Friday, June 12, 2015

သခင်သိန်းဖေ ( ၀ါးခယ်မ ) မိသားစု ကောင်းမှု - ပရဟိတ ဘ/က ကျောင်း



အလှု ရှင် သခင်သိန်းဖေ ( ၀ါးခယ်မ ) မိသားစု၏ သခင်သိန်းဖေ ( ၉၉ ) နှစ်ပြည်.မွေးနေ. အထိမ်းအမှတ် မတည် လှုဒါန်းသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင်.လှစ်ခြင်း အခမ်းအနားကို ၂၀၁၅ ဇွန်လ ၉ ရက်နေ. မနက် ၉နာရီက ထိုကျောင်းတည်ရှိရာ ၀ါးခယ်မမြို. အရှေ.ပိုင်း မဟာဓမ္မိကာရုံ ( ပရဟိတ ) ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းပြုလုပ်ခဲ့ပါသည် ။

ထိုအခမ်းအနားသို. သခင်သိန်းဖေ ( ၉၉ ) နှစ်ပြည်.မွေးနေ. အထိမ်းအမှတ် အဖြစ် သိန်း ( ၅၀၀ ) တိတိ လှုဒါန်းသော သခင်သိန်းဖေမိသားစုဝင်များ ( သား ၃ ဦး သမီး ၁ ဦး အပါအ၀င်) ၊ ကျောင်းစတင်လည်ပတ်နိုင်ရေး အတွက်ပဒေသာပင် သိန်း ၁၀၀ နှင်.ကျွန်း စာသင်ခုံ / ထိုင်ခုံ အစုံ၂၀ လှုဒါန်းသော ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) ၊ ကူညီစီမံဆောင်ရွက်ပေးသော ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် )၏ အမှုဆောင်များ နှင်. ၀ါးခယ်အကျိုးဆောင်အဖွဲ. ၊ ကျောင်းစီမံခန်.ခွဲမှု ကော်မတီဝင်များ နှင်. ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါသည် ။

သတ်မှတ်မင်္ဂလာအချိန် ၉ရက်နေ. ၆ လပိုင်း ၉နာရီ တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နာယကဆရာတော်၊ ၀ါးခယ်မမြို့နယ်အသင်း(ရန်ကုန်) ဂုဏ်ထူးဆောင်နာယကဦးအံ့ကျော်၊ အလှူရှင်သခင်သိန်းဖေ၏သား ဦးကျော်စွာနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလှုရှင်များက စာအုပ် ၊ ခဲတံ ၊ ကွန်ပါဘူး စသည်တို.ကို ကလေးငယ်များထံ လက်ရောက်လှုဒါန်းကြပါသည် ။



ထို.နောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆောက်လုပ်လျုဒါန်းခြင်း နှင်.ဘ/က ကျောင်းအတွက်မတည်ပဒေသာပင် လှုဒါန်းခြင်း ၊ ဘုရားကြီး ၀င်းအတွင်း နိမိတ်ကြီး ၄ပါး ရုပ်တု အလှုမီနီယံ / မှန်ခန်း ဆောက်လုပ်ခြင်း ၊ ဘုရားကြီး ၀င်းအတွင်း ဦးစု - ဒေါ်ရိပ် တန်ဆောင်း ပြုပြင်လျုဒါန်းခြင်း ရေစက်ချ အလှု မင်္ဂလာ ကို ဆက်လက်ကျင်းပခဲ့ပါသည် ။ ထိုအခမ်းအနားသို.ပင်.သံဃာ ၁၀ ပါး ကြွရောက်တော်မူခဲ့ကြပြီးမြို.နယ် သံဃာ.မဟာနာယက ဥက္ကဋ္ဌ ဆရာတော်မှ ရေစက်ချတရားဟောကြားခဲ့ပါသည် ။အလှုရှင်များက လှုဒါန်းရခြင်း အကြောင်း နှင်. ၀မ်းသာပီတိစကားများ ပြောကြားခဲ့ကာ ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှ အလှုရှင်များအား ဂုဏ်ပြုဆုများ ချီးမြှင်.ခဲ့ပါသည် ။

ထို.နောက်ကြွရောက်လာသာ ပရိသတ်များကို နေ.လည်စာဖြင်. ဧည်.ခံခဲ့ကြပါသည် ။

ကျောင်းအဆောက်အဦးမှာ ( ၁၀၀ × ၃၀ × ၁၂ ပေ ) ရှိ တစ်ထပ် သံကူကွန်ကရစ်အဆောက်အဦးဖြစ်ပါသည် ။

ယခုအခါ ထိုကျောင်းလေးတွင် ( လတ်တလော ) ဆရာမ ၂ ဦး နှင်.သူငယ်တန်း ကျား ၁၄ မ ၆၊ ပထမတန်း ကျား ၄ မ - ၊ ဒုတိယတန်း ကျား ၇ မ ၁ ၊ တတိယတန်း ကျား ၇ မ ၁ ၊ စတုတ္ထတန်း ကျား ၇ မ ၁ ၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသား/သူ ၄၈ ဦးတက်ရောက်နေပြီး ကျောင်းဝတ်စုံများကို ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှထောက်ပံ.လှုဒါန်းထားကြောင်း သိရှိရပါသည် ။




ထိုကျောင်း၏ စီမခန်.ခွဲရေးဆိုင်ရာ ကိစ္စရပ်များအတွက် အောက်ပါ အကျိုးဆောင်အဖွဲ.မှ တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရပါသည် ။


နာယကအဖွဲ.
1. ဦးဥာဏိန္ဒ - မဟာဓမ္မိကာရုံကျောင်း
2. ဦးစန္ဒိမာ - မဟာဓမ္မိကာရုံကျောင်း
3. ဦးကြီးမြင်. - ဒုတိယ ညွှန်ကြားရေးမှုး - ငြိမ်း ၊ စည် / ပင်
4. ဦးကျော်လွင် - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
5. ဒေါက်တာသက်ရှည် - ဥက္ကဋ္ဌ - ၀ါးခယ်မ အကျိုးဆောင်အဖွဲ. ( ၀ါးခယ်မမြို.နယ် အသင်း - ရန်ကုန် )

အမှုဆောင်အဖွဲ.
1. ဒေါက်တာမောင်မောင်ကြိုင် - ဥက္ကဋ္ဌ
2. ဒေါက်တာကိုကိုလင်း - ဒု - ဥက္ကဋ္ဌ
3. ဦးမြင်.လွင် - ဒု - ဥက္ကဋ္ဌ
4. ဦးသန်.ဆွေအောင် - အတွင်းရေးမှုး
5. ဦးဇော်နိုင်သန်း - တွဲဘက် အတွင်းရေးမှုး
6. ဦးမောင်ဦး - အဖွဲ.၀င်
7. ဦးမျိုးမင်းဇော် - အဖွဲ.၀င်
8. ဦးပြေအေး - အဖွဲ.၀င်
9. ဦးပု - အဖွဲ.၀င်
10. ဦးတင်မြင်. - အဖွဲ.၀င်
11. ဦးထွန်းရီ - အဖွဲ.၀င်
12. ဦးကျော်မင်းထွန်း - အဖွဲ.၀င်
13. ဦးသန်.ဇင် - အဖွဲ.၀င်

14. ဦးရဲမျိုးအောင် - အဖွဲ.၀င်


ဆက်စပ်ကြည်.ရှုရန်





No comments:

Post a Comment