Tuesday, June 24, 2014

ကွင်းလည်ဒိုင် ဦးကိုကိုနိုင် နှင်. ပတ်သက်၍ ဧရာဝတီ စာတင်မည် နှင်. Ayeyawady United FC Vs Magwe FC



မနေ.က အောင်ဆန်းကွင်းမှာ ကျင်းပခဲ့တဲ့ ဧရာဝတီ နဲ. မကွေးတို.ရဲ. ပွဲမတိုင်ခင် ခန်.မှန်းချက်မှာတော. ချင်းအသင်းကို ရှုံးခဲ့တဲ့ မကွေး အသင်းဟာ အောက်အသင်းတွေရဲ. ဖိအားပေးခြင်းကို ခံရတာမို. နိုင်ပွဲအတွက်ရုန်းကန်ရပါမယ် ။ဧရာဝတီဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ် ပေမယ်. နောက်ဆုံးပွဲမှာ လက်ရှိ ချန်ပီယံ ရန်ကုန်ကို နိုင်ထားတာမို. မကွေးအနေနဲ. အတော်ရုန်းကန်ရပါမယ် ။မင်းမင်းသူ မပါနိုင်တဲ့ ကွင်းလယ်ကို မကွေး အခွင်.အရေးယူနိုင်ရင်တော. အမှတ်ပြည်.ရသွားပါလိမ်.မယ်လို.မကွေးဘက်ကို နည်းနည်းအလေးသာပေးပြီး ခန်.မှန်းထားပါတယ် ။

ပွဲစခင် ညနေ ၃း၃၀ လောက်မှာတည်းကိုက မိုးတွေမှောင်နေတာကြောင်. မီးမောင်းတွေ စဖွင်.ထားခဲ့ရတယ်လို.ဆိုပါတယ် ။ ဒါ.အပြင် ကွင်းအခြေအနေကလည်း ဇွဲကပင် နဲ. GFA ပွဲကစားထားတဲ့ဒါဏ်ကြောင်. အနည်းငယ် ထိခိုက်မှုတွေ ရှိနေခဲ့ပါတယ် ။
ဒီနေ.ပွဲမှာတော. ချမ်းငြိမ်းကျော် ( ဂိုး ) ၊ နိုင်လင်းဦး  ( အသင်းခေါင်းဆောင် ) ၊ ဟိန်းသီဟဇော် ၊ စံမျိုးဦး ၊ နေလင်းထွန်း ၊ နန္ဒ လင်းကျော်ချစ် ၊ Kim Sung Min ၊Lassina Kone ၊ Clarke Clifford ၊ Ramkovic Sasa ၊ မိုးဝင်းတို. ၀င်ရောက်ကစားခဲ့ပါတယ် ။



ပင်နတီနဲ.အကျိုးပေးတဲ့ ဧရာဝတီဟာ ပွဲစလို.၇ မိနစ်မှာပဲ ကွင်းလယ်ဒိုင် ဦးကိုကိုနိုင် ခွင်.ပြုလိုက်တဲ့ ပင်နတီ နဲ. မကွေးကို ဦးဆောင်ခွင်.ပေးလိုက်ရပါတယ် ။ ၃၆မိနစ်မှာ ကိုယ်.နောက်တန်းကစားသမားတွေကြားထဲကနေ မကွေးကစားသမား Sylla ရဲ. ခေါင်းတိုက်သွင်းဂိုးကို ထပ်မံခွင်.ပြုပေးလိုက်ရတာကြောင်. ၂-၀ ဖြစ်သွားခဲ့ရပါတယ် ။ ၄၁မိနစ်မှာ ပြစ်ဒါဏ်ဘောကနေ ဂိုးရှေ.တက်လာတဲ့ဘောကို နောက်ပေါက်နဲ. သွင်းခဲ့ပေမယ်. ဂိုးသမား မိသွားတာကြောင်.အလှပဆုံးဖြစ်လာမယ်.ဧရာဝတီရဲ.ချေပဂိုးတစ်လုံး ဆုံးရှုံးခဲ.ရပါတယ် ။ ဆက်တိုက်ဆိုသလိုပဲ ၄၃ မိနစ်မှာ နန္ဒ မကွေးဂိုးညာဘက်ကနေ ဖန်တီးပြီး ဂိုးရှေ.တင်ပေးလိုက်တဲ့ တစ်လုံးဟာလည်း မတိကျတဲ့ အဆုံးသတ်ကြောင်. အဟောသိကံ ဖြစ်သွားရပါတယ် ။

