Friday, June 19, 2015

ရွှေရေးထင်ထင် ဆိုတာ ဘယ်သူလဲ ? ဘာတွေ လုပ်နေလဲ ?


Photo by မင်းမင်းထွန်း - ပေါ်ပြူလာ


 ( Online ပေါ်မှ နာမည်ကျော် စာရေးဆရာမ ရွှေရေးထင်ထင်နှင်. ပေါ်ပြူလာ ဂျာနယ် အင်တာဗျုးအချို.ကို ကူးယူဖော်ပြပါသည် )



ဖေ့စ်ဘုတ်ပေါ် မင်းသမီးဖြစ်လာတာ စိတ်ဖိစီးမှုပိုများလာပါတယ်

 ဖေ့စ်ဘုတ်ပေါ်မှာ နာမည် တဖြည်းဖြည်း အသံထွက်လာတာ ရွှေရေးအတွက် စိတ်ဖိစီးမှုကို ပိုဖြစ်စေတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေရေးက ဟိုးအရင်ကတည်း က ဖေ့စ်ဘုတ် စပြီးသုံးခဲ့တာပါ။ ဖေ့စ်ဘုတ် စသုံးကတည်းကလည်း ကဗျာတွေ၊ စာတွေကို ချပြချင်တဲ့ ရည်ရွယ် ချက်နဲ့ပဲ စပြီးသုံးခဲ့တာပါ။ ဓာတ်ပုံတင် တာကလည်း မိန်း ကလေး သဘာဝအရ ဓာတ်ပုံတွေ ရိုက်လိုက်တယ်၊ လှရင်တင် လိုက်တယ်၊ အဲဒီသဘောမျိုးပါပဲ။ ဒါကို လူတွေက စိတ်ဝင်စားပြီးတော့ ပိုမိုပျံ့နှံ့လာတာ မို့ ရွှေရေး အတွက်တော့ စိတ်ချမ်း သာစရာလို့ မမြင်ဘဲ စိတ်ဖိစီးမှု များလာတယ် လို့ပဲ မြင်မိပါတယ်။


မိန်းကလေးတိုင်းရဲ့အလှအပကို အကောင်းမြင်စိတ်နဲ့ပဲ ကြည့်စေချင် တယ်

အကောင်းမြင်တဲ့ပုံစံ နဲ့ ကြည့်မယ် ဆိုရင်တော့၊ မေတ္တာထားပြီး ကြည့်မယ် ဆိုရင်တော့ အကောင်းမြင်တဲ့ ပုံစံပဲ ပေါ်ပါလိမ့်မယ်။ များသော အားဖြင့် ရွှေရေး ဖေ့စ်ဘုတ် အကောင့် ထဲမှာလည်း ယောက်ျားလေးတွေ ပရိသတ်တွေက များ တယ်ဆိုတော့ သူတို့မြင်ကြတဲ့ သဘောတရားနဲ့ အမြင်တွေက ဘယ်လို မျိုးရှိလဲ ဆိုတာကို ရွှေရေး မသိ နားမလည်ဘူး။ အဲဒီ အထဲမှာ ကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်း ဝေဖန်ကြတာက ဖေ့စ်ဘုတ် ပေါ်မှာ ဓာတ်ပုံတင်တာ နာမည်ကြီးချင်လို့ တင်တာ လို့ ပြောကြတယ်။ ရွှေရေး ဓာတ်ပုံတင်တာ ဟိုးအရင် ကတည်းက တင်တာပါ။ အခုမှတင်တာ မဟုတ်ပါဘူး။ စာတွေ၊ ကဗျာတွေလည်း တင်ပါတယ်။ အခန်းဆက် ဝတ္ထုရှည်တွေ လည်းတင်ဖို့ ရွှေရေး ကြိုးစားနေပါတယ်။ ထူးထူးခြားခြား မေလထဲမှာ တင်လိုက်တဲ့ ဓာတ်ပုံ တစ်ပုံကို အာရုံစိုက်မိ သွားကြပြီး သူတို့ဘာသာ သူတို့ Share လိုက်ကြလို့ ရွှေရေးက အခုလိုနာမည် ထွက်လာတာပါ။ ရွှေရေးက အခုအချိန်ထိ မြန်မာစာပေလောကကို ညစ်ညမ်းအောင်လည်း တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဓာတ်ပုံတွေ ကလည်းဖော်ချွတ် ထားတဲ့ ဓာတ်ပုံတွေလည်း တင်ထားတာ တစ်ခုမှ မပါခဲ့ဘူး။ လုံလုံခြုံခြုံ ဝတ်ပြီးတော့ပဲ ဓာတ်ပုံရိုက် တင်ထားတာ ပါ။ ရွှေရေးက ထပ်ပြီး တင်မယ် ဆိုရင်လည်း လုံလုံခြုံခြုံ နဲ့ပုံတွေပဲတင်မှာပါ။ ရွှေရေးက ခေတ်လူငယ် တစ်ဦးဆိုတာကို ဝေဖန်ကြ သူတိုင်းက မေ့မထားကြဖို့ လိုပါတယ်။


