Wednesday, December 31, 2014

မအူပင်နည်းပညာကျောင်း ဆဋ္ဌမအကြိမ် အာစရိယ ပူဇော်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ချက်များ ( 1- 4 )



ပထမအကြိမ် ကျေးဇူးတုန်.ပြန် ပူဇော်ပွဲ ကျင်းပစဉ်က

 မအူပင်နည်းပညာကျောင်း - ကျောင်းသားဟောင်းများအသင်း ( Association of MAUBIN GTI , GTC , TU Alumni – AMTA ) မှ ဦးဆောင်ကျင်းပသော ဆဋ္ဌမအကြိမ် မြတ်ဆရာ ပူဇော်ပဲါ တ၇ားဝင် ထုတ်ပြန်ချက်များအား စုစည်းဖော်ပြပါသည် ။
   ( ၁ ) ကျင်းပရန် နေရာ အသိပေး အကြောင်းကြားခြင်း

ကျောင်းသားဟောင်းအသင်း ( AMTA ) မှ ဦးဆောင်စီစဉ်သော ဆဋ္ဌမအကြိမ် အာစရိယ ပူဇော်ပွဲဆိုင်ရာ ကျင်းပ ပြီးခဲ့သည်. အစည်းအဝေး ၂ကြိမ်အနက် အဓိက ကျသော ဆွေးနွေးမှု ဆုံးဖြတ်ချက် များကို အစဉ်လိုက် ဖော်ပြသွားမည်ဖြစ်ပါသည်

ပထမဆုံး ဆဋ္ဌမအကြိမ် အာစရိယ ပူဇော်ပွဲ အတွက် နေရာ ရွေးချယ်ခဲ့မှုကို ဦးစွာတင်ပြပါမည်

ပြီးခဲ့သော အာစရိယ ပူဇော်ပွဲ ကြိမ်အနက် ပထမဆုံးအကြိမ်ကို မအူပင်မြို. သာသနာ. ဗိမ္မာန်တော် တွင်ကျင်းပ၍ ဒုတိယအကြိမ် ပူဇော်ပွဲ ကို Eagle Garden Restaurant တွင်ကျင်းပခဲ့ပြီး တတိယအကြိမ် စတုတ္ထအကြိမ် ပဉ္စမအကြိမ် ပူဇော်ပွဲများကို တက္ကသိုလ် ဓမ္မာရုံ ( ရန်ကုန် - ပင်မတက္ကသိုလ် ) တွင်ကျင်းပခဲ့ပါသည်

ယခု ဆဋ္ဌမအကြိမ် အာစရိယ ပူဇော်ပွဲကို မည်သည်.နေရာတွင် ကျင်းပလိုသည်ကို ကျောင်းသားဟောင်းများ၏ သဘောထား ဆန္ဒ ကောက်ယူခဲ့ပါသည် ထိုသို.ကောက်ယူရခြင်းမှာ ရှေးဦးဆရာကန်တော.ပွဲများ ကျင်းပစဉ်က ရန်ကုန် တစ်လှည်. / မအူပင် တစ်လှည်. ကျင်းပမည်ဟူသော ဆုံးဖြတ်ချက်ရှိထားခဲ့ခြင်း သို.သော် ဒုတိယအကြိမ် ကျင်းပပြီးနောက်ပိုင်း ရန်ကုန်တွင် ကျင်းပခြင်းက သွားလာစီစဉ်မှု ပိုမိုလွယ်ကူခြင်း ကြောင်. တတိယအကြိမ်မှစ၍ ဆက်တိုက်ရန်ကုန်တွင်သာ ကျင်းပခဲ့ခြင်း များရှိခဲ့သဖြင်. အနည်းဆုံး နှစ်တစ်ကြိမ် ခန်.မအူပင်တွင်ကျင်းပစေလိုသည်ဟု အဆိုပြုမှုများ ရှိနေခဲ့ပါသည်

