Saturday, June 14, 2014

ဝါးခယ်မမြို.အတွက် လူနာတင်ယာဉ် လှုဒါန်းခြင်း


ဝါးခယ်မမြို.နယ်တွင်အသုံး ပြု နိုင်ရန်အတွက် မဖြစ်မနေ လိုအပ်နေသော လူနာတင်ယာဉ် တစ်စီး လှုဒါန်းခြင်းအခမ်းအနားကို ၂၀၁၄ ဇွန်လ ၈ ရက်နေ.မနက် ၁၀နာရီခွဲက အလှုရှင်၏နေအိမ်တွင် ကျင်းပခဲ့ပါသည် ။ ထိုအခမ်းအနားသို. ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ အမှုဆောင်အဖွဲ.၀င်များ ၊ ၀ါးခယ်မမြို.တွင် တာဝန်ခံဆောင်ရွက်ပေးမည်. လူငယ်အဖွဲ.၀င်များ တက်ရောက်ခဲ့ကြပါသည် ။

အခမ်းအနားမှုးအဖြစ် ၀ါးခယ်မမြို.နယ်အသင်း ( ၇န်ကုန် ) ၏အတွင်းရေးမှုးဖြစ်သူ ဦးမြင်.သန်းကဆောင်ရွက်ပါသည် ။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင်.လှစ်ပြီး အလှုရှင်ဖြစ်သူ ၀ါးခယ်မမြို.နယ်အသင်း ဂုဏ်ထူးဆောင်နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း) - ဒေါက်တာဒေါ်စမ်းနွယ် မိသားစု မှ ဗိုလ်မှုးကြီးအံ.ကျော်က မိမိတို.လှုဒါန်းရသည်.ရည်ရွယ်ချက် ၊ ဆေးရုံသစ်ကြီးတည်ဆောက်ပြီးစဉ်ကပင် စိတ်ကူးရှိသော်လည်း ယခုမှလှုဒါန်းဖြစ်ရသည်.အကြောင်းရင်း တို.ကို ရှင်းလင်းပြောကြားပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ်အသင်း ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က လူနာတင်ယာဉ်အဖြစ် စတင်ဝယ်ယူသည်မှ လိုအပ်သည်များတပ်ဆင်ဖြည်.စွက်ခဲ့ရမှုများ ၊ ပစ္စည်း တစ်ခုချင်းစီအတွက် အသက်သာဆုံးဖြစ်အောင်ရှာဖွေတပ်ဆင်ခဲ့ရမှုများ အကြောင်းကို အသေးစိပ်ရှင်းလင်းတင်ပြခဲ့သည် ။ ထို.နောက် ၀ါးခယ်မမြို.တွင် ဤ လူနာတင်ယာဉ်နှင်.ပတ်သက်၍ တာဝန်ခံ စီမံဆောင်ရွက်မည်. အဖွဲ.၀င် တစ်ဦးဖြစ်သော ဒေါက်တာသက်ရှည်မှ ယာဉ် နှင်. လုပ်ငန်း ရေရှည် တည်တံ.၇န်အတွက် ယာဉ်မောင်းဆိုင်ရာ စဉ်းမျဉ်း ၊ ယာဉ်လမ်းကြောင်းဆိုင်ရာ သတ်မှတ်ချက် ၊ ပြုပြင်ထိမ်းသိမ်းမှုဆိုင်ရာ စီမံချက် ၊ လူနာရှင်တို.ဘက်မှ လိုက်နာဖွယ်ရာများ ၊ ကော်မတီ ဖွဲ.စည်းဆောင်ရွက်ရန် စသည်တို.ကို တင်ပြပါသည် ။ 