စာဖတ်ဝါသနာ ကဗျာအစအချစ်၊ ဟာသ၊ စုံထောက် သုံးမျိုးပေါင်း ဝတ္ထု ရှည်ရေးချင်တယ်

 ရွှေရေး စာပေကို ဝါသနာပါတာ အဓိကက မေမေ့ကြောင့်ပါ။ မေမေ ဖတ်တဲ့စာပေတွေကို ကိုယ်ကိုယ်တိုင် က ဘေးနားကနေ လိုက်ပြီး ဖတ်ရင်းနဲ့ စာပေကိုဝါသနာ ပါလာ တယ်။ နည်းနည်း အသက်ကြီးလာတော့ ကဗျာလေးတွေ ဖတ်တတ် လာတယ်။  မဂ္ဂဇင်းပေါင်းစုံမှာ ပါလာတဲ့ ကဗျာလေးတွေကို ဖတ်တယ် ။ ကောင်းတဲ့ ကဗျာတွေတွေ့ ရင် ဖတ်ရှုပြီး စာအုပ်မှာရေးမှတ်ထားခဲ့တယ်။ ကိုယ်လည်း ကဗျာတွေ စမ်းရေး ကြည့်ရင်းနဲ့ တစ်ပုဒ်နှစ်ပုဒ် ရေးတတ်လာတယ်။ ကဗျာ အမျိုးအစားတွေ ကတော့ ရွှေရေးက ငယ်ရွယ်သေးတဲ့ အသက်ပိုင်း ကာလဆိုတော့ ခွဲမသိခဲ့ပါဘူး။ မေမေက အကြံပေးတော့ မဂ္ဂဇင်းတိုက်ကို စာမူလေးတွေရွှေရေး ပို့ဖြစ်တယ်။ ဒါပေမဲ့ ရွေးချယ် ခံရတာ တစ်ခုမှ မရှိခဲ့ပါဘူး။ အဲဒီအချိန်တွေ မှာ ရွှေရေးအနေနဲ့ စိတ်ဓာတ် ကျလိုက်၊ ပြန်ရေးလိုက် နဲ့ဖြစ်ခဲ့တယ်။ ရွှေအမြုတေ မဂ္ဂဇင်းမှာတော့ ဝတ္ထုတို တစ်ပုဒ်ဖော်ပြခံ ရဖူး တယ်။ ရွှေရေးက ဆရာမကြီး ကလျာ(ဝိဇ္ဇာသိပ္ပံ) ရဲ့ဇာတ်အိမ်တွေကို နှစ်သက်တယ်။ ဆရာကြီး မင်းသိင်္ခ၊ ဆရာကြီးရွှေဥဒေါင်း ရဲ့ဝတ္ထု ဇာတ်အိမ်တွေကို လည်း နှစ်သက်တယ်။ ဒါ့အပြင် အချစ် ဝတ္ထုတွေလည်း ဖတ်ဖြစ်တယ်။ အဲဒီတော့အချစ်၊ ဟာသ၊ စုံထောက် ဝတ္ထုလေးတွေကို ကြိုက်နှစ်သက်ပြီး ဝတ္ထုရှည်ရေး တဲ့အခါမျိုး ကျရင် အချစ်၊ ဟာသ၊ စုံထောက်သုံးမျိုးပေါင်းတဲ့ ဝတ္ထုမျိုးရေးချင် စိတ်ဖြစ်မိပါတယ်။
စာပေအနုပညာနဲ့ အောင်မြင်ကျော် ကြားသူပဲ ဖြစ်ချင်တယ်
အောင်မြင်ကျော်ကြားတဲ့ဘဝမျိုးကို ရွှေရေးနှစ်သက်ပါတယ်။ ဒါပေမဲ့ ရွှေရေးဖြစ်ချင်တာက စာရေးဆရာမတစ်ယောက်ဘဝအဖြစ်နဲ့ အောင်မြင်ကျော်ကြားတာကိုပဲ ရွှေရေးလိုချင်တာပါ။အဲဒါကြောင့်
လည်းစာပေနယ်ဘက်ကိုဝတ္ထုတို၊ဝတ္ထုရှည် ဖန်တီးရေးသား ပြီးတော့ဝင်ရောက်နိုင်အောင် စတင်ကြိုးစားနေဆဲ ကာလအတွင်းမှာပဲ ခုလိုလူတွေစိတ်ဝင်စားလာတာကရွှေရေးရဲ့ဖေ့စ်ဘုတ်ပေါ်ကဓာတ်ပုံကြောင့်လို့ဆို ရမှာပါ။ ပြီးတော့ ဖေ့စ်ဘုတ်ပေါ်က လူမှု ကွန်ရက်ရဲ့တစ်မုဟုတ်ချင်းပွားပြန့်မှုကြောင့် ရွှေရေးနာမည်ကြီးလာရတာပါ။ အခုလောလောဆယ်မှာတော့ရွှေရေးကကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မယူဆပါဘူး။ အနုပညာစွမ်းဆောင်မှု၊ စာပေအရေးအသားစွမ်းဆောင်မှုကြောင့် အောင်မြင်လာတာမျိုးမဟုတ်သေးတဲ့အတွက်ရွှေရေးကိုယ့်
ကိုယ်ကိုယ် ရှက်စိတ်ဖြစ်မိပါတယ်။ ဒါကြောင့်စာပေအနုပညာနဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ပဲရွှေရေး ဖြစ်ချင်ပါတယ်။