ဒုတိယပိုင်းစပြီး သ်ပမကြာခင် အပိုင်ကန်သွင်းခွင်.ရတဲ့ တစ်လုံးဂိုးသမားတည်.တည်.ဖြစ်နေခဲ့တာကြောင်. စောစောစီးစီးချေပခွင်. လက်လွှတ်လိုက်၇ပြန်ပါတယ် ။  ၄၉မိနစ်မှာပဲ နိုင်လင်းဦးရဲ. အပြင်းကန်သွင်းချက်ဟာ ဂိုးသမားရဲ. ညာဘက်ကနေဝေ.ထွက်သွားတာကြောင်. ချေပတစ်ဂိုးနစ်နာခဲ့ရပြန်ပါတယ် ။ ၅၉ မိနစ်မှာ နေလင်းထွန်းအစား ကျောနံပါတ် ၁၇ သီဟဇော် နဲ.လူစားလဲခဲ့ပါတယ် ။ မိနစ်၆၀မှာ ကျောနံပါတ် ၁၀ နန္ဒလင်းကျော်ချစ် အစား ကျောနံပါတ် ၂ အေးကိုကိုမောင် လူစားလဲ ၀င်ရောက်ခဲ့ပါတယ် ။ နန္ဒ ကိုလဲတဲ့အချိန်မှာ ပရိသတ် ဘက်က သိပ်မနှစ်လို တဲ့ အသံအချို.ထွက်ခဲ့ပေမယ်. ၆၁မိနစ်မှာပဲ ကိုရီးယား ကစားသမား ကင်ဆောင်မင် ရဲ.သွင်းဂိုးနဲ. ဧရာဝတီတို. အင်အားတွေ ပြန်ပြည်.လာခဲ့ရပါတယ် ။ နောက်ထပ် ၆ မိနစ် အကြာမှာတော. ဧရာဝတီ ရဲ.တိုက်စစ်မှုး Rankovic Sasa ရဲ. ဒုတိယမြောက်ချေပဂိုး ထပ်မံသွင်းယူလိုက်နိုင်တာကြောင်. ဘာပဲပြောပြော နည်းပြအဖွဲ.ရဲ. လူစားလဲခြင်း အနုပညာကို ခံစားမိလာပါတယ် ။  ဒီလိုနဲ.ပဲ နောက်ထပ် ၁၂မိနစ်အကြာ ၇၉မိနစ်မှာတော. ဆာဆာကပဲ ဧရာဝတီအတွက် ၃မှတ်တန်တဲ့ ၃ဂိုးမြောက်ဂိုးကို သွင်းယူပေးလိုက်နိုင်ခဲ.ပြန်ပါတယ် ။ သာမာန် ပွဲချိန်အပြီး နာကျင် အချိန်ပို ၄မိနစ်မှာလည်း မကွေးသားတို. ပွဲရလာဒ်ကို ပြောင်းမပစ်နိုင်ခဲ့တာကြောင်. ဖန်ခါးသီးတို.ရေလှိုင်းများအောက်နစ်မြုပ် သွားခဲ့ရပြန်ပါတယ်




ဒါဟာဧရာဝတီရဲ. ၂ပွဲဆက်အနိုင်ပါပဲ ။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော. ဧရာဝတီနည်းပြချုပ်က ဒိနေ.ပွဲအနိုင်အတွက်ကစားသမားတွေကိုချီးကျုးလိုက်ပြီး ပထမပိုင်းတည်းကသာ ဒုတိယပိုင်းကစားပုံအတိုင်းကစားခဲ့ရင် အဲ့ဒီ ၂ဂိုးတောင်ပေးလိုက်ရမှာ မဟုတ်ဘူးလို.ဆိုပါတယ် ။ဒီ Press မှာ တစ်ခုထူးခြားတာကတော. ဘယ် Media သမားမှ မေးခွန်းတွေ သိပ်မမေးမြန်းခဲ့တာပါပဲ ။.