ထိုကိစ္စရပ်အတွက်ဆုံးဖြတ်ရာတွင် တစ်နှစ်ထက် တစ်နှစ် ပိုမိုစည်ကား ပြည်.စုံလာသော ဆရာကန်တော.ပွဲ၏ အရှိန်ကို ထိခိုက်မည်စိုး၇ိမ်ခြင်း အချိန် နှင်.. အခြေအနေအကန်.အသတ် ရှိသူများအဖို. မအူပင်တွင်သွားရောက်ကျင်းပလျှင် လိုက်ပါကန်တော.နိုင်မှု မရှိမည်ကို စိုး၇ိမ်ခြင်း ၇န်ကုန်တွင်ကျင်းပသကဲ့သို.ကျောင်းသားဟောင်းများ စည်ကားစွာ တက်ရောက်နိုင်မှုအတွက် ချိန်ဆခြင်း တို. ရှိနေသကဲ့သို. တစ်ဘက်တွင်လည်း မိမိတို.တက်ခဲ့သော နေခဲ့သော ကျောင်း / ဒေသ သို. အမှတ်တရ ပြန်သွားလိုကြခြင်း ၇န်ကုန် နှင်. အတိုင်းအတာ တစ်ခုအထိ ကွာဝေးသော ( နောက်ပိုင်းကျောင်းသားအများစု ဇာတြိေ မများတည်ရာ ဧရာဝတိတိုင်း) ဒေသမှ ကျောင်းသားဟောင်းများလည်း တက်ရောက်စေလိုခြင်း ၊အဆိုပြုသူများ၏ ဆန္ဒကို အလေးအနက်ထားထည်.သွင်းစဉ်းစားကြခြင်း ၊ကျောင်းတည်ရှိခဲ့ရာဒေသတွင် ကျောင်းသား/သူဟောင်းများ က သွားရောက်ပူဇော်ကန်တော.ခြင်းကြောင်. မသွားရောက်ဖြစ်ကြတော.သော ဆရာ/ဆရာမဟောင်းများ - ကျောင်းသား/သူဟောင်းများလည်း ရင်တွင်းဝယ် ပိုမိုအနှစ်သာရပြည်ဝသော ပွဲတစ်ခုအသွင်ခံစားကြရခြင်းများ ဖြစ်စေလိုသော ဆန္ဒကတစ်ဘက်ဖြစ်ခဲ့ကြရပါသည်

ထို.ကြောင်. Maubin GTC Group @ Facebook တွင် သဘောထားတောင်းခံခဲ့ရာ ၇၇ % က ၇န်ကုန်တွင်သာ ကျင်းပလိုသည်ဟု ဆန္ဒ ပြုခဲ့ကြပါသည် နောက်တစ်ဖန် First Annual Meeting & Gathering of AMTA တွင်တက်ရောက်လာသူများအားထပ်မံ သဘောထားကောက်ခံရာတွင် ၈၁ % က ရန်ကုန်တွင်သာ ကျင်းပလိုကြောင်း ဆန္ဒပြုခဲ့ကြပါသည် တတိယနှင်.နောက်ဆုံးအကြိမ်အဖြစ် ဆဋ္ဌမအကြိမ်အာစ၇ိယပူဖော်ပွဲကျင်းပရေးကော်မတီဖွဲ.စည်းပြီးနောက် AMTA – CEC များနှင်. ကျင်းပရေးကော်မတီဝင်များအား သဘောထားကောက်ခံခဲ့ရာ ၈၀ % က ရန်ကုန်ကိုသာ အဆိုပြုခဲ့ကြပါသည် ထို.ကြောင်. သဘောထားကောက်ခံရာတွင် ပျှမ်းမျှ ၈၀ % ခန်.ဆန္ဒရှိသော ရန်ကုန်တွင်သာကျင်းပ၇န်ဆုံးဖြတ်ပြီး မူလကျင်းပနေကျ တက္ကသိုလ် ဓမ္မာရုံ ကိုသာ စိစဉ်ခဲ့ကြပါသည်

