

ထို့အပြင် ၄င်းက “ကျွန်တော် မိန်းမတွေနဲ့ လိင်ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေကိုပဲ ဝေဖန်နေကြတာ ခင်ဗျားတို့ မသိစိတ်မှာ အပြာရောင်တွေ လွှမ်းမိုးနေလို့လား။ ကျွန်တော့်ရဲ့ တရားဥပဒေနဲ့ ဆိုင်တဲ့အမြင်တွေ လိင်လွတ်လပ်ခွင့်အမြင်တွေကို ဆွေးနွေးဖို့ ပျက်ကွက်နေကြတာ ခင်ဗျားတို့ ဥာဏ်မမီလို့လား။ ရှေးရိုးစွဲ အသိအမြင်ချိုးဖောက်မှုတွေကို မမြင်ချင်ဟန်ဆောင်နေကြတာ မျက်ကန်းကွန်ဆာဗေးတစ်တွေ မို့လို့လား” ဟုလည်း ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက၏ မိသားစုဝင်များ ထုတ်ဝေနေသည် ဟု သိရှိကြသော The Street View ဂျာနယ်မှ သတင်းထောက် မှူးသစ်ကလည်း “ကိုအောင်ရင်ငြိမ်းစာအုပ်ထွက်လာမှပဲ မြန်မာ့လူ့အဖွဲ့အစည်းကြီးရဲ့ သောက်တလွဲ ပိတ်မိနေတဲ့ အတွေးအခေါ်တွေကို ပိုပြီး သိသိသာသာ မြင်မိတော့တယ်။
သောက်သုံးမကျတဲ့ကောင်တွေဟာ အပေါစား အပျော်ဖတ် လုံးခြင်းဝတ္တုတွေထဲက လူတွေရဲ့ အတွေးအခေါ်တွေကို အဆိပ်မိစေတာတွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကို သောက်သုံးမကျတဲ့ အလေ့အကျင့်တွေ ဖြစ်ပေါ်စေတာတွေ၊ အတွေးအခေါ်တွေ တန်းဖိုးစံနူန်း လွဲချော်စေတာတွေ အဲ့ဒါတွေကို ဘယ်သူမှ အရေးတယူမပြောကြဘူး။ ဒီစာအုပ်ကြမှ လိုချင်ရာဆွဲကြည့်ပြီး ကွက်ဖတ် ကွက်ပြောနဲ့ အာရုံပဲ
” ဟု တုံ့ပြန်လိုက်သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်နာယက၏ မိသားစုဝင်များ ထုတ်ဝေနေသည် ဟု သိရှိကြသော The Street View ဂျာနယ်မှ သတင်းထောက် မှူးသစ်က “ဒီစာအုပ်ကောင်းကြောင်းပြောမိရင်ပဲ ကိုယ့်ကိုယ်ကိုယ် စ်ညမ်းသူကြီးဖြစ် သွားတော့ မလိုလို၊ ဒီစာအုပ်ကို မကောင်းပြောမှ လူ့သန့်ရှင်းကြီးဖြစ်သွားတော့ မလိုလို သောက်တလွဲတွေပဲ။ သေချာတာကတော့ ဒီစာအုပ်ကို ဝေဖန်သူအများစုဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတဲ့ တန်ဖိုးစံနူန်းကို သေချာနားမလည်ကြဘူး အတွေးအခေါ်တွေရဲ့ လွတ်လပ်မှုတန်းဖိုးကို သေချာနားမလည်ကြဘူး
လူသားရဲ့ တစ်ယောက်ရဲ့ ဖြစ်တည်မှု တန်းဖိုးစံနူန်းကို သေချာနားမလည်ကြဘူး။ ပိတ်မိနေတဲ့ အသိစိတ်ဘောင်ထဲကနေ ဝေဖန်ရင်တော့ မှားမှာပဲ။ ဒီစာအုပ်ထဲမှာ ကြိုက်တာရှိသလို မကြိုက်တာလည်းရှိတယ်။ ဒါပေမယ့် ဒါကို အဆိပ်အတောက် တစ်ခုကို အော်ဂလီဆန်ချင်စရာကောင်းတဲ့ အရာတစ်ခုလို ဝေဖန်နေတာက ပိတ်မိနေတဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာပဲ” ဟုလည်း ဝေဖန်သည်။