အလှုရှင်မှ ရှင်းလင်းပြောကြားမှု
ထို.နောက်ဝါးခယ်မမြို.နယ်အသင်း (ရန်ကုန် ) ဥက္ကဋ္ဌ ဂုဏ်ထူးဆောင်နာယက တစ်ဦးဖြစ်သူ ဆရာဦးအောင်သန်းမှ ပီတိစကားများမြွက်ကြားပြီး ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု သု့းကြိမ်ရွတ်ဆိုကာ အခမ်းအနားအဆုံးသတ်ခဲ့ပါသည် ။ ထို.နောက် မော်တော်ယာဉ်နှင်.ဆိုင်သော စာရွက်စာတမ်းများနှင်. မော်တော်ယာဉ်ကို ဗိုလ်မှုးကြီးအံ.ကျော် ( ငြိမ်း ) က ၀ါးခယ်မမှ လာရောက်လက်ခံရယူသော အဖွဲ.ထံ တရားဝင်လွှဲပြောင်း လှုဒါန်းခဲ့ရာ ဒေါက်တာသက်ရှည် ၊ ကိုထွန်းရီ နှင်. အကျိုးဆောင်အဖွဲ.၀င်များက လက်ခံရယူပါသည် ။
အခမ်းအနားအပြီးတွင် အလှုရှင်မှတက်ရောက်လာသူအားလုံးကို နေ.လည်စာဖြင်. တည်ခင်းဧည်.ခံခဲ့ပါသည် ။

ထိုမော်တော်ယာဉ် မှာ မူရင်းကားတန်ဘိုး ၁၂,၃၅၀,၀၀၀ အပါအ၀င် ဆေးပစ္စည်းများ ၊ လူနာတင်ယာဉ်အဖြစ်မွမ်းမံထည်.သွင်းပြုပြင်ရသော ကုန်ကျစရိတ် အပါအ၀င် စုစုပေါင်းတန်ဘိုး ၁၄,၉၅၁,၆၀၀ ကျပ် ဖြစ်ပါသည် ။ မော်တော်ယာဉ်ကို ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ၏ စီမံခန်.ခွဲမှု အောက်တွင်သာ ထားရှိမည်ဖြစ်ပြီး ကားကို ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ ၀ါးခယ်မရုံးခွဲတွင် ထားရှိမည်ဖြစ်သည် ။ လူနာတင်ယာဉ် နှင်. လူနာစောင်.ရှောက်ပို.ဆောင်မှုများကို ဒေါက်တာသက်ရှည်ဦးဆောင်သော လူငယ်အဖွဲ.က တာဝန်ယူမည်ဖြစ်ပြီး လတ်တလော သက်တမ်းတစ်နှစ်သတ်မှတ်ထားကာ စိတ်ပါဝင်စားသူမည်သူမဆို ကူညီပူးပေါင်းရန် ဖိတ်ခေါ်ထားသည် ။ ယခုရက်ပိုင်းအတွင်း ကော်မတီတစ်ရပ်ကို စနစ်တကျဖွဲ.စည်မည်ဟုလည်း သိရပါသည် ။



ဝါးခယ်မမြို.နယ်အတွင်းကားလမ်းပေါက်သော ကျေးရွာများမှ ၀ါးခယ်မဆေးရုံသို. ၊ ၀ါးခယ်မဆေးရုံနှင်. မြို.နယ်အတွင်းကားလမ်းပေါက်သော ကျေးရွာများမှ မြောင်းမြ ၊ ပုသိမ် ၊ ရန်ကုန်မြို.တို.သို. အရေးပေါ်လူနာပို.ဆောင်ရေးအတွက် ယာဉ်ကိုအသုံးပြုမည်ဖြစ်ပြီး ချို.တဲ့နွမ်းပါးသူများကို အခမဲ့ပို.ဆောင်ပေးမည်ဖြစ်ကာ လှုဒါန်းလိုသူများအနေဖြင်.မူ ရုံးတွင် တရားဝင်လာရောက်လှုဒါန်းခြင်းကိုသာခွင်.ပြုထားပါသည် ။ ခရီးစဉ်တိုင်းတွင်အကျိုးဆောင်အဖွဲ.မှ အနည်းဆုံး ၁/၂ ဦးလိုက်ပါမည်ဖြစ်ပြီး လူနာများလိုအပ်ရာခရီးစဉ်ကိုဘေးကင်းလုံခြုံစွာ ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်မည်ဖြစ်သည် ။



လတ်တလော လူနာတင်လုပ်ငန်းကို အဆင်ပြေချောမွေ.စွာဆောင်ရွက်နိုင်ရေး ရန်ပုံငွေတစ်ရပ်ကို စတင်ထူထောင်ရာတွင် ဦးစိန်ရွှေ ( ကွယ်လွန် ) - ဒေါ်ခင်သန်း နှင်.သားများက အလှုငွေ ၅သိန်းကျပ် ၊ ကိုမျိုးအောင် ( ဘဲချောင်း ) - ကိုကျော်စွာဝင်း ညီအကိုတို.က ၅သိန်းကျပ် ၊ ကိုကျော်ဦး (ခ ) ကိုဆင်ပေါက် က ၅သိန်းကျပ် ၊ ဦးအောင်ကြီး မိသားစုက ၃သိန်းကျပ် ၊ ကိုစန်းလွင် မိသားစု က ၂သိန်းကျပ် ၊ ကိုဝင်းနိုင်- မ၀င်းဝင်းမော်က ၁သိန်းခွဲ တို.လတ်တလော လှုဒါန်းကြကြောင်းသိရသည် ။