သို.သော် ဤနေရာတွင် မိမိတို.အဖို.ထည်.သွင်းစဉ်းစားရမည်. အခြေအနေတစ်ရပ်ရှိနေခဲ့ပါသည် Beyond the 60 days တွင် ထိုနေရာပတ်ဝန်းကျင်သည် မည်မျှ ခွင်.ပြုချက် ရှိနေ / မနေ ကို မည်သူမျှ တာဝန်ယူနိုင်သော အနေအထားရှိမနေပါ ထိုကိစ္စရပ်မျိုးဆိုသည်ကလည်း ( ရံဖန်ရံခါ တွင် ) ကြိုတင်သိနိုင်သော ကိစ္စမျိုး မဟုတ်ပဲ အနီးကပ်မှသိရခြင်းမျိုး ( ဥပမာ - MES တွင်ကျင်းပခဲ့သော First Annual Meeting & Gathering of AMTA ကိစ္စရပ်တွင် အားလုံးဖိတ်ကြား - အစားအသောက်မှအစစီိစဉ်ပြီးချိန် အခမ်းအနားကျင်းပရန် တစ်ညအလိုမှသိ၇သဖြင်. မည်သို.မျှ ပြင်ဆင်ချိန်မရတော.ပဲ တစ်ပတ်တိတိရွှေ.ဆိုင်းခဲ့ရခြင်းမျိုး ) ရှိတတ်ပါသည် ဤမျှကြီးမားကျယ်ပြန်.သော ကိစ္စရပ်များတွင် ထိုသို.အခြေအနေမျိုးကြုံမှ ချက်ခြင်းပြောင်းလဲစီစဉ်၇န် အခြေအနေမပေးသဖြင်. ထပ်မံတိုင်ပင်ဆုံးဖြတ်ခဲ့ကြရပါသည်

ထို.ကြောင်.နောက်ဆုံးတွင် အနည်းဆုံး၅ နှစ်တစ်ကြိမ် ခန်.မအူပင်တွင် အာစ၇ိယပူဇော်ပွဲ ပြန်လည်ကျင်းပပေးစေလိုသော ကျောင်းသားဟောင်းအချို. ဆန္ဒကို ဖြည်.ဆည်းပေးလိုခြင်း ဆရာ / ဆရာမများ - ကျောင်းသား/သူဟောင်းများ မိမိတို. ပညာသင်ယူခဲ့ရာ- နေထိုင်ခဲ့ရာ ဒေသတွင် အနှစ်သာရပြည်.၀သော အာစရိယပူဇော်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးလိုခြင်း အချိန်-နေရာ - အခြေအနေ တို.ကို ရာခိုင်နှုန်းများစွာ ထည်.သွင်းတွက်ချက်နေ၇န် မလိုပဲ လုံးဝစိတ်ချ၇သော အစီအစဉ် တစ်ရပ်ဖြစ်စေလိုခြင်း တို.ကြောင်. ကျောင်းသားဟောင်း အနည်းစု၏ ဆန္ဒကို အများစုက နားလည်မှု ရှိစွာ လိုက်လျောရင်း ဆဋ္ဌမအကြိမ် အာစရိယပူဇော်ပွဲကို မအူပင်တွင်သာ ကျင်းပ၇န် ဆုံးဖြတ်ခဲ့ပါသည်

ဆဋ္ဌမအကြိမ် အာစ၇ိယ ပူဇော်ပွဲကို ၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀း၀၀ နာ၇ိအချိန်တွင် မအူပင်မြို. သာသနာ.ဗိမ္မာန်တော် တွင် ကျင်းပမည်ဖြစ်ပါသည် ။

( ၂ ) ကန်တော.ခံ ဆရာ/ဆရာမကြီးများ အရေအတွက် နှင်. ပူဇော်ကန်တော.၇န် ရန်ပုံငွေ အခြေအနေ - အချိုးအစား တင်ပြအသိပေးခြင်း

ဒုတိယအနေဖြင်. ကန်တော.ခံ ဆရာ / ဆရာမကြီးများဆိုင်ရာ ကိစ္စရပ်များကို တင်ပြအသိပေးပါမည်