စည်သူအောင်မြင့်မှာသတင်းစာသမားဆောင်းပါးရှင်သာ ဖြစ်ကြောင်း၊ စာပေအနုပညာသမား မဟုတ်ကြောင်း၊ စည်သူအောင်မြင့်က ၄င်းနှင့်မမီသော အရာကို လှမ်းကိုင်ခြင်းဖြစ်ကြောင်း၊ အလွဲကြီးလွဲသွားကြောင်း မှူးသစ်က ဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာများ ဘာသာပြန်ဆိုနေသူ၊ NLD ပါတီ ထောက်ခံသူ ကဗျာရေးသူ မင်းခက်ရဲကလည်း “ရိုမန်ဘော့တ် ဝေဖန်ချက်နှင့် ပတ်သတ်၍ အောင်ရင်ငြိမ်း ၀တ္ထု အမှာစာ ရေးစဉ်ကတည်းက ဒီဝတ္ထုဟာ အတော်ကလေးဝေဖန်ခံရမယ့် ၀တ္ထု ဆိုတာ ကျွန်တော်သိနေခဲ့တယ်။ အကြောင်းက အောင်ရင်ငြိမ်းဝတ္ထုဟာ မြန်မာလူ့အဖွဲ့အစည်းအတွင်း လွှမ်းမိုးကြီးစိုးဆဲ တန်ဖိုးစံ တွေနဲ့ ဆန့်ကျင်ကွဲလွဲနေလို့ပဲ ။ ထင်တဲ့ အတိုင်းပဲ ။ ဝေဖန်သံတွေ စထွက်လာခဲ့ပြီ ။ဒါပေမယ့် ကျွန်တော် မျှော်လင့်ထား သလို ဝေဖန်ရေးမျိုးတော့ မဟုတ်ဘူး။ တကယ့်ကို ခပ်ညံ့ညံ့ဝေဖန်ရေးမျိုးပဲ။ အကြောင်းက ဝေဖန်သူဟာ ၀တ္ထုရဲ့ အခြမ်းတစ်ခြမ်းမှာ (အောင်ရင်ငြိမ်း သိသလောက် ) ထည့်ဝင်ထားတဲ့အိုရှိုး၊ ဖူးကိုး ၊ ဘာထရန်ရပ်ဆဲ တို့ရဲ့ အရေးအသားတွေကို မဖော်ပြတော့ဘဲ လိင်ဆက်ဆံမှုအခန်းတွေကို သာတစ်ဖက်သက်ဖော်ပြသွားတာကိုတွေ့ရတယ်။ ဒါဟာ မျှတတဲ့ ဝေဖန်ရေးတစ်ရပ်မဟုတ်လှဘူး” ဟု ဝေဖန်သူများကို တုံ့ပြန်လိုက်သည်။

၎င်းအပြင် “အခုလိုကျွန်တော်ရေးနေရတာက အောင်ရင်ငြိမ်း ၀တ္ထုကို ကောင်းမွန်တဲ့ ၀တ္ထုကောင်းတစ်ပုဒ်ပါ ၊ အတွေးအခေါ်တွေကို အဆင့်တန်းမြင့်မြင့်ဖော်ပြထားတာပါ လို့ ခုခံကာကွယ်ပေးနေတာ မဟုတ်ဘူး။ ဝေဖန်သူတွေရဲ့ မပြည့်ဝမှုကို ဖော်ပြချင် တာသက်သက်ပဲ။ ဒီနေရာမှာ အဲဒီလို ဝေဖန်သူတွေ ကို ကျွန်တော်တစ်ခုပြောချင်တာက ခင်ဗျားတို့ဟာ ကျွန်တော်အတွက်တော့ ဘာမျှ စိတ်ဝင်စားစရာ မကောင်းတဲ့ လူတွေဆိုတာပါပဲ ။ ခင်ဗျားတို့ဟာကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ ကလေးတောင်သိထားတဲ့ အမြင်တွေကိုင်ပြီး လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အရေးအသားတစ်ရပ်ကို ဝေဖန်နေတာလောက်ပဲ ရှိတာ။ တစ်ချို့အရေးအသားတွေဟာ မညစ်ညမ်းဘူးမဟုတ်ဘူး ညစ်ညမ်းတယ်။ ဒါပေမယ့် ဒီစာအုပ်က အပြာစာအုပ်မဟုတ်ဘူး။ တစ်ဖက်မှာသူ့ရဲ့ သူတတ်နိုင်သလောက်အားထုတ်ကြိုးပမ်းထားတဲ့ အိုရှိုး၊ ဘာထရန်ရပ်ဆဲလ်တို့ရဲ့ အတွေးအခေါ်ကလေးတွေကလည်း အတော်အတန်ပါတယ်။ ဒါဟာ ညစ်ညမ်းစာအုပ် ဆိုတာနဲ့ အဓိကကွဲလွဲရတဲ့အချက်ပဲ။ ညစ်ညမ်းတဲ့ အရေးအသားပိုင်းတိုင်း ညစ်ညမ်းစာအုပ်မဟုတ်ဘူးဆိုတာလောက်တော့ ဝေဖန်သူတွေ သိသင့်တယ်။ ဒီတော့ ခင်ဗျားတို့က ဒီဝတ္ထုဟာ ဘယ်လို အောင်တန်းနောက်တန်းကျတယ်လို့ ကပ်ကပ်လန်ရန်တွေ့နေကြပေမယ့် ကျွန်တော်အတွက်တော့ ဖြင့် ခင်ဗျားတို့ဟာ ကျွန်တော်တို့အားလုံးသိပြီးသားအတွေးအခေါ်တွေကိုင်ပြီး ပါဝါအားသာချက်ရှိတယ်ဆိုတာသိသိကြီးနဲ့ လူအထင်ကြီးအောင်မဏ္ဍိုင်တိုင်တတ်ပြနေတာထက်မပိုဘူး ။ ဒါကြောင့် ခင်ဗျားတို့ရဲ့အမြင်တွေထဲမှာ ကျွန်တော်လေ့ လာစရာလည်းဘာမျှမရှိတာ မဆန်းလှဘူး။ တကယ်လို့ ခင်ဗျားတို့ ပြောသလို အောင်ရင်ငြိမ်းရဲ့ ၀တ္ထုဟာ အောက်တန်းကျတယ်၊ အော့နှလုံးနာစရာကောင်းတယ် ဆိုရင်တောင်မှ အဲဒီလို အောက်တန်းကျတယ်ဆိုတဲ့ အရေးအသား ဟာ ခင်ဗျားတို့ ဝေဖန်နေတဲ့ စကားတွေထက်တော့ အများကြီးလေ့လာ စူးစမ်းချင်စရာကောင်း တယ်ဆိုတာ တော့ သိထားကြဖို့ လိုလိမ့်မယ်” ဟု ဝေဖန်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။

