Saturday, June 20, 2015

ရွှေခယ်ရတနာ စာကြည်.တိုက် ဖွင်.ပွဲ



Photo by Dr Aye Aye Myint

၂၀၁၅ ဇွန်လ ၉ ရက်နေ.မွန်းလွဲ ( ၁ ) နာရီအချိန်က ၀ါးခယ်မမြို. အထက ( ၁ ) ကျောင်းဝင်းအတွင်းတွင် ရွှေခယ်ရတနာ စာကြည်.တိုက် ဖွင်.ပွဲ အခမ်းအနား ကိုပြု လုပ်ခဲ့ကြောင်း သိရှိရပါသည် ။

ထိုအခမ်းအနားသို. အလှုရှင်များ ၊ကျောင်းသားဟောင်းများနှင်. လက်ရှိတက်ရောက်ဆဲ ကျောင်းသားများ ၊ ကျောင်းအုပ်ဆရာမကြီး နှင်. တာဝန်ရှိသူများ ၊ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) အမှုဆောင်များ နှင်. ၀ါးခယ်မ သခင်သိန်းဖေ မိသားစုဝင်များနှင်. ဧည်.သည်တော်များ တက်ရောက်ခဲ့ကြပါသည် ။

သတ်မှတ်ထားသော နေ.လည် ၁နာရိ အချိန်တွင် စာကြည်.တိုက်အား ဖဲကြိုးဖြတ် ဖွင်.လှစ်ရာ အထက ၁ ကျောင်းအုပ်ဆရာမကြီး နှင်. အလှူရှင်များဖြစ်ကြသောဦးအံ့ကျော်၊ကျောင်းသူကျောင်းသားဟောင်းများကိုယ်စား ကိုသောင်းညွန့် တို့မှ ဖဲကြိုးဖြတ်ဖွင်.လှစ်ပေးခဲ့ကြပါသည် ။ထို.နောက် ကဗ္မည်းမော်ကွန်းအား နံ.သာရည်များ ပက်ဖျန်း ကြပါသည် ။


 ထို.နောက် ဖွင်.ပွဲအခမ်းအနားကို အထက ၁ ရတနာ ခန်းမတွင် ဆက်လက်ပြု လုပ်ခဲ့ပါသည် ။အခမ်းအနားတွင် ကျောင်းစာကြည်.တိုက် မတည်သိန်း တစ်ရာ အလှုရှင် ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဂုဏ်ထူးဆောင် နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း )၏ လှုဒါန်းရခြင်း ပီတိစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးမှ အလှုရှင်များကို ဂုဏ်ပြု မှတ်တမ်း များ ပြန်လည်ပေးအပ်ပါသည် ။ ထို.နောက် စာအုပ်အလှု ရှင်များက စာကြည်.တိုက်အတွက် သုတ/ရသ /ပညာရေးဆိုင်ရာ စာအုပ်များ လှုဒါန်းကြရာ ကျောင်းစာကြည်.တိုက် တာဝန်ခံမှ လက်ခံရယူခဲ့ပါသည် ။ထို.နောက်ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည် ။

မူလက အထက ၁ ကျောင်းစာကြည်.တိုက်သည် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ နှင်. အကျယ်အ၀န်း ၊ စာအုပ်အမျိုးအစား ၊ အရေအတွက် ၊ ရှားပါးစာအုပ် ၊ စီမံခန်.ခွဲမှု ၊ စာဖတ်ရှုသူ နှင်. ငှားရမ်းသူကျောင်းသား အရေအတွက် အစစအရာရာ ယှဉ်နိုင်လောက်သော စာကြည်.တိုက်တစ်ခုဖြစ်ခဲ့သည် ။ဝါးခယ်မသား နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု ၊ နိုင်ငံကျော် စာရေးဆရာမ ၀ါးခယ်မသူ ဒေါ်ခင်နှင်းယု တို.၏ စည်းရုံးပံ.ပိုးမှုတို.သည်လည်း အဓိကနေရာမှ ပါဝင်ခဲ့သည် ။ သို.သော် ခရစ်နှစ် ၂၀၀၀ ကျော်ခန်.မှစ၍ စာကြည်.တိုက်အဆောက်အဦးပိုင်း ကြံ.ခိုင်မှု စိတ်မချရသည်.အခြေအနေရောက်လာပြီး နောက်ဆုံးစာကြည်.တိုက်ကို လုံးလုံးပိတ်ထားကာ စာအုပ်အချို.သာ ထုတ်ယူ၍ကျောင်းစာသင်ခန်းတစ်ခုကို ယာယီစာကြည်.တိုက် အဖြစ်အသုံးပြုရသော အခြေအနေသို.ရောက်ရှိခဲ့သည် ။