၂၀၁၄ ပဉ္စမအကြိမ်မြောက် အာစရိယ ပူဇော်ပွဲတွင် ကန်တော.ခံ ဆရာ ၁၀၁ ဦးရှိခဲ့ပြီး ကွယ်လွန် ဆရာကြီး / ဆရာမကြီး ဦး နှုတ်လျှင် ၉၉ ဦးကျန်မည်ဖြစ်ပါသည် ဆရာကန်တော.ပွဲများ စတင်ကျင်းပစဉ်ကပင် မူလချမှတ်စဉ်းမျဉ်းဖြစ်သော( ၁၉၉၁ မှ ၂၀၀၆ အတွင်းတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အသက် ၄၀ - လုပ်သက် နှစ် ) အရ ထပ်တိုးဆရာ/ဆရာမ ဦး ရှိသဖြင်. ယခုနှစ် ပမာဏ စာရင်းအရ ကန်တော.ခံ ဆရာ /ဆရာမ ပေါင်း ၁၀၆ ယောက်ရှိမည်ဖြစ်ပါသည် ထပ်တိုး ဆရာ/ဆရာမ ဦးမှာ ( ) ဒေါ်နန်.အေးအေးသင်း - EC ( ) ဦးရဲလွင်ဦး - MT ( ) ဒေါ်လတ်လတ်ဋ္ဌေး - စာပေ ( ) ဒေါ်အေးအေးစန်း - စာပေ ( ) ဦးဇော်မင်း - MP ( ) ဒေါ်ဥမ္မာဆွေ - EP ( ) ဒေါ်ညိုညိုလွင် - Bio Tech တို.ဖြစ်ပါသည်

ထိုကန်တော.ခံဆရာ /ဆရာမများတွင် ကျောင်းအုပ်ကြီး ( ) ဦး Civil - ၁၃ ဦး EC - ၁၃ ဦး EP - ၁၆ ဦး MP - ၁၂ ဦး MT - ၁၄ ဦး Mining - ဦး စာပေဋ္ဌာန - ၂၅ ဦး Bio Tech ဦးတို.ပါဝင်ပါသည်
ထိုအထဲတွင် ပင်စင်ယူပြီးသော ဆရာ/ဆရာမ ဦး နာမကျန်း ဦး ပင်စင်ယူပြီး ကာလရှည် နာမကျန်း ဦးပါရှိပါသည်

မိမိတို.အနေဖြင်. ယမန်နှစ်က ကန်တော.ခံ ဆရာ /ဆရာမ အားလုံးအား တစ်ဦးလျှင် ပုံမှန်ကန်တော.ငွေ သိန်းကျပ် ပင်စင်ယူပြီးသော ဆရာ/ဆရာမများအတွက် ထပ်ဆောင်းကန်တော.ငွေ ၁သိန်းကျပ် နာမကျန်း ဆရာ/ဆရာမများအတွက် ကျန်းမာရေး အပိုထောက်ပံ.ကြေး ၁သိန်းကျပ် ပင်စင်ယူပြီး ကာလရှည် နာမကျန်း ဆရာ/ဆရာမများအတွက် သီးသန်.ထောက်ပံ.ငွေ ၂သိန်းကျပ် နှုံးဖြင်.ထောက်ပံ.ပူဇော်ခဲ့ရာ ၂၁၂ သိန်းကျပ် ပူဇော်ကန်တော.ခဲ့ပါသည် ယခုနှစ်တွင် ကောက်ခံရရှိငွေ အခြေအနေအရ မူလသတ်မှတ် စကေးအတိုင်း သင်.တော်သော နှုံးထား တစ်ခုကို ဆုံးဖြတ်မည်ဖြစ်ပါသည်

ယခင်နှစ် စကေးနှင်. နှုံးထားအတိုင်း သတ်မှတ်ပူဇော်လျှင် ပူဇော်ကန်တော.ငွေ သီးသန်. ၂၂၈ သိန်းကုန်ကျမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်

( ၃ ) အလှုငွေများ ဆက်သွယ်လှုဒါန်းနိုင်ရန် အသိပေးခြင်း



တတိယအနေဖြင်. ဆဋ္ဌမအကြိမ် မြတ်ဆရာ ပူဇော်ပွဲအတွက် ပူဇော်ကန်တော.ငွေများ ဆက်သွယ်လှုဒါန်းနိုင်ရန်ဆက်လက်တင်ပြသွားပါမည်