အခုလိုနာမည်ကြီးလာတာ ဝါရင့် စာရေးဆရာတွေ အထင်လွဲမှာ စိုးရိမ်တယ်

အခုလိုမျိုး နာမည်ရေပန်းစား လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ရွှေရေး အဓိက စိုးရိမ်မိတာက စာပေ နယ်ပယ်မှာ ရှိနေကြတဲ့ စီနီယာသမားကြီးတွေ က ရွှေရေး အပေါ်မှာ အမြင်လွဲ၊ အထင်လွဲသွားမှာကို တအားပဲ စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ မလောက်လေး မလောက်စားနဲ့ တက်လာတဲ့ စာရေး ဖို့ ကြိုးစားနေတဲ့ မိန်းကလေး တစ်ယောက်က ဖြတ်လမ်းနည်းနဲ့ စာပေအပေါ်မှာ မရိုးမသားနဲ့ဝင်လာတယ်လို့ မြင်ကြမှာကို တအားစိုးရိမ်မိတယ်။ ဖြတ်လမ်း နည်းနဲ့ဝင်ဖို့ ရည်ရွယ်ချက် လည်း ရွှေရေး မှာမရှိပါဘူး။ ဝါရင့် စာရေးဆရာကြီးတွေ အထင်လွဲ သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဆရာကြီး ဂျာနယ်ကျော် ဦးမိုးဟိန်း မဆုံးခင်ကတည်း က ရွှေရေး စာရေး လာ ခဲ့တာပါ။ ရွှေရေး ဖန်တီးရေးသားတဲ့ စာတွေ မဂ္ဂဇင်းမှာပါ တာမျိုးတွေကို ဆရာကြီးက မြင်ချင်ခဲ့ပါတယ်။ မမြင်ခဲ့ ရလို့လည်း ရွှေရေးကို ဆူခဲ့ပါတယ်။ ဝတ္ထုတို တစ်ပုဒ်မှလည်း မတွေ့ရသေးပါလား လို့ပြောတယ်။ ဝတ္ထု တစ်ပုဒ်တောင် ပါလာတာမမြင်ရသေးတာ လုံးချင်းဝတ္ထု ထွက်ဖို့အတွက်ဆိုရင် ငါသေ တဲ့အထိ မြင်တောင်မြင် သွား ရပါ့မလားလို့ ဘဘက ပြောသွားဖူးတယ်။ ဘဘဆရာသာ ဆုံးသွား တယ်။ ရွှေရေးဝတ္ထု တိုတစ်ပုဒ်ပါ တာတောင် သူမမြင်သွား ရရှာပါဘူး။ အခုတော့ ရွှေရေး ပထမ ဆုံး လုံးချင်းဝတ္ထု လုံးချင်းစာအုပ် ထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဘဘ ဆရာကို ရွှေရေး အများကြီး သတိရမိပါတယ်။ ဝါရင့် ဆရာကြီးတွေ အထင်မြင်လွဲမှာ ကို လည်း ရွှေရေး တအားကိုပဲ စိုးရိမ်မိပါတယ်။

Facebook ပေါ်မှ ရရှိသော ရွှေရေးထင်ထင် ဟုဆိုသော ပုံ

ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်လို့ ဘာမှ ပြုပြင်ထားတာမရှိပါ

 ရွှေရေးခန္ဓာ ကိုယ်အလှကို ထွေထွေထူးထူး ထိန်းသိမ်းတာမျိုး မရှိပါဘူး။ အစားအသောက် ဆိုရင်လည်း အဆီ များတာတွေလည်း စားတာပဲ။ သစ်သီးတွေ လည်းစားတာ ပဲ။ တစ်ခုတော့ ရှိတယ်။ ညစာကိုတော့ သိပ်များများ မစားဘဲ ရှောင်ပါ တယ်။ ထွေထွေထူးထူး အားကစား လုပ်တာလည်း မရှိပါဘူး။ အားကစား ဆိုတဲ့ အတိုင်း အားရင် အားသလိုတော့ ကစားဖြစ်ပါတယ်။ တစ်ခါ တလေ မှGym ကစားဖြစ်တယ်။ မြန်မာပြည်မှာ ဒီလိုမျိုးလှကြတဲ့ မိန်းကလေးတွေ တော်တော် များများ ရှိပါတယ်။ ရွှေရေး အနေ နဲ့ ဒီလှပမှု အပေါ်မှာလည်း ဘာမှထွေထွေ ထူးထူး ပြုပြင်ထားတာလည်း ဘာမှမရှိဘူး။ မိန်းကလေး သဘာဝအရ လှချင်တာကြောင့် အစားအသောက်လေး နည်းနည်း ဆင်ခြင်မိတာပဲ ရှိပါတယ်။ တခြား ဘာမှ အဓိကထားပြီး ပြုပြင်ထားတာမျိုး လုံးဝမရှိပါဘူး။