ယင်းအပြာစာအုပ် ထုတ်ဝေခြင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အရေးယူပေးရန်လည်း တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။


From Aung Yin Nyein FB
ထိုသို.သော ပြန်လည်တုန်.ပြန်မှုများကို ဤကဲ့သို. ပြန်လည် ဝေဖန်ခဲ့ကြသည် ။


နားနားပြီးပြောကြ။ချီးစိမ်းပန်းပြီးသေလိမ့်မယ်

 အဲ့ဒီစာအုပ်အ ကြောင်းတွေးတိုင်းစိတ်တိုလွန်းလို့ မ ပြောတော့ဘူးလို့နေတာပါပဲ။ဒါပေမဲ့ တဆိတ်လွန်လာ
လို့နည်းနည်းပြောပါရ စေ။သူတို့ အပြာလိုင်းထောက်ခံသူတစ်ယောက်က ဒေါင်းနွယ်ဆွေလည်းအပြာကဗျာ
တွေရေးခဲ့တာပဲတဲ့။သူ့cm မှာဖတ်ဖူးလား သွားမေးတော့ လူကြီးတွေ ပြောတာကြားဖူးတာပါတဲ့။

သွားလေသူဆရာကြီးတွေနဲ့တန်းမညှိပါနဲ့ဗျာ။မတန်မရာချီးစိမ်းပန်းနေပါ့မယ်။ဟိုဆရာကြီးကဗျာထဲမှာ
ပစ္စည်းကိုနမ်းမယ် အတွင်းခံချွတ်ပေးဆိုတာမျိုးမပါပါဘူး။ကြမ်းလှပြီဆိုတဲ့ရန်ကုန် ဘ ဆွေစာအုပ်ထဲ
တောင် (ကန်တော့ပါရဲ့) ကျွန်တော့်ပစ္စည်းကိုထိုးထည့်လိုက်သည်ဆိုတဲ့အသုံးအနှုန်မျိုး မပါဘူး။သူ့ပစ္စည်းမှ
အရည် ဘာညာ။(နားနဲ့မနာ ဖဝါးနဲ့နာပါ။နည်းနည်းလောက်ရေးပြမှမဖတ်ဖူးသူတွေ ခန့်မှန်းနိုင် မှာ
မို့လို့ပါ။အနည်းအကျင်းရေးပြတာပါ)