ပြည်တွင်းရှိ ကျောင်းသားဟောင်းများ အနေဖြင်.အလှုငွေများကို အောက်ပါ ကျောင်းသားဟောင်းများထံ ဆက်သွယ်လှုဒါန်းနိုင် ပါသည်။

ကိုဝင်းမော်သိန်း(မော်ကြီး)(၉၂-၉၄ EC ) (ဖုန်း-၀၉၇၃၀၇၉၈၃၇)
ကိုအောင်ကျော်စိန်(ကိုလတ်ကြီး)(၉၃-၉၅ EC ) (ဖုန်း-၀၉၃၁၈၅၅၅၁၅
ကိုကြည်ဝင်းသိန်း(၉၄-၉၆ EC ) (ဖုန်း-၀၉၅၀၈၃၈၄၁)
ကိုဇော်မင်းလွင်(၉၅-၉၇ EP ) (ဖုန်း-၀၉ ၇၃၁၀၇၉၁၄)
ကိုအောင်မျိုးဦး(၉၆-၉၈ MP ) (ဖုန်း-၀၉၂၅၄၂၀၄၃၃၁)
မအေးပပ(၉၇-၉၉ EC ) (ဖုန်း-၀၉၄၂၁၀၆၉၆၆၇)
ကိုဆန်းမောင်မောင်(၉၇-၉၉ MT ) (ဖုန်း-၀၉၅၀၄၂၃၄၀)
မအေးအေးမော်(၉၈-၀၀) (ဖုန်း-၀၉၄၂၁၀၂၂၆၈၅)
အိဖြူ(၉၉-၀၁ MT ) (ဖုန်း-၀၉၇၃၁၄၆၀၅၉)
စုစုလွင်(၀၀-၀၂ EC ) (ဖုန်း-၀၉၄၂၁၀၉၀၀၁၇)
ဝတ်ရည်တင်(၀၁-၀၄ EC ) (ဖုန်း-၀၉၅၀၁၁၁၁၀)
စည်သူမျိုး(၀၁-၀၄ MP ) (ဖုန်း-၀၉၉၇၅၇၃၉၀၄၃)
ဖြိုးမင်းအောင်(၀၂-၀၄ MC ) (ဖုန်း-၀၉၅၀၂၉၁၀၇)
ထုးမြတ်နိုးဇင်(၀၃-၀၅ EC ) (ဖုန်း-၀၉၂၅၀၁၇၈၃၆၃)
ဝင်းမင်းအောင်(၀၂-၀၄ Bio tech) (ဖုန်း-၀၉၄၄၈၀၃၂၄၇၈)

ထို.အပြင် ကျောင်းသားဟောင်းအသင်း Unit အလိုက်တာဝန်ခံအဖွဲ.များ CEC များ နှင်. ကျောင်းသားဟောင်းအသင်း ဖုန်းနံပါတ် ၀၉ ၂၅၃၁၉၅၆၈၇ သို.လည်း ဆက်သွယ်နိုင်ပါသည်

စင်္ကာပူ ရောက် ကျောင်းသားဟောင်းများ အနေဖြင်.

၁။ ကိုဇော်ဝင်းလှိုင် (၁၉၉၁-၉၃ EC) 9108 1242

၂။ ကိုဝေလင်း (၁၉၉၃-၉၅ EC) 8201 1834

၃။ ကိုသက်နိုင် (၁၉၉၄-၉၆ MP) 9239 9276

၎။ ကိုမင်းသိန်းဝင်း (၁၉၉၅-၉၇ EP) 9145 1865

၅။ ကိုကျော်ပိုင် (၁၉၉၆-၉၈ EC) 9456 4152

၆။ ကိုအောင်မျိုးမြင့် (၁၉၉၇-၉၉ EP) 9673 8538

၇။ ကိုနိုင်နိုင်ဇော် (၁၉၉၈-၀၀ EP) 9619 7027
၈။ ကိုစောအောင်နန္ဒာလင်း (၁၉၉၈-ဝဝ MP) 9366 2972

