Saturday, June 14, 2014

Yangon United FC Vs Ayeyawady United FC ( 14 - 6 - 2014 )

Photo by AUFC
ယနေ.ညနေ ( ၁၄ ရက် ၆လ ၂၀၁၄ ) ၄နာရီက ရန်ကုန်ယူနိုက်တက် ၏ မြက်ခင်းတုကွင်းတွင် ဧရာဝတီ ယူနိုက်တက် FC နှင်. ရန်ကုန် ယူနိုက်တက် တို. ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြသည် ။

Photo by AUFC
 ဧရာဝတီ အနေဖြင်.  လူသစ်လဲလှယ်ခြင်းမရှိပဲ ယခင်လူဟောင်းများဖြင်.သာ ရာသီဝက်ကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည် ။ ယနေ.လူစာရင်းတွင် ဂိုးသမားချမ်းငြိမ်းကျော် ၊ အသင်းခေါင်းဆောင် မင်းမင်းသူ ၊ ဟိန်းသီဟဇော် ၊စံမျိုးဦး ၊ နေလင်းထွန်း ၊ နန္ဒလင်းကျော်ချစ် ၊ နိုင်လင်းဦး ၊ ကင် ၊ ကလစ်ဖို. ၊ ဆာဆာ ၊ မိုးဝင်း  အရံ ကစားသမားများအဖြစ်  အေးကိုကိုမောင် ၊ နေလင်းအောင် ၊ စိုးကျော်ကျော် ၊ အောင်ကျော်မျိုး ၊ သီဟဇော် ၊ ရွှေလှိုင်ဝင်း ၊ နေလှိုင် ( ဂိုး) တို.ဖြင်. ရန်ကုန်ကိုရင်ဆိုင်ကစားခဲ့သည် ။ ၃၀ါကြောင်. ပွဲပယ် ပြစ်ဒါဏ်ထိသော ကိုနေးမှလွဲ၍ လူစုံထုတ်ရင်ဆိုင်ခြင်းဟုပြော၍ရသည် ။

Photo by AUFC
Ygnutdfans warriors Page တွင် ယခုပွဲနှင်. ပတ်သက်၍ 
ဒုတိယအကျော့စတင်ပြီဖြစ်လို့ ထိပ်ဆုံးကအသင်းနဲ့ ရမှတ် ၆ မှတ်ကွာဟနေပါတယ် အဲ့ဒါကြောင့် ပွဲတိုင်း
အနိုင်ရရှိဖို့ မဖြစ်မနေလိုအပ်နေပါတယ် ဒါကြောင့်ရန်ကုန်အသင်းကို ချစ်တဲ့ ရန်ကုန်ပရိတ်သတ်တွေ
အားလုံးပဲ ကွင်းထဲအရောက်လာရောက်ပြီးတော့အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်  
ဟူ၍ သူတို.ပရိသတ်များကို အားပေးရန် ဖိတ်ခေါ်ထားခဲ့ပါသည် ။

Photo by AUFC
ပွဲကစားချိန် ၂၁ မိနစ်တွင် ၇န်ကုန်၏အားထားရသော တိုက်စစ်မှုး ဆီဇာ၏ သွင်းဂိုးဖြင်.ဧရာဝတီ အားဦးဆောင်နို င်ခဲ့သည် ။ ၃၄မိနစ်တွင် ဧရာဝတီ အသင်းခေါင်းဆောင် မင်းမင်းသူ အ၀ါကဒ် အပြခံခဲ့ရသည် ။ သို.သော် ၃၉မိနစ်တွင် ဧရာဝတီကစားသမား နိုင်လင်းဦးက ချေပဂိုးသွင်းယူနိုင်ခဲ.သည် ။ ပထမပိုင်းအပြီးတွင် ကစားပွဲမှာ ၁-၁ ဖြင်. သရေကျနေခဲ့သည် ။