အောင် ရင်ငြိမ်းဘက်က အ ပေါင်းအပါတွေကိုတာင်းပန်ချင် တာက တော့
ဆရာကြီးတွေနဲ့တန်းမညှိပါနဲ့။ရတနာဝင်းထိန်နဲ့နှိုင်းရင်တောင်ရတနာဝင်းထိန်နာပါတယ်။ဟိုလူက
တာဝန်ကျေတယ်။သူ့စာအုပ်ကိုအပြာစာအုပ်မှန်းသိတယ်။တိုးတိုးကြိတ်ကြိတ်လက်သိပ်ထိုးရောင်း
တယ်။အများပြည်သူကိုနှောင့်ယှက်မသွားဘူး။လူ့အဖွဲ့အစည်းကို အုပ်အော်သောင်းနင်းဒုက္ခပေးမသွားဘူး။
သေ တော့တောင် သူဟာအပြာစာအုပ်ရေးခဲ့သူပါ။သူသေသွားပါပြီ လိုီ့ လူတွေသိအောင် သူ့နာရေးမှာ ရတနာဝင်းထိန်လို့ ခပ်သေးသေးဖေါ်ပြသွားပါသေးတယ်။နေထိုင်ခဲ့စဉ်တုန်းမှာလည်း သူ့နေရာသူသိပါတယ်။သူ့ကိုယ်သူစာရေးဆရာလို့ မ ပြောဘူး။ဆရာကြီးတွေနဲ့မ ပြောနဲ့ သာမန်
စာရေးဆရာတွေနဲ့တောင် ပုခုန်းတိုင်းမသွားဘူး။တန်းညှိမသွားဘူး။


အခုစာအုပ်ရေးသူတွေနဲ့အ ပေါင်းပါတွေက တော့ သူတို့စာအုပ်ဟာအနုပညာပါလို့ နင်းကန်ကုန်းအော်
တယ်။အိုရှိုး။ဖူးကိုး။ဘာထရန် ရပ်ဆဲဒဿန တွေနဲ့အကာကွယ်ယူတယ်။
မဆီမဆိုင် သူတို့အုပ်စုဟာnld ထောက်ခံသူတွေပါဆိုပြီး ပါတီအ ရေပါခြုံလာတယ်။nldထောက်ခံသူမို့
မ ဝေဖန် ရ တော့ဘူးလား။ထောက်ခံသူမ ပြောနဲ့ပါတီဝင်ဖြစ်ပါစေ။ဒေါ်စုကိုယ်တိုင်ဖြစ်ပါစေ။ဒီလို ညစ်ညမ်း
စာပေ တွေရေးလို့က တော့ (စာရေးဆရာတစ်ယောက်)အ နေနဲ့ဝေဖန်မှာပဲ။ရှုံ့ချမှာပဲ။ဘယ်သူမှကိုယ့်
နောက်မပါလည်း တစ်ယောက်တည်းတိုက်ပွဲဝင် သွားဖို့အသင့်ပဲ။ပောချင် တာက ပါတီအရိပ်လည်း
မခိုပါနဲ့။ပြည်ပဒဿနတွေနဲ့လည်းမကာပါနဲ့ညစ်ညမ်းစာပေဟာ ညစ်ညမ်းစာပေပါပဲ။

အမှာစာနဲ့ဝင် ကာပေးသူနှစ်ဦးမှာမ လေးဆိုသူက လူ့အခွင့်အ ရေးဆောင်းပါးဘာသာပြန်ဖူးတယ်ဆို
လား။သူ့ကိုတော့မသိပါ။ဆောင်းပါးဘာသာပြန်တဲ့သူကိုလည်း ကျွန်တော်တို့က စာရေးဆရာအဖြစ်
မသတ်မှတ်ပါ။မင်းခက်ရဲ ဆိုသူကိုတော့ အ တွေးအမြင် စာအုပ်ထဲတွေ့ဖူးလို့ အထင်ကြီးခဲ့ဖူးပါတယ်။
အခု ညစ်ညမ်းကိုညစ်ညမ်းမဟုတ်ပါဘူး ခံငြင်းနေတာနဲ့တင် အထင်ကြီးစိတ်ကုန်သွားတယ်။အောင် ရင်ငြိမ်း
ကိုလည်း လိင် ကဗျာ မ ရေးခင် ထိအထင်ကြီးခဲ့ဖူးတယ်။ခုလို ကိုယ့်က လောင်ကိုယ်ဖျက်ဆီးသွားတာ
မြင်တော့စိတ်မ ကောင်းဖြစ် ရပါတယ်။

