Thursday, June 19, 2014

Mig လေ.ကျင်.စဉ် ပျက်ကျရခြင်းအကြောင်း နှင်. ဂုဏ်ပြုရခြင်း အကြောင်းရင်း


စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့ အချိန်မှာ ပျက်ကျခဲ့တဲ့ မကွေးလေတပ် စခန်းက MiG-29 UB လေ့ကျင့်ရေး တိုက်လေယာဉ်ကို မောင်းခဲ့တဲ့ လေသူရဲနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ် (လေ) က ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

လေယာဉ် မတော်တဆမှုကို အချိန်မီထိန်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် လေသူရဲတွေဟာ လေယာဉ်ပေါ်ကနေ ခုန်ထွက်ခဲ့ကြပါတယ်။ အဲလို အရေးပေါ် အခြေအနေမှာ အချိန်တိုအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့ အတွက် ဂုဏ်ပြု မှတ်တမ်းတင်ရတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)ရဲ့ အကြောင်းကြားစာမှာဖော်ပြထားပါတယ်။


ဘာကြောင့်ဂုဏ်ပြု မှတ်တမ်းတင်ရတာလဲ ဆိုတာကို နားလည်သလောက် ရှင်းလင်း တင်ပြချင်ပါတယ်။

ဖစ်စဉ် တိတိကျကျ ကတော့ ပုံတွင်ဖော်ပြ ထားသည့် အထဲမှ A-4 right Side Vertical Fin ပြုတ်ထွက်တာပါ ကမ္ဘာမှာ လေးကြိမ်ဖြစ်ဖူးတယ် ။
>>>ရုရှားမှာ နှစ်ကြိမ်
>>>{{{ြ့ပင်သစ်နဲ့ အယ်လ်ဂျီးရီးယားမှာ တစ်ကြိမ်ပါ }}}
------------------------
ပြင်သစ်နဲ့ အယ်လ်ဂျီးရီးယား ကတော့ ဖြစ်စဉ် အသေးစိတ် ရှာမတွေ့ပါ

ရုရှား နှစ်ကြိမ်မှာ တစ်ကြိမ်က Pilot အားလုံး အသက်ပေးလိုက်ရတယ်

ဒုတိယအကြိမ်မှာ Eject ကို ရှေ့က သင်တန်းသား နေရာက Pilot က လုပ်တဲ့အတွက် လက်တစ်ဖက်နဲ့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်

အခုပြောတဲ့ဖြစ်စဉ်တွေ အားလုံးမှာ Eject သာ ထွက်သွားတယ် လေယာဉ်က အမြင့်ပေ ၄၀၀၀ အထက်မှာချည်းဘဲအခု ဖြစ်စဉ်မှာ နည်းပြလေသူရဲ ဒုမှူးးကြီးလှိုင်မြင့်အနေနဲ့ လေယာဉ် Vertical Fin ပြုတ်ထွက်ရာက ဟိုက်ဒရောလစ် ပိုက်တွေ ပြတ်ထွက်လို့ ထိန်းသိမ်းမောင်းနှင်ရ အင်မတန်ခက်ခဲနေတဲ့ အချိန်မှာတောင် လေယာဉ်ကို နဲ့ ဒေသခံ ရွာပေါ် မကျအောင် ထိန်းသိမ်းမောင်းနှင်ရင်း လေယာဉ်ရဲ့ System အားလုံးကို စနစ်တကျ ပိတ်သိမ်းနိုင်ခဲ့ပါတယ်
လေယာဉ်အောက်ကျတဲ့ချိန် မီးမလောင်စေရေးရည်ရွယ်ရင်းဖြစ်ဟန်တူပါတယ်
လေယာဉ်ရဲ့ မှတ်တမ်းတင်သေတ္တာနက် (Black Box)ကို စစ်ဆေးတဲ့အချိန်မှာလည်း အဲဒီတိုင်းဖြစ်နေမှာပါ

အဲဒီတော့ ဖြစ်စဉ်မှာ
>>မျှော်စင်က ခုံထွက်ခိုင်းသော်လည်း လေယာဉ်ကို ရွာပေါ်မကျအောင် ထိန်းသိမ်းနိုင်ခြင်း
>>ရွာပေါ်ထိုးကျတဲ့ လေယာဉ်ကို ရွာအလွန်ချောင်းထိ မောင်းသွားခြင်း (တကယ် ရောက်တာချောင်းစပ်မှာပါ)
>>လေယာဉ်ရဲ့ စနစ်အားလုံး စနစ်တကျပိတ်နိုင်ခြင်း
>>လေသူရဲတစ်ဦးအနေနဲ့ အချိန်တိုလေးအတွင်းမှာ မဖြစ်ဖြစ်အောင် မရရအောင် လေယာဉ်ကို (ခဲရာခဲဆစ် ဟု သုံးနိုင်မည်ထင်သည်)မှန်ကန် မြန်ဆန်စွာ စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း အပြင် လေသူရဲများ အသက်ရှင်လျက် အကောင်းပကတိ ကျန်ရှိနေခြင်း 


ဒါတွေဟာ အားသားချက်တွေဖြစ်သွားသလို ၊ ရွာသားတွေ အသက်အန္တရာယ်မကျရောက်စေရေးအတွက်
အချိန်တိုလေးအတွင်းမှာ မဖြစ်ဖြစ်အောင် မရရအောင် လေယာဉ်ကို မစွန့်ခွါခင်အထိရွပ်ရွပ်ချွံချွံ ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

လေးစားစွာ ဂုဏ်ယူပါတယ် သူငယ်ချင်း
ကျော်လင်းငြိမ်း

From ; OE Website

ဆက်စပ်ဖတ်ရှုရန် ......  MIG-29 တိုက်လေယာဉ် ပျက်ကျခြင်း ဖြစ်စဉ် နှင်. သုံးသပ်ချက်

No comments:

Post a Comment