Photo by AUFC
ဒုတိယပိုင်းစတင်ပြီး ပွဲချိန် ၅၈ မိနစ်တွင်မူ ကွင်းလယ်ဒိုင် ဦးဝင်းထွဋ် ခွင်.ပြုပေးသော ပင်နတီကို ရန်ကုန်တိုက်စစ်မှုး ဆီဇာကပင် သွင်းယူခဲ့ပြီး ၂-၁ ဖြင်.ဧရာဝတီကို ပြန်လည်ဦးဆောင်နိုင်ခဲ့သည် ။ ဆီဇာ သည် ယခု ပွဲမတိုင် မီတွင် သွင်းဂိုး ၉ ဂိုး အထိ သွင်းယူ ထားသော ကြောင့် ယနေ့ ပွဲတွင် သွင်းယူ သည့် ၂ ဂိုး အပါ အ၀င် ၁၁ ဂိုး တိတိ သွင်းယူ နိုင်ခဲ့ပြီဖြစ်သည် ။ပွဲချိန် မိနစ် ၈၀ တွင် ဧရာဝတီ အသင်းခေါင်းဆောင်၏ ခေါင်းတိုက်ဂိုးဖြင်. ၂-၂ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည် ။ ပွဲပြီးကာနီး မိနစ် ၉၀ တွင် ၇န်ကုန်၏ လူစားဝင် တိုက်စစ်မှုး သန်းထက်အောင် နှင်. ဧရာဝတီ ဗဟိုနောက်ခံလူ ကလစ်ဖို.ဒ် တို.ဘောလုံးယှဉ်လုရာမှ သန်းထက်အောင်လဲကျခဲ့သည် ။နောက်မှဖျက်ထုတ်ခြင်းမဟုတ်ပဲ ယှဉ်လုရာမှ လဲကျခြင်းသာဖြစ်သဖြင်.  ဒိုင်များမှ ပြစ်ဒါဏ်ဘော မသတ်မှတ်ပေးခြင်းကို ၇န်ကုန်ဘက်မှ မကျေနပ်ဖြစ်ခဲ့သည် ( ဟုယူသည် )  ။ ထိုသို.ဖြစ်ပြီး အချိန်ပို ၅မိနစ် ခွင်.ပြုခဲ့ရာ ၉၃ မိနစ်တွင် ဧရာဝတီ ကစားသမား နန္ဒလင်းကျော်ချစ်က ဧရာဝတီအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သဖြင်. ပွဲပြီးချိန်တွင် ၂၀၁၂ ဘောလုံး ရာသီနှင့် ၂၀၁၃ ဘောလုံး ရာသီ တို့တွင် မြန်မာ နေရှင်နယ် လိဂ် အိမ်ကွင်း ပွဲတိုင်း နိုင် စံချိန် ရေးထိုး နိုင်ခဲ့ ပြီး ၂၀၁၂ ခုနှစ် မှစ၍ မြက်ခင်းတု ကွင်းကို အိမ်ကွင်း အဖြစ် အမှတ် ပေးပြိုင် ပွဲများ တွင် အသုံး ပြုခဲ့သည့် နောက်ပိုင်း ပထမ ဆုံး အကြိမ် အဖြစ် ရန်ကုန်အသင်း ရှုံးနိမ့် ခဲ့ရပါသည် ။ 

Photo by AUFC
ပွဲပြီးချိန်တွင် ရန်ကုန်ပ၇ိသတ် တို.၏ ရေသန်.ဘူးအချို. ကွင်းအတွင်း အလည်လာရောက်ခဲ့သဖြင်. ကစားသမားများ ခေတ္တစောင်.ဆိုင်းပြီးမှသာ ကွင်းအပြင်ထွက်နိုင်ခဲ့ပါသည် ။