ဒါပေမယ်. ဧရာဝတီ ယူနိုက်တက် အနေနဲ. တော. မကွေး FC နှင့် ပွဲတွင် ကိုယ်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးကိုကိုနိုင်နှင့်ပတ်သက်၍ အဖွဲ့ချုပ်သို့ စာတင်မည် ဆိုပြီးကြေညာ လာခဲ့ပါတယ် ။ ဒါနဲ.ပတ်သက်လို.Page မှာ ဒီလိုဖော်ပြထားပါတယ် ။


ဧရာဝတီယူနိုက်တက် FC သည် ပြီးခဲ့သည့် ၂၂.၆.၂၀၁၄ (တနင်္ဂနွေနေ့) က အောင်ဆန်းကွင်းတွင် ကစားခဲ့သော မကွေး FC နှင့် ပွဲအား ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးကိုကိုနိုင် နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အား စာတင်၍ တောင်းဆိုမှုပြုလုပ်မည်ဖြစ်သည်။

စာတင် တောင်းဆိုမှု ပြုလုပ်မည့် အကြောင်းအရင်းမှာ မကွေး FC နှင့် ကစားခဲ့သော ပွဲတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် များအား ကန့်ကွက်သည့် စာမျိုးမဟုတ်ဘဲ နောင် ဧရာဝတီယူနိုက်တက် FC ၏ ပွဲများတွင် ၄င်း ကွင်းလယ်ဒိုင်အား တာဝန်ချထားမှု မပြုပါရန် မေတ္တာရပ်ခံ တောင်းဆိုမည့် စာမျိုးဖြစ်သည်။

“ဦးကိုကိုနိုင်က အရင် တိုင်းနှင့် ပြည်နယ် ပွဲတွေ ကစားခဲ့စဉ်တုန်းက ဧရာဝတီတိုင်း အသင်းရဲ့ ပြိုင်ပွဲ တစ်ခုမှာ ဧရာဝတီအသင်းဘက်ကို အငြင်းပွားဖွယ် ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့လို့ အသင်းကစားသမားတွေနဲ့ အကြီးအကျယ် ပြဿနာတက်ခဲ့ဖူးပြီး သူလည်း ဒဏ်ရာရ၊ ဧရာဝတီတိုင်းအသင်းရဲ့ ကစားသမား တော်တော်များများလည်း ရာသက်ပန် ပစ်ဒဏ်ပေးခံခဲ့ရတဲ့ ကစားသမားတွေ ရှိသလို တခြား ပြစ်ဒဏ်တွေ ပေးခံခဲ့ရတဲ့ ပြဿနာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

တစ်ခါ မြန်မာနေရှင်နယ်လိဂ်ပွဲတွေ စပြီး Delta United တုန်းက ပွဲတစ်ပွဲမှာ တစ်ဘက်အသင်းကို အငြင်းပွားဖွယ် ပင်နယ်တီ ကန်ခွင့်ပေးခဲ့လို့ အဲ့ဒီ့ပွဲမှာ Delta United ၁ - ၀ နဲ့ ရှုံးခဲ့ဖူးပါတယ်။ အခု မကွေးနဲ့ ကန်တဲ့ပွဲမှာလည်း တစ်ဘက်အသင်းကို ပယ်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်မှုလို့ပဲ ဆိုဆို သူကိုယ်တွယ်တဲ့ ပွဲတိုင်း ကျနော်တို့အသင်းက ပင်နယ်တီဂိုး ၁ ဂိုး ခွင့်ပြု ခဲ့ရတာပါပဲ။ ဒီ မကွေးနဲ့ပွဲမှာ သူ့ ဆုံးဖြတ်ချက်တွေ မှားတယ်၊ မှန်တယ်လို့ မဝေဖန်ချင်ပေမယ့် နောက်ခံ သမိုင်းကြောင်းကို သိထားတဲ့ ကျနော်တို့ အနေနဲ့ရော ကစားသမားတွေ အနေနဲ့ပါ သူကိုင်တွယ်ရင် ကစားရတာ ခက်ခဲတယ်လို့ မြင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဖြစ်နိုင်မယ်ဆိုရင် ဧရာဝတီယူနိုက်တက် ပွဲတွေမှာ သူ့အစား အခြား ဒိုင်လူကြီး တစ်ဦးဦးကို တာဝန်ချထားပေးဖို့ မေတ္တာရပ်ခံပြီး တောင်းဆိုမှု ပြုလုပ်မှာပါ။” ဟု ဧရာဝတီယူနိုက်တက် FC ၏ နည်းပြချုပ် ဦးဆန်းဝင်းက ဖွင့်ဟ ပြောကြားခဲ့သည်။

Ref ; AUFC & Red Waves

No comments:

Post a Comment