အချစ်ရေးက မုန်တိုင်း တိုက်ခတ်နေတဲ့ ကာလမို့ ဖွင့်မပြောပြချင်သေးပါ

အချစ်ဆိုတဲ့ ကိစ္စပေါ်မှာ မူတည်ပြီး ထပ် ပြီးတော့လည်း သေချာအောင် ပြောချင်ပါ တယ်။ ရွှေရေး အချိန်တန်လို့ ရှိရင် ထပ်ပြီး တော့ သေသေချာချာ တိတိကျကျ ပြောပြ ပါ့မယ်။ အခုချိန်မှာ မပြောပြသေးတာက ဘာကြောင့်လဲ ဆိုတော့ ရွှေရေး အပေါ်မှာ အမြင် လွဲမှားမှုတွေ ရှိကြသေးတဲ့ အချိန်ဖြစ် တဲ့အတွက် ရွှေရေး ဖွင့်ပြော လိုက်တဲ့ အပေါ် မှာ မူတည်ပြီး မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေ ပြဿနာ တွေ ထပ်ပြီး ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတဲ့ အတွက်ကြောင့် ဒီအချိန်မှာရွှေရေး ဖွင့်မပြော သေး တာပါ။ တစ်ချိန်မှာတော့ ရွှေရေးကို တိုက်ခိုက်မှုတွေ ပြေ ပျောက် ပြီးသွားရင်တော့ ပြောပြမှာပါ။ အခုတော့ ပြောရရင် မုန်တိုင်း တိုက်ခတ် နေတဲ့ ကာလ ဖြစ် တာကြောင့် ရွှေရေး ဘာ ကိုမှ အသိမပေးချင်တဲ့ သဘော ပါ။ နောက်တော့ အားလုံးကို တိတိ ကျကျ သေသေချာချာ လေး ပြောပြသွားမှာပါ။

ပထမဆုံးလုံးချင်း ဝတ္ထုစာအုပ်ထွက်ဖို့ရှိတယ်

 ရွှေရေး သြဂုတ်လထဲမှာ ပထမ ဆုံးလုံးချင်း ဝတ္ထုထွက်နိုင်အောင် ကြိုးစားနေပါတယ်။ အချစ်ဟာသ စုံထောက်ရောထားတဲ့ ဝတ္ထု လုံးချင်း ရှည်လေးထွက်ဖို့ အခုကတည်း က ကြိုး စားနေပါတယ်။ တခြား အနုပညာ သရုပ် ဆောင် အလုပ်တွေကို လည်း ရွှေရေးဘာမှ လုပ်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ ရွှေရေး လုပ်ချင်တာက စာပေနဲ့ သက် ဆိုင် တဲ့ ကဗျာ ရေးမယ်၊ ဝတ္ထုရေးမယ်၊ ဇာတ်ညွှန်း လည်း ရေး ပါ မယ်။ ရွှေရေးက စာရေးတယ် ဆိုပေမယ့် စာရေးဆရာကြီး တစ်ယောက်လို ဘဝင် မြင့်နေတာမျိုးလည်း မရှိ ပါဘူး။ အခုအခါမှာ အနုပညာ ဝမ်းစာဖြည့် နေရတဲ့ အချိန်ပါ။ ၂ဝ၁၅ခုနှစ်ထဲမှာ လူငယ် မိန်းကလေး သဘာဝအရ အလှ ဓာတ်ပုံတွေ ရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်မိ တာပါပဲ။ ဒါပေမဲ့ တစ်ဖက် ပိတ်အတွေးတွေ နဲ့ တွေးနေတဲ့ အမြင် မှာတော့ မြန်မာ စာရေး ဆရာမက ဘယ်လို ပုံစံ ရှိရမလဲ ဆိုတာကို သူတို့ ဘယ်လို သတ်မှတ် ထားလဲ ဆိုတာတော့ မသိဘူး။ ဥပမာ ပင်နီ အင်္ကျီ ဝတ်ထားရမယ်။ မျက်မှန် ကြီး တပ်ထားရမယ်။ အင်းလေးလွယ် အိတ်ကြီး လွယ်ထားရမယ် ဆိုတာမျိုး တွေကို သတ်မှတ် ထားလား မသိပါ ဘူး။ ဒီလိုမျိုးနဲ့ ကြည့်မယ်ဆိုရင် တော့ ရွှေရေးက ဘောင်ကွဲထွက် နေမှာ အမှန်ပါပဲ။


 Written by

လွင်လွင်ထွန်း @ ပေါ်ပြူလာ

ဆက်စပ်ဖတ်ရှု ရန်များ



No comments:

Post a Comment