Photo by YUFC
ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ၇န်ကုန်နည်းပြ အဲရစ် က "အရမ်း ရှင်းတဲ့ ပြစ်ဒဏ် ဘောပါ။ သန်းထက်အောင် ကို ကလစ်ဖို့ဒ်က ဥပဒေပ ကစား ခဲ့တာပါ။ ပင်နယ်တီ ဧရိယာ ထဲမှာ သန်းထက်အောင် ဟန်ဆောင် ဒိုင်ဗင်ထိုး တယ်လို့ ကွင်းလယ် ဒိုင်လူကြီး က ယူဆရင် သန်းထက် အောင်ကို အ၀ါကတ် ပြလိုက်ပါ။ ပြစ်ဒဏ် ကျူးလွန်ခံ ရရင်တော့ ပြစ်ဒဏ် လုပ်တဲ့ ကလစ်ဖို့ဒ် ကို အ၀ါကတ် ပြပြီး ပင်နယ်တီ ပေးရမှာ ပေါ့။ အခုတော့ ဘယ်သူ့ကိုမှ ပြစ်ဒဏ် မပေးဘဲ ပွဲကို ဆက်ကစား ခွင့် ပြုခဲ့ တယ်။ ကွင်းလယ်ဒိုင် လူကြီး ရဲ့ ဆုံးဖြတ်ချက် ကို နားမလည် နိုင်ဘူး ..ဟုဆိုခဲ့သလို. မြန်မာ ပြည်မှ ဒိုင်လူကြီး များသည် ပင်နယ်တီ တစ်ကြိမ် ပေးပြီး လျှင် နောက်ထပ် ပေးရန် အလွန် တွန့်ဆုတ် လေ့ရှိ ကြောင်း ပြောကြားခဲ့သည်ဟု သိရသည် ။ သို.သော် ယနေ့ပွဲ တွင် ကစား သွားသည့် ရန်ကုန် အသင်း၏ ခြေစွမ်းသည် ဧရာ ၀တီ ကို အနိုင် ယူရန် လုံလောက်သည့် အနေ အထား မဟုတ်ကြောင်း၊ ဇွဲကပင် ယူနိုက်တက် နှင့် ၁-၁ သရေ ကျသည့် ပွဲတွင် ကစား ခဲ့သည့် ခြေစွမ်း ကဲ့သို့ သာ ဖြစ်ကြောင်း၊ ရန်ကုန် ကစား သမားများ သည် အနိုင် ရလိုစိတ် နည်းနေ ကြောင်း ကိုမူ ဖွင်.ဟပြောကြားသွားခဲ့သည် ။

Photo by AUFC
 ဧရာဝတီနည်းပြချုပ် ဦးဆန်းဝင်းကမူ ယနေ.ပွဲကစားသမားများကိုချီးကျုးပါကြောင်း ၊ ယခုခြေစွမ်းသည် ကစားသမားတို.၏ ခြေစွမ်းအမှန်ဖြစ်ပါကြောင်း ၊ ယခုခြေစွမ်းမျိုးဖြင်.သာ ကစားခဲ့လျှင် မည်သည်.ပွဲမှ ရှုံးနိုင်စရာ မရှိပါကြောင်း ပြောကြားခဲ့သည် ။ သတင်းထောက်တစ်ဦးက ၇န်ကုန်နည်းပြ မှ ဧရာဝတီ၏ ယနေ.နိုင်ပွဲသည် ချီးကျုးစရာ မရှိပါကြောင်း ၊ဧရာဝတီ ကစားသမားများ အချိန်ဆွဲလွန်းကြောင်း ပြောကြားခဲ့မှုကို မည်သို.ပြောလိုပါသနည်းဟူသော မေးခွန်းအား ဤပွဲကစားခြင်းသည် သူချီးကျုးဖို.ကစားခြင်း မဟုတ်ပါကြောင်း ၊ နိုင်ဖို.သာဖြစ်ပါကြောင်း ၊ ယခုပွဲကိုလည်း မိမိကစားသမားများအား အချိန်ဆွဲကစား၇န် မမှာကြားထားပါကြောင်း ၊ ထိုအခြေအနေမျိုးကို အသင်းတိုင်းကြုံဖူး ကစားဖူးပါကြောင်း ၊ သူ.အသင်းလည်း ဤသို.ကစားဖူးပါကြောင်း ဖြေကြားခဲ့သည် ။

Ref ; Ayeyawady United FC Page , Ygnutdfans warriors Page , ygnutd.com  & Yangon United Football Club
 

No comments:

Post a Comment