 သို.နှင်. ၂၀၁၄ ခုနှစ်တွင် အထက ၁ ထူးခြားစွာကျင်းပလေ.ရှိသော ရုပ်စုံ ပဒေသာပင်ကထိန် ရွှေရတု အခမ်းအနား နှင်. နှစ်အကန်.အသတ်မရှိ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပချိန်တွင် စာကြည်.တိုက်အဆောက်အဦးသစ် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး မတည်ငွေ သိန်း တစ်ရာကို အထက ၁ ကျောင်းသားဟောင်း တစ်ဦးဖြစ်သလို အထက ၁ ၏ နာမည်ကျော် ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ၏ မောင်တော်စပ်သူ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဂုဏ်ထူးဆောင် နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) က လှုဒါန်းပေးခဲ့ပြီး ကျန်လိုအပ်ငွေများကို ပူဇော်ပွဲ နှင်. ကထိန် ပိုလျှံ ရန်ပုံငွေမှ ကျခံသုံးစွဲရန် စီမံခဲ့ကြခြင်းဖြစ်ပါသည်

ထို.အတွက် စာကြည်.တိုက်အဆောက်အဦးသစ် တည်ထောင်ရေးကော်မတီကို အောက်ပါအတိုင်း ဖွဲ.စည်းခဲ့ကြခြင်းဖြစ်ပါသည် ။
နာယကများ
၁ ။ ဦးအံ.ကျော်
၂ ။ ဦးလှခင်
ကော်မတီဝင်များ
၁ ။ ဒေါ်သင်းသင်းလဲ့ - ကျောင်းအုပ်ကြီး - ဥက္ကဋ္ဌ
၂ ။ ဦးသောင်းညွန်. - ဒု/ ဥက္ကဋ္ဌ
၃ ။ ဒေါက်တာအေးအေးမြင်.
၎ ။ ဦးအောင်ကြီး
၅ ။ ဦးဇော်မင်းလွင်
၆ ။ ဦးကြည်ဇင်
၇ ။ ဦးထွန်းရီ
၈ ။ ဦးတင်မောင်ထွေး
၉ ။ ဦးသန်.ဇင်
၁၀ ။ဒေါ်မြင်.မြင်.ကြည် ( ပြန် /ဆက် )
၁၁။ဒေါ်တင်တင်ဝင်း
၁၂။ဒေါ်တင်တင်ဖြူ
၁၃။ဒေါ်အေးအေးမြင်. ( အ-ထ-ပြ )
၁၄။ဒေါ်ခင်မြင်.ရီ ( အ-ထ-ပြ )
၁၅။ဒေါ်သက်သက်ဦး ( အ-လ-ပြ )
၁၆။ဒေါ်မိမိမြတ် ( အ-လ-ပြ အိမ်တွင်းမှု )
၁၇။ဦးပြည်.ဖြိုးပိုင် 
၁၈။ဒေါက်တာအောင်နိုင် - ဘဏ္ဍာရေးမှုး
၁၉။ဦးအေးဆွေ (အ-ထ-ပြ ) - စာရင်းစစ်
၂၀။ဒေါက်တာကိုကိုလင်း - တွဲဘက် စာရင်းစစ်
၂၁။ဦးစိုးသွင် - တွဲ - အတွင်းရေးမှုး ၁
၂၂။ဦးမြင်.လွင် - တွဲ - အတွင်းရေးမှုး ၂
၂၃။ဒေါက်တာသက်ရှည် - အတွင်းရေးမှုး
( ယခုကော်မတီဝင်များအနက် ဒေါက်တာသက်ရှည်အနေဖြင်. အဓိကတာဝန်ယူဆောင်ရွက်ပေးနေကြောင်း ကျောင်းသားဟောင်းများ ထံမှသိရှိရသည်.အတွက်လည်း ဂုဏ်ပြုဖော်ပြအပ်ပါသည် )

ယခုကျောင်းစာကြည်.တိုက် အသစ်ကို ရွှေခယ်ရတနာ စာကြည်.တိုက်ဟု မှည်.ခေါ်ထားပြီး ရုပ်စုံ ပဒေသာပင်ကထိန် ရွှေရတု အခမ်းအနား နှင်. နှစ်အကန်.အသတ်မရှိ မြတ်ဆရာ ပူဇော်ပွဲ အထိမ်းအမှတ် Magazine အမည်ကို မှည်.ခေါ် ခဲ့ခြင်းဖြစ်ပါသည် ။ ထိုအမည်ကို Magazine ထုတ်ဝေစဉ်ကပင် အမည်သတ်မှတ်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် အများသဘောကျသော အမည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထိုအမည် မှည်.ခေါ်ပေးခဲ့သူမှာ အထက ၁ ကျောင်းသူဟောင်း ဒေါက်တာ သဇင်နှင်း ဖြစ်ပါသည် ။ သူမအနေဖြင်. ရွှေမှာ ရွှေရတုကထိန်ကို ကိုယ်စားပြု ခြင်းဖြစ်ပြီး
ခယ်မှာ - ဝါးခယ်မမြို့ကို ကိုယ်စားပြု၍
ရတနာမှာ - အနာဂတ်အတွက် အဖိုးတန်သားကောင်းရတနာ သမီးကောင်းရတနာများ မွေးထုတ်ပေးနေသော ဝါးခယ်မမြို့အတွက် တန်ဖိုးကြီးမားလှသည်. ကျောင်းတော်ကြီးကို ကိုယ်စားပြုခြင်းဖြစ်သည်
ဟု ဖော်ပြထားခဲ့ပါသည် ။

 အခမ်းအနား ဓါတ်ပုံများကြည်.ရှုလိုပါလျှင်

No comments:

Post a Comment