Friday, June 12, 2015

လိင်တံကို ၂ ကြိမ် အဖြတ် ခံရသူကို အပြာကား ရိုက်ကူးရန် ကမ်းလှမ်း

မစ္စတာဖန်နှင့် မယားငယ် ဂျန်ဟွန်း တို့အား ဆေးရုံ ကုတင်ထက် အတူတကွ တွေ့ရပုံ

အိမ်ထောင်ရေး ဖောက်ပြန်သဖြင့် လိင်တံကို ဖြတ်တောက် ခံခဲ့ရသူကို အပြာကား ထုတ်လုပ်ရေးကုမ္ဗဏီတခုက မင်းသားတင် ရိုက်လိုကြောင်း ကမ်းလှမ်းလိုက်သည်။

အသက် ၃၂နှစ်အရွယ် ကလေး ၅ယောက်ဖခင် ဖန်လွန်းသည် အသက် ၃၀အရွယ် ဇနီးသည် ဖိန်လွန်း၏ လက်ကိုင်ဖုန်းမှတဆင့် တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နယ်ပြည်နယ်၊ ရှန်ကျုးအရပ်မှ ၎င်း၏ချစ်သူထံ ပေးပို့သည့် ရွှတ်နောက်နောက် အီးမေးလ်းကို မြင်တွေ့သွားရာ ဇနီးဖြစ်သူ ဒေါသပုန်ထ၍ ခင်ပွန်း၏ လိင်တံကို ကတ်ကြေးဖြင့် ဖြတ်တောက်ခဲ့ရာ ဆရာဝန်များက အောင်မြင်စွာပြန်လည် တပ်ဆင်ပေးနိုင်ခဲ့သည်။ ယင်းနောက် အီးမေလ်းအကောင့်မှ အောင်မြင်စွာ မထွက်ရသေးမီ မယားငယ်ထံမှ စာတိုများ ထပ်မံရောက်ရှိလာခဲ့သဖြင့် ဇနီးသည်က ဆေးရုံအဆောင်တွင်းသို့ဝင်ကာ အိပ်ပျော်နေသည့် မစ္စတာဖန်၏ လိင်တံကို ဒုတိယအကြိမ်မြောက် ဖြတ်တောက်ပြီး ပြူတင်းပေါက်မှ လွှင့်ပစ်ခဲ့သည်။

Bang You အမည်ရ အပြာကား ထုတ်လုပ်ရေး ကုမ္ဗဏီ က မစ္စတာဖန်ထံ ဆက်သွယ်၍ ၎င်းနှင့်မယားငယ်ဖြစ်သူ အသက် ၂၁နှစ်အရွယ် ဂျန်ဟွန်းတို့ အတူတကွ သရုပ်ဆောင်ပေးရန်အတွက်
ကမ်းလှမ်းထားသည်။

Bang You ထုတ်လုပ်ရေးက မစ္စတာဖန်၏ ဖြစ်ရပ်အတွက် များစွားဝမ်းနည်းမိပါကြောင်းနှင့် အဆိုပါဇာတ်ကား တခုလုံး၏ ရိုက်ကူး ထုတ်လုပ်ရေး စရိတ်ကို ကျခံပေးမည် ဖြစ်ကြောင်း၊ ရရှိမည့်အမြတ်အစွန်း ၁၀၀ ရာခိုင်နူန်းစလုံးကို မစ္စတာဖန်အား ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်ဟု The Mirror က သတင်းဖော်ပြသည်။

“ကျွန်တော်တို့ ရည်ရွယ်ချက်က ခင်များဘ၀အတွက် အင်မတန်ခက်ခဲသိမ်မွေ့တဲ့အချိန်မှာ ငွေရေးကြေးရေးအရ အကူအညီပေးသွားဖို့ဖြစ်ပါတယ်၊ ဒါ့အပြင် ခင်များရဲ့ လိင်ပိုင်းဆိုင်ရာ ယုံကြည်မှု ကို ပြန်လည်ထူထောင်ပေးလိုတာကြောင့်လည်း ဖြစ်ပါတယ်”ဟု မစ္စတာဖန်ထံသို့ ပေးပို့သည့် စာတွင် ရေးသားထားသည်။

ဆရာဝန်များနှင့် ရဲများက မစ္စတာ၏ ငယ်ပါကို ကြိုးစားရှာဖွေကြသော်လည်း မတွေ့ရှိခဲ့ချေ။ ခွေးလေခွေး လွင့်(သို့)ကြောင်လေကြောင်လွင့်တကောင်ကောင် ချီယူသွားဖြင်းဖြစ်နိုင်ကြောင်း ယူဆကြသည်။

လက်ရှိတွင် မစ္စတာဖန်၏ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိတော့သော်လည်း စိတ်ပိုင်းဆိုင်ရာ အကြီး အကျယ် ထိခိုက်ခံနေရသည်ဟု ဆိုသည်။ မယားငယ် ဂျန်ဟွန်းက မစ္စတာဖန်အားဆေးရုံသို့ လာရောက် အားပေးခဲ့ပြီး လက်ထပ်ယူရန် အစီအစဉ် ရှိကြောင်းလည်း ပြောသည်။

ကလေးမရနိုင်တော့လည်း ပြဿနာမရှိဘူး၊ သူ့မှာ ကလေး ၅ယောက်တောင် ရှိပြီးပြီလေ”ဟုဂျန်ဟွန်းက ပြောသည်။

ဇနီးသည် ဖိန်းသည် ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး ခန္ဓာကိုယ်ပြင်းထန်စွာနာကျင်စေမှုဖြင့် ထိန်းသိမ်းခံထားရသည်။

မူရင်းဖော်ပြသူု -   News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment