Friday, December 12, 2014

Buddha Bar - စော်ကားလို. ရလို. စော်ကားကြသူများ









ဒီလို သတင်းမျိုးကို အရင်ကတော. ပြည်ပနိုင်ငံမှာသာ ကြားဖူးပါတယ် ။အဲ့ဒီလို ကြားရတုန်းကတောင် အတော် မကျေမနပ်ဖြစ်ခဲ့ရပါတယ် ။  မိမိတို.လို နိုင်ငံမျိုးမှာတော. ဤလို ကိစ္စမျိုး ဖြစ်လာလိမ်.မယ် ၊ ဖြစ်လာလိမ်.မယ်လို. ယောင်လို.တောင် မတွေးခဲ့ဖူးပေမယ်.၂၀၁၄ ဒီဇင်ဘာ ၁၀ ရက်နေ. ညနေ ဥိးလှဆွေ ၏ Page မှာစတွေ.ရတာပါပဲ ။

Fb ညီလေး တယောက် ချက်ဘောက်က လာပြောသွားတယ် ။ဒါကြီးကတော့ လွန်ပါတယ် တဲ့ ။ ရန်ကုန် ရွှေတောင်ကြား ထိတ်က ခင်စပါယ်ဦးခြံနားမှာဖွင့်တဲ့ ဆိုင်သစ်တဲ့ မားကက်ပလေ့ နား မှာဖွင့်ထားတဲ့ ဗုဒ္ဓဘား တဲ့ဗျာ ဘုရား က အီးယားဖုံးနဲ့ အရပ်ကတို့ရေ ကြည့်လုပ်ကြပါဦး ။ခဲနဲ့ ဝိုင်းမထုခင် အရင် ပိတ်ခိုင်းသင့်ပါတယ် ။ပြီးတော့မှ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်နေဦးမယ် 

ခုလိုရေးသားထားခြင်းဖြစ်ပါတယ် ။ သတင်းစတင်သူက မည်သူမှန်း မသိလိုက်နိုင်သော်လည်း မိမိစသတိပြုမိသည်က ဤကစခြင်းပင်ဖြစ်ပါတယ် ။ ထပ်မံလေ.လာကြည်.တော. Facebook တွင် တစ်စတစ်စ ပျံ.နှံ.လာနေပါပြီ ။




ညတွင်းချင်း ၀င်ရောက်စစ်ဆေး  ခြင်း ( Photo by Yangon Police Page )  



အဲ့ဒီလိုနဲ့. ညနေ ၅နာ၇ီ ၁၅ မိနစ် အချိန်တွင် အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်၊ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းစိန်၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်၊ ဗဟန်းမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲစိုးမြင့်၊ ဗဟန်းမြို့မ ရဲစခန်းမှူးနှင့် သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့မှ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ရွှေတောင်ကြားလမ်းရှိ VGastro Bar သို့ရောက်ရှိကာ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ VGastro Bar ၏ ဆိုင်ပိုင်ရှင်မှာ ထွန်းသူရိန်၊ မန်နေဂျာမှာ ထွဋ်ကိုကိုလွင်၊ အထွေထွေ မန်နေဂျာမှာ နယူးဇီလန်နိုင်ငံသား Mr.Philip တို့ဖြစ်ကြောင်းသိရှိရပြီး အဆိုပါ ဗုဒ္ဓရုပ်ပွားပုံတော်အား Mr.Philip မှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာပြုလုပ်ရေးဆွဲဖော်ပြခဲ့မှု
နှင့်ပတ်သက်၍ ၂၀၀၀ အချိန်တွင် ၎င်း VGastro Bar ဆိုင်အား ပိတ်သိမ်း
ထားရှိပြီး တာဝန်ရှိသူ ထွန်းသူရိန်၊ ထွဋ်ကိုကိုလွင်နှင့် နယူးဇီလန်နိုင်ငံသား Mr.Philip တို့အား ၂၀၀၅ အချိန်တွင် ဗဟန်းမြို့မရဲစခန်း (ပ)၄၉၉/၂၀၁၄၊
ပြစ်မှုပုဒ်မ-၂၉၅/၂၉၅-က ဖြင့် အမှုဖွင့်လှစ်ကာ ၂၀၃၀ အချိန်တွင် ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုကဲ့သို့ ဗုဒ္ဓရုပ်ပွားပုံတော်အား မလျော်ကန်စွာ လူမှုကွန်ယက်စာမျက်နှာ၌
ဖော်ပြခဲ့ခြင်းမှာ ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၁၈၈ ဖြင့်လည်း အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိပြီး အဆိုပါဆိုင်အားချိပ်ပိတ် သိမ်းဆည်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်
  ဆိုပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ.ရဲ. Facebook Page မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့တယ် ။



ဆိုင်အတွင်းပိုင်း ( Photo by Yangon Police Page )





တကယ်တော.လည်း လုံးဝမဖြစ်သင်.သော ကိစ္စရပ်ပင် ။လေ.လာကြည်.ရာမှာ  Buddha Bar ဆိုတဲ့ နာမည်နဲ Bar and Restaurant ကို ပြင်သစ်လူမျိုး Raymong Visan နဲ့ DJ Claude Challe က 1996 ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ စတင်ဖွင့်လှစ် တည်ထောင်ခဲ့ တာလို.သိရပါတယ် ။

concept ရဲ့ အဓိက theme က ကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော် ကြီးကို ခမ်းမကြီး အလယ်မှာ ချထားပြီး စားပွဲတွေ ပါတ်လည် ဝိုင်းထား DJ စင်နဲ့ အရက်ဘားနဲ့ Dancing Floor နဲ့ စားကြ သောက်ကြ ကခုန်ကြပေါ့။သူတို့ပြောတာတော့ "upscale bar-restaurant with an orientalist 'lounge' ambience" serving Asian cuisine တဲ့

ဒီလို  ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ concept က မူဆလင်ဘာသာက လွဲရင် မည်သည့်ဘာသာ မဆို even ခရစ်ယာန်ဘာသာ ကိုတောင် စော်ကားရဲတဲ့ အနောက် နိုင်ငံ သားတွေ အသိုင်းအဝိုင်းမှာ အောင်မြင်သွားခဲ့တယ်လို. ဆိုပါတယ် ။

Buddha Bar မှာ DJ ဖွင့်တဲ့ သီချင်း Album တွေတောင် Buddha Bar Remix ဆိုပြီး နာမည်ကြီးတယ်။Buddha Bar ထောင်တဲ့ Raymong ကို ကန့်ကွက်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်က မေးဖူးပါတယ် ခင်ဗျား ဒီလောက် creative ဖြစ်ချင်ရင် Allah Bar ဆိုပြီး ဖွင့် Macca က Kabba လို့ခေါ်တဲ့ Black Stone ကြီးကို ပုံစံတူလုပ် အလယ် မှာ ချပြီး ဘားဖွင့်ပါလား လို့ ရွဲ့ပြောတော့ Raymong  

ဒီလိုလုပ်ရင် မူဆလင်တွေ ကျုပ်ဘား လာပြီးဗုံးခွဲ ကျုပ်ခေါင်းကို အဖြတ်ခံရမှာပေါ့ လို. ပြန်ဖြေခဲ့ဖူးပါသတဲ့ ။   ဗုဒ္ဓဘာသာဝင်တွေ ရဲ. သည်းခံခွင်.လွှတ်မှုတွေကို  အပြည်.အ၀ အလွဲသုံးစား လုပ်လာခဲ့တာပါ ။

 အဲ့ဒီလိုနဲ့  Buddha Bar concept အောင်မြင်သွားတာ Paris, London, Pargue, St. Peterspurg, Monte Carlo, Dubai, Kiev, Caracas, Manila, Budapest, Moscow, Baku, New York နဲ့ Jakarta နိုင်ငံ ၁၄ နိုင်ငံ က မြို့ ၁၄ မြို့ မှာ ဆိုင်ခွဲ တွေ ဖွင့်နိုင်တဲ့ အထိ အောင်မြင် လာခဲ့ ပါတယ် ။

ကျန်တဲ့ ဘားတွေ က ကန့်ကွက်မှု တွေ သိပ်မကြုံရဘူး။ ဒါပေမယ်.  အင်ဒိုနီးရှား ဂျကာတာ မြို့တော် ဆိုင်ခွဲ တစ်ခုမှာတော.  အင်ဒို ဗုဒ္ဓ ဘာသာဝင် ကျောင်းသားတွေ ကန့်ကွက် လို့ ဒဏ်ငွေ ရူပီး တစ် ဘီလီယံ ပေးရ နာမည်ပြောင်းပေးခဲ့ရဘူးတယ် လို.သိရပါတယ်။ ခုကတော. မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာ နိုင်ငံ စစ်စစ် မှာတောင် ဒီလို လာလုပ်တယ်ဆိုတာ သွေးတိုးစမ်းလာတာလား ၊ ဗြောင် စိန်ခေါ် လာတာလားလို. တွေးစရာဖြစ်လာပါပြီ ။
 


ဒီနေရာမှာ နောက်တစ်ခုက အဲ့ ဒီကြော်ငြာမှာ ဘုရားရှင်ရဲ့ လည်ပင်းတော် နေရာမှာ Shisha လို့ ထည့်ထားပါသေးတယ်.. ဒီဘားမှာ Shisha လဲ သုံးလို့ရတယ် ဆိုတဲ့သဘောပါ.. ဘာသာရေး စော်ကားခံရမှု့ တင်မကပဲ မူးယစ်ဆေးဝါး သုံးစွဲပစ္စည်းနဲ့ ဆွဲဆောင်ပြီး ရာဇဝတ်ကြောင်းကိုပါ ထပ်မံချိုးဖောက်လိုက်တာလို. ဝေဖန်ထောက်ပြသူတွေက ဆိုပါတယ် ။. Shisha ဆိုတာက အာရေးဗီးယား ဒေသတဝိုက်က အာရပ်တွေ စတင်သုံးစွဲခဲ့တဲ့ မူးယစ်ပစ္စည်း တစ်မျိုးပါပဲ.. ဆေးခြောက် ဒါမှမဟုတ် ဘိန်းကို အပူပေးပြီး ထွက်လာတဲ့ အငွေ့ကို ပိုက်နဲ့ ရှုရှိုက်ပြီး သုံးစွဲရတာပါ.. အုပ်စုလိုက် သုံးစွဲနိုင်အောင်အထိ ပွားလို့ရပါတယ်..
ဒီပစ္စည်းဟာ နိုက်ကလပ်တွေ.. ဘားတွေမှာ တရားမဝင် သုံးစွဲကြရင်းမှ ကမ္ဘာအနှံ့ ကို ရောက်ရှိခဲ့တာပါ.. ရှမ်းပြည်နယ် ဒေသအချို့မှာ တွေ့ရတတ်တဲ့ ဝါးပြောင်းကို ရေထည့်.. ဆေးလိပ်ညှပ်ပြီး ရှုကြတဲ့ပစ္စည်းထက် ဒါကစွယ်စုံသုံးနိုင်ပါတယ်.. အခုနောက်ပိုင်းပေါ်လာတဲ့ ယာဘဆေးပြားများနဲ့လဲ သုံးနိုင်ပါတယ်.. နှာခေါင်းနာဗ်ကြောများမှတဆင့် ဦးနှောက်ဆဲလ်များထိအောင် ဆေးအာနိသင်ကို အမြန်ဆုံး ပို့ဆောင်နိုင်ပါတယ်..



ဆိုင်တာဝန်ရှိသူများအား စစ်ဆေးမေးမြန်းခြင်း ( Photo from Popular News )



စင်္ကာပူနိုင်ငံမှာတောင် လူငယ်တွေအကြား အန္တရာယ်ရှိတဲ့ မူးယစ်ထောက်ကူပြုပစ္စည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံအတွင်း သုံးစွဲခွင့်မပြုဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကတ်ဘိနက်ကို တင်ပြခဲ့ပါတယ်.. နိုဝင်ဘာ ၃၀ ရက်နေ့ကတော့ ဥပဒေပြု တားဆီးလိုက်ပါပြီ.. မြန်မာနိုင်ငံမှာ ဗုဒ္ဓဘုရား ပုံရိပ်နဲ့ ယှဉ်တွဲပြီး ကြော်ငြာခံရတာကတော့ ရှက်စရာ.. ရင်နာစရာ ကောင်းပါတယ်..
အရေးယူမယ်ဆိုရင် ဒီ Shisha ပစ္စည်းတွေပါ သိမ်းဆည်းပြီး ဓာတုဗေဒစမ်းသပ်မှု့ တွေကိုပါ ပြုလုပ်သင့်ပါတယ်.. နောက်ထပ် စွဲစရာ ပုဒ်မတွေ တိုးလာနိုင်သလို အားလုံးပဲ နောက်ထပ် မလုပ်ရဲကြအောင် စံနမူနာပြ ဖြစ်စေချင်ပါတယ်.. သက်ဆိုင်သူတို့အနေနဲ့လဲ လွှတ်တော်နဲ့ အစိုးရအဖွဲ့ထံ တင်ပြပြီး ဥပဒေများ ထုတ်ပြန်ကာ တားဆီးသင့်ပါတယ်..လို. အကြံပြု လာကြပါတယ် ။ တစ်ခုရှိတာက ဥရောပ နိုင်ငံအချို. ၊ အရှေ.အလယ်ပိုင်း နိုင်ငံအချို.က ပါရှန်းစားသောက်ဆိုင်တွေမှာ တရားဝင်ခွင်.ပြုပေမယ် .သူတို.ဆီတွေမှာ ( အထူးသဖြင်. အရှေ.အလယ်ပိုင်း နိုင်ငံတွေမှာ အရက်လိုမျိုးကို ပိတ်ပင်ထားတာကြောင်. အချို.အရာတွေမှာ ဓလေ.အရ ၊ ဥပေဒေကြောင်းအရ မတူညိနိုင်တာတွေကိုတော. ထည်.တွက်ရပါလိမ်.မယ် ) ။



ဆိုင်အား ယာယီပိတ်သိမ်းထားစဉ် ( Photo from 7 Day Daily )



နောက်တစ်ခု ထပ်မံထောက်ပြ လာတာကတော. DJ Jay ပါ ။ ဒီပြဿနာမှာ အဓိကဖန်တီးရှင်က ဘားရဲ့ DJ သမား DJ Jay ဖြစ်နေတယ်လို့ အတွင်းသိတွေ စကားများအရ သိရပါတယ်..လို. ဆိုလာပြီး  သူ့ရဲ့တိုင်ချက်ဟောင်းတွေက ဂီတအစည်းအရုံးမှာ ရှိနေတယ်လို့ သိရသလို.. ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှု့ တွေကို တလျောက်လုံး ပုတ်ခတ်စော်ကားခဲ့သူလို. ထောက်ပြကြပါတယ် ။
ဗုဒ္ဓဘာသာဓလေ့ထုံးစံ လူတိုင်းနီးပါး သိရှိပြီးဖြစ်တဲ့ သြကာသ ကန်တော့ချိုးကိုတောင် အနက်မသိပဲ မန္တာန်အဖြစ် စော်ကားခဲ့သူပါ.. မင်္ဂလသုတ်.. ရတနသုတ်.. မေတ္တသုတ်.. ခန္ဓသုတ်.. ဓဇဂ္ဂသုတ်.. ဗောဇ္ဇျင်္ဂသုတ်.. အင်္ဂုလိမာလသုတ်.. အစရှိသည်ဖြင့် သုတ္တာန်တွေဟာ မြတ်စွာဘုရား ကိုယ်တော်တိုင် မြွက်ကြားခဲ့တဲ့ သုတ္တာန်တွေ ဖြစ်ပါတယ်.. အနက်အဓိပ္ပါယ်အရ ကြည့်ရင်လဲ အေးချမ်းမှု့ ကို ဖြစ်စေတဲ့ မေတ္တာကို ပေးစွမ်းလို့ ငြိမ်းချမ်းရေး တရားတွေပါ..
ဒီအနက်တွေကို ခြေခြေမြစ်မြစ် မလေ့လာပဲ ဂါထာမန္တယားတွေလို့ စွပ်စွဲပြီး ပြောခဲ့သူမို့ ဒါကလဲ ပြစ်မှု့ ထိုက်နေပါပြီ.. သူ့ရဲ့ တိုင်းလိုင်းနဲ့ ပေ့ဂ်ျတွေမှာ ရေးသားချက်တွေက သက်သေအရာ မြောက်နေလို့ အရေးယူ အပြစ်ပေးသင့်ပါတယ်.. လို.ထောက်ပြလာတာပါပဲ ။

ပြီးတော. သူဟာ   ဗုဒ္ဓဘာသာဝင်မိဘနှစ်ပါးကပေါက်ဖွားလာတဲ့ တရုပ်ကပြားတယောက်ပါ စိတ်ကြွရူးသွပ်ဆေးကိုလဲအလွန်အကျွံသုံးဆွဲတယ်လို့သတင်းရ ရှိပါတယ်
သူပာာဘာသာရေးနဲ့ပါတ်သက်ပြီး စော်ကားနေတာတခါမကပါ
Dammah Punk ဓမ္မပန့် ဆိုတဲ့ ဒစ်စကိုသီချင်းခွေကတည်းကမြန်မာ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကိုစော်ကားနေတာပါ 
ဆိုတဲ့ ဖော်ပြရေးသားလာမှုတွေလည်း တွေ.နေရပါတယ် ။








ဒါ.အပြင် ဒီဆိုင်နဲ. သက်ဆိုင်တာဝန်ရှိသူတွေအကြောင်း ဖော်ပြလာကြရာမှာ

(၁) ထွန်းသူရိန်(ခ)ဘိုသူရိန်
ဆိုင်ကိုအဓိကလုပ်နေသူဖြစ်ပြီး အမေရိကားမှ ပြန်လည်အခြေချနေထိုင်သူုလည်းဖြစ်သည်။ အချို့က Black list ထိထားသဖြင့်ပြန်လာရသည်ဟုဆိုပြီး တောင်ဥက္ကလာမြသီတာအိမ်ယာတွင်နေထိုင်ကာ 2G/2222 မာစီးဒီးကားစီးကြောင်းသိရသည်။ထိုနေရာတွင် ယခင်က 'Standard Bar' ဟုဖွင့်ခဲ့ပြီးအရှုံးပေါ်သဖြင့် ယခု 'V Gastro Bar' ဟုအသစ်ပြောင်းဖွင့်ရာမှ ဤပြသာနာ ပေါ်ပေါက်လာခြင်းဖြစ်သည် ။စည်သူမိုးမြင့်တို့ညီအကိုများကို မကြာခဏဆိုင်ခေါ်လေ့ရှိကြောင်းသိရသည် ဟုဆိုပါသည် ။

(၂) သက်အောင်ချို(ခ)ချိုလေး
အဓိကရှယ်ယာပါသူဖြစ်ပြီး လက်ရှိကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်၏သားဖြစ်သည်ဟုဆိုပြီး  အိမ်ထောင်ရှိသော်လည်း မော်ဒယ် Patricia အပါအဝင်မိန်းမပေါင်းများစွာနှင့်ရှုပ်ခဲ့သူဖြစ်သည်။

(၃) Philip
နယူးဇီလန်နိုင်ငံသား မန်နေဂျာဖြစ်သည်။ ယခင်က 50th street ဆိုင်တွင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်း၏ Facebook အကောင့်မှဗုဒ္ဓရုပ်ပွားတော်မြတ်ကို မဖွယ်မရာပြုသည့်ပုံများပြန့်နှံ့ခဲ့သည်။ မြန်မာပြည်ကိုရောက်သည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်သည်။


(၄) DJ Jay
 
ထွန်းသူရိန်ငှားထားသော Dj ဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကို မဖွယ်မရာပြုသောပုံများတင်သူ ဆိုပြီး Facebook မှာဖော်ပြလာနေကြတာကိုတွေ.ရပါတယ် ။



၁၁ ရက် နေ. တရားရုံးတင်နေစဉ် လုံခြုံရေး ယူထားပုံ ( Photo from Tha Voice )


ရုံးတင် စစ်ဆေးခိုက် ( Photo from သခင်ခက်ထန် အရိန္ဒမာ )


၁၁ ရက်နေ. မွန်းလွဲ ၁ နာရီမှာတော.   ဆိုင်ပိုင်ရှင် ကိုထွန်းသူရှိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်နှင့် အထွေထွေမန်နေဂျာ နယူးဇီလန်နိုင်ငံသား ဖီးလစ်တို့ကို ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် တရားစွဲဆိုခဲ့ပါတယ် ။ ဗဟန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲစိုးမြင့်က တရားလိုပြုကာ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ် ။




တရားရုံးမှ ပြန်လည်ထွက်ခွာလာစဉ် ( Photo from The Voice ) 




တရားစွဲဆိုခံရတဲ့သုံးဦးကို ဒီဇင်ဘာ ၁၈ ရက်တွင် ထပ်မံရုံးချိန်းလိုက်ပြီး၊ ၂၉၅ (က) ဖြင့် တရားစွဲဆိုခံရသောကြောင့် အာမခံရရှိမည်မဟုတ်သော် လည်း ရှေ့နေငှားရမ်းခွင့်ရှိမည်ဟု မြို့နယ် တရားသူကြီးက ပြောခဲ့တယ်လို.သိရပါတယ် ။ ဥပဒေပုဒ်မ ၂၉၅(က) သာသနာတော်ညိုးနွမ်းစေမှုဟာ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ်၂နှစ်ချမှတ်အရေးယူနိုင်တယ်လို.သိရပါတယ် ။ အာမခံ မရရှိတာကြောင်. အင်းစိန်ထောင်ကို တရားရုံးကနေခေါ်ဆောင်သွားပြီဖြစ်တယ်လို. ဆိုပါတယ် ။

အာမခံမရတဲ့ အတွက် သုံးယောက်စလုံးကို အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ထွေ/အုပ်ကလည်း သူတို့ကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဖို့ ရှိတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲမှုး ဒုရဲမှူးကြီး ဝင်းကြည်က အတည်ပြု ပြောကြားခဲ့တယ်လို.လည်း သိရပါတယ် ။




တရားရုံးတွင် လာရောက်လေ.လာကြသူများ



၎င်းတို့အားရုံးထုတ်စစ်ဆေးမှုကို စောင့်ကြည့်ရန် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးမှ ရဟန်းသံဃာတော်အပါး ၃၀ ကျော်နှင့် လူပုဂ္ဂိုလ်များစုစုပေါင်း ၅၀ ခန့်က ဗဟန်းမြို့နယ်တရားရုံးသို့ လာရောက်၍ စောင့်ကြည့်ခဲ့ကြတယ်လို.ဆိုပါတယ် ။

လူကြီးတွေကတော့ ထိထိရောက်ရောက် တရားစွဲပါမယ်လို့ ပြောတယ်။ စောင့်ကြည့်ရမှာပေါ့။ သာသနာကို ညှိုးနွမ်းအောင် လုပ်တာ၊ ခုက အခြားနိုင်ငံသားတွေက ဗုဒ္ဓဘာသာကို စော်ကားတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းကလည်း ဗုဒ္ဓဘာသာကို စော်ကားတာ အများကြီး ရှိနေတယ်။ အမျိုးဘာသာ သာသနာကို ချစ်တဲ့စိတ် ရှိတဲ့ သူတွေကတော့ နိုးကြားနေရမှာပေါ့” ဟု တရားခွင်သို့ လာရောက် စောင့်ကြည့်နေသည့် ဝံသာနု ရက္ခိတအဖွဲ့မှ အလုပ်အမှုဆောင် ဦးဝင်းသိန်းက ပြောဆိုခဲ့တယ်လို.လည်း သိရပါတယ် ။

လက်ရှိမှာတော.
ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ V.Gastro Bar ကိုး လုံခြုံရေးအင်အား ၁၀ ဦးကျော် ချထားကာ ယာယီပိတ်သိမ်းထားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါဆိုင်ကို အရောင်းမြှင့်တင်ရေး ဖန်တီးရန်အတွက် ကြော်ငြာခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ် ။
 
Ref ; Yangon Police Page , 7 Day News , Popular Myanmar News , The Voice ,U Hla Swe Page , WM , Rachanok Min Burma  , အက်ရှင် ဘဘဒီမို , ပဉ္စမံ စစ်သည်  

အရင်ကလည်း သဘောကောင်းလို. ဒီလိုတွေစော်ကားဖူးကြတယ် 







No comments:

Post a Comment