ခင်ဗျားတို့လိင်ကိစ္စတွေမလုပ်ဖူးရင်ကိုယ့် -ီး ကိုယ်ဖြတ်လိုက်ဆိုတဲ့ကဗျာဆရာမိုးဦးကိုတော့
ဘယ်သူမှန်းမသိဘူး။လှည်းတန်းတုန်းက မိုးဦးပဲလား ဇ ဝေဇဝါပဲ။သူ့ကိုရှင်းပြချင် တာက မိုးဦးရဲ့မိဘ
နှစ်ပါးဟာ လိင် ကိစ္စတွေလုပ်ခဲ့လို့မိုးဦးဖြစ်လာတာပါ။မိုးဦးကိုသူ့မိဘနှစ်ပါးက ငါတို့နှစ်ယောက်မင်းကို
မွေးဖို့ဒီလိုတွေလုပ်ခဲ့ကြတာဟေ့ လာကြည့်။ငါတို့သရုပ်ပြမယ်ဆိုရင်မိုးဦးမျက်နှာမပူပဲကြည့်ရဲမလား
ဒါမှမဟုတ် အဲ့ဒီအ ကြောင်းတစ်တစ်ခွခွရေးထားတဲ့ (မရှိသေ့စကား)
မိုးဦး အ မေရဲ့ပစ္စည်းမှာအရည် ဘာညာအ ကြောင်း မိုးဦးအ ဖေက ရေးရင် မိုးဦးဖတ် ရဲမလား။
ကန်တော့ပါရဲ့ဗျာ။ရိုင်းတယ်လို့လည်းမထင် ပါနဲ့။အဲ့ဒါမိုးဦးကာကွယ်နေတဲ့ အောင် ရင်ငြိမ်းရဲ့
အ ရေးအသားပါပဲ။တစ်အုပ်လုံး အဲ့လို တွေပါပဲ။အမှန်တရားဆိုပေမယ့်ခါသီးတဲ့အမှန်တရားရှိ
သလို။ဖေါ်ပြဖို့မသင့်တဲ့အမှန်တရားလည်းရှိတယ်။


ဒါကိုကိုယ့်လူတို့စာအုပ်ကမညစ်ညမ်းပါဘူး။အနုပညာပါ။ဖတ်သူတွေက ညဏ် ရည်နိမ့်လို့ပါဆိုရင်
ကိုရင် တို့ဘက်ကကြိုက် သ လောက်လူအ ရေအတွက်သတ်မှတ်လိုက်ပါ။ဆိုပါစို့၅၀ဆိုရင် fbမိတ်ဆွေတွေ
ထဲက လူ၅၀ရအောင်စည်းရုံးလိုက်ပါ့မယ်။လူစုပြီးချိန်းတဲ့နေရာလာပါ့မယ်။ဆူးလေကားဂိတ်လို။မင်္ဂလာဈေးလိုနေရာမျိုးမှာ ကိုင်ရတို့စာအုပ်ဖတ်ပြပြီး လူထုကိုညစ်ညမ်းလား။မညစ်ညမ်းဘူးလား။သ ဘော
ထားကောက်ခံလိုက်ပါ့မယ်


အိုရှိုးလည်းထားခဲ့ပါ။
ဘာထရန် ရပ်ဆဲလည်းထားခဲ့ပါ။
nld ခြုံလွှာ
လည်းချွတ်ခဲ့ပါ။
လူနဲ့အနုပညာပဲယူလာပါ။
အောင် ရင်ငြိမ်း။မင်းခက် ရဲ။မ လေး။
မိုးဦးတို့ဦဆောင်ပြီးလာခဲ့ပါ။
အ ဖြေ ပေါ်သွားပါလိမ့်မယ်။ ..............................................  နေနော်


Sitt Nyein မန္တလေးက ကျတော့်ပတ်ဝန်းကျင် လူငယ်ကဗျာဆရာတွေကတော့ ဒီလူကို ကဗျာဆရာလို့ မသတ်မှတ်ပါဘူး ၊ကျတော်တို့ ကဗျာ ဆိုတဲ့စကားလုံးကို အသေခံ ဗုံးခွဲသွားတာပါ ။နည်းနည်း ရိုင်ထွက်သွားခဲ့ရင်တောင် တည့်မတ်ပေးမယ့် မိကောင်းဖခင် ကဗျာဆရာ/မတွေ အများကြီးရှိပါတယ် ။

Thiri Nandar NLD ချင်း ထပ် မှာ ပေါ့
အဲ့ စာရေးသူ က သူ့ wall မှာ ရေး ထား တာပါ
သူက ဘယ် လို NLD နဲ့ ၈၈ အတွက် အလုပ် လုပ် ခဲ့ တယ် ဆို ပီး လေ