၉။ ကိုဂျွန်စသက်ပိုင်ဦး (၂၀၀၀-၀၅ MP) 8161 0994
၁ဝ။ ကိုအောင်မျိုးဇော် (၂၀၀၀-၀၂ EC) 9450 6441
၁၁။ ကိုမင်းသစ်ဖြူ (၂၀၀၀-၀၅ EC) 8511 0819

၁၂။ ကိုဇော်ထက်အောင် (၂၀၀၂-၀၇ EC) 9477 4566
၁၃။ ကိုမြတ်ကို (၂၀၀၂-၀၇ EP) 9338 6775 တို.မှ တာဝန်ယူကောက်ခံပေးမည်ဖြစ်ပြီး Peninsula Plaza -လွှာရှိ ကိုဇော်ဝင်းလှိုင်၏ "မြနန်းနွယ်" ဆိုင်သို.လည်း သွားရောက် လှူဒါန်းနိုင်သည်ဟုသိရပါသည်

ကျောင်းသားဟောင်းများအနေဖြင်. မိမိတို.ဆရာ/ဆရာမများအား ပူဇော်ရန် ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးလိုပါကလည်း ကျောင်းသားဟောင်းအသင်း (သို.) ကျင်းပရေးကော်မတီ ထံဆက်သွယ်ပေးနိုင်ပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်

( ၄ ) သွားရောက် မည်.ခရီးစဉ် အခြေအနေ နှင်. ဧည်.ခံမှုအပိုင်းများ အသိပေးခြင်း




စတုတ္ထအနေဖြင်. မအူပင်သို.သွားရောက်မည်. ခရီးစဉ် စီစဉ်ထားမှု နှင်. ဧည်.ခံရန် စီစဉ်ထားမှု များအားအသိပေးသွားမည်ဖြစ်ပါသည်
၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀နာရီ မအူပင်မြို. သာသနာ.ဗိမ္မာန်တော်တွင် ကျင်းပမည်. ဆဋ္ဌမအကြိမ်မြောက် မအူပင် GTI , GTC , TU ကျောင်းသား/သူ ဟောင်းများ အာစရိယ ပူဖော်ပွဲသို.သွားရောက်ရာတွင် ကားများဖြင်. သွားရောက်မည်.အစား င်္ဘောဖြင်.သွားရောက်၇န် စိစဉ်ထားပါသည်

ကားဖြင်. သွားလျှင် လမ်းသစ်မှသွားပါက ၁နာရီ ခွဲ ( လှိုင်သာယာ မှ မအူပင် ) သာအချိန်ကြာမြင်.သော်လည်း မိမိတို.ကျောင်းတက်စဉ်က ဘ၀များကိုပြန်လည် သတိရတမ်းတကြစေလိုသောကြောင်.လည်းကောင်း ခရီးစဉ်ကာလ ( Driving Time ) အတွင်း သူငယ်ချင်းဟောင်းများ စကားဝအောင်ပြောရင်း ပတ်ဝန်းကျင် မြစ်ကမ်းပါးအလှအပများခံစားကာ ပျော်ရွှင်စွာ သွားလာနိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်လျှက်၂ထပ်ခွဲသင်္ဘောစီးလုံးငှား ခရီးစဉ်ဖြင်.ဖြင်. စီစဉ်ခြင်းဖြစ်ပါသည်

ခရီးစဉ်အနေဖြင်. ၂၀၁၄ ဖေဖော်ဝါရီလ ၁၂ ရက်နေ.မနက် ၅နာရီခွဲတွင် သတ်မှတ်ဆိပ်ကမ်းတွင် ဆုံကြမည်ဖြစ်ပြီး မနက် ၆နာရီ တိတိတွင် မအူပင်မြို.သို. စတင်ထွက်ခွာမည်ဖြစ်ပြီး မောင်းနှင်ချိန် Within 4 ~ 5 hour သတ်မှတ်ထားပါသည်( ဆရာ/ ဆရာမများအတွက် နံနက်အစောစာ စီစဉ်ပေးပါမည် ) မအူပင်ဆိပ်ကမ်းမှ သာသနာ.ဗိမ္မာန်သို. ( ဆရာ/ဆရာမများနှင်. ကျန်းမာရေးချို.တဲ့သူများမှလွဲ၍ ) လမ်းလျှောက်တက်ကြမည်ဖြစ်ပြီး အားလုံးစုံညီချိန်တွင် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနား စတင်မည်ဖြစ်ပါသည်
အခမ်းအနားအပြီးတွင် ကန်တော.ခံ ဆရာကြီး /ဆရာမကြီးများအား နေ.လည်စာဖြင်. ဧည်.ခံမည်ဖြစ်ပြီး တက်ရောက်ကျောင်းသား/သူများအတွက်အသင်.စား နေ.လည်စာ ဘူးများဖြင်. စိစဉ်ပေးထားပါမည် ။ထို.နောက် ၂နာ၇ိခွဲတွင် စုရပ်သို.ပြန်လည်ထွက်ခွာကြမည်ဖြစ်ပြီး ညနေ ၃နာရီတွင် ၇န်ကုန်သို. သင်္ဘောပြန်လည်ထွက်ခွာပါမည် ဤနေရာတွင် အထူး သတိပေးလိုသည်မှာ အချိန်ကိုက်စီစဉ်ရသော ကိစ္စရပ်ဖြစ်သဖြင်.(မည်သူတစ်ဦးတစ်ယောက်ကိုမျှ သီးခြားအချိန်တိုးစောင်.ဆိုင်းရန် မရှိပဲ )သတ်မှတ်အချိန်များအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပါသည်

သင်္ဘော နှင်. ပြန်လည် လိုက်ပါလာမည်. ကန်တော.ခံ ဆရာကြီး /ဆရာမကြီးများအတွက် ညနေစာကို မအူပင်မှ စီစဉ်ယူဆောင်လာမည်ဖြစ်ပြီး ကျောင်းသား /သူ ဟောင်းများအတွက်မူ အအေး / ရေသန်.တို.ကိုသာ သယ်ဆောင်လာပေးမည်ဖြစ်ပါသည်
ယခုခရီးစဉ်သည် အများ ဆန္ဒရှိကြသဖြင်. ဖြစ်အောင်စီစဉ်ပေးထားသော ခရီးစဉ်ဖြစ်ပြီး တစ်ဦးချင်းစိ၏ အန္တရာယ်ကင်းမှု နှင်. အများ၏ လုံခြုံရေး အားလုံးတို.သည် လိုက်ပါကြမည်.သူ တစ်ဦးချင်းစီ၏ စည်းကမ်းရှိမှု သိတတ်မှု ပူးပေါင်းကူညီစောင်.ထိန်းမှု တို.အပေါ်အထူးတည်မှိနေပါကြောင်း အသိပေးအပ်ပါသည်

ပထမအကြိမ် သက်ဆိုင်ရာများနှင်.တွေ.ဆုံတိုင်ပင် ညှိုနှိုင်းမှု အရ သဘောင်္စ၇ိတ် သီးသန်. ၁၂သိန်းခန်.ကုန်ကျမည်ဟု ပမာဏ တွက်ချက်ထားပါသည်( ဒုတိယအကြိမ် အသေးစိပ်တွေ.ဆုံညှို နှိုင်း ၇န် ရှိပါသေးသည် ) ထိုငွေကို အာစ၇ိယ ပူဇော်ပွဲရန်ပုံငွေမှ သုံးစွဲမည်ဖြစ်ပြီး ခရီးစဉ်အတွက် တစ်ပိုင်တစ်နိုင်သီးခြားလှုဒါန်းမှု ပြုလုပ်လိုသူများအနေဖြင်. ကော်မတီထံ ဆက်သွယ်နိုင်ပါသည်

ထပ်မံမေတ္တာရပ်ခံလိုသည်မှာ ယခုခရီးအစီအစဉ်သည် အစည်းအဝေး ဆုံးဖြတ်ချက်များအရ နောက်ဆုံးဆုံးဖြတ်ထားသော အခြေအနေများဖြစ်ပြီး အကယ်၍ မမျှော်မှန်းနိုင်သော အကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာသဖြင်. ပြောင်းလဲမှုများ ရှိလာပါလျှင်လည်း အချိန်မှီ အသိပေးသွားမည်ဖြစ်ပါသည်