ထို.နေ.ညနေ ၀ါးခယ်မအပြန်ခရီးတွင် ကွယ်လွန်သူ ဒေါ်သန်းရွှေ ၏သား/သမီးများက လူနာတင်ကုတင် ၊ လျှပ်စစ်ချွဲစုပ်စက် အပါအ၀င် ကျန်းမာရေးဆိုင်ရာ ပစ္စည်းအချို.ကိုလည်း လှုဒါန်းလိုက်သေးသည် ဟုသိရပါသည် ။



လူနာတင်ယာဉ်၏ ပထမဆုံးလူနာအဖြစ် သစ်ပင်ပေါ်မှပြုတ်ကျသဖြင် ၀ါးခယ်မဆေးရုံသို. .ရောက်လာသော အောက်သက္ကယ်ကျေး၇ွာမှလူနာအားမြောင်းမြဆေးရုံသို. ဇွန်လ ၁၀ ရက်နေ.က စတင်ပို.ဆောင်ပေးခဲ့ပါသည် ။ ဒုတိယ လူနာဖြစ်သော ဒေါ်ဋ္ဌေးဝင်းဟူသည်. ဘိုးဘေးအညာစုမှ ၀ါးခယ်မဆေး၇ုံသို.တင်ပို.လာသော လူနာကို ၇န်ကုန်ဆေးရုံကြီး ဦးနှောက်နှင်. အာရုံကြော ဌာနသို. ၁၂ ရက်နေ.က ပို.ဆောင်ပေးခဲ့ပါသည် ။ ထိုခရီးစဉ် ၂ခုလုံးကို အခမဲ.ပို.ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ၇န်ပုံငွေမှ အသုံးပြုနေသည်ဟု သိရပါသည် ။ မြောင်းမြ အသွားအပြန်အတွက် ဒိဇယ်ဆီ ၆ ဂါလံခန်.ကုန်ပြီး ၇န်ကုန်ခရီးစဉ်အတွက် ၁၀ ဂါလံခန်.ကုန်သည်ဟု သိရပါသည်

လူနာတင်ယာဉ် နှင်. ပတ်သက်၍ အသုံးပြုလိုလျှင်ဖြစ်စေ ၊ ဇီဝိတဒါန တစ်ပါးသူအသက်ကယ်တင်ရန် ငွေကြေးလှုဒါန်းလိုလျှင်ဖြစ်စေ ၀ါးခယ်မမြို.နယ်အသင်း (၇န်ကုန် ) ဖုန်း ၀၁ - ၂၂၆၅၉၀ ၊ ၀ါးခယ်မရုံးခွဲ ဖုန်း ၀၄၂ - ၆၀၁၅၉ ၊ ဒေါက်တာသက်ရှည် ဖုန်း ၀၉ - ၈၆၀၀၃၇၂ ၊ ကိုထွန်းရီ ဖုန်း ၀၉ - ၄၂၂၅၅၀၂၂၂ တို.သို.ဆက်သွယ်နိုင်ပါသည် ။



ပုံမှာ ၁ရက် ၆လ ၂၀၁၄ နေ.က ၀ါးခယ်မဖွား ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ အား လူနာတင်ကား သွားရောက်ပြသစဉ် သန္တိသုခ ကျောင်းတော်ကြီး၏ ရှေ.တွင် ရပ်နားပြသထားခြင်းဖြစ်ပါသည် ။

ပုံများဆက်စပ်ကြည်.ရှု၇န်
လူနာတင်ယာဉ်ဆိုင်ရာ မှတ်တမ်း ဓါတ်ပုံ အချို.

ဝါးခယ်မမြို.နယ် အတွက် လူနာတင်ယာဉ် လှုဒါန်းလွှဲပြောင်းခြင်းအခမ်းအနား ဓါတ်ပုံများ

No comments:

Post a Comment