Run Elf အတွေးအခေါ်ကကြိုက်သလို တွေးခေါ်ပါပြသနာမရှိဘူး အတွေးအခေါ်တွေကို အယူအဆအဖြစ်မှန်ပါတယ်လို့ လူကြားထဲချပြရင် အဲ့လူမှာတာဝန်ရှိသွားပြီ ရိုမန်ဘော့ထ်ကအပြာစာအုပ် အပြာစာအုပ်တန်းထဲမှာပဲရှိနေရင် ပြသနာမရှိဘူး လူကြားထဲအိမ်ထောင်ရေးဖောက်ပြန်တာဟာ အပြစ်မရှိဘူးဆိုတာမျိုးလာချပြရင်တော့ အဲဒါကညစ်ညမ်းစာပေအဆင့်ထက် ကျော်သွားပြီ လူ့ဘောင်အဖွဲအစည်းအတွက် အင်မတန်အန္တရယ်ရှိတဲ့ အယူအဆတွေပါ ကန့်ကွက်ရှုတ်ချပါတယ်

Kyaw Htin ဖင်မယားနဲ့ (သို့ အောင်ရင်ငြိမ်း၊ မင်းခက်ရဲ လူတစ်စု)
~~~~~~~~

ငါတို့လည်း အဖက်ဖက်က ယိုယွင်းမှုကြောင့် ပျက်ဆီးသွားတဲ့ မြန်မာ့ယဉ်ကျေးမှုဟောင်းကို မကြိုက်ပါဘူး။ Supreme Perfection ဆိုတာကိုလည်း မယုံကြည်ပါဘူး။ အဲ့ဒီအတွက် ကိုယ့်ကိုကိုယ် သိပ်ခေတ်နောက်ကျနေတယ်လို့လဲ မမြင်မိဘူး။ လက်ရှိမြန်မာ့ယဉ်ကျေးမှုဟာ အပေါ်ယံကောင်းသလောက် အထဲမှာ လှိုက်စားနေတာတွေကိုလည်း သိပါတယ်။ နောက်ပြီး ကိုယ့်ချစ်သူကိုတောင် လူပုံအလယ်မှာ ရဲရဲလက်မတွဲရဲရတဲ့ တားမြစ်ချက်တွေနဲ့ပေါ့။ နိုင်ငံဆင်းရဲမွဲတေပြီး အစစ အရာရာ အောက်ကျ၊ နောက်ကျ ဖြစ်နေရလို့ ဒါတွေကို မပြင်နိုင်သေးတာလို့ မြင်ပြီး သည်းခံခဲ့ရတယ် ....... ဒါပေမယ့် ...

ဒါပေမယ့် ... ဘယ်လောက် ခေတ်ဆန်တယ်ပြောပြော အခုလို အစွန်းရောက် ရုပ်ဝါဒကို စွဲကိုင်ပြီး အများကောင်းကျိုးကို ရှေးရှုတဲ့ Justice ဆိုတဲ့ တရားကို ယှဉ်ပြိုင် တိုက်ခိုက်လာရင်တော့ ငါတို့လည်း မနေဘူးနော်။ လူပုံအလည်မှာ ကိုယ့်ချစ်သူကို လက်တွဲတယ်၊ (အနမ်းပေးတယ်ဆိုတာ) ကိုယ့် Partner ကို လူအများရှေ့မှာ သက်သေတည်တဲ့ ဂုဏ်ပြုတဲ့ ရဲရင့်တဲ့ လုပ်ရပ်ကောင်းပါ။ ဒါပေမယ့် သူတပါးမိန်းမကို ကျူးလွန်တယ်၊ ဥပဒေချိုးဖောက်ပြီး အဆီးအတားမဲ့၊ အဆင်အခြင်မဲ့ လုပ်တယ်ဆိုတာ Injustice ပါ။ ဓားပြတိုက်တာဟာ စီးပွားရေးလုပ်တာမဟုတ်ပါ။ ဒါဟာ မဆိုင်သူတွေကို ထိခိုက်စေတဲ့ ရာဇ၀တ်မှုပါ။ ကိုယ့်အတ္တလွတ်လပ်ပြည့်ဝဖို့အတွက် မဆိုင်သူတွေထိခိုက်နစ်နာရတယ်ဆိုတာ ဒီမိုကရေစီမဟုတ်ပါ။ ဘယ်နိုင်ငံ၊ ဘယ်တရားဥပဒေမှလည်း ခွင့်မပြုပါ။ ကမ္ဘာထိပ်တန်း ခေတ်လွန်နေပါတယ် ဆိုတဲ့ နိုင်ငံတွေမှာတောင် ဥပဒေကို ကျော်ပြီး ဖင်ယားလို့မရပါဘူး။

သူတစ်ပါးမိန်းမနဲ့ ပျှော်ပါးတာဟာ တကယ်တော့ အပြစ်မဟုတ်ပါဘူးဆိုတဲ့အချက်သာ အတည်ဖြစ်ရင်၊ လက်ခံကျင့်သုံးကျမယ်ဆိုရင် ဒီကမ္ဘာမှာ ဘယ်ယောက်ျားမှ အိမ်ထောင်ပြုတော့မှာလဲမဟုတ်တော့သလို၊ တစ်ယောက်နဲ့တစ်ယောက် လမ်းဘေးခွေးတွေလို ခွေးမတစ်ကောင်နဲ့ မိတ်လိုက်ဖို့ ကိုက်ကြ၊ ခဲကြ၊ တိုက်ကြခိုက်ကြ လုပ်နေမှာပဲ။ အဟိတ်တိရိစ္ဆာန်ထက်ဆိုးတဲ့ ခြေနှစ်ချောင်းသတ္တ၀ါတွေ ဖြစ်ကုန်ကြမှာပဲ။

ကြိုက်သလောက် ဆန်းသစ်၊ တွေးခေါ်ပြီး ကြိုက်သလောက် ကြိုးစား ... အများအတွက် လုံခြုံရေး၊ အာမခံပေးနိုင်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုတွေအတွက် ထားရှိထားတဲ့ တရားဥပဒေ၊ စည်းကမ်းကိုကျော်လို့မရဘူး။ ဥပဒေကျော်စတမ်း၊ စည်းကမ်းမဲ့စတမ်းဆိုရင် လူတိုင်း သတ်ဖြတ်ခုတ်ထစ်နေလို့ ဆုံးမှာ မဟုတ်ပါဘူး။

တရားဥပဒေဆိုတာ အမှန်တရားမဟုတ်ဘူး၊ အမှားတရားလဲမဟုတ်ဘူး။ အ၀န်းအ၀ိုင်းတစ်ခုမှာရှိတဲ့ ယှဉ်တွဲနေထိုင်သူလူအများစုကို လုံခြုံမှုပေးဖို့အတွက် ထားရှိတဲ့ "တရားမျှတမှု" သာဖြစ်တယ်။ ပါးစပ်ကတော့ ဒီမိုကရေစီတို့၊ လွတ်လပ်ခွင့်တို့ အော်နေပြီး .... ဒီတရားမျှတမှုကို ဖျက်ဆီးပစ်တယ်၊ စည်းမရှိ၊ ကမ်းမရှိ ထင်ရာစိုင်းပြီး ကိုယ်ကျိုးအတ္တအတွက် တစ်ပါးသူ ထိခိုက်နှစ်နာမှုတွေ ဖြစ်အောင် လုပ်တယ်ဆိုတာ တကယ်တော့ အကြမ်းဖက် (Terrorist) တာပါပဲ။ အဲ့လိုကောင်တွေမှာ တရားမျှတမှု၊ စည်းကမ်း၊ လူအများကောင်းကျိုး၊ လုံခြုံမှု၊ စတဲ့ Factors တွေ တစ်ခုမှ ရှိမှာမဟုတ်ပါဘူး။ ကိုယ့်အမျိုးကို ကိုယ်ပြန်ပြီး ဇာတ်သွင်းဖျက်ဆီးမယ့် အဆိပ်အတောက်တွေပဲရှိတယ်။

ဘယ်သူမဆို ကလောင်ပဲကိုင်ကိုင်၊ ဖင်ပဲကိုင်ကိုင်၊ ကိုင်ချင်ရာကိုင်၊ ပြောချင်ရာပြော၊ စည်းအပြင်ကလူမကလို့ ... စကြ၀ဠာအပြင်ကလူပဲ ဖြစ်ဖြစ် ... ငါတို့ရဲ့ အစစ အရာရာ ယိုယွင်းပျက်ဆီးပြီး နိမ့်ကျနေရတဲ့နိုင်ငံဖြစ်နေရတဲ့အထဲ ... တရားမျှတမှုကို ချိုးဖောက်လာရင်တော့ ... ၀ါးရင်းတုတ်ကြိုက်လား၊ ငှက်ကြီးတောင် ဓားကြိုက်လား ... MA18 ကြိုက်လား ... ကြိုပြောထားပါ။ တရားမျှတမှုကို ချိုးဖောက်ဖျက်ဆီးလာမယ့် အကြမ်းဖက်သမား အစွန်းရောက်သမားတွေကို ဆွေးနွေးနေ စရာ အကြောင်းမရှိဘူး။


Thiri Khit ဟုတ်ပါပြီ Nyein wai htet ko ရှင့် .. . စာတစ်အုပ်ဖတ်တိုင်း အမှန်လို့ ထင်နေတဲ့သူ မြန်မာနိုင်ငံမှာ ဘယ်နှယောက်ရှိမယ်ထင်ပါသလဲ .. စာအုပ်စာပေဟာ လူ့အသိအမြင်ကို ဘယ်လောက်လွှမ်းမိုးစေနိုင်တယ်ဆိုတာ သိမယ်ထင်ပါတယ် .. ကိုယ့်စာဖတ်သက်နဲ့ ကိုယ့်စာဖတ်အရည်အချင်းနဲ့ စာကောင်းပေမွန်ကို စစ်ထုတ်နိုင်တဲ့သူ ဘယ်နှယောက်ရှိနေပါသလဲ .. အသက်လေးဆယ်ကျော်တွေ ဒီစာအုပ်ဖတ်လို့ ဘာဖြစ်မလဲ ဘာမှမဖြစ်ဘူး .. အသက် ၁၈ နှစ်အောက် ကလေးတွေ ဒီစာအုပ်ဖတ်လို့ ဘာဖြစ်မလဲ ... ဖြစ်လာမှာတွေ အများကြီးပါ .. အသက် ၁၈ နှစ်အထက် စာဖတ်ပရိသတ်က ရေတွက်လို့ ရပါတယ် ... အသက် ၁၈ နှစ်အောက် စာဖတ်သူဟာ ရေတွက်လို့ မရနိုင်ပါဘူး .. နှစ်တွေကြာလာတာနဲ့အမျှ တိုးပွားလာမယ့် မျိုးဆက်တိုင်းအတွက် အန္တရာယ်ရှိပါတယ် .. ခုချိန်မှာမှ ဒီစာအုပ်ကို မဝေဖန်ဘူး မရှုံ့ချခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ ဒီစာအုပ်ရဲ့ ဆိုးကျိုးက ဘယ်လောက်သက်ရောက်လာမယ်မပြောနိုင်ပါဘူး .. ဘာလို့လဲဆိုတော့ စာရေးသူဟာ အောင်ရင်ငြိမ်းဖြစ်နေလို့ပါ .. သူတည်ဆောက်ခဲ့တဲ့ အနုပညာတွေ ရှိနေလို့ပါ .. အဲဒါတွေကြောင့် ဒီလောက်ထိပြောနေရတာပါ ... ခုချိန်မှာ ရှင်သာ ဒီလိုစာအုပ်ကောက်ရေးပြီး ထုတ်ပါလား ဒီလောက်ပြောဖြစ်နေမယ်မထင်ဘူး .

မှ Hlaing Thu Htun
သို. Aung Yin Nyein
ရိုမန်းဘော့ နဲ ပတ်သတ်ပြီး ဘာမှမပြောပဲ နေမလို့ပါပဲ ဒါပေမဲ့ မြင်ရတာ များလာတော့ နည်းနည်းတော့ ပြောခွင့်ပြုပါ။

အတွေးအခေါ် အရေးအသား ပြောချင်တဲ့ အကြောင်းအရာ က ဘယ်လို ဘယ်ပုံလို့ စာရေးသူ အကိုအနေနဲ ဘယ်လောက်ပဲ ပြောပါစေ စာဖတ်သူ အားပေးသူများ အသံတော့ နားထောင်သင့်တယ်လို့ ထင်တယ် လတ်တလော စာဖတ်သူ 70% လောက်က အောင်ရင်ငြိမ်းဟာ +18 အပြာစာအုပ်ရေးသားသူ အဖြစ်ပြောဆိုနေတာ အကိုအနေနဲ့လည်း မြင်မယ်ထင်ပါတယ် အကိုဘယ်စိတ်ကူးနဲ့ ရေးရေး စာဖတ်သူတွေက ရသွားတာ ရိုမန်းဘော့က အပြာစာအုပ်ပါ။

ကျေးဇူးတင်စွာဖြင့်

PS - မူရင်းဈေး ၂၅၀၀ ပေးရတဲ့ အပြာစာအုပ်က Free download လုပ်ပြီး ဖတ်ရတဲ့ ကိုတပ်ကြပ်ကြီး ကိုပန်းရိုင်း ကိုဂျင်ကလိ ကိုချမ်းကို ကိုနေနိုင်သူတို့ နှင့် အခြားသော စာရေးသူများလောက် ဆွဲဆောင်မူ မရှိတာ သတိထားမိတယ်

နောက်များ စာအုပ်ထပ်ထုတ်ဖို့ အစီအစဉ် ရှိရင် လေ့လာဖို့ pdf ebook များ လက်ဆောင် ပေးပါရစေ

အောင်ရင်ငြိမ်း စာဖတ်ပရိသတ် တစ်ဦး

ဆက်စပ်ဖတ်ရှုရန်များ

No comments:

Post a Comment